သူ့အတွက် တိုက်ခိုက်ခြင်း
Vol. 49 Ch. 733
“အဘိုးကြီး.. ကျောင်းသာတွေ စည်းရုံးဖို့ လာခဲ့တာ… ဒါပထမဆုံးအကြိမ် မဟုတ်ဘူး.. ငါလဲ ဒီကျောင်းက ဘွဲ့ရပဲလေ.. မင်း ငါ့ကို ဒီလို အရည်အချင်းရှိတဲ့ ကျောင်းသားမျိုး ဘာလို့ ဝှက်ထားတာလဲ.. သူ ဘွဲ့လွန်သင်တန်း ဆက်တက်နေတယ်ဆိုရင်တော့ ပြောစရာ မရှိပါဘူး.. ဒါပေမယ့် သူဆက်မတက်တော့ဘူးလေ.. ဘာလို့ ငါ့ကို မပြောတာလဲ..”
အမျိုးသားတစ်ယောက်သည် စီမံခန့်ခွဲရေးပညာဌာန ရုံးခန်းအတွင်း ထိုင်နေပေသည်။
“အဘိုးကြီးကျိုး.. ငါမင်းကို ဘာမှ ဖုံးမထားဘူး.. အဲ့ကျောင်းသားကို ငါပြောပြီးပြီ.. သူက အစိုးရဝန်ထမ်း မလုပ်ချင်ဘူးကွ..”
ဒါရိုက်တာလူ ပြန်ဖြေလိုက်သည်။
“ငါတို့က အစိုးရဌာနလား.. ငါတို့က နိုင်ငံခြားရေး ဝန်ကြီးဌာနလေ.. အဲ့လိုမျိုး ဘယ်သူ့မှ လက်ခံမှာမဟုတ်ဘူး.. အဲ့ကျောင်းသားခေါ်လိုက်.. ငါပြောမယ်.. သူ ငါ့ဌာနကို မဝင်ချင်းဘူးဆိုတာ မယုံဘူး..”
အဘိုးကြီးကျိုး အသံထွက်လာသည်။
ထိုစဉ် လူတစ်ယောက်ဝင်လာပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။
“အဘိုးကြီးလူ အလုပ်ရှုတ်နေလား.. အဘိုးကြီးကျိုးလဲ ရောက်နေတာပဲ..”
“အဘိုးကြီးမင်… မင်းဘာလို့ ဒီကိုရောက်လာတာလဲ..”
အဘိုးကြီးကျိုး ခံစားချက်မကောင်းတော့ချေ။ အစိုးရဌာနများ၏ လူစုဆောင်မှု ပြီးသင့်ပေပြီ။ ဟောခန်းအတွင်း ၌ပင် ပြီးစီးရမည် ဖြစ်သည်။
အဘိုးကြီးမင် ဤအခန်းအတွင်း ရောက်လာပြီဆိုသည်မှာ ထိုအရည်အချင်းရှိ ကျောင်းသားကို မျက်စောင်းထိုးနေ၍ ဖြစ်နိုင်သည်။
“ကျောင်းသားခေါ်ဖို့ လာတာပါကွာ..”
“ခေါ်ဖို့လား.. မင်းလိုချင်တဲ့ အရေအတွက် ပြည့်တာကြာပြီမို့လား..”
အဘိုးကြီးကျိုး မေးလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲကွာ.. ဒါနဲ့ မင်းဘာလို့ ရောက်နေတာလဲ..”
“ငါ အဘိုးကြီးလူနဲ့ စကားစမြည်ပြောရင်း ရောက်နေတာ..”
“မင်းတို့ စကားစမြည်ပြောစရာရှိတယ်ပေါ့လေ.. ဟုတ်သွားပြီ.. ငါက အဘိုးကြီးလူနဲ့ အလုပ်အကြောင်း ပြောချင်လို့ ရောက်လာတာ.. အဘိုးကြီးလူ မင်းဌာနက ဖုန်းယွီလို့ခေါ်တဲ့ ကျောင်းသားတစ်ယောက် ရှိတယ်လေ.. မင်း သူ့ကို ခေါ်ပေးလို့ရမလား.. ငါတို့ စိုက်ပျိုးရေး ဝန်ကြီးဌာနက သူ့ကို လိုချင်နေတယ်ကွ..”
