#တိမ်အိပ်မက်မြို့အပြင်ဘက်#
Vol. 71 Ch. 1007
တိမ်အိပ်မက်ရွှံဗွက်အိုင်က အဆင့်မြင့်ကြယ်နယ်မြေ၏ အသက်ကန့်သတ်ဇုန်များအနက် တစ်ခုဖြစ်သည်။
ဒါက တိမ်အိပ်မက်ကြယ်ဒေသတွင်တည်ရှိသည့် ကြယ်ပိုင်နက်၏ ၈၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။
ရလဒ်အဖြစ် ရေရှည်အတွက် စုဆောင်းအသုံးပြုနိုင်သည့် ကျင့်ကြံခြင်းအရင်းအမြစ်များမှာ အရမ်းနည်းပါးသည်။
အကယ်၍ အဆင့်မြင့်အရင်းအမြစ်များကို ရလိုပါက ကြီးမားသည့်စွန့်စားမှုတစ်ခု လုပ်ဆောင်ရင်း ရှာဖွေရန်အတွက် တိမ်အိပ်မက်ရွှံဗွက်အိုင်ကိုသာ ဦးတည်သွားရပေမည်။
ထို့ကြောင့် တိမ်အိပ်မက်ကြယ်ဒေသထဲရှိ အင်အားစုခွဲဝေမှုက အင်မတန်ပင် ထူးခြားသည်။
ဒီနေရာ၌ မည်သည့်ဂိုဏ်းမှမရှိဘဲ တိမ်အိပ်မက်မြို့က တိမ်အိပ်မက်ကြယ်ဒေသရှိ တစ်ခုတည်းသောမြို့ဖြစ်သည်။
ဒီမြို့တွင် အဓိကဂိုဏ်းနှစ်ဂိုဏ်းရှိပြီး အဆောင်သခင်များမဟာမိတ်နှင့် အစီအရင်ဆရာများမဟာမိတ်တို့ဖြစ်သည်။
နာမည်က ညွှန်းထားသည့်အတိုင်းပင် အင်အားစုနှစ်ခုကို အဆောင်သခင်နှင့် အစီအရင်ဆရာတစ်ဦးစီက ဦးဆောင်ကြသည်။
ထို့ကြောင့် တိမ်အိပ်မက်မြို့၌ မြို့တော်၀န်စံအိမ်၊ အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့က ခေါင်းဆောင်များဖြစ်ကြသည်။
သူတို့သာ တိမ်အိပ်မက်မြို့က ထွက်သွားပါက ဒီနေရာက ဥပဒေကင်းမဲ့မြေတစ်ခုဖြစ်လာမည်ဖြစ်ကာ ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်သည့် မရေမတွက်နိုင်လောက်သော ရာဇ၀တ်များသားများက မီးရှို့၊ သတ်ဖြတ်ကာ လုယက်ကြပေလိမ့်မည်။
မိစ္ဆာကျင့်ကြံသူများစွာလည်းရှိပါစည်။
မည်သူကမှဂရုမစိုက်ကြသလို ဂရုစိုက်ရန်အတွက်လည်း ဆန္ဒမရှိကြပါ။
အရင်းအမြစ်များမရှိဘဲ စီမံကိုင်တွယ်ရန်ဟူသည် ခက်ခဲသည်။
မည်သည့်အတွက်ကြောင့် မြို့တော်၀န်စံအိမ်၊ အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့က ဒီနေရာ၌ သူတို့စွမ်းအင်များကို ဖြုန်းတီးနေကြလေသနည်း။
တကယ်တမ်း၌ အင်အားစုသုံးခုသာ လူများသာ တိမ်အိပ်မက်မြို့က ထွက်သွားပါကလည်း အပြင်က ရာဇ၀တ်သားများက ကိုယ်ကျင့်တရားမစောင့်စည်းကြဘဲ လုယက်သတ်ဖြတ်ကြမည်သာ။
ထို့ကြောင့်လည်း အဓိကဂိုဏ်းသုံးဂိုဏ်းက လူများပင်လျှင် အလွယ်တကူ အပြင်မထွက်နိုင်ကြပါ။
သို့စေကာမူ တစ်ခါတစ်ရံ တခြားနည်းလမ်းမရှိသောအခါ အဓိကဂိုဏ်းသုံးဂိုဏ်းက လူများကို အပြင်သို့စေလွှတ်ကြသည်။
