← Chapters

#‌လုချန်ရှန်း၊ ငါ့အနားကို မလာနဲ့#

Vol. 71 Ch. 998

#‌လုချန်ရှန်း၊ ငါ့အနားကို မလာနဲ့#

Vol. 71 Ch. 998

ဂိုဏ်းသုံးဂိုဏ်း၏ တိုက်ခိုက်ရေးအင်အား အားလုံးနီးပါးက ဒီနေရာ၌ စုစည်းနေကြပြီး လုချန်ရှန်း၏ တိုက်ခိုက်မှုအောက်တွင် သူတို့၌ ခုခံရန်အတွက် ဖြစ်နိုင်ချေပင်မရှိဘဲ စာရွက်များပမာ အသတ်ခံရသည်။ 

ဓားချီမုန်တိုင်း ပျောက်ကွယ်သွားသောအခါ ဘာအကြွင်းအကျန်မှ မကျန်ရှိတော့ပါ။ 

ကိုယ်ခန္ဓာများဖြစ်စေ၊ ဝိဉာဉ် သို့မဟုတ် အသက်ဓာတ်များဖြစ်စေ အားလုံးက ပျောက်ကွယ်သွားရပြီး မဟာဂိုဏ်းသုံးဂိုဏ်းက လူများ တစ်ခါမှ မပေါ်ပေါက်လာခဲ့သည့်အလားပင်။ 

ကလန်ခေါင်းဆောင်ကျင်း၊ ကျိလျိုချီနှင့် ကျန်သောသူများ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့ခါးသီးစွာ ပြုံးရင်း ခေါင်းခါယမ်းလိုက်ကြ၏။ 

ဒီခွန်အားက အရမ်းကြောက်စရာကောင်းလွန်းသည်။ 

ဒီအခိုက်အတန့်၌ လုချန်ရှန်း လှည့်ကြည့်လာသည်။ 

ကလန်ခေါင်းဆောင်ကျင်းနှင့် ကျိလျိုချီတို့ ချက်ချင်းပင်ပြောသည်။ 

"စီနီယာလုရဲ့ ပေါ်ပေါက်လာမှုနဲ့ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါတို့သေချာပေါက် နှုတ်ပိတ်ထားပါမယ်"

ကလန်ခေါင်းဆောင်ကျင်းက ပို၍ပင် ရက်စက်သည်။ ဒါကိုပြောပြီးနောက် သူလက်ကို ဆန့်ပြီး ကောင်းကင်အားကြည့်ကာ ကောင်းကင်ဘုံတာအိုကျမ်းသစ္စာ ကျိန်ဆိုလိုက်၏။ 

သူဒီနေရာ၌ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပြရန်အတွက် ကတိပေးသည်။ 

ဒါကိုမြင်သော် ကျိလျိုချီကလည်း ထိုအတိုင်းပင် လုပ်ဆောင်သည်။ 

မည်သို့ပင်ဆိုစေကာမူ သူတို့က လုချန်ရှန်းနှင့် ဘာမှမသက်ဆိုင်ပါ။ 

သူတို့ဘာတစ်ခုမှ မလုပ်ပါက လုချန်ရှန်းကို ဘယ်လိုလုပ် အယုံသွင်းနိုင်မည်နည်း။ 

လုချန်ရှန်း အနည်းငယ် ခေါင်းညိတ်ပြီးနောက် မုဖူရှန်းကိုကြည့်လိုက်၏။ 

"ငါစိစစ်ကြည့်ဖို့အတွက် နတ်အသိကို သုံးခဲ့ပြီး ဘာခြေရာမှ မကျန်‌ရှိတော့ဘူးဆိုပေမယ့် မင်းထပ်ပြီးရှာသင့်တယ်၊ ဥပမာပြောရရင် နဂါးသွေးကြောထဲကို ၀င်ပြီးနောက်မှာ သူတို့ချန်ထားခဲ့တဲ့ တိုက်ပွဲခြေရာတစ်ချို့ကို ဖျက်ပစ်ပါ"

မုဖူရှန်းခေါင်းညိတ်သည်။ 

"မစိုးရိမ်ပါနဲ့၊ ဆရာ၊ ကျွန်တော်က ဒီလိုအရာတွေမှာ အတော်ဆုံးပဲ"

လုချန်ရှန်းခေါင်းညိတ်သည်။ 

ယဲ့ချိုးပိုင်မေးသည်။ 

"ဆရာ၊ ကျွန်တော်ကရော"

