#လက်ချောင်းတစ်ချောင်း၊ ထိတ်လန့်ဖွယ်ရာ အလှည့်အပြောင်း#
Vol. 71 Ch. 995
"ကလန်ခေါင်းဆောင်၊ ကျွန်တော်တို့သတင်းပို့လို့ မရတော့ပါဘူး" ရွှေသစ်ရွက်စစ်တပ်၏ တပ်မှူး လက်ထဲတွင် ရွှေသစ်ရွက်တစ်ရွက်ကို ကိုင်ထားပြီး သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။
ဒါကိုကြားသော် ကလန်ခေါင်းဆောင်ကျင်း အနည်းငယ် မျက်မှောင်ကြုတ်သည်။
ယခုလေးတင် သူလည်းကြိုးစားပြီး ဝိဉာဉ်ချီနှင့် သတင်းကိုဖြန့်ချင်သော်လည်း အတားအဆီး၏ အကန့်အသတ်ကို ချိုးဖျက်နိုင်စွမ်းမရှိပေ။
သူပင်လျှင် ဘာသတင်းအချက်အလက်ကိုမှ မပို့နိုင်လေရာ ဒီအတားအဆီးက ဘယ်လောက်ပင် အားကောင်းလေသနည်း။
အနည်းဆုံးတော့ ဒါက နတ်သခင်အဆင့်တွင်ဖြစ်သည်။
"ဘယ်ဂိုဏ်းက မင်းတို့ကိုစေလွှတ်ခဲ့တာလဲ" ကလန်ခေါင်းဆောင်ကျင်း မျက်မှောင်ကြုတ်ကာ သူ့ရှေ့က အဓိကဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များအား ကြည့်လိုက်၏။
"မင်းတို့ရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် မင်းတို့ ဒီအဆင့်အတားအဆီးကို သေချာပေါက် ထုတ်လာနိုင်မှာမဟုတ်ဘူး"
ငွေနဂါးစံအိမ်သခင်နှာခေါင်းရှုံ့သည်။
"မင်းဒီအကြောင်းကို စိုးရိမ်နေစရာမလိုပါဘူး"
"အခု မင်းတို့ရှေ့လမ်းမှာ လမ်းနှစ်လမ်းပဲရှိတယ်"
"ပထမ၊ ကောင်းကင်အဆင့်ရတနာနဲ့ ပြောင်းပြန်အကြေးခွံကို လက်လွှဲပေးပြီး နဂါးသွေးကြောပိုင်ဆိုင်မှုကို ငါတို့လက်ထဲ ပေးလိုက်"
"ဒုတိယကတော့ ဂိုဏ်းစစ်ပွဲတစ်ခုစတင်တာပဲ"
ဒီနေရာတွင် စံအိမ်သခင်နှာခေါင်းရှုံ့သည်။
"ဒါပေမယ့် မင်းရဲ့လက်ရှိအခြေအနေအရဆိုရင် ဒီစစ်ပွဲမှာ နိုင်ဖို့အလားအလာမရှိဘူး"
ဂိုဏ်းသုံးဂိုဏ်း၏ တိုက်ခိုက်ရေးအင်အား အားလုံးနီးပါး ရောက်နေကြလေပြီ။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်သုံးဦးက ကျိလျိုချီနှင့် ကလန်ခေါင်းဆောင်ကျင်းတို့နှင့် ယှဉ်၍ရသည်။
သူတို့သုံးယောက်က ဒီနှစ်ယောက်ကိုသာ တားဆီးရန်လိုအပ်သည်။ ကျန်သောသူများက သေချာပေါက် သူတို့ပြိုင်ဘက်မဟုတ်ပါ။
ကြက်သွေးရောင်မီးတောက်အိမ်တော်သခင် နှာခေါင်းရှုံ့သည်။
"မင်းနေရာမှာ ငါသာဆိုရင် ပထမတစ်ခုကို ရွေးပြီး ဂိုဏ်းရဲ့တည်ငြိမ်မှုအတွက် ဆုံးရှုံးမှုတွေကို ဖလှယ်ပစ်မယ်၊ ဒါက တကယ်တမ်းလည်း ထိုက်တန်ပါတယ်"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်ကလည်း လှောင်ပြောင်သည်။
"ပညာရှိတစ်ယောက်က အခြေအနေနဲ့ ပတ်သက်ပြီး အညံ့ခံတတ်ရတယ်၊ ဂိုဏ်းချုပ်တို့၊ ဒီစာသားရဲ့ သဘောသဘာ၀ကို မင်းတို့နားလည်ကြမယ်ဆိုတာ ငါယုံပါတယ်"
ကျိလျိုချီတုံ့ဆိုင်းနေပုံရပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် ကျိချန်းယောင် ရုတ်တရက်ပြောသည်။
"ဆရာ၊ မစိုးရိမ်ပါနဲ့၊ သူတို့က အဲဒီလူရဲ့ တပည့်တွေပဲ"
ဒါကိုကြားသောအခါ ကျိလျိုချီကြက်သေသေသွားသည်။ ကျိချန်းယောင် စကားပြောနေစဉ် သူမမျက်လုံးထဲမှ ရှက်ကိုးရှက်ကန်း အမူအရာကို မြင်ပြီးနောက်တွင် သူမပြောဆိုနေသောလူကို ကျိလျိုချီချက်ချင်းသိလိုက်၏။
ထို့နောက် သူမရှောင်ဟိုင်နှင့် တခြားသူများအား ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်ပြီးခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"
ကျိလျိုချီ၏ ပြတ်သားသည့်လေသံကို ကြားရသောအခါ လူတိုင်း အနည်းငယ်ကြက်သေသေသွားကြပြီး ရှောင်ဟိုင်နှင့် ကျန်သောသူများအား လှမ်းကြည့်လိုက်မိကြ၏။
ကျိချန်းယောင်ပြောနေတဲ့ ဆရာဆိုတာက ဘယ်သူလဲ!
