← Chapters

#‌လျိုကျိယု၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်ခင်ဗျားကို သစ္စာဖောက်မိပြီ#

Vol. 71 Ch. 1003

#‌လျိုကျိယု၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်ခင်ဗျားကို သစ္စာဖောက်မိပြီ#

Vol. 71 Ch. 1003

"ဒါပဲလား"

အမှောင်သခင်အနည်းငယ် ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။ 

"ဒီကိစ္စမှာ ကျုပ် စီနီယာလုရဲ့ အကူအညီကို လိုပါတယ်"

လုချန်ရှန်းမယုံနိုင်စွာပြောသည်။ 

"တခြားဖုံးကွယ်ထားတဲ့ ကိစ္စတွေ တကယ်မရှိဘူးလား၊ ဒါနဲ့ပတ်သက်ပြီး ငါ့ကို တခြားဘာမှတော့ မလုပ်ခိုင်းဘူးမလား"

အမှောင်သခင် ငိုရမလား၊ ရယ်ရမလား မသိတော့ပါ။ 

"တကယ်မရှိပါဘူး စီနီယာလု၊ မစိုးရိမ်ပါနဲ့၊ ကျုပ်တို့က လက်ရှိအစီအရင်ကိုပဲ အားဖြည့်ချင်တာပါ"

ဒါကသူတို့အတွက် အတော်လေးခက်ခဲသည့် ကိစ္စရပ်တစ်ခုပင်။ 

သို့စေကာမူ လုချန်ရှန်းရှေ့တွင် သူပြောခဲ့တာက သူတို့ခွန်အားက တူညီသည့် အဆင့်တွင် ရှိမနေသောကြောင့်ဖြစ်သည်။ 

လုချန်ရှန်းကလည်း ဒါက အသေးအဖွဲ့လေးတစ်ခုဟု ပြောခဲ့သည်မဟုတ်ပေလော။ 

အမှောင်ပိုင်နက်ကို ပထမဆုံး၀င်လာစဉ်ကတည်းက လုချန်ရှန်း အမှောင်ပိုင်နက်၀န်းကျင်က အခြေအနေကို အာရုံခံမိပြီးသားဖြစ်သည်။ 

ဂိုဏ်းကာကွယ်ရေးအစီအရင်နောက်မှာ ပုန်းနေတဲ့ လူအိုကြီးတစ်ယောက်ယောက်များရှိလားဆိုတာ သူရှာဖွေခဲ့သည်။ 

သို့သော် လုချန်ရှန်းကို ခြိမ်းခြောက်နိုင်သည့် ပုန်းကွယ်နေသော ထောင်ချောက်များဟူ၍ မရှိပါ။ 

ဂိုဏ်းကာကွယ်ရေးအစီအရင်၏ စွမ်းအားက သူ့အတွက် ခြိမ်းခြောက်မှုမဟုတ်တာကို သိပြီးနောက်မှသာ အမှောင်ပိုင်နက်၏ ကာကွယ်ရေးအစီအရင်က အသေးအဖွဲ့ကိစ္စလေးတစ်ခုသာ ဖြစ်သည်ဟု လုချန်ရှန်းပြောခဲ့ခြင်းပင်။ 

အမှောင်သခင်ပြောသည်။ 

"ဒါဆို စီနီယာလု ဒါကို သဘောတူလိုက်ပြီလား"

လုချန်ရှန်းချောင်းဟန့်လိုက်၏။ 

"အဟမ်း၊ ဒီလိုဆိုရင်တော့ တစ်ချက် သွားကြည့်ကြရအောင်"

ထို့နောက်တွင်သာ အမှောင်သခင် ၀မ်းသာနိုင်တော့သည်။ 

"စီနီယာ၊ ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ"

