#အလုံးစုံတိုးတက်မှု၊ တိမ်အိပ်မက်ရွှံဗွက်အိုင်#
Vol. 71 Ch. 1006
ကျိချန်းယောင်၏ ပါရမီအပေါ် ကျိလျိုချီက အကျေနပ်ဆုံးမဟုတ်ဘဲ ကျိချန်းယောင်၏ စိတ်နေသဘောထားကိုပင်။
ဒါကပါရမီက အရေးမပါဘူးဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ပါရမီက အမြင့်ဆုံးအဆင့်ကို ရောက်ရန်အတွက် လိုအပ်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
သို့စေကာမူ ပါရမီရှိပြီး စိတ်နေသဘောထားကသာ ထိုအဆင့်ကို ရောက်မနေပါက သူတို့ အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်မည်မဟုတ်။
ကျိချန်းယောင် နောက်ဆုတ်မှုများနှင့် ရင်ဆိုင်ရသောအခါ တစ်ခဏမျှ စိတ်ပျက်သွားလောက်သော်လည်း ယင်းနောက်တွင် အားလုံးက လှုံ့ဆော်မှုအဖြစ် ပြောင်းသွားခဲ့သည်။
လုချန်ရှန်းသူမကို ဒုတိယတစ်ကြိမ် မကြည့်ခဲ့လျှင်ပင် ကျိချန်းယောင် ဒါကို သူမ၏ ပန်းတိုင်အဖြစ် အသုံးပြုပြီး သူမခွန်အားကို တိုးတက်လာစေရန်အတွက် ကြိုးစားမည်သာ။
တစ်နေ့နေ့တွင် ကျိချန်းယောင်က လုချန်ရှန်း၏ လက်ထောက်တစ်ဦးပမာ ဖြစ်လာလိမ့်မည်ဟု ကျိလျိုချီယုံကြည်သည်။
ဒီအခိုက်အတန့်၌ ကျိချန်းယောင် ရုတ်တရက် သိချင်စိတ်ဖြင့် မေးသည်။
"ဆရာ၊ အဓိကဂိုဏ်းသုံးဂိုဏ်းအကြား ပြိုင်ဆိုင်မှု မရှိတော့ဘူးဆိုတော့ နဂါးသွေးကြောကို ရွှေတောင်ပံဂဠုန်ကလန်နဲ့ ဘယ်လိုခွဲဝေမလဲ"
သို့စေကာမူ ကျိလျိုချီ အပြုံးဖြင့် ခေါင်းခါယမ်းရင်း ပြောသည်။
"ခွဲဝေမှုဆိုတာ မရှိဘူး၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကြီးမားတဲ့အရာတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်၊ ဒီထဲကတစ်ခုကတော့ ငါတို့ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ရွှေတောင်ပံဂဠုန်ကလန်နဲ့ ပေါင်းစည်းခဲ့တယ်"
ပေါင်းစည်းခဲ့တာလား!
ကျိချန်းယောင်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
"ဒါက နဂါးသွေးကြောအတွက်လား"
နဂါးသွေးကြော၏ အထူးသဘာ၀က ဂိုဏ်းတစ်ဂိုဏ်းတည်းအတွက်သာ ကံတရားကို တိုးစေခြင်းပင်။ ကျိချန်းယောင်ကလည်း ဒါကို သိပါသည်။
ကျိလျိုချီခေါင်းညိတ်ရင်း ခေါင်းခါယမ်းသည်။
"တကယ်တမ်းမှာတော့ နဂါးသွေးကြောက အခွင့်အလမ်းနဲ့ ပေါင်းစည်းမှုတစ်ခုပါပဲ"
ဒီနေရာတွင် ကျိလျိုချီ လုချန်ရှန်း ထွက်သွားရာနေရာဖြစ်ပုံရသည့် ကောင်းကင်အား မော့ကြည့်သည်။