ဒါက တကယ်ပဲ ကျိလျိုချီရဲ့ တုံ့ဆိုင်းနေတဲ့ အမူအရာကိုတောင် ချက်ချင်းခိုင်မာသွားစေတာလား!
ကလန်ခေါင်းဆောင်ကျင်း ကြက်သေသေသွားသည်။
ရှောင်ဟိုင်က ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့လည်း ပူးပေါင်းထားသေးတာလား!
မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်နောက်က ဆရာက ဘယ်သူလဲဆိုတာ သူတို့မသိကြပါ။
သူတို့တွေးနိုင်သည့် တစ်ခုတည်းသောအရာက ကျိလျိုချီ ယခုလိုကြီးမားသည့် တန်ဖိုးပေးဆပ်ပြီး ကာကွယ်နေရသည့် အကြောင်းရင်းက သူမနှင့်ရှောင်ဟိုင်တွင် ပူးပေါင်းဆောင်ရွက်ထားသည့် သဘောတူညီမှုတစ်ခုရှိသောကြောင့်ပင်။
ဒီအခိုက်အတန့်မှာပင် ကလန်ခေါင်းဆောင်ကျင်း ရှေ့တိုးကာ ကျိလျိုချီဘေးသို့ ရောက်လာပြီး သူ့ကျောက အတောင်ပံကြီးများအား တဖျပ်ဖျပ်ယပ်ခတ်လိုက်၏။
သူယပ်ခတ်လိုက်သည့် အကြိမ်တိုင်း ကမ္ဘာကြီးထဲတွင် လေပြင်းများနှင့် လှိုင်းများကို ဖြစ်စေသည်။
"ငါ့ကလန်ကတပည့်တွေကို မင်းတို့ကို လက်လွှဲပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"
ဟမ့်!
စံအိမ်သခင်နှာခေါင်းရှုံ့သည်။
"မင်းတို့နောက်မှာ ဘယ်သူပဲရပ်နေပါစေ အတားအဆီးထဲမှာ မင်းတို့ဘာသတင်းမှ မပို့နိုင်ပါဘူး၊ မင်းတို့ သူတို့ကို ဘယ်လို ကူညီမလဲ"
"မင်းတို့အဲချိန်ကတည်းက သိသွားမယ်ဆိုရင်တောင် မင်းတို့ဂိုဏ်းနှစ်ဂိုဏ်းက ဖျက်ဆီးခံရမှာပဲ"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် ရှောင်ဟိုင်အား ကြည့်ရင်း အေးစက်စွာပြောသည်။
"မင်းအညံ့ခံမယ်ဆိုရင် ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ကပ်ဘေးကို ရှောင်ရှားနိုင်မယ်"
ရှောင်ဟိုင် မည်သည့်စကားမှမဆိုဘဲ ယင်းအစား မုဖူရှန်းကိုကြည့်ရင်း မေးသည်။
"ဆရာ ဘယ်အချိန်လာမှာလဲ"
မုဖူရှန်းကြက်သေသေသွားသည်။
"ကျွန်တော်ဆရာ့ကို ခေါ်လိုက်တာကို အစ်ကိုဘယ်လိုသိတာလဲ"
သူဒီအကြောင်းကို ဆရာကိုအသိပေးခဲ့တာကို ရှောင်ဟိုင်အား မပြောပြခဲ့ပေ။
ရှောင်ဟိုင်ပခုံးတွန့်ရင်း ထူးမခြားနားစွာ ပြောသည်။