လုချန်ရှန်း ဘေးဘီဝဲယာကို သတိထားကြည့်ရှုရင်း အမှောင်သခင်နောက်မှ လိုက်သွားသည်။ 

သူ့ကိုယ်ထဲတွင် ကောင်းကင်ဘုံအမြစ်သုတ်ဓားအစီအရင်က စတင်လှည့်ပတ်နေလေပြီ။ 

အကယ်၍ အမှောင်သခင်ကသာ ဒီတဒင်္ဂ၌ သူ့ကိုသတ်လိုပါက လုချန်ရှန်း ကောင်းကင်ဘုံအမြစ်သုတ်ဓားအစီအရင်ကို အချိန်မီအသက်သွင်းနိုင်ပေလိမ့်မည်။ 

များမကြာမီ သူတို့မရေမတွက်နိုင်လောက်သည့် လျှို့ဝှက်တံခါးပေါက်များကို ဖြတ်လာကြပြီးနောက် အမှောင်သခင် လုချန်ရှန်းကို ခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ 

ဗလာကျင်းနေသည့်ကြမ်းပြင်၌ ရွှေနက်ရောင်ကျောက်တိုင်ရှစ်တိုင်ကို လမ်းကြောင်းအမျိုးမျိုး၌ ဖြန့်ဝေထားသည်။ 

ရွှေနက်ရောင်ကျောက်တိုင်ရှစ်တိုင်၏ အလယ်ဗဟို၌ အဆက်မပြတ်လည်ပတ်နေသည့် အစီအရင်တစ်ခုရှိသည်။ 

အစီအရင်ပေါ်၌ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက ရုပ်လုံးပေါ်လာပုံရပြီး ကြယ်စင်စုတစ်ခုအဖြစ် အမှန်တကယ် သိပ်သည်းကာ ခန်းမ၏အမိုးခုံး၌ ပေါ်လာသည်။ 

ကြယ်စင်စုစွမ်းအားက အမှောင်ပိုင်နက်တစ်ခုလုံးဆီကို ကာကွယ်ပေးရန်အတွက် ပျံ့သွားသည်။ 

အမှောင်သခင်ရှင်းပြသည်။ 

"အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်က ဘိုးဘေးအမှောင်သခင်လက်ထက်ကနေ ယူဆောင်လာခဲ့တဲ့ ရှေးဟောင်းအစီအရင်တစ်ခုပဲ၊ တကယ်လို့ သတ်ဖြတ်ခြင်းအစီအရင်ကို အသက်သွင်းလိုက်မယ်ဆိုရင် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် အထိအခိုက်မရှိဘဲ မလွတ်မြောက်နိုင်ဘူး"

လုချန်ရှန်းမေးသည်။ 

"နတ်သခင်တစ်ယောက်တောင် ဒါကို မခုခံနိုင်ဘူးဆိုရင် ဘာလို့အားဖြည့်ချင်တာလဲ"

အဆင့်မြင့်ကြယ်နယ်မြေ၌ လူသိများသည့် အားအကောင်းဆုံးနယ်ပယ်က နတ်သခင်နယ်ပယ်ဖြစ်သည်။ 

အမှောင်သခင်ခါးသီးစွာပြုံးသည်။ 

"အကြောင်းပြချက်က စီနီယာလုကို ကျုပ်ပေးမယ့် သတင်းအချက်အလက်နဲ့ ဆက်စပ်နေတယ်"

"ငါအသေးစိတ်သိချင်တယ်" လုချန်ရှန်းပြောသည်။ 

"လွန်ခဲ့တဲ့ရက်အနည်းငယ်က အကြီးအကဲယန် နတ်ဆိုးနိမိတ်တစ်ခုကို ခံစားမိတော့ ကောင်းကင်ဘုံလျှိုဝှက်ချက်ကို စောင့်ကြည့်ဖို့အတွက် တန်ဖိုးကြီးတစ်ခု ပေးဆပ်ခဲ့တယ်"

အမှောင်သခင် လေးနက်သည့်အမူအရာဖြင့် ပြောသည်။ 

"ကောင်းကင်ဘုံလျှို့ဝှက်ချက်က နတ်ဆိုးနယ်မြေက ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ကြုံကြိုက်ရမယ်ဆိုတာကို ပြခဲ့တယ်၊ ဒီကြီးမားတဲ့အပြောင်းအလဲက အင်မော်တယ်နယ်မြေတင်မဟုတ်ဘဲ သေမျိုးနယ်မြေတစ်ခုလုံးကိုပါ သက်ရောက်လိမ့်မယ်"