သူဘာတစ်ခုမှ မပြောလျှင်ပင် အဆင်ပြေသေးသည်။ သို့သော် ယဲ့ချိုးပိုင်၏ စကားလုံးများက လုချန်ရှန်း၏အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့ပြီး အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ 

"မင်းချန်ထားခဲ့တဲ့ အမှိုက်တွေကို ငါဖြေရှင်းမယ်" လုချန်ရှန်း ဒေါသတကြီးပြောသည်။ 

"ဒီဂိုဏ်းသုံးဂိုဏ်းကို ဖယ်ရှားပြီးတာနဲ့ ငါမင်းကို သင်ခန်းစာတစ်ခု ပေးရမယ်"

ဒီနေရာတွင် လုချန်ရှန်း ကျိလျိုချီကို ကြည့်ရင်းမေးသည်။ 

"ဒီမှာတခြားပိုအားကောင်းတဲ့သူတွေ ရှိသေးလား"

ကျိလျိုချီခေါင်းခါယမ်းသည်။ 

"သူတို့ရဲ့တိုက်ခိုက်ရေးအင်အား အားလုံးကို စီနီယာသတ်ပြီးသွားပါပြီ"

ဒါကိုမဆိုထားနဲ့၊ ရှိခဲ့လျှင်ပင် သူက စီနီယာလု၏ ပြိုင်ဘက်မဟုတ်ပေ။ 

စီနီယာ၏ခွန်အားအရဆိုပ်က နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်။ 

တိကျသည့်အဖြေတစ်ခုကို ရပြီးနောက် လုချန်ရှန်း ပျောက်ကွယ်သွား၏။ 

ကျိချန်းယောင်၏ အကြည့်က လုချန်ရှန်းနောက်မှ လိုက်သွားသည်။ 

ကလန်ခေါင်းဆောင်ကျင်း လက်အစုံကို ဖြန့်လိုက်သည်။ 

"ဒီဂိုဏ်းသုံးဂိုဏ်းက လုံး၀ပြီးဆုံးသွားပြီထင်တယ်"

ကျိလျိုချီ ကျိချန်းယောင်ကို ကြည့်ရင်း မေးသည်။ 

"စီနီယာလုမှာ နင့်အတွက် ဘာခံစားချက်မှ မရှိပုံပဲ၊ ချန်းယောင်....နင်...."

ကျိချန်းယောင် ချက်ချင်းခေါင်းခါယမ်းသည်။ 

"ဆရာ၊ ကျွန်မပြန်သွားတဲ့အခါကျရင် ပိုကြိုးစားပြီး ကျင့်ကြံရမယ်၊ ကျွန်မလုံလောက်အောင် အားကောင်းလာပြီး စီနီယာလုတောင် လျစ်လျူမရှုထားနိုင်တဲ့ ပိုအားကောင်းတဲ့ နယ်ပယ်တစ်ခုကို တက်လှမ်းနိုင်တဲ့အခါကျရင် သူကျွန်မကို ပိုကြည့်နိုင်မှာပါ"

ကျိချန်းယောင်၏ စကားလုံးများကို ကြားသောအခါ ကျင်းဝူကျင်းအပါအ၀င် ကျန်သောသူများ ထိတ်လန့်သွားကြ၏။ 

ကျိလျိုချီ စိတ်သက်သာရာရစွာ ခေါင်းညိတ်သော်လည်း တစ်ချိန်တည်းမှာပင် သူမအနည်းငယ်စိုးရိမ်နေမိသည်။ 

သူမစိုးရိမ်နေတာက လုချန်ရှန်း ကျိချန်းယောင်အပေါ် အေးစက်မှုကြောင့် ကျိချန်းယောင် ၀မ်းနည်းမှုအား မခံစားရသည့် အတွက်ကြောင့်မဟုတ်ဘဲ သူမ၏ ပါရမီနှင့် ကျိချန်းယောင် လုချန်ရှန်းကို အမီလိုက်နိုင်မှာ မဟုတ်တာကိုပင်။ သူမ၏ လက်ကျန်ဘ၀၌ လုချန်ရှန်း၏ ကျောကိုပင် မြင်နိုင်စွမ်းရှိမည်မဟုတ်။ 

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း၏ခွန်အားက အရမ်းကြောက်စရာကောင်းပြီး သူတို့တွေးပင် မတွေးရဲသည့် အဆင့်တစ်ခုတွင်ရှိသည်။ 

လုချန်ရှန်းပြန်လာသောအခါ မုဖူရှန်းကလည်း ခြေရာအားလုံးကို ရှင်းပစ်ခဲ့သည်။ 

နဂါးသွေးကြောထဲတွင် ယင်ချီ၊ တင်းကျန်း၊ ဝူဟင်နှင့် ကျန်သောသူများ တိုက်ခိုက်ခဲ့သည့် အော်ရာများက လုံး၀ရှင်းလင်းခံလိုက်ရသည်။ 