"တကယ်တော့ ငါတို့်မှာ ရွှေတောင်ပံဂဠုန်ကလန်နဲ့ တူတာတစ်ခုရှိတယ်၊ ဒါက ငါတို့မှာ စီနီယာလုနဲ့ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုစီ ရှိနေတာပဲ"
"ဒီအတွက်ကြောင့်ပဲ ငါတို့မှာ နတ်သခင်အဆင့်ကို ချိုးဖျက်ဖို့အတွက် အခွင့်အလမ်းရှိတယ်"
နတ်သခင်အဆင့်အင်အားစုတစ်ခု ဖြစ်လာရန်အတွက် လုချန်ရှန်းပါ၀င်ရန် လိုအပ်သည်။
ဒါက ဂိုဏ်းနှစ်ဂိုဏ်းပေါင်းစည်းခြင်း၏ အဓိကအကြောင်းရင်းပင်။
ကျိချန်းယောင်ခေါင်းညိတ်သည်။ ဒီနောက်ကွယ်က သဘောတရားကို သူမနားလည်ပါသည်။
ဒီကိစ္စ၌ ဒါက ဂိုဏ်းနှစ်ဂိုဏ်းအတွက်သာ အကျိုးရှိလာပေလိမ့်မည်။
"ကောင်းပြီ၊ ငါတို့ဂိုဏ်းပေါင်းစည်းမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့လိုတယ်၊ အရင်ဆုံးကျင့်ကြံဖို့အတွက် ဂိုဏ်းကိုအရင်သွားကြရအောင်"
ကျိချန်းယောင်ခေါင်းညိတ်သည်။
.....
တခြားတစ်ဘက်တွင် ရွှေတောင်ပံဂဠုန်ကလန်၌ ရက်အနည်းငယ်တံခါးပိတ်ကျင့်ကြံပြီးနောက် ဂိုဏ်းသုံးဂိုဏ်း၏ မရေမတွက်နိုင်လောက်သည့် အရင်အမြစ်များအပြင် လျိုကျိယုပေးသည့် အရင်းအမြစ်များစုဆောင်းမှုအောက်တွင် အပေါ်ယံ၌ မုဖူရှန်း နတ်ဘုရင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်သွားခဲ့သည်။
ဖန်ချန်းက နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်ကို တက်လှမ်းသွားခဲ့သည်။
ရှောင်ဟိုင်၏ ရုပ်ခန္ဓာကိုပြုပြင်မွမ်းမံပြီးနောက် သူ့ရုပ်ခွန်အားက ပို၍ပင် တည်ငြိမ်လာခဲ့သည်။
လုချန်ရှန်း၏ သွေးအဆီအနှစ်တစ်စက်က သူ့နှလုံးထဲတွင် ကြောက်မက်ဖွယ်ရာ သက်ရောက်မှုရှိသည်။
နှလုံးကို သွေးကြော၏ သယ်ယူပို့ဆောင်ရေးဗဟိုချက်ဟု ဆို၍ရသည်။ နှလုံးကို အားဖြည့်သောအခါ ရှောင်ဟိုင်၏ သွေးကြောစွမ်းရည်ကလည်း အကြီးအမား တိုးတက်လာခဲ့သည်။
သို့စေကာမူ သူသာနယ်ပယ်ဖြတ်ကျော်လိုပါက တကယ့်တိုက်ခိုက်ရေးလေ့ကျင့်မှုများ ပို၍လိုအပ်နေဆဲပင်။
ယဲ့ချိုးပိုင်၏ အောင်မြင်မှုများက အကြီးဆုံးဖြစ်သည်။
သူနတ်ဘုရင်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
ဒါကအရင်းအမြစ်များက ယဲ့ချိုးပိုင်ကို အကြီးအမား တိုးတက်စေခဲ့သောကြောင့်ပေတည်း။
ရှောင်ဟိုင်၏ ရုပ်ခန္ဓာ၊ ဖန်ချန်း၏ အစီအရင်နှင့် မုဖူရှန်း၏ မိုးကြိုးသဘာ၀အဆောင်တို့အတွက်မူ သက်ဆိုင်ရာအရင်းအမြစ်များက တကယ်တမ်းတွင် အရမ်းနည်းပါးသည်။