အဘိုးကြီးမင်သည်လည်း ဖုန်းယွီအား စုဆောင်းချင်နေသည်လော။ မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုကျောင်းသားကို မိမိ လိုချင်နေပေသည်။
“နေအုံး.. အဘိုးကြီးမင်.. မင်းရဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနက သူ့ကို လိုချင်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ.. ငါ အရင်ရောက်နေတာလေ.. သူ့ကို ငါတို့ နိုင်ငံခြားရေးက ပိုင်တယ်ကွ..”
အဘိုးကြီးကျိုး ထရပ်လိုက်သည်။ အဘိုးကြီးလူသည် အဘိုးကြီးမင်၏ တောင်းဆိုချက်ကို သဘောတူလိုက်ပါက သူ့အထက်လူကြီးများကို ဖြေရှင်းချက် ပေးနိုင်တော့မည် မဟုတ်ချေ။ ထိုကျောင်းသားသည် နိုင်ငံခြား ဘာသာရပ် (၂)ခုကို ကျွံမ်းကျင်ကာ မော်စကို နွေရာသီ စခန်းတွင်လည်း တက်ရောက်ခဲ့ပြီး ဟောင်ကောင်သို့ ဖလှယ်ရေး ကျောင်းသားအဖြစ် သွားရောက်ခဲ့သည်။ ထိုမျှ အရည်အချင်းရှိသော ကျောင်းသားသည် နိုင်ငံခြားရေးဝန်ကြီးဌာန သို့သာ ဝင်ရောက်သင့်ပေသည်။
ထိုကျောင်းသားသည် စိုက်ပျိုးရေးဝန်ကြီးဌာနတွင် မည်သည်တို့ လုပ်နိုင်မည်နည်း။ သူ့အရည်အချင်းများကို ဖြုန်းတီးရာ ရောက်ပေတော့မည်။
အဘိုးကြီးမင်သည် အဘိုးကြီးကျိုး၏ စကားမှ ဖုန်းယွီအား မခေါ်ရသေးကြောင်း သိသွားသည်။ ဖုန်းယွီအား စောင့်နေဆဲသာဖြစ်သည်။ အဆင်ပြေပေ၏။ သူသည်လည်း ရုံးခန်းအတွင်း ရှိနေရတော့မည်။ သူ၏ ကမ်းလှမ်းချက် မှာ နိုင်ငံခြားရေးဝန်ကြီးဌာနထက် ဆွဲဆောင်မှုနည်းမည်ဟု မယုံကြည်ချေ။ ရက်မကြာမကြာ ခရီးသွားချင်သည့် လူငယ် မည်မျှရှိနေသနည်း။
“ငါ.. မင်းနဲ့ စကားမပြောချင်ဘူး.. ငါလဲ ဒီမှာပဲ စောင့်နေမယ်.. ဖုန်းယွီရောက်လာရင် သူ့ကိုပဲ ဆုံးဖြတ်ခွင့်ပေးလိုက်.. သူ ငါ့ ဌာနကိုပဲ ရွေးမယ်ဆိုတာ ငါသိတယ်.. အဘိုးကြီးကျိုး မင်းအခုနေ ပြန်သွားရင် ပိုကောင်းတယ်နော့..”
အဘိုးကြီးမင် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“မိုက်လိုက်တာကွာ.. မင်းဌာနမှာ သူဘာလုပ်ပေးနိုင်မှာလဲဟ.. နည်းပညာရှင် ဒါမှမဟုတ် ထွန်စက်မောင်းလား.. မင်းဌာနထဲ ဝင်ရင် သူ့အနာဂတ် ပျက်စီးသွားတော့မှာပဲ.. နိုင်ငံခြားဘာသာစကား (၂)ခုတောင် တတ်ထားတော့ နိုင်ငံရပ်ခြား အတွေ့အကြုံလဲ ရှိတယ်.. ငါ့ ဌာနက ပိုသင့်တော်တယ်ကွ..”