"ဆရာ၊ ခြေရာအားလုံးကို ရှင်းပြီးပါပြီ'

လုချန်ရှန်းခေါင်းညိတ်ရင်း ယဲ့ချိုးပိုင်ကို ကြည့်သည်။ 

"ကောင်စုတ်လေး၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်းငါ့အတွက် ပြဿာနာနည်းနည်းလောက် လျှော့ပေးလို့ရမလား"

ယဲ့ချိုးပိုင် "....."

လက်ရှိယဲ့ချိုးပိုင် ဘာတစ်ခုမှမပြောနိုင်ပါာ 

"မင်းပြန်သွားတဲ့အခါကျရင် စံအိမ်တော်နဲ့ ပတ်ပတ်လည်ကို သန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့၊ တောင်တွေကိုလည်း ရှင်းရမယ်၊ အစီအစဉ်တွေလည်းလုပ်ရမယ်၊ အကုန်စီစဉ်ရမယ်"

ယဲ့ချိုးပိုင် အားကိုးရာမဲ့စွာပြောသည်။ 

"ကျွန်တော်နားလည်ပါပြီ ဆရာ"

ဒီအခိုက်အတန့်၌ ကျိချန်းယောင် ရုတ်တရက် လုချန်ရှန်းဘေးကို ရောက်လာသည်။ 

လုချန်ရှန်း တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား အလျင်အမြန်ရှေ့တိုးလိုက်၏။ 

ဒါကိုမြင်သော် ကျိချန်းယောင် အနည်းငယ် နှုတ်ခမ်းစူလိုက်သည်။

"စီနီယာလု၊ ကျွန်မရှင့်ကို ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးချင်လို့ပါ"

လုချန်ရှန်းပြန်လှည့်ပြီး အကူအညီမဲ့စွာ ပြောသည်။ 

"မင်းမှာ ဆရာမရှိဘူးလား"

"ဒါပေမယ့် ရှင့်က ကျွန်မဆရာထက် ပိုအားကောင်းတယ်လေ...." ဒီနေရာတွင် ကျိချန်းယောင် ရှက်သွေးဖြာသွားပြီး ကျိလျိုချီအား အလျင်အမြန်ကြည့်ကာ တောင်းပန်နေရသည်။ 

"ဆရာ၊ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မဒီလိုဆိုလိုတာ မဟုတ်ပါဘူး...."

ကျိလျိုချီရယ်မောကာ လက်ဝှေ့ယမ်းရင်း သူမဂရုမစိုက်သည့်အသွင်ကို ပြသလိုက်သည်။ 

မည်သို့ပင်ဆိုစေကာမူ ဒါက အမှန်တရားဖြစ်သည်။ 

လုချန်ရှန်းဆွံအနေသည်။ 

သို့စေကာမူ သူမက သူ့တပည့်ကို များစွာ ကူညီခဲ့လေရာ သူလှည့်ထွက်သွားပါက အနည်းငယ်ရိုင်းပျရာကျသဖြင့် သက်ပြင်းသာ ချနိုင်တော့သည်။ 

"ကောင်းပြီ၊ ပြဿာနာကဘာလဲ"

လုချန်ရှန်း၏ သဘောတူညီချက်ကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦးကြည့်ရင်း ရယ်လိုက်ကြ၏။ 

တကယ်တမ်းတွင် သူတို့ဆရာက လျှာစောင်းထက်သော်လည်း နူးညံ့သည့် နှလုံးသားတစ်စုံရှိသည်။ 

မုဖူရှန်း နှလုံးသားထဲကနေ သက်ပြင်းချသည်။ 

"ဆရာ၊ ကံကြမ္မာက ပိုပိုပြီး နက်ရှိုင်းလာတယ်ဆိုတာကို ကျွန်တော်တို့ဂိုဏ်းက ကိုယ်စားပြုနေတာကို မသိလို့လား"

ကျိချန်းယောင်၏ မျက်နှာက ပျော်ရွှင်မှုနှင့် ပြည့်နှက်သွားပြီး သူမ လုချန်ရှန်း စိတ်မရှည်မှာကို ကြောက်နေသည့်အလား အလျင်အမြန်ပင် ပြောသည်။ 

