← Chapters

#‌လျိုကျိယု၊ ငါအရူးတစ်ယောက်လို ဆက်ဆံခံနေရတာလား#

Vol. 71 Ch. 1002

#‌လျိုကျိယု၊ ငါအရူးတစ်ယောက်လို ဆက်ဆံခံနေရတာလား#

Vol. 71 Ch. 1002

လျိုကျိယု၏မျက်နှာက ဖြူရော်နေပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများရှေ့တွင် တွေးဝေစွာရပ်ရင်း အသက်ရှူနေရသည်။ 

ဒါကိုမြင်သော် လေးယောက်စလုံး ထိတ်လန့်သွားကြ၏။ 

ရွှေသစ်ရွက်တပ်မှူးကလည်း အနည်းငယ် ဆွံအနေသည်။ အဆင့်မြင့်ကြယ်နယ်မြေ၏ ကျွမ်းကျင်သူတဖြစ်လဲ လျိုကျိယု၏ တည်ရှိမှုကို သူသိပါသည်။ 

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူ!

ဒါကို ကမ္ဘာကြီးက ဖုံးကွယ်ထားသော်လည်း စွမ်းအားနှင့်ခွန်အားရှိသည့် လူတစ်ချို့က သိနေဆဲပင်။ 

"ကွပ်မျက်သူလျို၊ ဘာလို့ဒီမှာရှိနေရတာလဲ"

လျိုကျိယု ရွှေသစ်ရွက်တပ်မှူးကို လျစ်လျူရှုထားပြီး ယင်းအစား ယဲ့ချိုးပိုင်ကို ကြည့်ရင်း အလျင်စလိုပြောသည်။ 

"မင်းဆရာဘယ်မှာလဲ"

ယဲ့ချိုးပိုင် နဂါးငွေ့တန်းကြယ်စင်စုကို လက်ညိုးထိုးပြပြီး ပြန်ဖြေသည်။ 

"သူထွက်သွားပြီ၊ စီနီယာလျိုက အမြဲလိုလို ဆရာနဲ့အတူ ရှိနေတာမလား၊ ဘာလို့ ဆရာ့ကို ရှာဖို့ ရုတ်တရက် ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ"

အဓိပ္ပာယ်မရှိတာ!

ယဲ့ချိုးပိုင်၏ စကားလုံးများကို ကြားသောအခါ လျိုကျိယုသေချင်သွားသည်။ သူမျက်ရည်မကျရုံသာရှိသည်။ 

သူလုံး၀ကို ရပ်နားခဲ့ခြင်းမရှိဘဲ အစွမ်းကုန် လိုက်လာခဲ့ခြင်းဖြစ်သည်။ 

နဂါးငွေ့တန်းကြယ်စင်စုကို ရောက်ရန်အတွက် သူ ထာ၀ရသက်တမ်းကမ္ဘာကနေ ကြယ်နယ်မြေကြီးနှစ်ခုနှင့် မရေမတွက်နိုင်လောက်သည့် နယ်မြေများကို ဖြတ်သန်းခဲ့ရသည်။ 

အဆုံးမှာတော့ စီနီယာလုက ဒီကကိစ္စကို ဖြေရှင်းပြီး ထွက်သွားပြီလား!

ဒါကိုတွေးမိသောအခါ လျိုကျိယု ဂရုတစိုက်မေးသည်။ 

"ဒါဆို စီနီယာလု ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျိုနဲ့ တွေ့ဆုံခဲ့လား"

မုဖူရှန်းချက်ချင်းဆိုသလို နားလည်သွားပြီး ရယ်စရာကောင်းလှသည်ဟု တွေးလိုက်မိသည်။ 

သူချောင်းဟန့်ကာ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ကို ဖော်ဆောင်ထားသော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် ကွေးညွတ်နေသည့် သူ့နှုတ်ခမ်းထောင့်စွန်းကို ဖိနှိပ်ထားရသည်။ 

