#ဂိုဏ်းနှစ်ဂိုဏ်းပေါင်းစည်းခြင်း၊ မှန်တဲ့အခါ ရပ်လိုက်ပါ#
Vol. 71 Ch. 1001
လုချန်ရှန်းထွက်သွားပြီးနောက် ကလန်ခေါင်းဆောင်ကျင်းပြောသည်။
"အားလုံးပဲ၊ အခုဘာအစီအစဉ်တွေရှိလဲ"
မုဖူရှန်း ရှောင်ဟိုင်ကို ကြည့်လိုက်၏။
"အခုကျွန်တော်တို့ အဲနေရာကို သွားလို့ရပြီမလား"
မုဖူရှန်းရည်ညွှန်းနေသည့်နေရာက ရှောင်ဟိုင်၏ ဝိဉာဉ်သုံးခုနှင့် စိတ်ဝိဉာဉ်ခုနှစ်ခုတို့ပင်ဖြစ်သည်။
သို့စေကာမူ ရှောင်ဟိုင် ခေါင်းခါယမ်းသည်။
"ငါခွန်အားကို တည်ငြိမ်အောင်လုပ်ဖို့ လိုသေးတယ်၊ အစောလေးက ငါစုပ်ယူခဲ့တဲ့ သွေးကြောစွမ်းအားက လုံး၀မတည်ငြိမ်သေးဘူး"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ငါလည်းအဆင့်ချိုးဖျက်ဖို့လိုတယ်၊ ဒီတိုက်ပွဲတွေအပြီးမှာ ငါ့ဓားဆန္ဒအပေါ် ပိုနက်ရှိုင်းနဲ့ နားလည်မှုတစ်ခု ငါရလာခဲ့တယ်လို့ ခံစားနေရတယ်"
မူလက ယဲ့ချိုးပိုင် အင်မော်တယ်ဓားနယ်ပယ်တွင် အချိန်အတော်ကြာနေခဲ့သည်။ အင်မော်တယ်နယ်မြေနှင့် နဂါးသွေးကြောသို့ လေ့ကျင့်ရေးခရီးထွက်ပြီးနောက် သူက ချိုးဖျက်ရန်အတွက် နီးစပ်နေလေပြီ။
သို့သော် တခြားဓားသမားများသာ ယဲ့ချိုးပိုင်တွေးနေတာကို သိမည်ဆိုပါက သူတို့ သေလုမတတ် ဒေါသထွက်သွားကြပေလိမ့်မည်။
ဘယ်လောက်ကြာသေးလို့လဲ၊ မင်းရဲ့ဓားတာအိုနယ်ပယ်ထပ်ပြီး အဆင့်ချိုးဖျက်တော့မှာလား!
တစ်ချို့ဓားသမားများက အင်မော်တယ်ဓားနယ်ပယ်ကိုပင် မချိုးဖျက်နိုင်သလို ဆက်ပြီး မတက်နိုင်ကြပါ။
ဒါတောင်မင်းက နှေးလွန်းတယ် ထင်တာလား!
