#တစ်လွှာက မလုံလောက်ဘူးလား၊ နောက်ထပ်အလွှာတစ်ခု!
Vol. 71 Ch. 997
လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ ဂိုဏ်းသုံးဂိုဏ်းကလူများ စိတ်ပိုင်းဆိုင်ရာ ပြိုကွဲပျက်စီးသွားသည့်အပြင် ကလန်ခေါင်းဆောင်ကျင်းနှင့် ကျိလျိုချီတို့ပင် ဒါကအနည်းငယ်များလွန်သည်ဟု ခံစားနေရသည်။
သူတို့က အဖြူရောင်အလံကို လွှင့်ထူခဲ့သည့်တိုင် လုချန်ရှန်းက သူတို့ကို သတ်ပစ်ချင်နေသေးသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လုချန်ရှန်း၏ စိတ်နေစိတ်ထားက လုံး၀ခန့်မှန်း၍ မရနိုင်ပေ။
နောက်တွင်ရှိနေသည့် မုဖူရှန်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး ဖန်ချန်းအားပြောသည်။
"ကြည့်၊ ဆရာ့ရဲ့နည်းလမ်းက အမှန်ဆုံးပဲ၊ ငါတို့ အမြစ်တွေကိုပါ ဖယ်ရှားပစ်ရမယ်၊ မဟုတ်ဘူးဆိုရင် နွေဦးလေတိုက်ခတ်လာတဲ့အခါကျရင် သူတို့ပြန်ပြီး ကြီးထွားလာကြလိမ့်မယ်"
"မင်းကပ်ဘေးတစ်ခုနဲ့ ကြုံကြိုက်ရတဲ့အခါ ဒီလိုဂိုဏ်းတွေက ချက်ချင်းလာပြီး မင်းအပေါ် တက်နင်းဖို့အတွက် သေချာပေါက် စိတ်အားထက်သန်နေကြလိမ့်မယ်၊ သူတို့က မင်းအပေါ် ရွှံတွေကို တက်နင်းသလိုမျိုး တက်နင်းပစ်ပြီး ဘယ်တော့မှ မတွားသွားနိုင်အောင် လုပ်ပစ်လိမ့်မယ်"
ဖန်ချန်း အစ်ကိုကြီးနှင့် စီနီယာအစ်ကိုရှောင်ဟိုင်ဆီက မကောင်းသောအရာများကို သင်ယူသွားမည်ကို မုဖူရှန်းကြောက်သည်။
အခွင့်အရေးတစ်ခုရှိနေသရွေ့ သူဖန်ချန်းကို ဒီအမှန်တရားများအား ချက်ချင်းပြောပြသည်။
ဖန်ချန်းဒါကို ကြားသောအခါ ခေါင်းညိတ်ရင်း ငိုရမလား၊ ရယ်ရမလားမသိတော့ပါ။
ဒီအခိုက်အတန့်၌ ငွေနဂါးစံအိမ်သခင် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။
"ကျုပ်တို့ နောက်တစ်လှမ်းဆုတ်နေပြီးပြီ၊ ခင်ဗျားဘာလို့ ဒီလောက်ထိ ဖြစ်ပျက်နေရတာလဲ၊ နှစ်ဘက်စလုံးက အနာတရဖြစ်မှ ခင်ဗျားလွှတ်ပေးမှာလား"
ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်ကလည်း လေးနက်စွာပြောသည်။
"စီနီယာ၊ တစ်ခါတစ်လေ တစ်စုံတစ်ယောက်ကို ထောင့်စွန်းတစ်ခု ရောက်တဲ့အထိ ဖိအားပေးတာက မကောင်းဘူး"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် အညှာတာကင်းမဲ့စွာပြောသည်။
"ခင်ဗျားက အရမ်းအားကောင်းတယ်ဆိုရင်တောင် ဒီအဆင့်မြင့်ကြယ်နယ်မြေမှာ ခင်ဗျားကို ယှဉ်နိုင်တဲ့ လူခုနှစ်ယောက် ရှိပါသေးတယ်"
ဒီနေရာတွင် ဒါက အလွန်အမင်း သိသာထင်ရှားနေလေပြီ။
ကျိလျိုချီ လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့ရဲ့ ပထမတန်းစားဂိုဏ်းသတင်းအချက်အလက် လမ်းကြောင်းနဲ့ဆိုရင် ငါတို့ရဲ့ ခိုင်မာတဲ့ စည်းတံဆိပ်တွေကို ချိုးဖျက်ပြီး နဂါးသွေးကြောသတင်းကို ရယူဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူတို့မှာ သေချာပေါက်ကူညီနေတဲ့ ပိုအားကောင်းတဲ့ဂိုဏ်းတွေ ရှိရမယ်"
ကလန်ခေါင်းဆောင်ကျင်း ခေါင်းညိတ်သည်။
