← Chapters

#‌ရှောင်ဟိုင်တိုက်ခိုက်ခြင်း#

Vol. 71 Ch. 1008

#‌ရှောင်ဟိုင်တိုက်ခိုက်ခြင်း#

Vol. 71 Ch. 1008

ရှောင်ဟိုင်ရုတ်တရက်တိုက်ခိုက်သည်။

လူတိုင်းထိုနေရာ၌ပင် ကြက်သေသေနေကြ၏။ 

နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်နှစ်ဦးတွင် ခုခံရန်အတွက် အခွင့်အရေးပင် မရခဲ့ဘဲ ရှောင်ဟိုင် သူတို့မျက်နှာကို ဖမ်းကိုင်ရင်း မြေကြီးနှင့် ဆောင့်ပစ်သည်။ 

ဒီအခိုက်အတန့်၌ လူနှစ်ယောက်၏ ကိုယ်ခန္ဓာများက မြေကြီးပေါ်၌ အပေါ်ကို မျက်နှာမူကာ လဲလျောင်းနေကြသော်လည်း သူတို့၏ခေါင်းများကမူ လုံး၀မြေကြီးထဲတွင် နစ်မြှုပ်နေခဲ့သည်။ 

ကျန်းထောင် ဒီမြင်ကွင်းကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်၏။ 

"သူတို့ကိုလွှတ်ပေးစမ်း၊ သွေးဝံပုလွေဂိုဏ်းကို မင်းတို့မသိဘူးလား"

နောက်က ယင်ရှီလျန် ကျိုးနေသည့် လက်မောင်းကို ပိုက်ရင်း ရှင်းပြသည်။ 

"သွေးဝံပုလွေဂိုဏ်းက တိမ်အိပ်မက်မြို့အပြသ်ဘက်က အားအကောင်းဆုံးဂိုဏ်းတွေထဲက တစ်ခုပဲ၊ သူတို့ရဲ့အဓိကတာ၀န်က တိမ်အိပ်မက်မြို့က ထွက်လာတဲ့ ကျင့်ကြံသူတွေကို သတ်ဖို့ပဲ၊ အရေးကြီးတဲ့သူတွေဆိုရင် သူတို့အသက်ရှင်လျက်ဖမ်းဆီးကြပြီး တိမ်အိပ်မက်မြို့က အင်အားစုတွေဆီက ကျင့်ကြံခြင်းအရင်းအမြစ်ပမာဏ အများအပြားကို တောင်းဆိုကြတယ်"

ကျန်းထောင်နှာခေါင်းရှုံ့သည်။ 

"မင်းသိနေတာကောင်းတယ်၊ ဒီလိုဆိုရင် ဘာလို့ သူတို့ကို အမြန်မလွှတ်ပေးရသေးတာလဲ"

ဒါကိုကြားပြီးနောက် ရှောင်ဟိုင်မတုံ့ပြန်ဘဲ သူတို့၏ခေါင်းများကို လက်နှစ်ဖက်နှင့် ဆက်ကိုင်ပြီး ကွဲကြေနေသည့်မြေကြီးပေါ်၌ ခိုင်မာစွာ ဖိထားသည်။ 

ထိုနှစ်ယောက်မှာ သူ့တို့လက်များ၊ ခြေများနှင့်ရုန်းကန်ရင်း သူတို့အော်ရာက ပေါက်ကွဲသွားသော်လည်း ကံဆိုးစွာပင် သူတို့ ရှောင်ဟိုင်ကို မလှုပ်ခတ်နိုင်သေးပါ။ 

ရှောင်ဟိုင် ရုတ်တရက်ပြုံးရင်း သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးများ၌ ဖြတ်သန်းသွား၏။ 

"မင်းငါ့ကို ခြိမ်းခြောက်နေတာလား"

ရှောင်ဟိုင်၏ အမူအရာကို မြင်ရသောအခါ ကျန်းထောင်၏နှလုံးပင်လျှင် တုန်ယင်သွားရသည်။ 

သူစကားမပြောနိုင်သေးခင်မှာပင် ရှောင်ဟိုင်၏လက်မောင်းမှ ကြွက်သားများက ရုတ်တရက် ကျယ်ပြန့်လာပြီး သွေးနက်စွမ်းအင်က အရူးအမူးမြှင့်တက်လာသည်။ 

ထို့နောက် ကျယ်လောင်သည့် အသံတစ်သံနှင့်အတူ သူခွန်အားကိုသုံးလိုက်၏။ 

ဖုန်း......!