အဘိုးကြီးမင် ဒေါသထွက်သွားသည်။ မိမိတို့ စိုက်ပျိုးရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခြင်းသည် နည်းပညာရှင်တစ်ဦး ဖြစ်လာခြင်း သို့တည်းမဟုတ် ထွန်စက်မောင်ဖြစ်မည်ဟု ပြောနေသည်လော။ ဤသည်က စော်ကားလွန်းပေသည်။
အဘိုးကြီးမင်မှာ အဘိုးကြီးကျိုးနှင့် စကားဆက်မပြောတော့ချေ။ ဖုန်းယွီ ရောက်လာမှသာ သူ့ဌာနတွင် အလုပ်ဝင်ရန် ရွေးချယ်လိမ့်မည်ဟု ယုံကြည်ထားသည်။ သူ့ဌာန၏ အကျိုးကျေးဇူး အလွန်ကောင်းပေသည်။
ဒါရိုက်တာလူမှာ ထိုနှစ်ငြင်းခုံစပြုလာသည်ကို တွေ့ရသဖြင့် အမြတ်ကြားဝင်လိုက်ရသည်။
“ရန်ဖြစ်နေတာတွေ ရပ်လိုက်ကြပါအုံး.. ဒါက ကျောင်းနော်.. ငါ ထပ်ပြောမယ်.. ဖုန်းယွီက အစိုးရဝန်ကြီးဌာနတွေကို မဝင်ချင်ဘူးလို့ သေချာပြောထားတာ.. မင်းတို့နှစ်ရောက် တိုက်ခိုက်နေတာ အဓိပ္ပါယ်မရှိဘူး..”
“လူ… သူဝင်ချင်သည်ဖြစ်စေ မဝင်ချင်သည်ဖြစ်စေ ဒါငါတို့အလုပ်ပဲ.. မင်း သူ့ကို ခေါ်ပေးယုံပဲ..”
အဘိုးကြီးကျိုး ပြန်ဖြေလိုက်သည်။
အဘိုးကြီးမင်လည်း ကြားပေသည်။ ထိုကျောင်းသားကို ယခုထိ မခေါ်သေးသည်လော။ သူချက်ချင်းပင်..
“လူ.. မင်း ဖုန်းယွီကို သွားခေါ်စရာမလိုဘူး.. သူနေတဲ့ တည်းခိုခန်းသာပြောလိုက်.. ငါ့ဘာသာငါ သွားတွေ့လိုက်မယ်..”
