← Chapters

#‌ယင်ယန်သဟဇာတဖြစ်ခြင်း#

Vol. 71 Ch. 999

#‌ယင်ယန်သဟဇာတဖြစ်ခြင်း#

Vol. 71 Ch. 999

ကျောက်စိမ်းရေကန်နှလုံးကျမ်းက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ ကျင့်ကြံခြင်းကျင့်စဉ်ဖြစ်ပြီး အစွမ်းထက်ယင်ချီ ရှိသည့် အမျိုးသမီးများသာ ဒါကို ကျင့်ကြံနိုင်သည်။ 

အမျိုးသားများတွင် ယန်ချီပိုများပြီး အမျိုးသမီးများတွင် ယင်ချီပိုများသည်။ 

ကျင့်ကြံသူများက သူတို့၏ စိတ်အခြေအနေကို တည်ငြိမ်စေရင်း အရာအားလုံးကို ထိန်းချုပ်ရန်အတွက် နှလုံးစွမ်းအင်ကို ကျင့်ကြံကြသည်။ 

ကျင့်ကြံခြင်း၌ ကျွမ်းကျင်နေပါက ပြင်ပအရာများကို ထိန်းချုပ်ရန်အတွက် နှလုံးစွမ်းအားကို သုံးနိုင်ပြီး ကိုယ်ပိုင်ခွန်အားနှင့် ပြင်ပအရာများ၏ အားဖြည့်သည့် သက်ရောက်မှုကို အောင်မြင်စေနိုင်သည်။ ဥပမာအားဖြင့် ကျိချန်းယောင်၏ ပိုးသားမျှင်ဖြစ်သည်။ 

အောင်မြင်မှုကြီးတစ်ခုရသည်အထိ ကျင့်ကြံပြီးနောက် သူတို့လိုချင်သည့် လက်နက်နှင့် တိုက်ခိုက်ရေးနည်းလမ်းကိုပင် တွေးနိုင်ကာ ဒါကို ကာကွယ်နိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။ 

ဒီကျင့်ကြံခြင်းကျင့်စဉ်က နှလုံးစွမ်းအင်နှင့် ကိုယ်ပိုင်ခွန်အားအပေါ် မှီခိုသည်။ နှလုံးစွမ်းအင်နှင့် ခွန်အားတိုးလာသောအခါ ထိန်းချုပ်ထားသည့် သို့မဟုတ် အတွေးတစ်ချက်တည်းနှင့် ဖန်တီးထားသည့် ပြင်ပအရာများကို အားဖြည့်ပေးနိုင်သည်။ 

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းရေကန်နှလုံးကျမ်းကို နောက်ထပ်အဆင့်အနည်းငယ်အထိ ပါရှိသည့် ကျင့်ကြံခြင်းနည်းလမ်းများအဖြစ် လုပ်ဆောင်လိုပါက အလွန်အမင်းခက်ခဲသည့် စမ်းသပ်မှုများကို အောင်မြင်ရန် လိုအပ်သည်။ 

ကျိချန်းယောင် ပြီးပြည့်စုံသည့် ကျောက်စိမ်းရေကန်နှလုံးကျမ်းကို ရရှိရန်အတွက် အရင်ကစမ်းသပ်မှုကို အောင်မြင်ခဲ့သည်။ 

သို့စေကာမူ ကျောက်စိမ်းရေကန်နှလုံးကျမ်း၏ အဆင့်က ရှေးဦးမူလခရမ်းချီထက် အများကြီးနိမ့်ကျနေဆဲပင်။ 

