← Chapters

#‌ဒီကိစ္စပြီးသွားပြီ၊ အမှောင်ပိုင်နက်ကို သွားကြရအောင်#

Vol. 71 Ch. 1000

#‌ဒီကိစ္စပြီးသွားပြီ၊ အမှောင်ပိုင်နက်ကို သွားကြရအောင်#

Vol. 71 Ch. 1000

ပင်မဂိုဏ်းသုံးဂိုဏ်းသေဆုံးမှုက နဂါးငွေ့တန်းကြယ်စင်စုတစ်ခုလုံးကို ကြီးမားသည့် ဆူပူအုံကြွမှုတစ်ခုအား ဖြစ်သွားစေသည်။ 

မရေမတွက်နိုင်လောက်သည့်ဂိုဏ်းများက မဟာဂိုဏ်းသုံးဂိုဏ်းက မြေကြီးကနေ ဖယ်ရှားခံရပြီး အသက်ဓာတ်ဟူ၍ မရှိတော့တာကို ရှာတွေ့သောအခါ သူတို့ရူးကြောင်ကြောင် မှန်းဆမှုများ စတင်လုပ်ဆောင်ကြသည်။ 

"ဒါက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့ ရွှေတောင်ပံဂဠုန်ကလန်တို့ရဲ့ လုပ်ရပ်များလား"

"ဒါမဖြစ်နိုင်ဘူး၊ အဓိကဂိုဏ်းငါးဂိုဏ်းကြားက ခွန်အားအရာကွာဟချက်က အရမ်းကြီး မကြီးဘူး၊ ဒါ့အပြင် ငွေနဂါးစံအိမ်၊ ကြက်သွေးရောင်မီးတောက်အိမ်တော်နဲ့ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတို့က အတူတကွ ချိတ်ဆက်နေကြတယ်၊ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့ ရွှေတောင်ပံဂဠုန်ကလန်တို့က သူတို့ကို ဘယ်လိုလုပ်ဖျက်ဆီးနိုင်မှာလဲ"

"ဒီလိုဆိုရင်တော့ သူတို့ ကျွမ်းကျင်သူတစ်ယောက်ကို စော်ကားမိတာဖြစ်ရမယ်"

အဓိကဂိုဏ်းသုံးဂိုဏ်း၏ ပိုင်နက်များထဲ စူးစမ်းရန်အတွက် ခိုး၀င်ကာ ဘယ်ဂိုဏ်းလုပ်ခဲ့သလဲဆိုတာကို သက်သေပြနိုင်သည့် အကြွင်းအကျန် သို့မဟုတ် ခြေရာတစ်ခုခု ကျန်ရှိမလားဆိုတာကို မြင်ချင်သဖြင့် ရှာဖွေခဲ့ကြသည့် ကျွမ်းကျင်သူများလည်း ရှိသည်။ 

သို့စေကာမူ သဲလွန်စဟူ၍မရှိပါ။ 

တိုက်ခိုက်မှုများနှင့် လူသားအရိပ်အယောင်များ၏ သဲလွန်စအားလုံးက တမင်တကာ ဖျက်ဆီးခံလိုက်ရသကဲ့သို့ပင်။ ဘယ်သူလုပ်ခဲ့သလဲဆိုတာကို ဆုံးဖြတ်ရန်ဟူသည် မဖြစ်နိုင်ပေ။ 

ဒါက အဓိကဂိုဏ်းသုံးဂိုဏ်း၏ ပိုင်နက်များထဲ ၀င်သွားသည့် ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေသည်။ ဒီလူက အဓိကဂိုဏ်းသုံးဂိုဏ်းက ဘာခြေရာမှမချန်ထားဘဲ ဖျက်ဆီးနိုင်သည်။ 

ထိုနတ်သခင်အဆင့်ဂိုဏ်းအနည်းငယ်ကသာ ဒီလိုအရာမျိုးကို လုပ်နိုင်ပေသည်။ 

သို့သော် သူတို့ကို ပဟေဠိဖြစ်စေတာက မည်သည့်အတွက်ကြောင့် နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းက ခြေရာအားလုံးကို ဖျက်ပစ်ချင်ရလေသနည်း။ 