အရည်အချင်းရှိသော ကျောင်းသားတစ်ယောက် ရရှိရေးအတွက် အဘိုးကြီးမင်မှာ သူ့ကိုယ်သူ နှိမ့်ချရန် ဝန်မလေးချေ။
အဘိုးကြီးမင်သည် ဖုန်းယွီအား ခေါ်ယူရန် စိတ်အားထက်သန်နေပြီး သူ့အထက်အရာရှိမှလည်း အမိန့်ပေးထား ခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် (၂)ရက်က သူ့အထက်အရာရှိသည် သုတေသန စာတမ်းကို အတွင်းစည်းမှ ဖတ်ခွင့်ရလိုက်သည်။ ထိုစာတမ်းသည် လယ်ယာ စီမံခန့်ခွဲမှု အကြောင်းဖြစ်ကာ အလွန်အံ့ဩဖို့ကောင်းပေသည်။
ထိုစာတမ်း ရေးသူသည် စိုက်ပျိုးရေးတွင် အရည်အချင်းရှိသူဖြစ်ကြောင်း အထက်လူကြီး သိနေပေသည်။ လိုလူမျိုးသည် ပါမောက္ခ သို့တည်းမဟုတ် ပြည်နယ် အချို့မှ ကျွမ်းကျင်သူ ဖြစ်နိုင်သည်လော။ ထိုလူသည် မည်သည့် နေရာမှ ဖြစ်ဖြစ် စိုက်ပျိုးရေး ဝန်ကြီးဌာနသို့သာ လွှဲပေးသင့်ပေသည်။
ထိုစာတမ်း ရေးသားသူ မည်သူဖြစ်ကြောင်း စုံစမ်းရန် အထက်အရာရှိမှ သူ့လူများကို ညွှန်ကြားလိုက်သည်။ စာတမ်းရေးသူသည် ပေကျင်း တက္ကသိုလ်မှ ဘွဲ့ရကျောင်းသား တစ်ယောက် ဖြစ်သည်ကို သိလိုက်ရသည့်အခါ အလွန်ဝမ်းသာသွားသည်။ ထိုစာတမ်းကို တက္ကသိုလ်မှ တင်သွင်းခဲ့ပြီး ဘွဲ့ယူစာတမ်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပေသည်။ ထိုကျောင်းသားကို သူ့ဌာနသို့ မဖြစ်မနေ ခေါ်ယူရပေမည်။
အခြားတစ်ဖက်တွင် အဘိုးကြီးကျိုးသည် ပေကျင်းတက္ကသိုလ် ပါမောက္ခတစ်ဦးထံမှ နိုင်ငံခြား ဘာသာစကား (၂)ခုကို ကျွမ်းကျင်သည့် ကျောင်းသားတစ်ယောက်ရှိကြောင်း ကြားလိုက်ရသည်။ ထိုကျောင်းသားကို မည်သည့် ဌာနမှ မခေါ်ယူရသေးချေ။ အကယ်၍ ပါမောက္ခသည် သုတေသန စာတမ်းဖတ်ပွဲတွင် မပါဝင်ခဲ့ပါက ထိုကျောင်းသားသည် နိုင်ငံခြား ဘာသာစကား(၂)မျိုး ကျွမ်းကျင်စွာ ပြောနိုင်သည်ကို သူသိနိုင်မည် မဟုတ်ချေ။ ထိုပါမောက္ခမှ ဖုန်းယွီသည် စာသင်ချိန်း (၁)နှစ်သာ တွေ့ခဲ့ရသဖြင့် သူ့အကြောင်း သိပ်မသိချေ။
ထိုသို့ အရည်အချင်းရှိသော ကျောင်းသားကို နိုင်ငံခြားရေးဌာနသို့ ခေါ်ယူရမည်ဖြစ်ကြောင်း အဘိုးကြီးကျိုး သိပေသည်။ ထိုအကြောင်း သူ့အထက်အရာရှိသို့ အလျင်အမြန် တင်ပြကာ သဘောတူညီမှု ရခဲ့သည်။ အရည်အချင်း ရှိသူတစ်ယောက် ရှာတွေ့ရန်မှာ ရှားပါးလွန်းပေသည်။ ထိုကျောင်းသားကို ခေါ်ယူရပေမည်။ သူ့ဌာနသည် လူသစ် စုဆောင်မှု အရေအတွက် ကျော်လွန်နေလျှင်ပင် ဖုန်းယွီအတွက် နောက်ထပ် နေရာတစ်ခု တိုးပစ်ရပေလိမ့်မည်။
“အဘိုးကြီးမင် အရမ်းတော်နေတယ်ပေါ့… ငါအရင်ရောက်တာလေ.. အဲ့ကျောင်းသား ငါအရင်တွေ့သင့်တယ်ကွ..”