"အဲဒီအချိန်ကျရင် သေမျိုးနယ်မြေရဲ့ တည်ဆောက်ပုံက လုံး၀ပြောင်းပြန်ဖြစ်သွားလိမ့်မယ်၊ မရေမတွက်နိုင်လောက်တဲ့ ဂိုဏ်းတွေဖျက်ဆီးခံရပြီး ဂိုဏ်းခွဲတွေကို လုံး၀ပြန်လည်ဖွဲ့စည်းလိမ့်မယ်"

"အမှောင်ပိုင်နက်အတွက် ဒီအရှုပ်အထွေးကနေ ရှင်ကျန်နိုင်ဖို့ ကျုပ်တို့ ရေတိုမှာ ခွန်အားကို တိုးမြှင့်ဖို့အတွက် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်လေ၊ အနည်းဆုံးတော့ ကျုပ်တို့ကိုယ်ကျုပ်တို့ ကာကွယ်နိုင်တာပေါ့"

ဒီနေရာတွင် အမှောင်သခင်လှည့်ပြီး လုချန်ရှန်းအား လေးနက်စွာကြည့်သည်။ 

"ဒါကြောင့်လည်း ကျုပ်စီနီယာကို အမှောင်ပိုင်နက်ကိုကူညီပြီး အစီအရင်ကို တိုးတက်အောင် လုပ်စေချင်တာပဲ"

ဒါကိုကြားပြီးနောက် လုချန်ရှန်းခေါင်းညိတ်သည်။ 

သူတို့ရထားသည့်သတင်းအချက်အလက်က လက်ဖျားခါရလောက်အောင်ပင် မှန်ကန်သည်။ 

အင်မော်တယ်ဧကရာဇ်ကလည်း နတ်ဆိုးနယ်မြေ စည်းတံဆိပ်ကိုချိုးဖျက်ပြီးနောက် သေမျိုးနယ်မြေက ၀န်ထုပ်၀န်ပိုးကို ထမ်းရွက်ရလိမ့်မည်ဟု သူ့ကိုပြောခဲ့သည်။ 

ကပ်ဘေးက ဒါကိုရည်ညွှန်းခြင်း ဖြစ်ရမည်။ 

ဒါဆို သူကလည်း ဒီသတင်းအချက်အလက်ကို သိထားပြီပေါ့!

သူဒီအကြောင်းကိုတွေးနေစဉ် အမှောင်သခင်က သူ့စိတ်ကို ဖမ်းနိုင်သည့်အလား ဆက်ပြောသည်။ 

"အခု စီနီယာလုကို သတင်းအချက်အလက်ကို ပေးဖို့အချိန်ကျပါပြီ"

လုချန်ရှန်းခေါင်းလှည့်လိုက်သည်။ 

"ဒါက နတ်ဆိုးနယ်မြေကို ထိခိုက်စေပြီး သေမျိုးနယ်မြေမှာ ကပ်ဘေးဖြစ်စေရတဲ့ အဓိကအကြောင်းရင်းက တကယ်တော့ လူတစ်ယောက်ကြောင့်ပဲ"

လူတစ်ယောက်လား!

လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်သည်။ 

"မှန်ပါတယ်" အမှောင်သခင်ခေါင်းညိတ်သည်။ 

"ဒါကလူတစ်ယောက်ကြောင့်ပါပဲ၊ အဲဒီလူမှာ နတ်ဆိုးနယ်မြေက အမြင့်ဆုံးသွေးကြောရှိတယ်၊ နတ်ဆိုးနယ်မြေ သေမျိုးနယ်မြေမှာ ကပ်ဘေးတစ်ခုစတင်ရတဲ့ အဓိကအကြောင်းရင်းက သူတို့ဒီလူကို ရှာဖွေချင်လို့ပါပဲ"