ဘာကြောင့် သူတို့၏တည်နေရာကို ဖုံးကွယ်ထားရလေသနည်း။ 

သူတို့ အဆင့်မြင့်ကြယ်နယ်မြေ၌ ပုန်းလျှိုးနေစရာမလိုဘဲ ဘာမဆိုလုပ်နိုင်သည်။ 

သူတို့က အတိုင်းအတာတစ်ခုအထိ အားကောင်းနေပြီဖြစ်ကာ အဆင့်မြင့်ကြယ်နယ်မြေတွင် သူတို့ကို ခြိမ်းခြောက်န်ုင်သည့် အရာများက နည်းသထက် နည်းလာနေသည်။ 

ခြေရာများကို ဖျက်ရန်အတွက် မည်သည့်အတွက်ကြောင့် ဤမျှထိ ဒုက္ခခံနေရလေသနည်း။ 

.....

တစ်ချိန်တည်းမှာပင် နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း၌ အလွန်အမင်းသေးသွယ်သော်လည်း ဘယ်သူမှ လျှော့မတွက်ရဲသည့် အမျိုးသမီးတစ်ဦး မည်းမှောင်သည့် အမူအရာဖြင့် ရှိနေသည်။ 

"နဂါးငွေ့တန်းကြယ်ဒေသကို လွှတ်လိုက်တဲ့ အင်အားစုသုံးခုကို အမည်မသ်လူတစ်ယောက်က ဖျက်ဆီးလိုက်တယ်လို့ ပြောတာလား"

အောက်က အဖိုးအိုတစ်ဦး ဒူးထောက်ရင်း ခေါင်းကို ရင်ဘတ်ရှေ့၌ငုံ့ကာ ညိတ်သည်။ 

"ဟုတ်ကဲ့၊ ပြီးတော့ သူကဘာခြေရာမှ မချန်ထားခဲ့ပါဘူး၊ ကျွန်တော်တို့လူတွေ ဘာသံလွန်စကိုမှ မရှာတွေ့ပါဘူး"

"ဝိဉာဉ်တုံကင်ကလည်း သူ့အော်ရာကို မှတ်တမ်းမတင်ထားဘူးလား"

အဖိုးအိုခေါင်းခါယမ်းရင်း ပြန်ဖြေသည်။ 

"မဟုတ်ပါဘူး၊ ဝိဉာဉ်တုံကင်က ချက်ချင်းမကွဲအက်သွားခဲ့ဘူး"

ဝိဉာဉ်တုံကင်ထဲက လူတစ်ယောက်၏ ဝိဉာဉ်အမျှင်စတစ်ခုရှိသည်။ 

သို့စေကာမူ ဝိဉာဉ်အော်ရာက လုံး၀ပိတ်ဆို့ခံလိုက်ရပါက ထိုလူသေသွားလျှင်ပင် ဝိဉာဉ်တုံကင်က ချက်ချင်းတုံ့ပြန်မှုကို ပေးဆောင်မည်မဟုတ်တော့ပါ။ 

ဝိဉာဉ်တုံကင်၏ အော်ရာကို ရပ်တန့်ရန်အတွက် ယခုလိုအစီအရင်မျိုးက အရမ်းရှားပါးလွန်းသည်။ နတ်သခင်အဆင့်ဂိုဏ်းတစ်ချို့တွင်ပင် ယခုလိုအစီအရင်မျိုးမရှိချေ။ 

ဒါက ဝိဉာဉ်ကြားက ဆက်နွှယ်မှုကိုပင် တိုက်ရိုက်ပိတ်ချပစ်လေရာ ယခုလို အတားအဆီးမျိုးက ဘယ်လောက်ထိ အားကောင်းအလဲဆိုတာကို ပုံဖော်ကြည့်၍ရသည်။ 