ဖရဲသီးကွဲသွားသကဲ့သို့ အသံနှစ်သံက မိုးကြိုးသံပမာ မြေကြီးထဲကနေ ထွက်လာပြီး သွေးစီးကြောင်းနှစ်ကြောင်း ပစ်၀င်လာသည်။ 

လူထွားကြီးနှစ်ယောက် ဒီတဒင်္ဂမှာပင် ရုန်းကန်နေတာကို ရပ်လိုက်ကြ၏။ 

ယင်ရှီလျန် ထိတ်လန့်သွားသည်။ 

တိမ်အိပ်မက်မြို့အပြင်မှာ သွေးဝံပုလွေဂိုဏ်းကို လုံး၀ဆန့်ကျင်စော်ကားရဲတဲ့ သူတစ်ယောက် တကယ်ပဲရှိသေးတာလား!

တိမ်အိပ်မက်မြို့အပြင်ပက အင်အားစုများက မတည်ငြိမ်ကြသော်လည်း ပြင်ပကမ္ဘာကို ဆန့်ကျင်ရန်အတွက် စည်းလုံးကြသောအခါ သူတို့ထူးထူးခြားခြားပင် စည်းလုံးတတ်ကြသည်။ 

အကယ်၍ သူက သွေးဝံပုလွေဂိုဏ်းက တစ်စုံတစ်ယောက်ကို သတ်လိုက်မည်ဆိုပါက သေချာပေါက်အနီရောင်စာရင်းထဲတွင် ထည့်သွင်းခံရပေလိမ့်မည်။ 

တစ်နည်းအားဖြင့် သူက သူတို့သတ်ဖြတ်ရမည့် တစ်စုံတစ်ယောက်ဖြစ်သည်။ 

တစ်ဘက်လူက တိမ်အိပ်မက်မြို့အပြင်ဘက်တွင် ရှိနေသရွေ့ သူတို့က ချက်ချင်းဆိုသလို အဆုံးမဲ့လိုက်ဖမ်းမှုတစ်ခုကို လုပ်ဆောင်ကြပေလိမ့်မည်။ 

ဒီမြင်ကွင်းကိုမြင်ပြီးနောက် ကျန်းထောင်၏ မျက်နှာက လုံး၀မည်းမှောင်သွားသည်။ 

"မင်းကတကယ်ရဲတင်းတာပဲ"

ဒီအခိုက်အတန့်၌ ကျန်းထောင် သွေးရောင်အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ 

ဒါကိုမြင်သော် ယင်ရှီလျန်၏ အမူအရာက ပြောင်းလဲသွားသည်။ 

"နောက်ဆုတ်ကြ၊ ဒီသွေးရောင်အဆောင်ကို အနီးအနားက သွေးဝံပုလွေတွေကို ဆင့်ခေါ်ဖို့အတွက်သုံးတာ"

"ငါတို့အဝိုင်းခံရတာနဲ့ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"

သို့စေကာမူ ရှောင်ဟိုင်နှင့် ကျန်သုံးယောက်က လှုပ်ပင်မလှုပ်ရှားကြဘဲ ဆန့်ကျင်ဘက်ပင် ယဲ့ချိုးပိုင် မုဖူရှန်းကို ပြုံးပြရင်း မေးသည်။ 

"ဒါကိုဖြေရှင်းနိုင်လား"

မုဖူရှန်း လက်အစုံကိုဖြန့်လိုက်သည်။ 

"စီမံထားပြီးပြီ"

စီမံထားပြီးပြီလား!

ယင်ရှီလျန် ပဟေဠိဖြစ်သွားရသည်။ 

သူဘာကိုစီမံထားတာလဲ!