ဒီအခိုက်အတန့်၌ တိမ်အိပ်မက်မြို့နှင့် မိုင်တစ်ရာအကွာ ထူထဲသည့် သစ်တောတစ်ခု၌ စိတ်ဓာတ်ကျနေသည့် အော်ရာနှင့် လူတစ်ယောက်ရှိသည်။ သူ့၀တ်စုံဖြူက သွေးများနှင့် ပေကျံနေပြီး သူပင်စည်ကြီးတစ်ခုကို မှီထားသည်။ သူ့မျက်နှာကဖြူရော်ကာ သွေးမရှိတော့သလို သူ့နှုတ်ခမ်းများပင် အနည်းငယ် ဖြူရော်နေကြ၏။
သူအကန့်အသတ်ကို ရောက်နေသည်မှာ သိသာထင်ရှားနေသည်။
ဒီလူနောက်တွင် အဝါရောင်၀တ်စုံ၀တ် အမျိုးသမီးတစ်ဦး မြေပေါ်၌ လဲနေသည်။ သူမ၏မျက်နှာက နီမြန်းနေပြီး အသက်ရှူသံကလည်း ပုံမှန်မဟုတ်ပေ။
သူမက ဆေးသွင်းခံထားရသည့်အလားပင်။
"ယင်ရှီလျန်၊ ဒီအထ်တောင်ရောက်နေပြီ၊ မခုခံနဲ့တော့"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်မောင်းများကို ပြသထားကြသည့် လူကြွားကြီးငါးဦး ဆေဘာဓားများနှင့် လျှောက်လာကြသည်။
တစ်ယောက်က နှာခေါင်းရှုံ့သည်။
"ရုန်းကန်မနေနဲ့တော့၊ ငါမင်းကို မြန်ဆန်တဲ့ သေခြင်းတရားပေးကောင်းပေးနိုင်တယ်လေ"
ယင်ရှီလျန် ကျိုးနေသည့်လက်မောင်းကို ကိုင်ရင်း အသက်ပြင်းပြင်းရှူသည်။
"ကျန်းထောင်၊ ငါတို့ရဲ့အဆောင်သခင်မဟာမိတ်က မင်းတို့ကို ဖြေရှင်းပစ်မှာကို မကြောက်ဘူးလား"
ကျန်းထောင်က လူငါးယောက်၏ ခေါင်းဆောင်ဖြစ်သည်မှာ ရှင်းနေသည်။
ကျန်းထောင်နှင့်ကျန်လေးယောက် အူလှိုက်သည်းလှိုက် ရယ်မောကြလေတော့သည်။
"အဆောင်သခင်မဟာမိတ်၊ တိမ်အိပ်မက်မြို့ထဲမှာ မင်းတို့ကို နည်းနည်းကြောက်ရပေမယ့် တိမ်အိပ်မက်မြို့အပြင်မှာတော့ မင်းကို ငါသတ်ပစ်ရင်တော့ မင်းရဲ့အဆောင်သခင်မဟာမိတ်က ထွက်ရဲမယ်ထင်လား"
ယင်ရှီလျန်၏အမူအရာက ကြည့်ရဆိုးနေသည်။ သူတို့က အမှန်တရားကို ပြောနေတာကို သူသိပါသည်။
အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့က သူတို့အတွက် လမ်းလျှောက်နေသည့် ရတနာသိုက်များအလားပင်။
ဒီအလုပ်နှစ်ခုက တကယ်တမ်း၌ အရမ်းကြွယ်၀ချမ်းသာပြီး သူတို့တွင် အရင်းအမြစ်များစွာရှိသည်။
သို့စေကာမူ ကြိုးအစွန်၌ ရှိနေသည့်တိုင် ယင်ရှီလျန် ရုန်းကန်ချင်နေသေးသည်။
"ချင်းယောင်ဆိုရင်ရော၊ သူက မြို့တော်သခင်ယွန်မန်ရဲ့သမီးပဲ"
ကျန်းထောင်နောက်က လူက စက်ဆုပ်ဖွယ်ရာပြုံးရင်း ဓားကို လျက်လိုက်သည်။
"ငါတို့လိုချင်တာက ချင်းယောင်ပဲ၊ ချင်းယောင်က တိမ်အိပ်မက်မြို့က နံပါတ်တစ်အလှလေးပဲ၊ ငါတို့သူ့ကို လက်လွှတ်ပေးမယ်လို့ မင်းထင်တာလား"
ကျန်းထောင်နှာခေါင်းရှုံ့သည်။
"ငါတို့ငါးယောက် ပျော်ပြီးတဲ့အခါကျရင် အဲဒီတိမ်အိပ်မက်မြို့တော်၀န်ကို သူမကို ရွေးယူခွင့်ပေးတာပေါ့၊ ဒါဆိုရင် ငါတို့ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေက လုံလောက်မှာပါ"
မည်သို့ပင်ဆိုစေကာမူ တိမ်အိပ်မက်ကြယ်ဒေသ၌ အရင်းအမြစ်များက အရမ်းနည်းလွန်းသည်။