"ငါကောင်းကင်အဆင့်ရတနာကို ရယူပြီး သွေးကြောကို ပေါက်ကွဲစေတာနဲ့ သေချာပေါက် မနာလိုမှုတွေကို ဆွဲဆောင်စေမိမှာပဲ၊ လူတွေက ဒါကိုရယူဖို့အတွက် နည်းလမ်းတစ်ခုကို သေချာပေါက် တွေးတောကြလိမ့်မယ်၊ ပြီးရင် ကြီးမားတဲ့ လှုပ်ရှားတစ်ခုရှိလာမှာ အသေအချာပဲ"
"ဒီတော့ ညီလေးမုရဲ့စရိုက်အရဆိုရင် မင်းက လုံခြုံမှုကို အပြည့်အ၀ အာမခံရအောင် လုပ်မှာဆိုတော့ ဆရာကို သေချာပေါက် အသိပေးလိမ့်မယ်"
ထို့နောက် သူယဲ့ချိုးပိုင်အား စာနာစွာကြည့်ရင်း ခေါင်းခါယမ်းသည်။
"အစ်ကိုကြီးကတော့ တောင်ရှင်းဖို့အတွက် ထပ်ပြီးအပြစ်ပေးခံရရုံပဲပေါ့"
ယဲ့ချိုးပိုင်ဆွံအနေသည်။
ဘာလို့ငါထပ်ပြီးပါနေရတာလဲ၊ မင်းတို့ ငါ့ကို အပြစ်တင်ဖို့ကို အရမ်းစွဲလန်းနေကြတာလား!
မုဖူရှန်းကလည်း ကြက်သေသေသွားပြီး ပြောသည်။
"စီနီယာအစ်ကိုရှောင်ဟိုင်၊ ဒီသွေးကြောရဲ့ အသက်၀င်မှုနဲ့ ပေါင်းစပ်မှုက စီနီယာအစ်ကိုရဲ့စိတ်ကို အရမ်းရှင်းသွားစေတာပဲ"
အရင်က ရှောင်ဟိုင် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကိုသာ သိသဖြင့် ဒီလိုအသေးစိတ် အချက်အလက်များကို ဘယ်လိုလုပ် တွေးတောနိုင်မည်နည်း။
ရှောင်ဟိုင်၏ မည်းမှောင်နေပြီဖြစ်သည့် မျက်နှာက ဒီတဒင်္ဂ၌ ပို၍ပင် မှောင်မိုက်လာသည်။
သူလက်သီးကျစ်ကျစ်ဆုပ်ရင်း မုဖူရှန်းကို ကြည့်လိုက်၏။
"ငါဘယ်လောက်ထိ ခရီးပေါက်ခဲ့သလဲဆိုတာ စမ်းကြည့်ချင်တယ်၊ ဂျူနီယာညီလေးမု၊ ငါ့ရဲ့ဆန္ဒကို မင်းဖြည့်ဆည်းပေးနိုင်မလား"
မုဖူရှန်းဒါကိုကြားသောအခါ လက်ဝှေ့ယမ်းရင်း ခွတီးခွကျပြုံးလိုက်၏။
"ကျွန်တော်က ပို့ပြီးပြီ၊ အစ်ကိုကြီးကိုပဲ သွားရှာလိုက်တော့"
ယဲ့ချိုးပိုင် "....."
သူထပ်ပြီးဆွံအသွားရပြန်သည်။
ရှောင်ဟိုင် သူ့စကားလုံးများကို လျစ်လျူရှုထားတာကို မြင်ရသောအခါ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် နှာခေါင်းရှုံ့သည်။
"မင်းက သေခြင်းတရားကို ရှာနေတာပဲ"
ထို့နောက် သူရှောင်ဟိုင်ကို ဖမ်းရန်အတွက် လက်လှမ်းလိုက်သည်။
လေထဲတွင် ဧရာမလက်ဖဝါးကြီးတစ်ခုက ရှောင်ဟိုင်ရှေ့တွင် ပေါ်လာပြီး လှောင်အိမ်တစ်ခုပမာ ဖြည်းဖြည်းချင်း ဖမ်းယူနေသည်။
ကြီးမားသည့်အော်ရာက ရှောင်ဟိုင်အား မလှုပ်ရှားနိုင်သည်အထိ ဖိနှိပ်ပစ်သည်။
နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်!