"ဒီလိုဆိုရင်တော့ ဒါကို တခြားနတ်သခင်အဆင့်ဂိုဏ်းတွေကပဲ လုပ်နိုင်မယ်"

ယင်ယန်နတ်သခင်၏ အမူအရာက အလွန်အမင်း မည်းမှောင်နေပြီး ဒေါသက သူ့နှလုံးထဲထိ စိမ့်၀င်ကာ လုံး၀မဖိနှိပ်ထားနိုင်သဖြင့် ရလဒ်အဖြစ် သူမ၀န်းကျင်က လေဟာနယ်က စတင်ပြိုကွဲလာသည်။ 

အောက်က အဖိုးအိုကလည်း ချွေးအေးများပင် ထွက်လာသည်။ ဒီအော်ရာက သူ့အတွက် အစွမ်းကုန်ခုခံရန်ဆိုသည်ကပင် အလွန်အမင်း ခက်ခဲနေလေပြီ။ 

သူကလည်း နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ရှိသည့် မဟာတည်ရှိမှုတစ်ခုဖြစ်သည်။ 

"တခြားနတ်သခင်အဆင့်ဂိုဏ်းတွေဆီက လှုပ်ရှားမှုတစ်ခုခုကို ရှာတွေ့ခဲ့လား" ယင်ယန်နတ်သခင်မေးသည်။ 

အဖိုးအိုခေါင်းခါယမ်းသည်။ 

"နဂါးငွေ့တန်းကြယ်ဒေသက ဖြစ်ရပ်အပြီး ကျွန်တော် ဒီရက်တွေအတွင်း တခြားနတ်သခင်အဆင့်ဂိုဏ်းခြောက်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းဖို့အတွက် လူတွေ စေလွှတ်ခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူး"

ယင်ယန်နတ်သခင်အံကြိတ်ထားသည်။ 

"သူတို့မဟုတ်ဘူးဆိုရင် ဘယ်သူများဖြစ်နိုင်မလဲ"

ထိုသူက ပထမတန်းစားအင်အားစုသုံးခုကို တစ်ချိန်တည်းတွင် ဖျက်ဆီးပစ်ခဲ့ပြီး ယခုလိုအစွမ်းထက်ဝိဉာဉ်အစီအရင်တစ်ခုပင် ရှိကာ ခြေရာအားလုံးကို ဖျက်ပစ်နိုင်သည်။ 

ဒါက နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများသာ လုပ်နိုင်သည့် အရာတစ်ခုပေတည်း။ 

"စုံစမ်းဦး" ယင်ယန်နတ်သခင် ဧရာမပလ္လင်ကြီးကို ရိုက်ချလိုက်ရာ ပလ္လင်နှင့် နန်းတော်က ချက်ချင်းပင် ပြိုကျသွား၏။ 

"မင်းတို့ဘာတစ်ခုမှ ရှာမတွေ့ရင် အမှောင်ပိုင်နက်ကိုသွားပြီး သတင်းအချက်အလက် သွား၀ယ်လိုက်"

ဒီအစွမ်းထက်အော်ရာ၏ ဖိနှိပ်မှုအောက်တွင် အဖိုးအိုပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရပြီး ရင်ဘတ်ကိုကိုင်ကာ နာကျင်စွာပြောသည်။ 

"နားလည်ပါပြီ၊ ကျွန်တော်အခု သွားလိုက်ပါမယ်"

အဖိုးအိုထွက်သွားတာကို ကြည့်နေပြီးနောက် ယင်ယန်နတ်သခင် မည်းမှောင်သည့် အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ 

တိမ်မည်းများက ကောင်းကင်ကိုဖုံးလွှမ်းထားပြီး လျှပ်စီးများလင်း၀င်းကာ မိုးကြိုးများပစ်ခတ်နေသည်။ 

"ဘယ်သူ၀င်စွက်ဖက်နေသလဲဆိုတာကိုသာ ငါသိခဲ့ရင် ငါတို့ယင်ယန်ဂိုဏ်းကို နှလုံးသားမဲ့တဲ့အတွက် အပြစ်မတင်နဲ့......"