"အဟမ်း...၊ ဒါက...ဒါက သူတို့တွေ့ဆုံခဲ့ရုံတင်မဟုတ်ဘဲ ဆရာက သူတော်စင်မိန်းမပျိုကျိရဲ့ ကျင့်ကြံခြင်းကိုတောင် လမ်းညွှန်ပေးခဲ့သေးတယ်"

လျိုကျိယု ခေါင်းမော့ရင်း သူ့ခေါင်းကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ ငိုချင်သော်လည်း မျက်ရည်မရှိပါ။ 

သူ့အမူအရာက ပါးစပ်ထဲ ချီးတုံးတစ်တုံး၀င်သည့်အလား ဖြစ်နေသည်။ 

သူတို့တွေ့ဆုံခဲ့ရုံတင်မက ထိပ်တိုက်ကူညီပေးခဲ့ကြသေးသည်။ 

ဒါက ကံကြမ္မာက ပြန်လည်နက်ရှိုင်းသွားပြီဟု ဆိုလိုနေခြင်းမဟုတ်ပေလော။ 

လုချန်ရှန်း၏စရိုက်ကို တွေးမိပြီးနောက် လျိုကျိယု၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပမှုကို ဆုံးရှုံးသွားသည်။ 

သူက အိပ်မက်ဆုံးရှုံးသွားရသဖြင့် သေချင်နေသည့် ဆားငံငါးတစ်ကောင်ပမာ။ 

ဒါက ယခုအချိန်၌ လျိုကျိယု၏နှလုံးသားကို အမှန်ကန်ဆုံးသရုပ်ဖော်ထားခြင်းပင်။ 

တည်ငြိမ်အောင် လုပ်ပြီးနောက်တွင် မုဖူရှန်း၏ ပါးစပ်ထောင့်စွန်းက တုန်ယင်နေတာကို တွေ့လိုက်ရသဖြင့် လျိုကျိယု မုဖူရှန်းကို လက်ညိုးထိုးပြီး ကြိမ်းမောင်းလိုက်သည်။ 

"မင်းဘာကိုရယ်နေတာလဲ"

မုဖူရှန်းလက်ဝှေ့ယမ်းကာပြောသည်။ 

"ကျွန်တော်ပျော်စရာကောင်းတဲ့ အရာတစ်ခုကို သတိရသွားလို့ပါ"

"ဘာပျော်စရာကောင်းတဲ့အရာလဲ" လျိုကျိယု၏ အမူအရာက အေးခဲသွား၏။ 

မုဖူရှန်းပြောသည်။ 

"ကျွန်တော်အဆင့်ချိုးဖျက်တော့မယ်လို့ ခံစားနေရလို့လေ"

ဘေးက ယဲ့ချိုးပိုင်ကလည်း ရယ်မောလေတော့သည်။ ထို့နောက် သူ့မျက်နှာကိုဖုံးကာ အတင်းသည်းခံရန်အတွက် ကြိုးစားလိုက်၏။ 

လျိုကျိယုမေးသည်။ 

"မင်းကရောဘာကိုရယ်နေတာလဲ"

ယဲ့ချိုးပိုင် လက်ချောင်းကို ခါယမ်းရင်း သက်ပြင်းတစ်ချက်ရှုသွင်းသည်။ 

"ကျွန်တော့်ဓားတာအိုက အဆင့်ချိုးဖျက်တော့မယ်လို့ ကျွန်တော်လည်း ခံစားမိလို့ပါ"

လျိုကျိယု "....."

ရုတ်တရက် သူအရူးတစ်ယောက်ပမာ ဆက်ဆံခံနေရသည်ဟု လျိုကျိယုခံစားလာရသည်။ 

သူကအမှောင်ပိုင်နက်တွင် ဂုဏ်သရေရှိ ကြယ်ငါးပွင့်ကွပ်မျက်သူဖြစ်သော်လည်း ယခု ဂျူနီယာလေးများ၏ အရူးတစ်ယောက်ပမာ ဆက်ဆံခြင်းကို ခံနေရသည်။ 

ထို့နောက် သူ သူတို့၏အော်ရာများကို အာရုံခံကြည့်သည်။ 

ချီးတဲ့မှ၊ သူတို့တကယ်ပဲ အဆင့်ချိုးဖျက်ကြတော့မယ်ဟ!

