#ဖြောင့်မတ်သည့် လုချန်ရှန်းနဲ့ နက်ရှိုင်းစွာချစ်မိနေသည့် ကျိချန်းယောင်#
Vol. 71 Ch. 996
လေဟာနယ်အတက်အကျကနေ ဆန့်ထွက်လာသည့်လက်ချောင်းက ဂိုဏ်းချုပ်သုံးဦးကို ချွေးစေးများပင် ပျံသွားစေသည်။
ထုတ်လွှတ်သည့်စွမ်းအားက ရိုးရှင်းပုံရပြီး မည်သည့်ခြိမ်းခြောက်မှုမှ မပါရှိသည့်အလား ခံစားရစေသော်လည်း ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်၏ လက်ဖဝါးချက်ကို မည်သည့်အသံမှ မထွက်စေဘဲ တိုက်ရိုက်ဖျက်ဆီးပစ်ခဲ့တာက ဒီလက်ချောင်းဖြစ်သည်။
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် ခွန်အားအပြည့်မထုတ်လွှတ်လျှင်ပင် လူဘယ်နှစ်ယောက်ကများ ဒါကို လုပ်နိုင်မည်နည်း။
ရွှေတောင်ပံဂဠုန်ကလန်ခေါင်းဆောင် မလုပ်နိုင်ပါ။
ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်သခင် ကျိလျိုချီလည်း မလုပ်နိုင်ပါ။
ကြက်သွေးရောင်မီးတောက်အိမ်တော်နှင့် ငွေနဂါးစံအိမ်ဂိုဏ်းချုပ်များဆိုပါက ပို၍ပင် မဖြစ်နိုင်ပေ။
"စီနီယာ၊ ကျုပ်ခင်ဗျားကို တနည်းနည်းနဲ့ စော်ကားမိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ဒါပေမယ့် စီနီယာ ဒီကိစ္စမှာ ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကျုပ်မျှော်လင့်ပါတယ်"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် လက်သီးဆုပ်ရင်း လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။
ဘေးက ငွေနဂါးစံအိမ်သခင်နှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်တို့ကမူ တစ်ဦးကိုတစ်ဦး နက်မှောင်သည့် အမူအရာများဖြင့် ကြည့်ရင်း ကျိချန်းယောင် ယခုလေးတင်ပြောခဲ့တာကို သတိရသွားကြ၏။
ဖြစ်နိုင်တာက.....!
အရာများက မကြာခဏဆိုသလို လူတွေ ဖြစ်ချင်စိတ်မရှိကြသည့် ပုံစံဖြင့် အများဆုံး ဖြစ်ပျက်လာတတ်သည်။
သူတို့တွေးနေစဉ် လေဟာနယ်အတက်အကျဖြစ်သည့် အက်ကြောင်းကနေ ၀တ်စုံဖြူနှင့်လူတစ်ယောက် ဖြည်းဖြည်းလေး လွင့်မြောလာသည်။
၀တ်စုံဖြူလူကို မြင်သောအခါ ကျင်းဝူကျင်း ယာယီတုန်လှုပ်ချောက်ချားမှုထဲ ကျသွားပြီး ရှောင်ဟိုင်နှင့် ကျိချန်းယောင်ကို လှည့်ကြည့်ရင်း ရုတ်တရက် နားလည်သွားလေတော့သည်။
ဒီတော့ ဒါကဒီလိုကိုး!
ကျိချန်းယောင်လုံး၀စိတ်မပူနေတာ အံ့ဩသင့်စရာမရှိတော့ဘူးဘဲ!
ဒါ့အပြင် နဂါးသွေးကြောမှာကတည်းက သူမထိန်းချုပ်ဘဲ ရှောင်ဟိုင်ကို ကူညီခဲ့တယ်!
တကယ်တော့ သူတို့က ဒီလူရဲ့ တပည့်တွေဖြစ်နေကြတာကိုး!
ကလန်ခေါင်းဆောင်ကျင်းကလည်း ရှောင်ဟိုင်အား ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လိုက်၏။
နတ်သခင်ဟောင်တျန်းကိုယ်တိုင် သူတို့ကို ကူညီဖို့ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ကိုယ်တိုင်ရောက်လာပြီး နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကိုတောင် စော်ကားခဲ့တာ အံ့ဩသင့်စရာမရှိတော့ပါဘူး!