“မင်း ဒီကို အရင်ရောက်တယ်ဆိုတာ ဘာစကားပြောတာလဲ.. ဒီကိစ္စက ဈေးထဲမှာ ဟင်းရွက်ကန်စွန်း ဝယ်နေတယ်များ ထင်နေလား.. ဒါ ကျောင်းသားရဲ့ အနာဂတ်အလုပ်ကွ.. သူ့ဆုံးဖြတ်ချက်ကို ငါတို့လေးစားရမယ်.. ငါ့ဌာနက ဝန်ထမ်းတွေအတွက် အိမ်ယာစီမံကိန်းအသစ် ဆောက်ထားတယ်.. ဖုန်းယွီသည် ငါ့ဌာနထဲ ဝင်ရင် အိမ်ယာအသစ်မှာ နေနိုင်မယ့်အပြင် လက်ထပ်ပြီးရင် အခန်း(၂)ခန်းပါတဲ့ တိုက်ခန်းအသစ်တောင် လျှောက်ထား နိုင်သေးတယ်.. မင်း ကြားရဲ့လား.. အိပ်ခန်း (၃)ခန်းပါတာနော်..”
အဘိုးကြီးမင် လေသံမြှင့်ပြောလိုက်သည်။
“သူက အိပ်ခန်း(၃)ခန်းပါတဲ့ တိုက်ခန်း ရနိုင်မယ်တဲ့လား.. သူ အဲ့လို အမျိုးအစား လျှောက်ထားဖို့ အရည်အချင်း မပြည့်သေးဘူး.. မင်းတို့တွေ ဒါမျိုး မလုပ်နိုင်သေးပါဘူး..”
အဘိုးကြီးကျိုး ဒေါသထွက်သွားသည်။ အိပ်ခန်း(၃)ခန်းပါ တိုက်ခန်းများသည် ပြည်နယ်မှူးနှင့် အထက်အရာရှိများ အတွက်သာ ဖြစ်သည်။
“ငါတို့ ခေါင်းဆောင်က ဒီလိုအရည်အချင်းရှိတဲ့ ဝန်ထမ်းမျိုး ပြုစုပျိုးထောင်ပေးသင့်တယ်တဲ့.. သူ့ကို အထူးအခွင့်အရေးပေးလို့ ဘယ်သူ ဘာပြောရဲမှာလဲ.. ပြီးတော့ ငါတို့ ဝန်ထမ်းအိမ်ယာကလဲ မီးရထား အကအဖွဲ့ရဲ့ ဘေးနားလေးမှာကွ.. မိန်းမချောလေးတွေမှ အများကြီးပဲ.. ရည်းစားအတွက်တောင် မိတ်ဆက်ပေးလို့ရသေးတယ်..”
အဘိုးကြီးမင် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
“မင်း အဲ့လိုမျိုး ဝန်ထမ်းတွေ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ..”
အဘိုးကြီးကျိုး၏ လက်များမှာ ဒေါသကြောင့် တုန်ရီနေပေသည်။ သူသည် နိုင်ငံခြားရေးဌာနမှ ကျွမ်းကျင်သူ၏ ပြောနိုင်ပေသည်။ ယခုမူကား… သူ့စကားမဆုံးသေးမီ..
“ဒါမင်းကိစ္စမဟုတ်ဘူး.. အဘိုးကြီးလူ.. ဖုန်းယွီ ဘယ်ဘော်ဒါဆောင်မှာလဲပြော.. ငါကိုယ်တိုင် သွားမယ်..”
ဒါရိုက်တာလူသည် ဖုန်းယွီမှ သူတို့ ကမ်းလှမ်းချက်များကို စိတ်ဝင်စားမည် မဟုတ်ဟု နှစ်ယောက်စလုံးကို ပြောချင်နေသည်။ သို့ရာတွင် ထို(၂)ယောက်မှာ သူ့စကား နားမထောင်ချင်ကြသဖြင့် နံရံကို ခေါင်းဖြင့်စောင့်မိသည် ကိုသာ ထိုင်ကြည့်နေရတော့မည်။
စိတ်အတွင်း၌မူ မိမိ ကျောင်းသားအားလုံး ထိုဌာနများသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေသည်ဟု ထင်မထားကြနဲ့ ဟူ၍သာ….
-------*****--------