အကယ်၍ ပေါင်းစပ်လိုပါက ကျောက်စိမ်းရေကန်နှလုံးကျမ်း၏ အဆင့်ကို တိုးမြှင့်ရပေမည်။ 

လုချန်ရှန်းအော်ဟစ်လိုက်သည်နှင့် စနစ်က ချက်ချင်းအဖြေတစ်ခုကို ယူဆောင်လာသည်။ 

[ကျောက်စိမ်းရေကန်နှလုံးကျမ်းက ယင်ချီရဲ့ လွှမ်းမိုးမှုအောက်မှာရှိပြီး ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေတယ်၊ အကောင်းဆုံးအရာက ယင်ယန်သဟဇာတဖြစ်ခြင်းဖြစ်ပြီး အတူတကွ ပေါင်းစပ်ခြင်းဖြင့် ကျောက်စိမ်းရေကန်နှလုံးကျမ်းရဲ့ အကြီးကျယ်ဆုံးစွမ်းအားကို ထုတ်လွှတ်လို့ရတယ်]

ယင်ယန်သဟဇာတဖြစ်ခြင်းလား!

လုချန်ရှန်း စိတ်ရှုပ်ထွေးသွားသည်။ 

အမ်၊ ဒါက ဘာလို့နှစ်ကိုယ်တူကျင့်ကြံခြင်းနဲ့ တူနေရတာတုန်း!

တခြားနည်းလမ်းမရှိတော့ဘူးလား!

လုချန်ရှန်း နှလုံးသားထဲ မေးလိုက်သော်လည်း စနစ်ဆီက ဘာတုံ့ပြန်မှုမှ မရှိတော့ပါ။ ကြည့်ရသည်မှာ ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။ 

လုချန်ရှန်း၏ အလွန်အမင်းပူပန်နေသည့် အမူအရာကို မြင်ရသောအခါ ကျိလျိုချီနှင့် ကလန်ခေါင်းဆောင်ကျင်းတို့ အနည်းငယ် ခေါင်းခါယမ်းလိုက်မိကြ၏။ 

မျှော်လင့်ထားသည့်အတိုင်းပင် လုချန်ရှန်းကဲ့သို့ အစွမ်းထက်သည့် လူတစ်ယောက်ပင်လျှင် ဒါကိုမလုပ်နိုင်ပေ။ 

ကျိချန်းယောင်ကလည်း ပြုံးရင်း သူ့အားနှစ်သိမ့်ပေးသည်။ 

"အဆင်ပြေပါတယ်၊ စီနီယာလု၊ တကယ်ပဲ ဘာနည်းလမ်းမှ မရှိဘူးဆိုရင် မေ့လိုက်ပါ၊ အတင်းအကျပ်လုပ်လို့မရတဲ့ အရာတစ်ချို့ဆိုတာ ရှိတာပဲလေ"

ဒါကိုကြားသော် လုချန်ရှန်းခေါင်းခါယမ်းသည်။ 

"နည်းလမ်းမရှိတာလည်း မဟုတ်ပါဘူး၊ ငါတို့မှာ အဖြေတစ်ခုရှိပြီးသားဆိုပေမယ့် အကောင်အထည်ဖော်ဖို့က နည်းနည်းတောါခက်တယ်"

"ဘာပြဿာနာလဲ" ကျိချန်းယောင် သိချင်စိတ်ဖြင့်မေးသည်။ 

လုချန်ရှန်းအဖြေမပေးဘဲ ယင်းအစား ကျောက်စိမ်းရေကန်နှလုံးကျမ်း၏ အဆင့်ကို တိုးစေရန်အတွက် ယင်ယန်သဟဇာတဖြစ်မှုကို နှစ်ကိုယ်တူမကျင့်ကြံဘဲ အခြေအနေကို ဟန်ချက်ညီရန် ကျိချန်းယောင်ကိုယ်ထဲ ယင်နှင့် ယန်ချီကို ဘယ်လိုယူလာနိုင်မလဲဆိုတာကို တွေးနေသည်။ 

ယေဘုယျအားဖြင့်ဆိုရပါက နှစ်ဘက်စလုံးက ပြီးပြည့်စုံသည့် သဟဇာတဖြစ်မှုမရှိပါက သူယန်ချီကို အမျိုးသမီးကိုယ်ထဲ အတင်းလွှဲပြောင်းလျှင်ပင် သူမအတွက် ကိုယ်ထဲ၌ ယင်ချီကို ယန်ချီနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ရန်ဟူသည် မဖြစ်နိုင်ပေ။ 

လုချန်ရှန်း ရုတ်တရက် အကြံတစ်ခုရလာသည်။ 

ရှေးဦးမူလကျင့်ကြံခြင်းကျင့်စဉ်!