ရှောင်ဟိုင်ရဲ့ပါရမီက ဒီဘ၀မှာ ပိုပြီးကောင်းနေတာ မထူးဆန်းတော့ပါဘူး!
ရှောင်ဟိုင် နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်ရယူနိုင်မယ်ဆိုတာ သေချာတဲ့အထိ ယုံကြည်ချက်ရှိနေတာကလည်း အံ့ဩသင့်စရာမရှိတော့ပါဘူးလေ!
ဒီလူသာဆိုရင် သူ့အတွက် အရာအားလုံးကို လုပ်နိုင်တာက ပုံမှန်ပါပဲ!
တစ်ဘက်တွင် ကျိလျိုချီ သူမဘေးက တပည့်မလေးကို ကြည့်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိချန်းယောင် ၀တ်စုံဖြူနှင့်လူကို ချစ်မြတ်နိုးစွာ ကြည့်နေခဲ့သည်။
သူမက ကိုယ့်ကိုကိုယ်ပင် မေ့လျော့နေသည့် အခြေအနေတွင် ရောက်နေပြီး ဘေးပတ်၀န်းကျင်က အရာအားလုံးက သူမမျက်လုံးထဲတွင် မရှိတော့သည့်အသွင်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကျိလျိုချီ နဖူးကို အားကိုးရာမဲ့ကိုင်လိုက်မိသည်။
သို့စေကာမူ ဒီလူရှိနေပြီဖြစ်လေရာ သူတို့ ထပ်ပြီးစိုးရိမ်ပူပန်နေစရာ မလိုတော့ပါ။
စိုးရိမ်ပူပန်ရမည့်သူများက ကောင်းကင်ဘုံစံအိမ်ဂိုဏ်း၊ ကြက်သွေးရောင်မီးတောက်အိမ်တော်နှင့် ငွေနဂါးစံအိမ်တို့ပင်။
သူမ လုချန်ရှန်း၏ စရိုက်ကို တွေးလိုက်မိသည်။
ဒီဂိုဏ်းသုံးဂိုဏ်းအတွက် သားစဉ်မြေးဆက်တစ်ချို့ ထိန်းသိမ်းထားနိုင်လျှင်ပင် မဆိုးဟုဆို၍ရသည်။
ဒီအခိုက်အတန့်၌ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ လုချန်ရှန်းအား လက်နှစ်ဖက်ဆုပ်လိုက်ကြ၏။
"ဆရာ"
လုချန်ရှန်းမဖြေဘဲ သူတို့လေးယောက်ကို မည်းမှောင်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေပြီးနောက် အဆုံးတွင် သူ့အကြည့်က ယဲ့ချိုးပိုင်အပေါ် ဖြည်းဖြည်းချင်း ကျရောက်လာသည်။
ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာက တုန်ယင်သွား၏။
ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်တော်နားလည်ပါတယ်!
အဆုံးမှာ ဒီအတွက်အပြစ်ဒဏ်က ကျွန်တော့်ခေါင်းပေါ် ကျရောက်လာမှာပဲလေ!
ဘာပဲဖြစ်ဖြစ် ရှောင်လွှဲလို့ရတာမှ မဟုတ်တာ!
ဒီစကားကိုကြားသောအခါ ဂိုဏ်းချုပ်သုံးဦး ချက်ချင်းပင် ထိတ်လန့်သွားကြ၏။
ဆရာလား!
တကယ်ပဲ ဒီလိုဆိုရင်တော့ ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းလို့ရမှာ မဟုတ်တော့ဘူး!
တစ်ဘက်လူ၏ခွန်အားက သေချာပေါက် သူတို့အထက်တွင်ရှိပြီး နတ်သခင်နယ်ပယ်ကိုပင် ရောက်နေလေပြီ။ မဟုတ်ပါက သူ့အတွက် ယခုလိုလုပ်နိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ဒါက သူတို့ ရှောင်ဟိုင်ကို ဘာတစ်ခုမှမလုပ်နိုင်တော့ဟု ဆိုလိုနေခြင်းပင်။
ကောင်းကင်အဆင့်ရတနာနှင့် ပြောင်းပြန်အကြေးခွံက သူတို့နှင့် ကံချင်းဆက်နေခြင်းမရှိတော့ပါ။
ကျင်းဝူကျင်း လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာ"
လုချန်ရှန်း တစ်စုံတစ်ရာကို တွေးနေသည့်အလား ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် လှမ်းကြည့်သော်လည်း သူဘာတစ်ခုကိုမှ တွေးတောနိုင်ခြင်းမရှိပါ။
"မင်းကရင်းနှီးနေပုံပဲ"
ရင်းနှီးနေတာလား.....!