ကျန်းထောင် ယဲ့ချိုးပိုင်နှင့် ကျန်သုံးယောက်တို့၏ စကားများကို ကြားသောအခါ နှာခေါင်းရှုံ့သည်။ 

"မင်းတို့အခုပဲ မောက်မာနိုင်တာပါ"

ထို့နောက် လက်ထဲက သွေးရောင်အဆောင်ကို သူကောင်းကင်ပေါ်သို့ ပစ်လိုက်၏။ 

ကျန်းထောင် လက်အစုံနှင့် စည်းတံဆိပ်ဖန်တီးသည်နှင့်တစ်ပြိုင်နက် သွေးရောင်အဆောင်‌က လေထဲတွင် သွေးရောင်အော်ရာကို အရူးအမူး စတင်ထုတ်လွှတ်သည်။ 

"ဟားဟားဟား၊ သွေးဝံပုလွေတွေရဲ့ အကူအညီလာတဲ့အခါကျရင် မင်းတို့ထဲက ဘယ်သူမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

စကားပြောနေရင်း ကျန်းထောက်မျက်နှာပေါ်က အကြမ်းပတမ်းရယ်သံက ပို၍ပင် ကျယ်လောင်လာပြီး လေထဲက သွေးရောင်အော်ရာကို ကြည့်လိုက်၏။ 

သို့စေကာမူ ဒီအခိုက်အတန့်မှာပင် ၎င်းက အပြည့်အ၀မပျံ့နိုင်တော့ပါ။ 

သူတို့၀န်းကျင်က မမြင်ရသည့် အတားအဆီးတစ်ခုက သွေးရောင်အော်ရာကို ပျံ့သွားခြင်းကနေ တားဆီးထားသည့်အလား ထင်ရသည်။ 

မုဖူရှန်း လက်တစ်ဖက်နှင့် လက်တံဆိပ်ဖန်တီးစဉ် အဆောင်များက သူတို့၀န်းကျင်၌ စတင်ပေါ်ပေါက်လာသည်။ 

ဒီအဆောင်များက လေဟာနယ်နှင့် ဆက်လက်ဆက်သွယ်နေပြီး အတားအဆီးတစ်ခုဖန်တီးရင်း လေဟာနယ်ကို လုံး၀၀န်းရံပစ်သည်။ 

ရလဒ်အဖြစ် ကျန်းထောင်၏ သွေးရောင်အဆောင်က မည်သည့်သတင်းအချက်အလက်ကိုမှ ထုတ်လွှတ်နိုင်ခြင်း မရှိတော့ပါ။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ကျန်းထောင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားခဲ့သည်။ 

ယင်ရှီလျန်ကလည်း ထိတ်လန့်သွားပြီး ချက်ချင်း မုဖူရှန်းကို လှည့်ကြည့်ကာ မေးသည်။ 

"မင်းကဘယ်ဆရာရဲ့ တပည့်လဲ"

ဒါက ပထမဆုံးအကြိမ် အဆောင်များအကြား ယခုလိုဆက်စပ်မှုကို သူမြင်ဖူးခြင်းပင်။ 

ဒါ့အပြင် သူဒီနည်းလမ်းကိုသိလျှင်ပင် သူ့ဝိဉာဉ်စွမ်းအားနှင့်ဆိုပါက မုဖူရှန်းကဲ့သို့ ဒါကို သေချာပေါက် သုံးနိုင်မည်မဟုတ်။ 

အနည်းဆုံး ချောမွေ့စွာ ချိတ်ဆက်ထားသည့် အဆောင်နှစ်ဆယ်ကျော်ရှိသည်။ 

ဒီနည်းလမ်းက ဝိဉာဉ်စွမ်းအား အများအပြားကို လိုအပ်သည်။ 

မုဖူရှန်းခေါင်းခါယမ်းသည်။ 

"ငါ့ဆရာက အရမ်းတိတ်ဆိတ်နေတတ်တော့ သူ့ဆရာကို အပြင်လောကကို ပြောပြတာကို မကြိုက်ဘူး"