သေစမ်း!

လျိုကျိယု ခြေတစ်ချက်ဆောင့်ရင်း ဘာပြောရမလဲဆိုတာကို မသိတော့ပါ။ 

ရွှေသစ်ရွက်တပ်မှူးမှာ ဒါကိုမြင်သောအခါ ထိတ်လန့်သွား၏။ 

သူတို့က အမှောင်ပိုင်နက်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတာလား!

အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူကတောင် သူတို့ဆရာရဲ့ လက်အောက်ခံဖြစ်လာရပုံပဲ!

ဒီအခိုက်အတန့်၌ လျိုကျိယုမေးသည်။ 

"ဒါဆို စီနီယာလု အခုဘယ်ကိုသွားတာလဲ၊ သူပြန်သွားလိုက်တာများလား"

ယခု လျိုကျိယု သူ့အမှားကို လျင်မြန်စွာ ၀န်ခံပြီး ကနဦးခြေလှမ်းကိုသာ ရယူထားချင်သည်။ 

မဟုတ်ပါက သူတို့ထာ၀ရသက်တမ်းကမ္ဘာကို ပြန်ရောက်ပြီး ဟွမ်ချင်း လုချန်ရှန်းကို ထပ်မံပြောလိုက်ပါက လျိုကျိယုပြုံးရင်း ဒီအကြောင်းကို တွေးနေနိုင်မည်မဟု‌တ်တော့။ 

သူ့အသက်က လုံး၀မီးခိုးရောင်သမ်းနေပြီး အရောင်မရှိတော့သည့်အလားပင် လျိုကျိယုခံစားနေရသည်။ 

အနာဂတ်တွင် သူကအမြဲလိုလို လက်ဝှေ့အိတ်နှင့် ကိရိယာတစ်ခုအဖြစ် ဆက်ဆံခံရပေတော့မည်။ 

ဖန်ချန်းခေါင်းခါယမ်းသည်။ 

"ကျွန်တော်လည်းမသိဘူး၊ ဆရာ ကျွန်တော်တို့ကို မပြောခဲ့ဘူး"

ဖန်ချန်းစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လျိုကျိယုလက်ထဲက တုံကင်၌ သတင်းတစ်ခု ရုတ်တရက်ရောက်လာသည်။ 

ဒါကအမှောင်ပိုင်နက်၏ သီးသန့်တုံကင်ဖြစ်သည်။ 

သတင်းတစ်ခုခုရှိပါက အမှောင်သခင် အမိန့်ပေးရန်အတွက် ဒီတုံကင်များကို သုံးတတ်သည်။ 

အကြောင်းအရာက : ' စီနီယာလု အမှောင်ပိုင်နက်မှာရှိနေယန်' ဟူ၍ဖြစ်သည်။ 

အမှောင်ပိုင်နက်လား၊ သူဘာလို့ အမှောင်ပိုင်နက်ကို သွားရတာလဲ!

လျိုကျိယု တုံကင်ကို သိမ်းဆည်းပြီးနောက် သူ့အမူအရာက အတော်လေး မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်။ 

သူလက်နှစ်ဖက်ကိုပွတ်သပ်ရင်း ယဲ့ချိုးပိုင်တို့ကို ကြည့်ပြီး မျက်နှာလိုမျက်နှာရပြောသည်။ 

"အချိန်ကျလာတဲ့အခါကျရင် စီနီယာလုဆီကို ငါနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာတွေ ပြောဖို့သတိရကြ"

မုဖူရှန်းပြုံးသည်။ 

"ဒါဆို စီနီယာလျို.... လတ်တလော ကျွန်တော်တို့မှာ လုံလောက်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ မရှိခဲ့ဘူး"

လျိုကျိယုဒါကို ကြားသောအခါ သူ့မျက်နှာက မည်းမှောင်သွားသော်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်၏။ 