ကျင်းဝူကျင်း၏မျက်နှာက တောင့်တင်းသွား၏။
တစ်ဘက်လူက သူ့ကိုလုံး၀ပင် ဂရုစိုက်ပုံမပေါ်။
သို့စေကာမူ လုချန်ရှန်း၏ ခွန်အားအရ သူ့ကို အလေးအနက် မမှတ်ယူထားလျှင်ပင် ကျင်းဝူကျင်း ခါးသီးစွာပြုံးရုံသာ တတ်နိုင်သည်။
လုချန်ရှန်းလှည့်ကြည့်နေစဉ် မျက်လုံးထောင့်စွန်းကနေ ရင်းနှီးနေသော လှပသည့် ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
သူအမှတ်မထင် လှမ်းကြည့်လိုက်လေရာ သူ့မျက်သူငယ်အိမ်များက ရှုံ့တွသွားကြ၏။
ဘာလို့ ဒီကောင်မလေး ဒီမှာရှိနေရတာလဲ!
ထို့နောက် သူရုတ်တရက် မုဖူရှန်းကို လှည့်ကြည့်ပြီး ယခုလိုမေးခွန်းထုတ်နေပုံရသည်။
"သူဒီမှာရှိနေတာ မင်းငါ့ကိုဘာလို့ မပြောတာလဲ"
မုဖူရှန်း လက်အစုံကိုဖြန့်လိုက်သည်။
"အဲဒီအချိန်က ကျွန်တော်အများကြီး မတွေးခဲ့ဘူး၊ ဆရာ့မှာ ကျောက်စိမ်းရေကန် သူတော်စင်မိန်းမပျိုနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိမယ်မှန်းလဲ မသိခဲ့ဘူးလေ"
"ဒါဘယ်လိုစကားလုံးတွေလဲ၊ ဒါဘာတွေလဲ"
လုချန်ရှန်း ဒေါသကြောင့် သတိလစ်မတတ် ဖြစ်သွားသည်။
နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ!
ငါရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောခဲ့ပေမယ့် သူကငါ့နောက်ကို လိုက်နေသေးတာကို ငါဘာလုပ်နိုင်မှာလဲ!
ဒီအချိန်တွင် ကျိချန်းယောင် စွဲမက်ဖွယ်ကောင်းစွာပြောသည်။
"စီနီယာလု၊ မတွေ့ရတာကြာပြီနော်၊ မကြာသေးခင်က ရှင့်...."
"မကြာသေးခင်က ငါအဆင်မပြေခဲ့ဘူး" လုချန်ရှန်းသတိလက်လွတ်ပြောလိုက်မိသည်။
ဒါကိုကြားသောအခါ ကျိချန်းယောင် နှုတ်ခမ်းစူလိုက်၏။ သူမတို့နောက်ဆုံးတွေ့ခဲ့တာ အတော်လေးကြာနေသည့်တိုင် သူက သူမကို ငြင်းဆန်နေဆဲပင်။
"မကြာသေးခင်က ရှေးဦးမူလချီနဲ့ ကျင့်ကြံခြင်းမှာ ကျွန်မမှာ ပြဿာနာတစ်ချို့ရှိနေပုံပဲ၊ စီနီယာလု၊ ကျွန်မကို တစ်ချက် ကူညီပေးလို့ရမလား"
ဒီအကြောင်းကို တွေးပြီးနောက် ကျိချန်းယောင် ဆင်ခြေတစ်ခုတွေ့ရှိသွားသည်။
လုချန်ရှန်းသူမကို စိုက်ကြည့်ရင်း နှုတ်ခမ်းကွေ့လိုက်၏။
"မင်းအဲဒါကို ကောင်းကောင်းတတ်ကျွမ်းနေပါပြီ၊ ဒီလိုခေတ်ဟောင်းမုသားစကားတွေမသုံးနဲ့၊ ဒါတွေက ငါ့အပေါ် အသုံးမ၀င်ဘူး"
ဒီမြင်ကွင်းကိုကြည့်ရင်း ဖန်ချန်း အနည်းငယ် ဆွံအနေပြီး ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်အားကြည့်ကာ မေးသည်။
"ဆရာက အမြဲဒီလိုပဲလား"
ယဲ့ချိုးပိုင် ဖန်ချန်းပခုံးကို ပုတ်ရင်း သက်ပြင်းချသည်။
"မင်းဒါကို ကျင့်သားရသွားမှာပါ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း သူ့ကို စိုက်ကြည့်လာသည်။
"မင်းမှာ လုပ်စရာဘာမှမရှိဘူးလား၊ ငါမင်းနဲ့ မပြီးသေးဘူးနော်၊ မင်းရိုးသားတာ ပိုကောင်းမယ်"
ယဲ့ချိုးပိုင် "....."