"သူတို့မှသာ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းရဲ့ အထောက်အကူမရှိဘူးဆိုရင် ဂိုဏ်းတစ်ခုလုံးကို နဂါးငွေ့တန်းကြယ်စင်စုမှာ ပြောင်းရွေ့ဖို့အတွက် သတ္တိရှိမှာမဟုတ်ဘူး"
လုချန်ရှန်း အနည်းငယ်ခေါင်းမော့ရင်း သူတို့ကိုကြည့်လိုက်၏။
"ဒီတော့ ခင်ဗျားတို့မှာ အကူအညီရှိသေးတာပေါ့"
ငွေနဂါးစံအိမ်သခင်ပြောသည်။
"သေချာတာပေါ့၊ ဒီတော့ စီနီယာ နောက်ဆုတ်နေတာက ပိုကောင်းမယ်"
လုချန်ရှန်းခေါင်းညိတ်ပြီး ဂိုဏ်းသုံးဂိုဏ်းစလုံးကို စိတ်ရှုပ်ထွေးသွားစေသည့် အရာတစ်ခုကို ပြောလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးပါ"
ဂိုဏ်းသုံးဂိုဏ်း စိတ်ရှုပ်ထွေးသွားစဉ် လုချန်ရှန်း ကောင်းကင်သို့မော့ကြည့်ရင်း လက်ကို ဆန့်ထုတ်လိုက်၏။
အလွန်အမင်းဆန်းကြယ်သည့် စွမ်းအားတစ်ခုက သူ့လက်ဖဝါးထဲတွင် စတင်လှည့်ပတ်လာပြီး ဧရာမအလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲကာ လူတိုင်း၏ အကြည့်အောက်တွင် ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
ကောင်းကင်ပေါ်သို့ ထိုးတက်သွားစဉ် အလင်းတိုင်က စတင်ပြန့်ကြဲသွားပြီး ဧရာမအတားအဆီးတစ်ခုအဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးကို လွှမ်းခြုံပစ်သည်။
သို့စေကာမူ ဒါကဒီမှာတင် မပြီးသေး။
ပထမအတားအဆီးက နဂါးသွေးကြောတစ်ခုလုံးကိုသာ လွှမ်းခြုံပစ်ခဲ့သည်။
ထို့နောက် အလင်းတိုင်က ကောင်းကင်ပေါ် ဆက်လက်တိုး၀င်သွားပြီး နဂါးငွေ့တန်းကြယ်စင်စုထဲက ထွက်သွားသည်။
နဂါးငွေ့တန်းကြယ်စင်စုအပြင်တွင် အလင်းတိုင်က ပြန့်ကြဲကာ ဧရာမအတားအဆီးကြီးတစ်ခုအဖြစ် ပြောင်းသွားပြီး နဂါးငွေ့တန်း ကြယ်စင်စုတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။
နဂါးငွေ့တန်းကြယ်စင်စုက မည်မျှပင် ကြီးမားလေသနည်း။
အနည်းဆုံးတော့ ဒါက လူရိုင်းဒေသထက် အဆတစ်ထောင်ခန့် ကြီးမားသည်။
အဓိကဂိုဏ်းသုံးဂိုဏ်းက လူများတင်မဟုတ်ဘဲ ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့ကပါ သရဲတစ္ဆေကို တွေ့လိုက်ရသည့်အလား ထိတ်လန့်နေသည့် အမူအရာများကို ထုတ်ဖော်ပြသလိုက်ကြ၏။
လက်တစ်ဖက်မြှောက်ရုံနှင့် သူဝိဉာဉ်အစီအရင်နှစ်ခုကို ပြီးမြောက်ခဲ့သည်။
ပထမအတားအဆီးက နဂါးသွေးကြောကို လွှမ်းခြုံပစ်ပြီး ဒုတိယအတားအဆီးက နဂါးငွေ့တန်းကြယ်စင်စုတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။
သူဘယ်လောက်ပင် အစွမ်းထက်လေသနည်း။
ဒီအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် လုချန်ရှန်း လက်နှစ်ဖက်သပ်ရင်း ခေါင်းညိတ်သည်။
"ဒါကမှားနိုင်စရာတော့မရှိတော့ဘူး၊ ဟေး၊ ဒါကိုအရင်ဆုံးကြိုးစားပြီး ကျုပ်ရဲ့ အတားအဆီးအလွှာနှစ်လွှာကို ဖြတ်ကျော်နိုင်မလား စမ်းကြည့်ပါလား၊ ဖြတ်ကျော်နိုင်တယ်ဆိုရင် ကျုပ်အလွှာတွေ ထပ်လုပ်လို့ ရတာပေါ့"
ငွေနဂါးစံအိမ်သခင် "....."