သို့စေကာမူ သူတို့ဘယ်လိုလုပ်သိမည်နည်း။ 

ယင်ယန်ဂိုဏ်း၏ နည်းစနစ်များအရ သူတို့ လုချန်ရှန်းအကြောင်းကို သေချာပေါက် ရှာနိုင်မည်မဟုတ်။ 

သတင်းအချက်အလက်များ ၀ယ်ယူရန်အတွက် အမှောင်ပိုင်နက်ကို သွားရန်ကိုမူ ပြောနေစရာပင်မလို။ 

အမှောင်ပိုင်နက်က ဒီနောက်ကွယ်မှာ လုချန်ရှန်းရှိနေတာကို သိနေလျှင်ပင် ယင်ယန်ဂိုဏ်းဆီသို့ သတင်းရောင်းရန်အတွက် သေချာပေါက် ငြင်းဆန်မည်သာ။ 

သူတို့က လုချန်ရှန်း၏ခွန်အားကို ကောင်းကောင်းသိကြသည်။ 

အမှောင်ပိုင်နက်က အစကတည်းက သတင်းအချက်အလက်များကို ရောင်းနေသည့် ဂိုဏ်းတစ်ဂိုဏ်းပင်။ သူတို့ အချက်အလက်များကို ရောင်းရင်း အကျိုးခံစားခွင့်များကို ရှာဖွေရန်လိုသည်။ 

ဘယ်ဘက်က ပိုမြင့်မားသည့် စိတ်၀င်စားမှုနှင့် ထောက်ပံ့နိုင်မလဲဆိုတာ သူတို့ကြည့်ရသည်။ 

ထို့ကြောင့် ဒါကနားလည်ရန်လွယ်ကူသည်။

.....

နဂါးငွေ့တန်းကြယ်စင်စုတွင် ကျိချန်းယောင် ရှေးဦးမူလခရမ်းချီကို ကျောက်စိမ်းရေကန်နှလုံးကျမ်းထဲသို့ ပေါင်းစပ်ရန် ကြိုးစားနေစဉ် သူမ၏အော်ရာက တဖြည်းဖြည်းထိုးတက်သွား၏။ 

ကြည့်ရသည်မှာ ဒီနည်းလမ်းက အတော်လေးမှန်ပုံပင်။ 

လုချန်ရှန်းခေါင်းညိတ်သည်။ 

ဒီအချိန်မှာပင် ကျိလျိုချီလျှောက်လာပြီး လုချန်ရှန်းအား ဦးညွတ်သည်။ 

"ကျွန်မတပည့်ကို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ စီနီယာလု"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"ခင်ဗျားတို့က ကျုပ်ရဲ့ပြဿာနာရှာတတ်တဲ့ တပည့်တွေကို အများကြီးကူညီခဲ့တာပဲလေ"

"မျက်လုံးအတွက် မျက်လုံးလိုတယ်၊ ဒါကို လက်ဆောင်အဖြစ် ယူလိုက်ပါ၊ တကယ်လို့ ဒါက မလုံလောက်ဘူးဆိုရင် ကျုပ် အဓိကဂိုဏ်းသုံးဂိုဏ်းရဲ့ အခြေခံရင်းမြစ်တွေကို ဒီသိုလှောင်လက်စွပ်ထဲ ထည့်ထားပြီးပြီ၊ ဒါကို ခင်ဗျားတို့ ခွဲခြမ်းပြီးယူလို့ရပါတယ်"

လုချန်ရှန်း၏ အဓိပ္ပာယ်က အရမ်းရှင်းပါသည်။ 

မင်းတို့က ငါ့တပည့်ကိုကူညီခဲ့တယ်၊ ဒါက ကျေးဇူးတစ်ခုပဲ!