ဓားသမားတစ်ဦးအဖြစ် ယဲ့ချိုးပိုင် သာမန်ကျင့်ကြံခြင်းလမ်းကြောင်းကို မြန်မြန်ဆန်ဆန်ပင် လျှောက်ခဲ့သည်။
ဒါ့အပြင် အင်မတန်ကြောက်စရာကောင်းသည့် အဆင့်တစ်ခုအထိ တည်ငြိမ်နေသည့် ယဲ့ချိုးပိုင်၏ တာအိုအခြေခံနှင့်အတူ ခွန်အားကို ချိုးဖျက်ရန်အတွက် ပြင်ပအရာ၀တ္ထုများကို သုံးခြင်းဖြင့် ဒါက နယ်ပယ်ကို မတည်ငြိမ်ဖြစ်စေမည်မဟုတ်။
အဆင့်ချိုးဖျက်သောအခါ ဒါက သဘာဝဖြစ်စဉ်ဟု ဆို၍ရသည်။
ကျင့်ကြံခြင်းနယ်ပယ်တင်မဟုတ်ဘဲ သူ့၏ ဓားနိယာမနယ်ပယ်ကလည်း နတ်ဓားနယ်ပယ်ကို ရောက်သွားခဲ့သည်။
သူငွေနဂါးဓားကိုပင် ရရှိခဲ့သည်။
သူနတ်ဓားနယ်ပယ်ကို ရောက်သွားသောအခါ ရွှေသစ်ရွက်တပ်မှူးနှင့် ကလန်ခေါင်းဆောင်ကျင်းတို့ ဒီမြင်ကွင်းကို မြင်ပြီး သက်ပြင်းချမိကြသည်။
"စီနီယာလုရဲ့တပည့်တွေက တကယ့်ကို ထူးခြားကြတာပဲ"
"ဟုတ်တယ်၊ နတ်ဘုရင်နယ်ပယ်နဲ့ နတ်ဓားနယ်ပယ်ကို ရောက်တဲ့ ဓားသမားဆိုတာ တခါမှ မကြားဖူးဘူး၊ လက်ရှိခေးအောစ့်အနှစ်သာရဓားဘိုးဘေးတောင်မှ နတ်ဓားနယ်ပယ်မှာပဲ ရှိသေးတယ်"
"နတ်ဓားနယ်ပယ်ပြီးရင် ဓားတာအိုမူလနယ်ပယ်ရှိတယ်၊ ခေးအောစ့်အနှစ်သာရဓားသခင်တောင် ဒီနေရာမှာ နှစ်သောင်းချီပိတ်မိနေပြီး မချိုးဖျက်နိုင်ခဲ့ဘူး၊ သူက အခွင့်အရေးတစ်ခုကို ရှာနေတုန်းပဲ"
"ခေးအောစ့်အနှစ်သာရဓားသခင်က အတိတ်က အရမ်းမောက်မာခဲ့တယ်၊ အခုတော့ သူတည်ငြိမ်ရိုးရှင်းနေပြီ၊ ခေးအောစ့်အနှစ်သာရဓားသခင် ဓားတာအိုမူလနယ်ပယ်ကို ချိုးဖျက်ဖို့အတွက် ပြင်ဆင်နေတယ်လို့တောင် အပြင်မှာ ကောလဟာလတွေရှိတယ်"
ကလန်ခေါင်းဆောင်ကျင်း ခေါင်းညိတ်သည်။
"ဘာပဲဆိုဆို ဓားတာအိုမှာ ယဲ့ချိုးပိုင်ရဲ့ ပါရမီက ခေးအောစ့်အနှစ်သာရဓားသခင်ထက် ပိုပြီးကြောက်စရာကောင်းလာဖို့ပဲ ရှိတော့တယ်၊ ဒီကလေး လမ်းတစ်၀က်မှာ မသေသေးသရွေ့ သူသေချာပေါက် ခေးအောစ့်အနှစ်သာရဓားသခင်ရဲ့ အောင်မြင်မှုတွေကို ဖြတ်ကျော်သွားလိမ့်မယ်"
ဒီနေရာ၌ သူ့ဆုံးဖြတ်ချက်အပေါ် ကလန်ခေါင်းဆောင်ကျင်း နှလုံးသားထဲကပင် ၀မ်းသာလာမိသည်။
ဒီအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သုံးယောက် အတူတကွရောက်လာကြပြီး ပြုံးပြသည်။
"ကျေးဇူးပါ၊ ခေါင်းဆောင်ကျင်း"
ကလန်ခေါင်းဆောင်ကျင်း လက်ဝှေ့ယမ်းသည်။
"ငါတို့ဘာတစ်ခုမှ မလုပ်ခဲ့ရပါဘူး၊ ဒါတွေအားလုံးက မင်းဆရာရဲ့ ကျေးဇူးကြောင့်ပါ"