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် "....."
ကြက်သွေးရောင်မီးတောက်အိမ်တော်သခင် "......"
သူတို့တွေးတောနေတာက....
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ဒီလိုကြောက်စရာကောင်းတဲ့ အရာမျိုးကို လုပ်နိုင်တာလား!
ဒါကနည်းနည်းလွယ်ကူနေပုံပဲ!
ကျိလျိုချီ ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"အရင်က စီနီယာလုက နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်လို့ပဲ ငါထင်ခဲ့တာ၊ ပြီးတော့ နတ်သခင်ဟောင်တျန်းက ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီနဲ့ အဆင့်ချိုးဖျက်ခဲ့တယ်လို့ ငါကြားခဲ့တယ်၊ အခုကြည့်ရတာ အဲဒါကို စီနီယာလု လုပ်ခဲ့တာဖြစ်မယ်"
"အဲဒီအချိန်က စီနီယာလုက ဒီနတ်သခင်တွေထက် ပိုအားကောင်းတဲ့ တည်ရှိမှုတစ်ခုလို့ပဲ ငါထင်ခဲ့တာ၊ အခုဒီအတားအဆီးကို မြင်လိုက်ရတော့....."
ကလန်ခေါင်းဆောင်ကျင်း ခါးသီးသော အပြုံးဖြင့်ပြောသည်။
"စီနီယာလုရဲ့ခွန်အားက အဆုံးမဲ့ပုံရတယ်.."
ဒီအခိုက်အတန့်၌ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် တုံကင်တစ်ခုကို ထုတ်ယူသည်။ တုံကင်ပေါ်၌ ယင်ဟူသော စာလုံးကို ရေးထွင်းထားသည်။
သူဝိဉာဉ်ချီကို တုံကင်ထဲထည့်သွင်းသောအခါ တုံကင်က ယင်ယန်စွမ်းအင်ကို စတင်ထုတ်လွှတ်ပြီး ယင်ယန်ချီက ပြေးထွက်သွား၏။
သို့စေကာမူ လုချန်ရှန်း၏ အနည်းငယ် စိုးရိမ်နေသည့် အကြည့်အောက်တွင် ၎င်းက ပထမအတားအဆီး၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ လုချန်ရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
ကြည့်ရသည်မှာ သူတို့၏ခွန်အားကို သူအရမ်းတွက်မိသွားပုံပင်။ အတားအဆီးတစ်ခုက လုံလောက်ပါသည်။
ဂိုဏ်းသုံးဂိုဏ်းက လူများ၏ အမူအရာများက ဖြူရော်နေကြ၏။
သတင်းကို ဖြန့်ဝေ၍ မရတော့သဖြင့် အကူအညီက အချိန်မီမရောက်လာနိုင်တော့လေရာ သူတို့၏ နောက်ဆုံးမျှော်လင့်ချက်နှင့် ယုံကြည်မှုက ပျောက်ကွယ်သွားသည်။
လုချန်ရှန်း ရှေ့တစ်လှမ်းတိုးရင်း သုံးယောက်လုံးကို တည်ငြိမ်စွာကြည့်သည်။
"ခင်ဗျားတို့မှာ အပိုအစီအစဉ်တွေ မရှိတော့ဘူးမလား"
လုချန်ရှန်း ဂိုဏ်းသုံးဂိုဏ်းက လူများ အဖြေမပေးသေးခင်မှာပင် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်ရှိရာဘက်သို့ သူ့လက်ဖဝါးအား ညင်သာစွာ ဖိနှိပ်လိုက်၏။
ဒါက ပေါ့ပါးသည်ဟုထင်ရသော်လည်း လက်ဖဝါးချက် သိပ်သည်းသွားသောအခါ ကောင်းကင်ကို ဖုံးထားသကဲ့သို့ထင်ရပြီး ကောင်းကင်က နေရောင်ခြည်က ဧရာမလက်ဖဝါးကြီးဖြင့် ဖုံးအုပ်ခံရသည်။