"ကျွန်မမကြာသေးခင်က ရှေးဦးမူလခရမ်းချီနဲ့ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ကျင့်ကြံခြင်းကျင့်စဉ်ကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုပဲ ကြိုးစားကြိုးစား ဒီအဆင့်ကို မရောက်နိုင်ဘူး"

"ရှေးဦးမူလခရမ်းချီက ကျွန်မကို အမှန်တကယ် ဘယ်တော့မှ မကူညီပေးနိုင်ဘူးလို့ ကျွန်မခံစားနေရတယ်၊ ဒါက ပြင်ပအရာ၀တ္ထုတစ်ခုလိုပဲ"

လုချန်ရှန်း ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်၏ ကျင့်ကြံခြင်းကျင့်စဉ်ကို မေးရန်ပြင်လိုက်သော်လည်း ဒါက ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်၏ လျှို့ဝှက်ချက်တစ်ခုဖြစ်မည်ကို တွေးပြီးနောက်တွင် သူမေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။ 

ဒါကိုတွေးမိသောအခါ လုချန်ရှန်း ရှေ့တိုးရင်းပြောသည်။ 

"မင်းစိတ်ကိုဖွင့်ထား"

ကျိချန်းယောင် သူပြောသည့်အတိုင်း လုပ်လိုက်သည်။ 

ထို့နောက် လုချန်ရှန်း လက်ညိုးနှင့် ညွှန်လိုက်၏။ သို့သော် ဒါက ကျိချန်းယောင်၏ ကိုယ်ကိုမထိဘဲ နတ်အသိအလင်းတစ်ခုက ကျိချန်းယောင်နဖူးထဲသို့ ပစ်၀င်သွား၏။ 

ချက်ချင်းဆိုသလို လုချန်ရှန်း ကျိချန်းယောင်၏ အခြေအနေကို နားလည်သွားသည်။ 

သူပြဿာနာကိုလည်း သတိထားမိသည်။ 

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ ကျင့်ကြံခြင်းကျင့်စဉ်က ပထမတန်းစားဂိုဏ်းများတွင်သာမက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင်ပင် ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်သော်လည်း ရှေးဦးမူလခရမ်းချီ၏ အဆင့်က အရမ်းမြင့်လွန်းသည်။ 

တစ်ချိန်တည်းမှာပင် ကျိချန်းယောင်က လုံလောက်အောင် အားမကောင်းပေ။ 

ဒါက အဆင့်ကွာဟချက်ကို အတော်လေး ကြီးမားစေပြီး ပေါင်းစပ်ရန်အတွက် မဖြစ်နိုင်ပေ။ 

အနည်းဆုံးတော့ ဒါကို ရှေးဦးမူလခရမ်းချီဖြင့်သာ အစားထိုးနိုင်သည်။ 

ဒီလိုဆိုမှတော့ ဒါကိုဖြေရှင်းရန် နည်းလမ်းတစ်ခုရှိရပေမည်။ 

ဒါက သူမ၏စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကျင့်စဉ်၏ အဆင့်ကိုတိုးရန်ပင်။ 

ကျင့်ကြံခြင်းကျင့်စဉ်၏ အဆင့်ကို မြှင့်တင်မှသာလျှင် ရှေးဦးမူလခရမ်းချီက လက်ခံနိုင်သောအခါ ဒီပြဿာနာကို လုံး၀ဖြေရှင်းနိုင်မည်ဖြစ်သည်။ 

ထို့ကြောင့် လုချန်ရှန်းစိတ်ထဲတွင် အော်ဟစ်လိုက်သည်။ 

"စနစ်၊ ဒီကျင့်ကြံခြင်းကျင့်စဉ်ကို တိုးတက်အောင်လုပ်ဖို့ ဖြစ်နိုင်ချေရှိလား"

တစ်ချိန်တည်းမှာပင် ကျိလျိုချီအနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ 

"ဘာပဲဆိုဆို ရှေးဦးမူလခရမ်းချီက ကမ္ဘာကြီးကို မဖန်တီးစဉ်ကတည်းက ရှိလာတဲ့ အရာတစ်ခုပဲ၊ စီနီယာလုမှာ တကယ်ပဲ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိလား"

ကလန်ခေါင်းဆောင်ကျင်း ခေါင်းခါယမ်းသည်။ 

"ငါမသိဘူး၊ ဒါပေမယ့် စီနီယာလု ဒီရှေးဦးမူလခရမ်းချီကို ကျိချန်းယောင်ကို ပေးခဲ့တာဆိုတော့ နည်းလမ်းတစ်ခုရှိမယ်ဆိုတာ ငါယုံကြည်တယ်"

အပိုင်း(999) coming။ 

All Chapters