သူတို့၏စကားများကို ကြားသောအခါ ကလန်ခေါင်းဆောင်ကျင်းပြုံးသည်။
"ဒီလိုဆိုမှတော့ နဂါးငွေ့တန်းကြယ်စင်စုမှာပဲ ကျင့်ကြံကြပါ၊ မင်းတို့ဆရာ အဓိကဂိုဏ်းသုံးဂိုဏ်းရဲ့ အခြေခံအရင်းအမြစ်တွေအကုန်လုံးကို ယူပစ်ခဲ့တယ်မလား၊ မင်းတို့ ကျင့်ကြံဖို့နဲ့ တည်ငြိမ်အောင်လုပ်ဖို့ ဒီထဲက မင်းတို့အတွက် အသုံး၀င်တာတွေကို ရွေးလို့ရတယ်"
ဖန်ချန်းပြောသည်။
"ဆရာဒါကို ခင်ဗျားတို့ကို ပေးခဲ့တာလေ"
ကျိလျိုချီခေါင်းခါယမ်းရင်း ပြုံးသည်။
"မင်းတို့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ရှောင်ဟိုင်ကလွဲပြီး ငါတို့ဂ်ိုဏ်းနှစ်ဂိုဏ်းနဲ့ အတော်လေး ကွဲပြားတယ်"
"ဒါကြောင့် မင်းတို့အရင်းအမြစ်တွေ ယူလိုက်မယ်ဆိုရင်တောင် အရေးမကြီးပါဘူး"
ကလန်ခေါင်းဆောင်ကျင်းဆက်ပြောသည်။
"မင်းတို့ဘာတွေးနေသလဲဆိုတာ နန်းတော်သခင်မကျိနဲ့ ငါသိပါတယ်၊ မစိုးရိမ်ပါနဲ့၊ စီနီယာလုအတွက် အဓိကဂိုဏ်းသုံးဂိုဏ်းကို ကိုင်တွယ်ပြီး ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကို နဂါးသွေးကြောကို လွှမ်းမိုးခွင့်ပေးတာကတင် အတော်လေးကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုဖြစ်နေပါပြီ"
"တကယ်တော့ ငါတို့စီနီယာလုကို အများကြီးအကြွေးတင်လိုက်ပြီ"
"ဒါကြောင့် မင်းတို့ဒီအရင်းအမြစ်တွေအားလုံးကို ယူသွားမယ်ဆိုရင်တောင် ငါတို့မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး၊ ဒါမှမဟုတ် ဒါကို ကျေးဇူးကြွေးအတွက် ပြန်ပေးဆပ်တာဆိုလည်း အရမ်းမများပါဘူး"
ဖန်ချန်းတစ်ခုခုပြောချင်သော်လည်း မုဖူရှန်း ဖန်ချန်းကို နောက်သို့ဆွဲယူကာ အပြုံးဖြင့် ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ စီနီယာတို့ရဲ့အစီအစဉ်တွေကို ကျွန်တော်နားထောင်ပါမယ်"
ကလန်ခေါင်းဆောင်ကျင်း ဒါကိုကြားသောအခါ ပြုံးလိုက်၏။
"ဒီလိုဖြစ်သင့်တာပေါ့"
"ကောင်းပြီ၊ အားလုံးပဲ ကျင့်ကြံဖို့အတွက် ငါ့ရဲ့ ရွှေတောင်ပံဂဠုန်ကလန်ကို သွားကြပါ၊ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အမျိုးသမီးတပည့်တွေနဲ့ ပြည့်နေတာဆိုတော့ အဆင်မပြေဘူး"
ကျိလျိုချီခေါင်းညိတ်သည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်သို့ ၀င်ထွက်သွားလာသည့် အမျိုးသားဟူ၍ မရှိသလောက်ပင်။