ထို့နောက် ကောင်းကင်ကြီးပြိုကျလာသည့်အလား မဟာဂိုဏ်းသုံးဂိုဏ်းထံ ကျဆင်းလာသည်။
ဒါကိုမြင်သောအခါ ဂိုဏ်းသုံးဂိုဏ်းက လူများ ထိတ်လန့်သွားကြ၏။
စံအိမ်သခင်အော်ဟစ်သည်။
"ခွန်အားအပြည့်သုံးကြ၊ ခွဲထွက်ပြီး အတားအဆီးကို တိုက်ခိုက်ကြ၊ အတားအဆီးကို ချိုးဖျက်နိုင်မှ ငါတို့မှာ ရှင်ကျန်ဖို့အတွက် အခွင့်အလမ်းရှိမယ်"
သို့စေကာမူ လုချန်ရှန်း သူတို့ကို ဘာအခွင့်အရေးတစ်ခုမှ ပေးမည်မဟုတ်တာ သေချာပါသည်။
အခွင့်အရေးက နည်းပါးလျှင်ပင် လုချန်ရှန်း လက်ဖဝါးအစုံကို အတူတကွ ထားလိုက်သည်။
သူလက်များပေါ်၌ ဓားမဟာတာအိုက စတင်ရောယှက်လာပြီး ဆန့်ကျင်ဘက်အနေနှင့် ဓားချီမုန်တိုင်းတစ်စင်းက ဂိုဏ်းသုံးဂိုဏ်းဆီသို့ လိမ့်၀င်ကာ သူတို့ထံ၌ စုစည်းသွားကြ၏။
လေဟာနယ်က တုန်ခါသွားသည်။
မြေကြီးကပြိုကျနေသည်။
ကောင်ကင်က ဆုတ်ဖြဲခံနေရသည်။
ကမ္ဘာကြီးထဲက အရာအားလုံးက ဒီအခိုက်အတန့်၌ ပျက်စီးလုနီးပါးပင်။
အတားအဆီးကြောင့်သာ မဟုတ်ပါက နောက်ဆက်တွဲလှိုင်းက နဂါးငွေ့တန်းကြယ်စင်စုတစ်ခုလုံးအတွင်း ပြန့်ကြက်သွားပေလိမ့်မည်။
အနည်းငယ်နိမ့်ကျသည့် ကျင့်ကြံခြင်းရှိသော ကျင့်ကြံသူတစ်ချို့က နောက်ဆက်တွဲလှိုင်းကြောင့် တိုက်ရိုက် သေဆုံးသွားရသည်။
ဂိုဏ်းသုံးဂိုဏ်းက လူများ သူတို့၏ မူလအသက်ဓာတ်ကို စတင်လောင်ကျွမ်းစေပြီး သူတို့၏ခွန်အားက အကြီးအမား တိုးတက်လာခဲ့သည်။
သို့စေကာမူ ထိုသို့ဆိုလျှင်ပင် လက်ဖဝါးချက်နှင့် ဓားချီမုန်တိုင်းက သယ်ဆောင်လာသည့် အော်ရာကို ခုခံနိုင်စွမ်းမရှိပါ။
ဒါကိုမြင်ရသောအခါ အဓိကဂိုဏ်းသုံးဂိုဏ်းက လူများ နောက်ဆုံးတွင် စိတ်ပျက်အားငယ်နေသည့် အကြည့်များကို ထုတ်လွှတ်ကြသည်။
ငွေနဂါးစံအိမ်သခင် လုချန်ရှန်းအား ကြည့်ရင်း အော်ဟစ်လိုက်သည်။
"မင်းဘယ်သူလဲ"
နတ်သခင်တစ်ဦးတွင်ပင် ဒီလိုခွန်အားမျိုး ရှိတာကို သူတစ်ခါမှ မမြင်ဖူးပါ။
လုချန်ရှန်းက နတ်ဘုရားတစ်ပါးအလားဖြစ်ပြီး စကားလုံးတစ်လုံးတည်းက လူတိုင်း၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။
လုချန်ရှန်း စံအိမ်သခင်ကို ငတုံးတစ်ယောက်အား ကြည့်နေသည့်ပမာ ကြည့်လိုက်၏။
"ခင်ဗျားကသေရတော့မယ့် အချိန်မှာတောင် ကျုပ်ဆီက သတင်းအချက်အလက်တွေကို လိုချင်သေးတာလား"
ထို့နောက် သူလက်အစုံကို လုံး၀ပိတ်ပစ်သည်။
ဓားချီမုန်တိုင်းက မဟာဂိုဏ်းသုံးဂိုဏ်းထဲက လူတိုင်းအား ဖြတ်သန်းသွား၏။
မုန်တိုင်းထဲတွင် သက်ရှိအားလုံး သေဆုံးကြရသည်။
အပိုင်း(998) coming။