"ဒါကလုံလောက်ပြီလား၊ မင်းတို့ အန်ကယ်လျိုမှုလည်း သိပ်မရှိဘူးဟ"

ယဲ့ချိုးပိုင်လက်အစုံကို ပွတ်သပ်ရင်း ဘာတစ်ခုမှ မပြောပေ။ 

လျိုကျိယုနာကျင်နေသည့် အမူအရာဖြင့် နောက်တစ်ကွင်းပစ်ပေးပြီးပြောသည်။ 

"တကယ်ပဲ ထပ်ရှိတော့ဘူး"

"ကျေးဇူးပါ၊ စီနီယာလျို"

လျိုကျိယု ခြေထောက်ကို ဆီသုတ်ထားသည့်အလား နောက်ပင်လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။ 

သူအခုသာမထွက်သွားပါက ဒီကောင်စုတ်လေးများ၏ သေသည်အထိ လှည့်စားခံရမှာကို သူကြောက်နေမိသည်။ 

သူစာသားတစ်ကြောင်းသာ ချန်ထားခဲ့သည်။ 

"ငါပြောခဲ့တာကိုပဲ သတိရကြ"

.....

တခြားတစ်ဘက်တွင် အမှောင်ပိုင်နက်က အလွန်အမင်း တည်ငြိမ်နေပုံရသည်။ 

ကွပ်မျက်သူများက သူတို့ကိုယ်ပိုင်ကိစ္စရပ်များကို အဆက်မပြတ်ကိုင်တွယ်နေကြပြီး လုချန်ရှန်း အမှောင်ပိုင်နက်ကို ခိုး၀င်ကာ အမှောင်သခင်ရှေ့ရောက်လာတာကို သတိမထားမိကြပါ။ 

အမှောင်သခင် လုချန်ရှန်းကို ကြည့်ပြီး အပြုံးဖြင့်ပြောသည်။ 

"စီနီယာလု၊ ခင်ဗျားဘာပြောချင်သလဲဆိုတာ ကျုပ်သိပါတယ်၊ မစိုးရိမ်ပါနဲ့၊ ဘာက ပိုအရေးကြီးသလဲဆိုတာ ကျုပ်သိပါတယ်"

လုချန်ရှန်းခေါင်းညိတ်သည်။ 

"ဒါပေမယ့် စီနီယာလု၊ ကျုပ်မှာ လင်ဗျား အတော်လေးစိတ်၀င်စားစေမယ့် သတင်းအပိုင်းအစတစ်ခုရှိတယ်" အမှောင်သခင် ထွက်သွားရန် ပြင်နေသည့် လုချန်ရှန်းကို ကြည့်ရင်း အပြုံးဖြင့်ပြောသည်။ 

"စီနီယာလုသိချင်သလားဆိုတာ ကျုပ်သိချင်မိတယ်"

"ငါမသိချင်ဘူး"

လုချန်ရှန်းချက်ချင်းပြောလိုက်သည်။ 

သူကလုံး၀တုံ့ဆိုင်းနေခြင်းမရှိပါ။ 

ငါသိချင်ရမှာလား!

မင်းငါ့ကို စိတ်လှုပ်ရှား‌လာအောင် လုပ်နေတာလား!

လုချန်ရှန်း ဘ၀နှစ်ခုတွင် နေထိုင်ခဲ့ပြီဖြစ်ကာ သူ့အရင်ဘ၀၌ သူက အဆုံးစွန်သော လူမှုရေးသက်ရှိတစ်ဦးဖြစ်သည်။ သူဒါကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။ 

များသောအားဖြင့် ဒီလိုဆွဲဆောင်မှုရှိသည့် အပြုအမူမျိုးက တခြားတစ်ယောက်ဆီက အကျိုးအမြတ်တွေ ပိုရရန်အတွက် လှဲလှယ်လိုခြင်းဖြစ်သည်။ 

သို့မဟုတ် ထိုလူကို ထိန်းချုပ်ရန်အတွက်ဆိုပါက ပိုမှန်ပေလိမ့်မည်။ 

လုချန်ရှန်းဆိုတဲ့ ငါက ခြယ်လှယ်ခံရမယ့် လူစားမျိုးလား!