သူရှေးဦးမူလကျင့်ကြံခြင်းကျင့်စဉ်ကို ဖန်တီးခဲ့စဉ်က ကမ္ဘာကြီးထဲက နိယာမစွမ်းအားအားလုံးကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်သည်ဟု သူထင်ခဲ့သည်။ ဒါက သဘာ၀အတိုင်း စီးဆင်းပြီး အတားအဆီး မရှိသကဲ့သို့ပင်။ 

ယန်ချီနဲ့ ယင်ချီကို ရှေးဦးမူလနဲ့ ပေါင်းစပ်နိုင်လား!

ဒါကိုတွေးမိသောအခါ လုချန်ရှန်း ရုတ်တရက် သူ့လက်ကို ကျိချန်းယောင် လက်ကောက်၀တ်ပေါ် တင်လိုက်၏။ 

ကျိချန်းယောင်အနည်းငယ် ထိတ်လန့်သွားသော်လည်း သူမလှုပ်ရှားခြင်းမရှိဘဲ ချက်ချင်းတည်ငြိမ်သွားသည်။ သူမ ဒန်တျန်ထဲသို့ စီးဆင်းလာသည့် နွေးထွေးသည့်ချီကို ခံစားနေရသည်။ 

ဒါက လုချန်ရှန်း၏ ယန်ချီဖြစ်သည်။ 

လုချန်ရှန်း၏အသံက ရုတ်တရက် ကျိချန်းယောင်နားထဲ၀င်လာခဲ့သည်။ 

"မင်းကိုယ်ထဲက ယင်ချီကိုဆော်ဩပြီး ယန်ချီကို လက်ခံလိုက်၊ ပေါင်းစပ်ပြီးတဲ့အခါကျရင် ဒါကို ကျောက်စိမ်းရေကန်နှလုံးကျမ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်အတိုင်း စက်ဝန်းတစ်ခုအတွင်း လှည့်ပတ်စေလိုက်"

ကျိချန်းယောင် လုချန်ရှန်းကို ရာနှုန်းပြည့်ယုံကြည်ပြီး ချက်ချင်း‌သူပြောသည့်အတိုင်း လုပ်ဆောင်သည်။ 

လုချန်ရှန်း ကျိချန်းယောင်၏ ခန္ဓာကို စိုက်ကြည့်သည်။ ယန်စွမ်းအင်က ကျိချန်းယောင်ဒန်တျန်းထဲသို့ စီးဆင်းသွားပြီး ယင်စွမ်းအင်နှင့် အောင်မြင်စွာ ပေါင်းစပ်သွားခဲ့သည်။ 

လုချန်ရှန်းကလည်း ယန်ချီထဲသို့ ရှေးဦးမူလစွမ်းအားကို ထည့်သွင်းလိုက်၏။ 

အဆုံးသတ်တွင် ဒါက လုချန်ရှန်းမျှော်လင့်ထားတာနှင့် အရမ်းကြီးမခြားနားခဲ့ပေ။ 

ကျိချန်းယောင်ဒန်တျန်အောက်၌ ယင်နှင့် ယန်ချီတို့က စတင်ပေါင်းစည်သည်။ 

ရှေးဦးမူလစွမ်းအားအကူအညီဖြင့် ၎င်းတို့ ပေါင်းစပ်ပြီးနောက် ပေါင်းစည်းခြင်းနှင့် သိပ်မခြားနားပါ။ 

ထို့နောက်သူချက်ချင်းပြောသည်။ 

"ကျောက်စိမ်းရေကန်နှလုံးကျမ်းကို လည်ပတ်စေလိုက်"