မုဖူရှန်းပြောတာက ဘာမှမမှားပါ။ 

ဒါကတကယ်တမ်းတွင်လည်း လုချန်ရှန်း၏ စရိုက်ပင်။ 

ယင်ရှီလျန်နားလည်သည့်အသွင် ခေါင်းညိတ်သည်။ 

အဆောင်သခင်များနှင့် အစီအရင်ဆရာများစွာက သီးသန့်နေထိုင်ရတာကို သဘောကျပြီး တိတ်ဆိတ်သည့် ပတ်၀န်းကျင်၌ အဆောင်နှင့်အစီအရင်များစွာကို လေ့လာတတ်ကြသည်။ 

ဒီအချိန်တွင် ကျန်းထောင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။ 

"မင်းတို့တကယ်ပဲ ဒီလောက်ထိသွားချင်ကြတာလား၊ ငါတို့ခွန်အားနဲ့ဆိုရင် မင်းတို့ငါတို့ကို သတ်ချင်ရင်တောင် မင်းတို့ထဲက အနည်းငယ်ကိုတော့ ငါတို့သေချာပေါက် သတ်နိုင်သေးတယ်"

သူအခုခြိမ်းခြောက်နေတာလား!

သို့စေကာမူ ရှောင်ဟိုင်က ဘယ်လိုလုပ် ခြိမ်းခြောက်ခံနေရသည့် လူတစ်ယောက် ဖြစ်နိာင်မည်နည်း။ 

ရှောင်ဟိုင်ပြုံးရင်း အဆုံးမဲ့နတ်ဆိုးချီက သူ့မျက်လုံးများတွင် ဝဲလည်နေသည်။ 

တိုက်ပွဲဆန္ဒနှင့် သတ်ဖြတ်ခြင်းဆန္ဒတို့က အတူတကွပေါင်းစပ်သွားပြီး ပြေးထွက်လာကာ သူ့၀န်းကျင်၌ အလွန်အမင်း စေးကပ်လာသည်။ 

"မင်းက အရမ်းအစွမ်းထက်ဆိုတော့ ကောင်းတာပေါ့၊ ငါ့ကိုစိတ်မပျက်စေနဲ့"

သူ့နောက်မှ ဖန်ချန်းကြက်သေသေနေသည်။ 

"စီနီယာအစ်ကိုရှောင်ဟိုင်၊ ဒါကို ကိုယ်တိုင်လုပ်ချင်တာလား"

ယဲ့ချိုးပိုင် ဖန်ချန်းပခုံးကိုပုတ်ရင်း ပြုံးသည်။ 

"မင်းရဲ့စီနီယာအစ်ကိုရှောင်ဟိုင်က အမြဲဒီလိုပဲ၊ မင်းကျင့်သားရသွားပါလိမ့်မယ်"

မုဖူရှန်းနောက်ကနေ အော်ဟစ်သည်။ 

"သူတို့ရဲ့ နောက်ခံအစီအစဉ်တွေကို သတိထားဦး၊ စီနီယာအစ်ကို"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

တစ်ဘက်လူဆက်လက်ပြောနေတာကိုပင် စောင့်မနေတော့ဘဲ သူကျန်းထောင်နှင့် ကျန်နှစ်ယောက်ထံ တိုက်ရိုက်ပြေးသွားသည်။ 

ကျန်းထောင်နှင့် ကျန်နှစ်ယောက်၏ အမူအရာများက အလွန်အမင်း ကြည့်ရဆိုးနေကြ၏။ 

သူတို့ပြိုင်ဘက်၏ ရုပ်ခန္ဓာက နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်ဖြစ်ပြီး သူတို့သုံးယောက်ကို တစ်ပြိုက်တည်း တိုက်ခိုက်ချင်နေသည်။ 

သူနည်းနည်းမောက်မာလွန်းတယ်မလား!