အထူးအကြောင်းရင်းများကြောင့်သာ မဟုတ်ပါက အမျိုးသားများကို ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ကို ၀င်ခြင်းကနေ တားမြစ်ထားသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သုံးယောက်က ကျင်းဝူကျင်းနှင့်အတူ ရွှေတောင်ပံဂဠုန်ကလန်သို့ လိုက်သွားကြ၏။
ကလန်ခေါင်းဆောင်ကျင်းနှင့် ကျိလျိုချီကမူ ကျိချန်းယောင်ကျင့်ကြံနေတာကို စောင့်ကြပ်ပေးနေကြသည်။
နဂါးသွေးကြောကို ခွဲလိုက်ပါက နဂါးသွေးကြော၏ အားဖြည့်မှုက ဂိုဏ်းတစ်ဂိုဏ်းတည်းပေါ်တွင်သာ သက်ရောက်သည်။
ဒါက ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့အတွက် ခေါင်းအကိုက်ဆုံးအရာပေတည်း။
အလွန်အမင်းရဲတင်းသည့်အကြံတစ်ခု ကလန်ခေါင်းဆောင်ကျင်းစိတ်ထဲတွင် ရုတ်တရက် ပေါ်လာပြီး သူမရဲတရဲ မေးလိုက်၏။
"ဂိုဏ်းနှစ်ဂိုဏ်းကို ပေါင်းစည်းမယ်ဆိုရင်ရော"
ကျိလျိုချီ၏ မျက်သူငယ်အိမ်များက အနည်းငယ် တုန်ယင်သွားသည်။
"ဂိုဏ်းနှစ်ဂိုဏ်းကို ပေါင်းစည်းမယ်"
ဒါကိုပြောပြီးနောက်တွင် ကလန်ခေါင်းဆောင်ကျင်း၏ အတွေးက ပိုပို၍ပင် ရှင်းလင်းလာသည်။
"နဂါးသွေးကြောက ဂိုဏ်းတစ်ဂိုဏ်းတည်းအတွက်ပဲ ကံကောင်းစေတာ၊ ဒီတော့ ဒီကိစ္စမှာ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းစလုံးက သေချာပေါက် နောက်ဆုတ်နိုင်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"
ကျိလျိုချီခေါင်းညိတ်သည်။
ဒါကသဘာ၀ကျပါသည်။
ကလန်ခေါင်းဆောင်ကျင်းဆက်သည်။
"အခု ငါတို့ရွှေတောင်ပံဂဠုန်ကလန်က ရှောင်ဟိုင်နဲ့ ပူးပေါင်းထားပြီး မင်းရဲ့ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ကျိချန်းယောင်ကလည်း စီနီယာလုနဲ့ ခွဲမရအောင်ဆက်နွှယ်နေတယ်၊ ရှောင်ဟိုင်ကလည်း စီနီယာလုတပည့်ပဲ၊ ဒီတော့ ဒီတစ်ကြိမ် အင်အားစုတွေပူးပေါင်းတာက သေချာပေါက်ပိုကောင်းလိမ့်မယ်"
ကျိလျိုချီ ဆက်လက်ခေါင်းညိတ်သည်။
"ပြီးတော့ ဒီအကြောင်းရင်းတွေအားလုံးကို အခြေခံရမယ်ဆိုရင် ပေါင်းစည်းတာက အကောင်းဆုံးရွေးချယ်မှုပဲ၊ နဂါးသွေးကြောရဲ့ အားဖြည့်မှု၊ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ အရင်နတ်ဆိုးသခင်နဲ့ ဆက်နွယ်မှုအရဆိုရင် ဒါကငါတို့ကို နတ်သခင်အဆင့်ဂိုဏ်းအဖြစ်ကို တက်လှမ်းဖို့အတွက် အခွင့်အရေးတစ်ခုပေးနိုင်မယ်လို့ ထင်လား"
ဒီနေရာတွင် ကျိလျိုချီ၏ အမူအရာက တုန်ယင်သွားရသည်။
ကလန်ခေါင်းဆောင်ကျင်းပြောတာက အမှန်တရားဖြစ်သည်။