"စီနီယာလုရဲ့ခွန်အားနဲ့ စီနီယာလု အရင်က အင်မော်တယ်နယ်မြေမှာ ရှိခဲ့ဖူးတဲ့အချက်အရဆိုရင် ဒီသတင်းစကားက စီနီယာလုနဲ့ ဆက်စပ်နေလောက်တယ် ဒါမှမဟုတ် စီနီယာလုအတွက် အသုံး၀င်လောက်တယ်"

ဒီနေရာတွင် အမှောင်သခင် လုချန်ရှန်း၏ အမူအရာကို စိုက်ကြည့်လိုက်သည်။ 

လုချန်ရှန်း၏ အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ ယင်းအစား တည်ငြိမ်စွာ ခေါင်းညိတ်သည်။ 

"ဒါကတကယ်အကူအညီ ဖြစ်စေပါတယ်၊ ဒီလိုဆိုမှ နတ်ဆိုးနယ်မြေကို ငါ့ကို ခြိမ်းခြောက်မယ့်အရေးကနေ တားဆီးကာကွယ်ဖို့အတွက် ငါကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့"

နတ်ဆိုးနယ်မြေက မင်းကိုခြိမ်းခြောက်တာကနေ တားဆီးဖို့အတွက်ပဲလား!

နတ်ဆိုးသခင်စိတ်ရှုပ်ထွေးသွားရသည်။ 

သူသိသလောက်ဆိုရပါက လုချန်ရှန်း၏ တပည့်များအနက် နတ်ဆိုးဘုရင်သွေးကြောနှင့် ခန္ဓာကျင့်ကြံသူတစ်ယောက်ရှိသည်။ ဒါ့အပြင် ထိုခန္ဓာကျင့်ကြံသူက အရင်က ထက်မြက်ခဲ့သည့်နတ်ဆိုးသခင်ဖြစ်ခဲ့သည်။ သူက အမှောင်ပိုင်နက် ခြေကုပ်ဖမ်းယူချင်သည့် အဓိကပစ်မှတ်များအနက် တစ်ခုဖြစ်သည်။ 

သို့စေကာမူ လုချန်ရှန်း၏ပုံစံက သူဘာမှမသိသည့်ပုံပင်။ တကယ်ပဲ ဆက်စပ်မှုမရှိတာများလား! 

သူဘာတစ်ခုကိုမှ မမြင်နိုင်ပေ။ သူဘာသဲလွန်စကိုမှ မမြင်နိုင်ဟုဆိုပါက ပိုမှန်ပေလိမ့်မည်။ 

အမှောင်သခင်စကားပြောရုံသာ တတ်နိုင်တော့သည်။ 

"စီနီယာ၊ ကျုပ်တို့စကြတော့မလား"

ဒါကိုကြားပြီးနောက် လုချန်ရှန်းခေါင်းညိတ်ပြီး အမှောင်ပိုင်နက်၏ အစီအရင်ကို စတင်ပြုပြင်ရင်း အားဖြည့်ပေးသည်။ 

သို့စေကာမူ အားဖြည့်ပေးနေရင်း သူသတိထားရန် လိုအပ်သည်။ အနည်းဆုံးတော့ ဒါက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်လာနိုင်အောင် လုပ်ရမည်။ 

ထို့ကြောင့် အစီအရင်ထဲတွင် သူတခြားယန္တရားအနည်းငယ် ထည့်ပေးရပေမည်။ 

ဥပမာအားဖြင့် ဒီအစီအရင်ကို အတွေးတစ်ချက်တည်းနှင့် ပြိုကွဲပျက်စီးအောင် လုပ်နိုင်ခြင်းပင်။ 

သို့မဟုတ် သူဒါကိုတိုက်ရိုက် ထိန်းချုပ်နိုင်ခြင်းပင်။ 

ဒါက အမှောင်ပိုင်နက်က လူတိုင်းက ဒီသတ်ဖြတ်ခြင်းအစီအရင်အား နောက်ထပ် ထိန်းမချုပ်နိုင်ဖြစ်သွားစေလိမ့်မည်။ 

တကယ်တမ်းတွင် ဒီသေးငယ်သည့် ယန္တရာလေးတွေကို အနက်ရှိုင်းဆုံးနေရာ၌ ဖုံးကွယ်ထားရမည်။ အနည်းဆုံးတော့ သူတို့ရှာမတွေ့နိုင်အောင် လုပ်ထားရ‌ပေမည်။ 