"တိုက်ခိုက်ကြ၊ လုံး၀ထိန်ချန်မထားကြနဲ့၊ သူ့ကို တစ်ချက်တည်းနဲ့ သတ်ဖို့ကြိုးစားကြ"

ထိုသို့ဆိုပြီးနောက် ကျန်းထောင် ဆေဘာဓားရှည်ကိုကိုင်ပြီး ကျန်နှစ်ယောက်နှင့်အတူ ရှောင်ဟိုင်ထံ ပြေးသွားသည်။ 

သူတို့သုံးယောက်နောက်ကနေ သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒက အရူးအမူး ထိုးတက်လာပြီး ရှေ့သို့ တိုး၀င်သွားစဉ် ၎င်းက သွေးရောင်ဧရာမဝံပုလွေများအဖြစ် သိပ်သည်းသွား၏။ 

သုံးဦးစလုံး၏ ဆေဘာဓားများကမူ သွေးရောင်လှိုင်းများပါရှိသည့် ထက်ရှသည့် သွားများအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်ထံသို့ ကိုက်လိုက်သည်။ 

သူတို့သုံးယောက်၏အော်ရာက ဒီအခိုက်အတန့်မှာပင် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီး အတိတ်ကို ကျော်လွန်သွားသည့်အလားပင်။ 

နောက်က ယင်ရှီလျန်အော်ဟစ်သည်။ 

"သတိထား"

သို့စေကာမူ ရှောင်ဟိုင်ဘာတစ်ခုကိုမှ မကြားသည့်အလား ပြုမူနေသည်။ 

သူတို့သုံးယောက်ဆီက အော်ရာထိုးထွက်လာတာကို မြင်ရသောအခါ ရှောင်ဟိုင် ကြမ်းကြုတ်မှုကို ပြသသည်။ 

"အခုစိတ်၀င်စားဖို့ကောင်းသွားပြီ၊ ဒီလိုဆိုမှ စိတ်အေးချမ်းစွာနဲ့ မင်းတို့ကို ငါသတ်နိုင်မှာ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဘုရင်တစ်ပါးက ရှောင်ဟိုင်နောက်မှ ဆင်းသက်လာခဲ့သည်။ 

နတ်ဆိုးနက်ချီက လေဟာနယ်ထဲတွင် အရူးအမူးစတင်ပျံ့နှံ့ကာ သွေးကြောစွမ်းအားက ချေမှုန်းခံရသည်။ 

ရှောင်ဟိုင်၏ တိုက်ခိုက်မှုက ကျန်းထောင်နှင့် ကျန်နှစ်ယောက်ကို မထိသေးခင်မှာပင် ဒီသွေးကြောစွမ်းအားက ကျန်းထောင်တို့နောက်က ဧရာမသွေးဝံပုလွေအား ဖိနှိပ်ထားသည်။ 

ဝံပုလွေများက ယှဉ်၍မရ‌နိုင်လောက်အောင် မောက်မာကြသည်။ 

သို့စေကာမူ ဒီတဒင်္ဂ၌ ၎င်း၏မျက်လုံးများတွင် ကြောက်စိတ်တစ်ခုပေါ်လာပြီး ပါးစပ်ကနေ ညည်းသံတစ်သံထွက်လာသည်။ 

ဒီသွေးကြောစွမ်းအားကို ခံစားမိသောအခါ ကျန်းထောင်နှင့် ကျန်နှစ်ယောက်တို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။ 

သို့စေကာမူ သူတို့မတုံ့ပြန်နိုင်ခင်မှာပင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်နှင့် ဖုံးလွှမ်းနေသည့် ရှောင်ဟိုင်၏ လက်သီးက သွေးရောင်လှိုင်း၏ ထက်မြက်သည့် သွားများပေါ်သို့ အညှာအတာကင်းမဲ့စွာ ကျရောက်လာသည်။ 

ခရက်ခ်......!

ကြည်လင်ပြတ်သားသော အသံနှင့်အတူ ထက်မြက်သည့်သွားများက ကွဲထွက်ကာ ဆေဘာဓားက ကြေမွပျက်စီးသွား၏။ 

အပိုင်း(1009) coming။ 

All Chapters