ထူးခြားသည့်အားသာချက်များစွာနှင့်အတူ သူတို့သာပူးပေါင်းလိုက်ပါက နတ်သခင်အဆင့်အဖြစ်ကို တက်လှမ်းနိုင်မည့် ဂိုဏ်းတစ်ခုဖြစ်လာနိုင်ချေက ကြီးမားစွာ မြင့်မားလာပေလိမ့်မည်။
သူတို့သာမပေါင်းစည်းပါက အသာစီးရမှုက နှစ်ပိုင်းဖြစ်သွားမည်။ အနာဂတ်က အကျိုးအမြတ်များကလည်း ပေါင်းစည်းမှုကြောင့် ရလာမည့်အကျိုးအမြတ်များထက် မြင့်မားမည်မဟုတ်။
ဒီအခိုက်အတန့်၌ ကျိလျိုချီမေးသည်။
"တကယ်လို့ ငါတို့သာပေါင်းစည်းမယ်ဆိုရင် ဂိုဏ်းနှစ်ဂိုဏ်းကြားက ကွာခြားချက်ကဘာလဲ"
မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်တို့တွင် လုံး၀ကွဲပြားသည့် ကျင့်ကြံခြင်းလမ်းကြောင်းများရှိသည် မဟုတ်ပေလော။
"ဒါက အရမ်းရိုးရှင်းပါတယ်" ကလန်ခေါင်းဆောင်ကျင်းပြုံးသည်။
"ပေါင်းစည်းပြီးနောက်မှာ ဂိုဏ်းကို ဂိုဏ်းခွဲနှစ်ခုအဖြစ် ခွံလိုက်ကြမယ်လေ၊ တစ်ခုက ရွှေတောင်ပံဂဠုန်ကလန်ဖြစ်ပြီး နောက်တစ်ခုကို ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ပိုင်ဆိုင်မယ်"
"ဂိုဏ်းချုပ်နေရာအတွက်တော့ ငါတို့နှစ်ယောက် ဒါကိုယာယီတာ၀န်ယူထားကြမယ်၊ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဂိုဏ်းချုပ်နှစ်ယောက်ဆိုတာက သေချာပေါက် အပျက်သဘောသက်ရောက်မှုတစ်ခု ရှိလာလိမ့်မယ်၊ ဒါကြောင့် ဒါက ကျင်းဝူကျင်း အရင်နတ်သခင်ဖြစ်လာမလား ဒါမှမဟုတ် ကျိချန်းယောင်အရင် ဖြစ်လာမလားဆိုတဲ့အပေါ် မူတည်တယ်"
ကျိလျိုချီပြုံးသည်။
"ကျင်းဝူကျင်းကို ရှင်အဲလောက်ထိ ယုံကြည်တာလား"
ကလန်ခေါင်းဆောင်ကျင်းပြုံးသည်။
"သေချာတာပေါ့"
နောက်ပိုင်းမှတ်တမ်းများတွင် ဂိုဏ်းနှစ်ဂိုဏ်း၏ ပေါင်းစည်းမှုကို အရဲတင်းဆုံးနှင့် အမှန်ကန်ဆုံးရွေးချယ်မှုဟု လူသိများခဲ့သည်။
.....
အမှောင်ပိုင်နက်!
လုချန်ရှန်း အမှောင်ပိုင်နက်ကို ၀င်လာသောအခါ သူ့အော်ရာကို ဖုံးကွယ်ထားသဖြင့် မည်သူမှ သူ့ကိုသတိမထားမိကြပါ။
"ဟမ်၊ ကြည့်ရတာ ဒီအော်ရာဖုံးကွယ်နည်းစနစ်က အတော်လေးအသုံး၀င်ပုံပဲ၊ အချိန်ကျလာတဲ့အခါကျရင် ငါအဲဒီ ကောင်စုတ်လေးတွေကို သင်ပေးလို့ရပြီ"
လုချန်ရှန်းတွေးလိုက်မိသည်။
ဒါက လုချန်ရှန်းတီထွင်ထားသည့် လိပ်အသက်ရှူကျင့်စဉ်ဖြစ်ပြီး အော်ရာကို လုံးဝမရှိသည်ဟု ထင်ရသည်အထိ အနိမ့်ဆုံးအဆင့်ထိ ဖိနှိပ်ထားနိုင်သည်။
အကယ်၍ တခြားဂိုဏ်းများကသာ တစ်စုံတစ်ယောက်က အမှောင်ပိုင်နက်ထဲသို့ ရှာဖွေမဖော်ထုတ်ခံရဘဲ ၀င်နိုင်တာကို သိမည်ဆိုပါက ဒါကသေချာပေါက် ကြီးမားသည့် ဆူပူအုံကြွမှုကို ဖြစ်စေလိမ့်မည်ဖြစ်ကာ လူတိုင်းကို ထိတ်လန့်သွားစေလိမ့်မည်။