အခုငါမင်းတို့အတွက် အဓိကဂိုဏ်းသုံးဂိုဏ်းကို ဖျက်ဆီးဖို့ ကူညီခဲ့ပြီး သူတို့ရဲ့ အရင်းအမြစ်အားလုံးကို မင်းတို့ကို ပေးတယ်၊ ပြီးတော့ မင်းရဲ့တပည့်ကိုလည်း သင်ပေးခဲ့တယ်!

ဒီကျေးဇူးကို အခုပြန်ပေးဆပ်လိုက်ပြီ!

ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ နန်းတော်သခင်မတစ်ဦးတဖြစ်လဲ လုချန်ရှန်း ဘာကို ဆိုလိုသလဲဆိုတာ ကျိလျိုချီနားလည်ပါသည်။ 

သူမနှလုံးသားထဲကနေ သက်ပြင်းချသည်။ 

ကျိချန်းယောင်အတွက် လုချန်ရှန်းနှင့် နီးစပ်ရန်ဟူသည် ကောင်းကင်ဘုံကို တက်ခြင်းထက်ပင် ပိုခက်ခဲသည့်ပုံပေါ်သည်။ 

ယခုသူတို့တွင် ရွေးချယ်စရာမရှိသဖြင့် ခေါင်းညိတ်လိုက်ရသည်။ 

"မစိုးရိမ်ပါနဲ့စီနီယာလု၊ ရှင့်ဆိုလိုတာကို ကျွန်မနားလည်ပါတယ်"

ကလန်ခေါင်းဆောင်ကျင်းကလည်း ပြုံးရင်းပြောသည်။ 

"မစိုးရိမ်ပါနဲ့စီနီယာလု၊ ကျေးဇူးကြွေးကို ရှင်းပြီးသားဖြစ်သွားပါပြီ"

လုချန်ရှန်းခေါင်းညိတ်သည်။ 

ထို့နောက် သူ့နောက်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအားကြည့်ပြီးနောက် ယဲ့ချိုးပိုင်အား စိုက်ကြည့်သည်။ 

"အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်းကောင်းကောင်းစတင်ဖို့လိုတယ်၊ မင်းရဲ့ ဂျူနီယာညီလေးတွေကို ပြဿာနာရှာဖို့ အမြဲမခေါ်သွားနဲ့"

ယဲ့ချိုးပိုင် "ကျွန်တော်မခေါ်....."

"မင်းငြင်းနေတုန်းပဲလား" လုချန်ရှန်းသူ့ကို စူးစိုက်ကြည့်လာသည်။ 

ယဲ့ချိုးပိုင် "ကျွန်တော်နားလည်ပါပြီ"

"ဒါပေမယ့်အခုအရာတွေက ပြောင်းလဲသွားပြီ၊ အင်မော်တယ်နယ်မြေမှာ အချိန်အများကြီး မကျန်တော့ဘူး၊ မင်းတို့လုံခြုံမှုကို သေချာအောင်လုပ်ပြီး ပြဿာနာတွေကို အနည်းဆုံးဖြစ်အောင်လုပ်ရင်း အတတ်နိုင်ဆုံး ခွန်အားကို တိုးအောင်လုပ်ရမယ်" လုချန်ရှန်း ရုတ်တရက်လေးနက်စွာပြောသည်။ 

"မင်းတို့ငါ့ကို လိုအပ်တယ်ဆိုပေမယ့် အနည်းဆုံးတော့ အချိန်ကျလာတဲ့အခါကျရင် မင်းတို့ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိရမယ်၊ နားလည်လား"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတစ်ဦးကို တစ်ဦးကြည့်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။ 

ညွှန်ကြားချက်များပေးပြီးနောက် လုချန်ရှန်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ 

သို့စေကာမူ သူ ထာ၀ရသက်တမ်းကမ္ဘာကို တိုက်ရိုက်မပြန်ဘဲ ယင်းအစား အမှောင်ပိုင်နက်၏ နယ်မြေဆီသို့ ပြေးသွားလေတော့သည်။ 

အပိုင်း(1001) coming။ 

All Chapters