ကျိချန်းယောင်ခေါင်းညိတ်ပြီး သူမ၏ ယင်နှင့်ယန်ချီကို စတင်လည်ပတ်စေသည်။ 

ဒီအခိုက်အတန့်မှာပင် ကျိချန်းယောင် ထုတ်လွှတ်သည့် ထုတ်လွှသည့် အော်ရာကို ကြည့်ရင်း ကျိလျိုချီ ရုတ်တရက် ထိတ်လန့်သွားပုံရသည်။ 

"မဟုတ်ဘူး၊ ကျောက်စိမ်းရေကန်နှလုံးကျမ်းကို ယန်ချီနဲ့ ကျင့်ကြံလို့မရဘူး"

သို့စေကာမူ လုချန်ရှန်းနှင့် ကျိချန်းယောင်တို့က သူတို့၀န်းကျင်၌ အတားအဆီးတစ်ခုထားထားသည်။ ဒါက တစ်ယောက်ယောက် နှောင့်ယှက်ပြီး ချောင်းမြောင်းတိုက်ခိုက်ခြင်းကနေ ကာကွယ်ရန်ဖြစ်သည်။ 

ကျိချန်းယောင် သူမအသံကို လုံးဝမကြားနိုင်ပေ။ 

ကလန်ခေါင်းဆောင်ကျင်းပြောသည်။ 

"နန်းတော်သခင်မကျိ၊ စောင့်ကြည့်ကြရအောင်၊ စီနီယာလုရဲ့ခွန်အားအရဆိုရင် သူဒီလိုလုပ်မှတော့ သူ့မှာ အကြောင်းရင်းရှိမှာပဲ"

ကျိလျိူချီ ပူပန်နေပုံရသည်။ 

"ကျောက်စိမ်းရေကန်နှလုံးကျမ်းက ယင်ချီလွှမ်းမိုးနေတဲ့ ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုပဲ၊ ကျင့်ကြံဖို့အတွက် ယန်ချီကို သုံးမယ်ဆိုရင် ကျင့်ကြံခြင်းပျောက်ကွယ်သွားရုံတင်မကဘဲ အသက်အန္တရာယ်တောင် ရှိလာနိုင်တယ်"

ဒီအချိန်တွင် ယဲ့ချိုးပိုင်ကလည်း သူမကို နှစ်သိမ့်သည်။ 

"နန်းတော်သခင်မကျိ၊ ကျွန်တော့်ဆရာကို ယုံလိုက်ပါ၊ သူ့ခွန်အားနဲ့ အသိပညာကို ခင်ဗျားလည်း မြင်ခဲ့တာပဲလေ၊ ဆရာတောင် တစ်ခုခုကို မဖြေရှင်းနိုင်ဘူးဆိုရင် ဒီကမ္ဘာကြီးထဲက ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး"

မောက်မာခြင်း၊ ဒီစကားလုံးများက အလွန်အမင်း မောက်မာလွန်းသည်!

သို့စေကာမူ မည်သူမှ ငြင်းဆန်ရန်အတွက် ဆန္ဒမရှိပါ။ 

ဒီကမ္ဘာကြီးထဲတွင် လုချန်ရှန်း မဖြေရှင်းနိုင်သည့် အရာတစ်ခုခုရှိသေးသည်လား!

လုချန်ချန်းသာ မဖြေရှင်းနိုင်ပါက မည်သူမီ ဖြေရှင်းနိုင်မည်မဟုတ်ဘူးလား!

လုချန်ရှန်း အပြင်ပကမ္ဘာကို စောင့်ကြည့်နေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ အန္တရာယ်ရှိမရှိ သူစစ်ဆေးရန်လိုအပ်သည်။ 

အကယ်၍ သူသာ ထာ၀ရသက်တမ်းကမ္ဘာတွင် မဟုတ်ပါက သူ့လုံခြုံမှုက အမြဲလိုလို လျော့ပါးနေပေလိမ့်မည်။ 

ယဲ့ချိုးပိုင်၏ စကားလုံးများကို ကြားသောအခါ လုချန်ရှန်းပြောသည်။ 

"ယဲ့ချိုးပိုင်၊ ပြန်သွားပြီး ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးကို ရှင်းလင်းစမ်း"

ယဲ့ချိုးပိုင်ချက်ချင်းကြက်သေသေသွားသည်။ 

ဒါကဘာလို့လဲ!