အမှောင်ပိုင်နက်က သတင်းအချက်အလက်များ စုစည်းမှုအရ အဆင့်မြင့်ကြယ်နယ်မြေ၌ နံပါတ်တစ်ဖြစ်သည်။
သူတို့က ထောက်လှမ်းရာတွင်လည်း ထိပ်တန်းအဆင့်တွင်သာ ရှိနိုင်သည်။
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် အမှောင်ပိုင်နက်ထဲသို့ မဆင်မခြင်၀င်သွားပါက သေချာပေါက် ရှာတွေ့သွားပေလိမ့်မည်။
တစ်ချိန်က နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက် အမှောင်ပိုင်နက်ကို ခိုး၀င်ပြီး အမှောင်ပိုင်နက်အကြောင်း သတင်းအချက်အလက်အားလုံးကို ရယူချင်ခဲ့သော်လည်း သူထိုနေရာ၌ပင် ထုတ်ဖော်ခံခဲ့ရသည်။
ဒါကလည်း လုချန်ရှန်း၏ လိပ်အသက်ရှူနည်းစနစ်က ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာကို ပြသနေသည်။
ထို့နောက် လုချန်ရှန်း နတ်အသိကို အနည်းငယ် ထုတ်လွှတ်လိုက်၏။ တစ်ခဏအကြာတွင် သူအမှောင်သခင်ရှိရာနေရာသို့ အာရုံခံမိသွားသဖြင့် ပေါ့ပါးသည့် ခြေလှမ်းများနှင့်အတူ အမှောင်သခင်ရှေ့သို့ ရောက်လာခဲ့သည်။
အမှောင်သခင် လုချန်ရှန်းကိုမြင်သောအခါ သူထ်ိတ်လန့်သွားသော်လည်း မျက်နှာပေါ်၌ မပြသဘဲ ယင်းအစားပြုံးလိုက်သည်။
"စီနီယာ၊ ခင်ဗျားခွန်အားက တကယ်ကို နက်ရှိုင်းလွန်းတာပဲ၊ ကံကောင်းတာက အမှောင်ပိုင်နက်က စီနီယာကို ရန်မလိုခဲ့ဘူး၊ မဟုတ်ဘူးဆိုရင် အမှောင်ပိုင်နက်က စီနီယာရဲ့ သနားညှာတာမှုကို တောင်းခံနေရတဲ့ အချိန်ကို ကျရောက်နေလိမ့်မယ်"
လုချန်ရှန်းက ရှာဖွေဖော်ထုတ်ခံရခြင်းမရှိဘဲ အမှောင်နယ်မြေကို စိတ်ကြိုက် ၀င်ထွက်သွားလာနိုင်သည်။
ယခုလိုခွန်အားမျိုးက အနည်းငယ် ကြောက်စရာကောင်းသည်။
အမှောင်သခင်၏ စကားလုံးများထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုပါရှိသည်။
အမှောင်ပိုင်နက်အဖို့ လုချန်ရှန်းကို တစ်ခုခုထိခိုက်အောင် လုပ်ရန်ဟူသည်မဖြစ်နိုင်။
ဒါကိုကြားသော် လုချန်ရှန်းခေါင်းညိတ်သည်။
သူ အမှောင်ပိုင်နက်အား နဂါးငွေ့တန်းကြယ်စင်စုက ကိစ္စကို ဖိနှိပ်ရန်အတွက် မေးမြန်းရန်ကို အစပင်မဖော်ခဲ့ပေ။
အမှောင်သခင်က ယခုလိုပြောလာလေရာ သူဒါကို သေချာပေါက်လုပ်မည်သာ။
ဉာဏ်ကောင်းသောလူများကြားက စကားများက ဘယ်တော့မှ မရှင်းလင်းသော်လည်း သူတို့တစ်နည်းနည်းဖြင့် အနည်းငယ်တော့ နားလည်ပါသည်။
အပိုင်း(1002) coming။