ဒီအခိုက်အတန့်၌ ဒီနေရာတွင် ရှိနေခဲ့သည့် ဂိုဏ်းသုံးဂိုဏ်းက လူများ၏ အမူအရာများက တဖြည်းဖြည်း ကြည့်ရဆိုးသွားကြသော်လည်း လုချန်ရှန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရသောအခါ သူတို့ခံစားချက်များကို မထုတ်ဖော်ရဲကြပေ။
"စီနီယာ၊ ဒီကိစ္စကို ဒီအတိုင်းထားလိုက်ကြအောင်လေ"
ကောင်းကင်အဆင့်ရတနာကို ရယူလိုပါက သွေးကြောကို ဆွဲထုတ်ရမည်ဖြစ်လေရာ လုချန်ရှန်း ဒါကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။
ကြက်သွေးရောင်မီးတောက်အိမ်တော်သခင် ခေါင်းညိတ်သည်။
"မှန်ပါတယ်၊ ဒါကို နားလည်မှုလွဲတာလို့ပဲ သဘောထားလိုက်ကြရအောင်"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် မကျေနပ်သလိုခံစားရပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သူဘာမှမပြောခဲ့ပါ။
လုံလောက်အောင် အားကောင်းမနေသရွေ့ စကားပြောရန် အခွင့်အလမ်းမရှိပါ။
သို့စေကာမူ လုချန်ရှန်း သူ့မျက်နှာပေါ်က မျက်မှောင်ကြုတ်နေတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေရာ သူ့အတွက် အဆင့်မြင့်ကြယ်နယ်မြေတွင် ထာ၀ရနေရန်ဟူသည် မဖြစ်နိုင်ပေ။
တစ်ဘက်လူက သူထွက်သွားသည့်တိုင် သူ့တပည့်များကို တိုက်ခိုက်မည်သာ။
ဖြစ်နိုင်ချေက အရမ်းနည်းသော်လည်း ကောင်းကင်ဘုံရတနာများအတွက် ဒီကမ္ဘာ၌ စွန့်စားကြမည့် လူတစ်ချို့ အမြဲရှိနေဆဲပင်။
ထို့ကြောင့် ဘေးကင်းစေရန်အတွက် လုချန်ရှန်း အဓိကဂိုဏ်းသုံးဂိုဏ်းမှ လူများကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောသည်။
"တစ်ခါတစ်လေ လမ်းမှားကို လျှောက်မိတာနဲ့ တစ်ချို့အရာတွေနဲ့ လမ်းကြောင်းတွေက ပျက်သုဉ်းသွားလိမ့်မယ်"
လုချန်ရှန်း၏ စကားလုံးများကို ကြားရသောအခါ အဓိကဂိုဏ်းသုံးဂိုဏ်းမှ လူများ၏ အမူအရာများက ကြည့်ရဆိုးသွားကြ၏။
"ဒီတော့ ငါ့တပည့်တွေရဲ့ လုံခြုံမှုအတွက် မင်းတို့ကို ငါချန်မထားဘူး"
ဂိုဏ်းသုံးဂိုဏ်းက လူများ ချက်ချင်းဆိုသလို ကြက်သေသေသွားကြသည်။
ငါတို့ဒီကိစ္စကို မပါ၀င်တော့ဘူးလို့ ပြောခဲ့ပြီမလား!
မင်းက ဆက်ဖိချင်သေးတာလား!
အပိုင်း(997) coming။