ကျွန်တော် ဆရာ့အတွက် ကောင်းတဲ့အရာတစ်ခု လုပ်ပေးခဲ့တာ မဟုတ်ဘူးလား!

မုဖူရှန်း ယဲ့ချိုးပိုင်ပခုံးကို ပုတ်ရင်း သက်ပြင်းချကာ ခေါင်းခါယမ်းသည်။ 

"ဟူးးး၊ အစ်ကိုကြီး၊ ဆရာက သူ့ခွန်အားကို အပြင်လူတွေရှေ့မှာ ပြသရတာကို အမုန်းဆုံးပဲ၊ ဒါပေမယ့် အစ်ကိုကြီးက ဆရာ့အကြောင်း ကြွားဝါဖို့အတွက် ဒီလိုမောက်မာတဲ့ စကားလုံးတွေကို သုံးလိုက်သေးတယ်၊ အစ်ကိုကြီးဆရာ့ကို မီးကင်နေတာလား"

ယဲ့ချိုးပိုင် "....."

ဒါကမှန်သော်လည်း ထိုသို့မလုပ်ပါက ၀မ်းနည်းစရာကောင်းသည်ဟု သူခံစားနေရဆဲပင်။ 

ကျိလျိုချီ စိတ်ဖိစီးနေဆဲပင်။ အကယ်၍ ကျိချန်းယောင်နှင့် ပတ်သက်ပြီး တစ်ခုခုမှားသွားပါက သူမဘာပဲလုပ်ရလုပ်ရ ချက်ချင်းတိုက်ခိုက်ပြီး ကျိချန်းယောင်ကို ကယ်တင်မည်ဖြစ်သည်။ 

သို့စေကာမူ အချိန်ကကုန်ဆုံးသွားပြီး တစ်နေ့တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ 

မည်သည့်ပြဿာနာမှ မပေါ်ပေါက်လာဘဲ ကျိချန်းယောင်၏ အော်ရာက စတင်တိုးလာခဲ့သည်။ 

ယင်နှင့်ယန်ချီက ကျိချန်းယောင်ကိုယ်ထဲတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး အတားအဆီးဟူ၍ မရှိတော့ပါ။ 

ဒီအခိုက်အတန့်၌ ကျောက်စိမ်းရေကန်နှလုံးကျမ်းကလည်း ၎င်း၏ပြောင်းလဲမှုကို အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။ 

တကယ်တမ်းတွင် ကျိချန်းယောင်ကိုယ်ထဲက ယင်နှင့်ယန်ချီတို့က ယင်နှင့်ယန်တာအိုစည်းမျဉ်းအော်ရာအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။ 

သူမကလည်း တစ်ချက်တည်းနှင့် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။ 

ဒီမြင်ကွင်းကိုမြင်ရသောအခါ ကျိလျိုချီ၏ မျက်လုံးများက မယုံနိုင်မှုများနှင့် ပြည့်နှက်နေပြီး သူမ လုချန်ရှန်းကို လှမ်းကြည့်လိုက်မိသည်။ 

ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်ရဲ့ လျှို့ဝှက်ကျင့်စဉ်ကို လုချန်ရှန်းက ပြုပြင်ပြောင်းလဲပြီး အားဖြည့်ပေးခဲ့တာလား!

မကြာသေးခင်က ယဲ့ချိုးပိုင်ပြောခဲ့တာကို သတိရမိသောအခါတွင် ဒါက အဓိပ္ပာယ်ရှိလာပြီဖြစ်သည်။ 

အပိုင်း(1000) coming။ 

All Chapters