ဒီအကြောင်းကိုတွေးပြီးနောက် လုချန်ရှန်း အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်ကို စတင်ပြုပြင်သည်။ 

လုချန်ရှန်း အစီအရင်ကို စတင်အားဖြည့်နေတာကို မြင်ပြီးနောက် အမှောင်သခင်တိတ်တဆိတ်ထွက်လာပြီး လျှို့ဝှက်တံခါးကို ဖြတ်ကျော်ကာ ပင်မခန်းမကို ရောက်လာသည်။ 

ထိုစဉ် လျိုကျိယု၏ အမူအရာ၌ ပူပန်မှု၊ ဖြူရော်မှုနှင့် စိတ်ဓာတ်ကျဆင်းမှုအနည်းငယ်ရှိနေတာကို သူသတိထားမိသွား၏။ 

အမှောင်သခင်အနည်းငယ် ထိတ်လန့်သွားပြီး မေးသည်။ 

"လျိုကျိယု၊ မင်းဘာလုပ်နေတာလဲ၊ မင်းလိုက်ဖမ်းခံနေရတာလား"

လျိုကျိယု အသက်ပြင်းပြင်းရှုရင်း ခါးသီးစွာပြုံးသည်။ 

"ကျွန်တော်အစွမ်းကုန်ပြေးလာခဲ့တာ၊ အခုအရမ်းမောပန်းနေပြီ"

အမှောင်သခင် "....."

"တခြားအရာတွေကို အရင်မပြောတော့ဘူး" လျိုကျိယု အလျင်စလိုမေးသည်။ 

"စီနီယာလုဘယ်မှာလဲ"

အမှောင်သခင်ပြန်ဖြေသည်။ 

"သူက အစီအရင်ကို တိုးတက်အောင်လုပ်ဖို့ ကူညီပေးနေတယ်"

အစီအရင်ကို တိုးတက်အောင်လုပ်ဖို့ စီနီယာလုကို ရှာတာလား!

လျိုကျိယု၏ မျက်လုံးများက ပြူးကျယ်သွား၏။ 

"ဘာလို့လဲ၊ ပြဿာနာတစ်ခုခုရှိလို့လား" အမှောင်သခင်မျက်မှောင်ကြုတ်သည်။ 

လျိုကျိယု မသိစိတ်က ခေါင်းခါယမ်းမိသည်။ 

"ပြဿာနာမရှိပါဘူး၊ ပြဿာနာမရှိပါဘူး၊ စီနီယာလုရဲ့ခွန်အားအရဆိုရင် တိုးတက်လာတဲ့ အစီအရင်က ပိုပြီးအားကောင်းလာလိမ့်မယ်"

သို့စေကာမူ သူနှလုံးသားထဲ၌ ခါးသီးစွာပြုံးသည်။ 

အစီအရင်ကို တိုးတက်အောင်လုပ်ဖို့အတွက် စီနီယာလုကို ရှာတာလား!

အနာဂတ်မှာ အမှောင်ပိုင်နက်က စီနီယာလုရဲ့ ထိန်းချုပ်ခြင်းကို ခံရလိမ့်မယ်!

စီနီယာလု၏ စရိုက်အရ သူ့အတွက် အကျိုးရှိသည့် ယန္တရားတစ်ချို့ကို ထည့်သွင်းမည်သာ။ 

မဟုတ်သေးဘူး!

ငါကလည်း အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ယောက်မလား!

ဘာလို့ဒီကိစ္စကို ဖုံးကွယ်ထားဖို့အတွက် ငါစီနီယာလုကို ကူညီနေရတာလဲ!

လျိုကျိယု နဖူးရိုက်လိုက်မိသည်။ 

အိုး၊ မဟုတ်ဘူး၊ ကျွန်တော် တောင်းပန်ပါတယ် အမှောင်သခင်၊ ကျွန်တော်ခင်ဗျားကို သစ္စာဖောက်မိပြီ.....!

အပိုင်း(1004) coming။ 

All Chapters