တိမ်အိပ်မက်မြို့အပြင်ဘက်က တရားဥပဒေမဲ့တပည့်များက ကျင့်ကြံရန်အတွက် တိမ်အိပ်မက်မြို့က လူများအား ခိုးယူလုယက်ခြင်းဖြင့် မှီခိုအားကိုးကြသည်။
ချင်းယောင် သတိမေ့မြောသည့်ပမာ ဖြစ်နေသည့်တိုင် ပြင်ပလောကကို ကြားနိုင်ဆဲပင်။
သူမထရပ်ချင်သော်လည်း သူမတစ်ကိုယ်လုံးက ချိနဲ့နေသည်။
"ကောင်းပြီ၊ ရုန်းကန်နေတာရပ်တော့" ကျန်းထောင်ရယ်မောသည်။
"မှောင်ခိုဈေးကနေ ဒီလေပြေလေညင်းလေးကို ရဖို့အတွက် ငါတို့ငွေအတော်လေး သုံးခဲ့ကြရတယ်၊ ဒါနဲ့ဆိုရင် နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်တောင် အလဲထိုးခံရလိမ့်မယ်"
"ညီအစ်ကိုတို့၊ စလုပ်ကြရအောင်၊ မလိုလားအပ်တဲ့ ပြဿာနာတွေကို ရှောင်ရှားဖို့အတွက် နောက်ထပ်တုံ့ဆိုင်းမနေကြနဲ့တော့"
"ငါတို့ ချင်းယောင်ကို ပြန်ခေါ်သွားတဲ့အခါကျရင် ကြိုက်သလိုဆော့ကစားလို့ရပြီ၊ ဟားဟားဟား"
ကျန်းထောင်နောက်က လူလေးယောက် ဒါကိုကြားသော် ချက်ချင်းဆိုသလို ယင်ရှီလျန်ထံသို့ ပြေးသွားကြ၏။
ဒါကိုမြင်သော် ယင်ရှီလျန်အံကြိတ်ကာ တန်ပြန်တိုက်ခိုက်ချင်သော်လည်း သူက အကန့်အသတ်ကို ရောက်နေလေပြီ။ သူ့ဝိဉာဉ်ချီက ကုန်ခမ်းလုနီးပါးဖြစ်နေလေပြီ။
ဒီအခိုက်အတန့်မှာပင် ဓားဆန္ဒတစ်ခု ရုတ်တရက်ထိုးထွက်လာပြီး ဓားရှည်ငါးလက်အဖြစ် ပြောင်းကာ ကျန်းထောင်နှင့် ကျန်သောသူများထံ ပစ်၀င်သွား၏။
ဒါကိုမြင်သော် သူတို့ငါးယောက် ထိတ်လန့်သွားကြသည်။
သူတို့က နတ်ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်ဖြစ်ပြီး ကျန်းထောင်ကမူ နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်နေလေပြီ။
သူတို့အစွမ်းကုန်ရင်ဆိုင်သောအခါမှသာ ဒီဓားရှည်ကို ဖျက်ဆီးနိုင်ခဲ့သည်။
ရှေ့သို့ပြန်ကြည့်လိုက်သောအခါ ယင်ရှီလျန်ရှေ့တွင် လူလေးယောက် ရပ်နေကြတာကို သတိထားမိလိုက်ကြ၏။
"ဒါက တိမ်အိပ်မက်ကြယ်ဒေသလား" ဓားသွားပေါ်၌ နဂါးပုံစံကွက်တစ်ခုပါရှိသော သန့်စင်သည့်ငွေဓားတစ်လက်ကို ကိုင်ထားသောသူက လှည့်ကြည့်ရင်း ဂရုမစိုက်သည့်အသွင်မေးသည်။
အသားအရေအနည်းငယ် နက်မှောင်သည့် လူကခေါင်းညိတ်သည်။
"နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ရဲ့ သတင်းအချက်အလက်အရဆိုရင် ဒီမှာရှိရမယ်"
ဖန်ချန်း ဘေးသို့ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သည်။
"ဒီနေရာက ဝိဉာဉ်ချီက အနည်းငယ်ပါးလွှာပုံပဲ"
မုဖူရှန်းအကူအညီမဲ့စွာသက်ပြင်းချသည်။
"ငါတို့သွားမေးမှ သိရတော့မယ်၊ ဥပမာပြောရရင် ငါတို့နောက်ကနှစ်ယောက်ပေါ့"