အမှောင်သခင်အနည်းငယ် ကြက်သေသေသွားသည်။ 

လုချန်ရှန်း သူ့ကို ဒီလောက်မြန်မြန် ငြင်းပယ်လိမ့်မည်ဟု သူမျှော်လင့်မထားသည်မှာ ရှင်းနေသည်။ 

ဒီလိုဆိုရင် ဒီစီးပွားရေးကို ငါတို့ဘယ်လိုလုပ် ဆက်ပြောနိုင်တော့မလဲ!

ဒါက ဝါဂွမ်းကို ထိုးနေတာနဲ့ မတူနေဘူးလား!

မင်းက ဆန္ဒမရှိဘူးဆိုရင် ငါလှည့်ကွက်တွေ ဘယ်လိုလုပ်နိုင်တော့မှာလဲ!

‌အမှောင်သခင် လုချန်ရှန်းအား ထွက်သွားခြင်းကနေ အလျင်အမြန်တားဆီးပြီး အော်ဟစ်သည်။ 

"စီနီယာလု၊ ခင်ဗျားဒီသတင်းကို တကယ်လိုအပ်တယ်၊ ဒါက နတ်ဆိုးနယ်မြေကပါ"

လုချန်ရှန်း ထိုနေရာ၌ပင်ရပ်သွားသည်။ 

အမှန်ပြောရပါက ဒီလိုသတင်းမျိုးကို သူအမှန်တကယ် လိုအပ်ပါသည်။ သို့စေကာမူ ဒါက လုချန်ရှန်းကို ထိန်းချုပ်ရန်အတွက် နည်းလမ်းတော့မဟုတ်ပါ။ 

သူသာ အမှောင်သခင်၏ အခြေအနေရပ်များကို အလွယ်တကူ သဘောတူပါက ဒါက ပိုကြီးမားသည့်ပြဿာနာများကိုသာ ယူကြဉ်းလာပေလိမ့်မည်။ 

သို့စေကာမူ လုချန်ရှန်းမေးလိုက်သေးသည်။ 

"ခင်ဗျားရဲ့အခြေအနေကို ပြောပြပါ"

အင်း၊ အခုမှ မွှေးကြိုင်သွားတော့တယ်!

ထို့နောက်တွင်သာ အမှောင်သခင် စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် မေးရန်ကြိုးစားသည်။ 

"စီနီယာလု၊ ကျုပ်တို့ အမှောင်ပိုင်နက်ရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အားဖြည့်ချင်တယ်၊ စီနီယာလုမှာ နည်းလမ်းတစ်ခုရှိသလားဆိုတာ သိချင်မိပါတယ်၊ မရှိဘူးဆိုလည်း အဆင်ပြေပါတယ်၊ ဒီသတင်းကို စီနီယာလုကို ပေးတာက ဘာမှ ထိခိုက်သွားမှာမှမဟုတ်တာ"

အမှောင်ပိုင်နက်တွင် အမှောင်ပိုင်နက်အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ခံစားမိသည့် အဖိုးအိုတဖြစ်လဲ ဆရာသခင်ယန်က ကပ်ဘေးတစ်ခုရောက်လာတော့မယ်ဆိုတာကို ကြိုအာရုံခံမိခဲ့ပြီး ဒါက အမှောင်ပိုင်နက်ကို သက်ရောက်နိုင်ချေပိုများသည်။ 

ထို့ကြောင့်သာလျှင် အမှောင်ပိုင်နက်အတွက် အမှောင်သခင် ဒီတောင်းဆိုချက်ကို လုပ်ခဲ့ခြင်းပင်။ 

လုချန်ရှန်းမျက်တောင်ခတ်လိုက်မိသည်။ 

"ဒီကိစ္စသေးသေးလေးပဲလား"

အပိုင်း(1003) coming။ 

All Chapters