အစွမ်းထက်ခွန်အားကို ရင်ဆိုင်ရသောအခါ လက်ရှိရှောင်ဟိုင်တွင် ခုခံရန်အတွက် နေရာမရှိဘဲ သူ့ရှေ့က ဧရာမာလက်ဖဝါးကြီး သူ့ကို တိုက်ခိုက်လာတာကို ကြည့်နေရုံသာ တတ်နိုင်သည်။
ကလန်ခေါင်းဆောင်ကျင်း နှာခေါင်းရှုံ့သည်။
"မင်းလိုမြေခွေးအိုကြီးက အဆင့်နိမ့်နယ်ပယ်က လူတစ်ယောက်ကို ဒီလိုပဲ အနိုင်ကျင့်တတ်တာမလား"
ကလန်ခေါင်းဆောင်ကျင်း ဝါစဉ်အရ အများကြီးနိမ့်ကျသူများစွာ ရှိသည်ဟု ပြောချင်သော်လည်း ထပ်တွေးမိသောအခါတွင်မူ ရှောင်ဟိုင်၏ဝါစဉ်က သူတို့ထက်ပင် ပိုမြင့်သည်။
ရှောင်ဟိုင် နတ်ဆိုးဘုရင်ပိုင်နက်ကို အုပ်ချုပ်စဉ်က သူတို့ဂိုဏ်းချုပ်ပင် မဖြစ်လာကြသေးပါ။
ကလန်ခေါင်းဆောင်ကျင်း တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ရှောင်ဟိုင်ရှေ့က လေဟာနယ်က ဆုတ်ဖြဲခံရပြီး လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် လက်ချောင်းတစ်ချောင်းဆန့်ထားသည်။
လက်ချောင်းက ဧရာမလက်ဖဝါးကြီးကို ရေကို အားနည်းစွာထိသွားသည့် ပုစဉ်းတစ်ကောင်အလား ညင်သာစွာ ထိမိသည်။
သို့စေကာမူ ဒီအားနည်းသည့် ထိတွေ့မှုက ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်၏ လက်ဖဝါးချက်ကို တိတ်တဆိတ် ပျောက်ကွယ်သွားစေသည်။
ကြီးမားသည့် ဆူညံသံများ၊ ဧရာမအော်ရာများ သို့မဟုတ် ခုခံ၍မရနိုင်သည့် မည်သည့်နောက်ဆက်တွဲလှိုင်းမှ မရှိခဲ့ပေ။
အရာအားလုံး တည်ငြိမ်နေသည်။
ဒါကပုံမှန်ဆန်သော်လည်း ယခုလိုပိုဖြစ်လေလေ၊ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်နှင့် ကျန်ဂိုဏ်းချုပ်နှစ်ဦးကို ပို၍ ထိတ်လန့်စေလေလေပင်။
ယခုလိုအရာမျိုးကို လုပ်နိုင်သောသူတစ်ယောက်က သေချာပေါက် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရပေမည်။
ဘယ်နတ်သခင်ကများ ဒီကို ရောက်လာလေသနည်း။
ကလန်ခေါင်းဆောင်ကျင်းပင်လျှင် ထိုနေရာ၌ ရပ်ပြီး အော်ရာကို အနည်းငယ် ပြန်ရုပ်သိမ်းကာ သူ့မျက်လုံးများက ပြူးကျယ်နေပြီး ဒီထူးဆန်းသည့်မြင်ကွင်းကို ကြည့်နေသည်။
ဒီခွန်အားကို ဒီအတိုင်းအတာအထိ ထိန်းချုပ်ထားတဲ့ သူရဲ့ခွန်အားက အရမ်းကြောက်စရာမကောင်းလွန်းဘူးလား!
သူ ကျိချန်းယောင်အရင်က ပြောခဲ့တာကို သတိရသွားသည်။
ရှောင်ဟိုင်က ထိုလူ၏ တပည့်ဖြစ်သည်။
ဒီလက်ချောင်းပိုင်ရှင်က သူ့ဆရာများလား!
ကျိချန်းယောင်နှင့် ကျိလျိုချီတို့ကသာ အံ့ဩသင့်ခြင်းမရှိကြပါ။
ဒီလူ၏ ခွန်အားနှင့်ဆိုပါက သူ့အတွက် အရာအားလုံးကို လုပ်ဆောင်ရန် အရမ်းလွယ်ကူပါသည်။
ကျိချန်းယောင်ကမူ ပို၍ပျော်နေပုံရပြီး ပိုးသားမျှင်ကို အနည်းငယ်ညှစ်ရင်း ရေရွတ်လိုက်၏။
"နောက်ဆုံးတော့ ကျွန်မရှင့်ကိုမြင်နိုင်ပြီ..."
"စီနီယာ၊ ခင်ဗျားကဘယ်သူလဲ"
ဂိုဏ်းချုပ်သုံးဦး လေဟာနယ်အတက်အကျနေရာသို့ တစ်ချိန်တည်းမှာပင် မေးလိုက်ကြသည်။
အပိုင်း(996) coming။