သူတို့က ယဲ့ချိုးပိုင်တို့ပေတည်း။
သူတို့ဒီနေရာကို ဖြတ်သွားသောအခါ ဝိဉာဉ်ချီအတက်အကျများကို တွေ့လိုက်ကြရသဖြင့် ဘေးကနေ စောင့်ကြည့်ရင်း ယင်ရှီလျန်နှင့် ချင်းယောင်တို့က ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အဓိကပုဂ္ဂိုလ်များဟု ထင်ရသည်။
ထို့ကြောင့် ဖန်ချန်းသတင်းအချက်အလက်များ မေးနိုင်ရန်အတွက် သူတို့ကို ကယ်တင်ရန် အကြံပြုခဲ့ခြင်းပင်။
မုဖူရှန်း ကိုယ်တိုင်အနီးအနားသို့သွားမေးချင်သည်။
အဆုံးသတ်တွင် ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့က တိုက်ရိုက်သဘောတူကြပြီး ဒါက အဆင်အပြေဆုံးနည်းလမ်းဟု ပြောခဲ့ကြသဖြင့် ဒီမြင်ကွင်းဖြစ်ပျက်လာခြင်းဖြစ်သည်။
ကျန်းထောင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်ရင်း အော်ဟစ်သည်။
"မင်းတို့ကဘယ်သူလဲ၊ ဘယ်လိုလုပ် ငါတို့ကို တားဆီးရဲတာလဲ"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ငါတို့ဒီနှစ်ယောက်ကို မေးစရာတစ်ခုခုရှိနေလို့ပါ၊ ဒီတော့ ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ"
"မင်းလာနောက်နေတာလား" တစ်ယောက်အော်ဟစ်သည်။
"တိမ်အိပ်မက်မြို့က အင်အားစုသုံးခုတောင် ငါတို့ကို ခြိမ်းခြောက်လို့ မရဘူးကွ၊ မင်းတို့က နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်ပဲရှိသေးတာကို ဘယ်လိုလုပ် ငါတို့ကို တားဆီးရဲတာလဲ"
ကျန်းထောင် အေးစက်စွာနှာခေါင်းရှုံ့သည်။
"ဒီလိုဆိုမှတော့ မင်းတို့ကိုလည်း ငါသတ်ပစ်ရတော့မှာပေါ့၊ ဒါလည်းအဆင်ပြေပါတယ်၊ ကျင့်ကြံခြင်းအရင်းအမြစ် ပိုများလေလေ၊ ပိုကောင်းလေလေပဲ"
ထို့နောက် သူ တခြားလေးယောက်ကို ယဲ့ချိုးပိုင်တို့ထံ ဦးတည်ခေါ်ဆောင်သွား၏။
ယင်ရှီလျန် စိုးရိမ်ပူပန်စွာသတိပေးသည်။
"သတိထားကြပါ၊ သူတို့အားလုံးက နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်တွေပဲ၊ သူတို့ထဲက တစ်ယောက်ဆိုရင် နတ်ဘုရင်နယ်ပယ် နေ......"
သို့စေကာမူ သူစကားပြော၍ မပြီးသေးခင်မှာပင် အရိပ်နက်တစ်ခုပြေးထွက်သွားသည်။
သူလက်ကိုဆန့်ထုတ်ကာ ရှေ့တန်း၌ရှိသည့် နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်နှစ်ဦး၏ မျက်နှာများကို ဖမ်းကိုင်ရင်း ရှေ့သို့ ဆက်လက်တိုက်ခိုက်သည်။
သူ ထိုနှစ်ယောက်ကိုဆွဲခေါ်သွားပြီး သူတို့၏ မျက်နှာများကို ဖမ်းကိုင်ကာ မြေကြီးနှင့် တိုက်ဆောင့်ပစ်သည်။
ဘန်း......!
မြေကြီးက ငလျင်တစ်ခုဖြစ်ပျက်သွားသည့်အလား ချက်ချင်းကွဲအက်သွားသည်။
ခုခံရန်အတွက် အခွင့်အရေးပင်မရှိခဲ့ပါ။
အပိုင်း(1008) coming။