"ဒါပေမယ့် မင်းတို့ နောက်တစ်ခါစွန့်စားမှုတစ်ခု လုပ်တော့မယ်မလား"
မုဖူရှန်းခေါင်းညိတ်သည်။
"ကျွန်တော်တို့ရဲ့ လက်ရှိခွန်အားနဲ့ ဒါကို ကိုင်တွယ်နိုင်မှာပါ"
ယခုအချိန်က မြေပုံ၌ မှတ်သားထားသည့် စိတ်ဝိဉာဉ်သုံးခုမြေကို စူးစမ်းရန် အချိန်ကျလာခဲ့လေပြီ။
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၏ အဆိုအရ ထိုနေရာသို့ ဦးတည်ရန်အတွက် ရှောင်ဟိုင်အတွက် အနည်းဆုံးလိုအပ်ချက်က နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေရန်ပင်။
ယခုသူ့ရုပ်ခွန်အားက နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်နှင့်ပင် ယှဉ်၍ရနေပြီဖြစ်ကာ နတ်ဘုရင်နယ်ပယ်အထွတ်အထိပ်အဆင့်တစ်ဦးပင် ရှောင်ဟိုင်၏ လက်သီးကို ထိပ်သီးရင်ဆိုင်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် သွားရန်အတွက် ဒါကလုံလောက်နေပါပြီ။
ရွှေသစ်ရွက်တပ်မှူး ပူပန်စွာမေးသည်။
"မင်းနဲ့အတူ တစ်ယောက်ယောက်ထည့်ပေးရမလား၊ မင်းရဲ့လက်ရှိအခြေအနေက အရမ်းအန္တရာယ်များတယ်"
ရှောင်ဟိုင်၏ ကိုယ်ပိုင်အထောက်အထားက ထုတ်ဖော်ခံရပြီးဖြစ်လေရာ သူ့ကို နတ်ဆိုးဘုရင်ပိုင်နက်က ပစ်မှတ်ထားနေလေပြီ။
ထို့ကြောင့် တစ်ဘက်လူက ရှောင်ဟိုင်ကို ချောမွေ့စွာ ကြီးထွားလာခွင့်ပေးမည်မဟုတ်။
သို့စေကာမူ မုမူရှန်းခေါင်းခါယမ်းသည်။
"မလိုပါဘူး၊ ကျွန်တော်တို့ ပြင်ပအင်အားစုတွေကို အရမ်းမှီခိုအားကိုးနေမယ်ဆိုရင် ဒါက ကျွန်တော်တို့ရဲ့ ကြီးထွားမှုအတွက် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်လာလိမ့်မယ်"
ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် ရှောင်ဟိုင်တို့ မုဖူရှန်းကို လှမ်းကြည့်လိုက်ကြ၏။
မုဖူရှန်း၏ စကားလုံးများက သွယ်ဝိုက်ပြောဆိုနေတာကို သူတို့သိသည်။
ဒါက သူ ရွှေတောင်ပံဂဠုန်ကလန်ကို ကျေးဇူးကြွေးအများကြီး တင်မှာကို ကြောက်မိသောကြောင့် ဖြစ်ပေလိမ့်မည်။
မဟုတ်ပါက သူဘယ်သူ့ကိုမှ ကျေးဇူးကြွေးတင်စရာမလိုပါက မုဖူရှန်း ရွှေတောင်ပံဂဠုန်ကလန်က လူတိုင်းကို သူ့ကို အချိန်ပြည့်ကာကွယ်ပေးရန်အတွက် ပြောဆိုရန်ပင် စောင့်နေနိုင်မည်မဟုတ်။
သူသေချာပေါက် ဒီလိုအရာမျိုးကို လုပ်ပေလိမ့်မည်။
"ကောင်းပါပြီ၊ မင်းတို့မှာ တောင်းဆိုချက်တစ်ခုခုရှိတယ်ဆိုရင် ငါတို့တတ်နိုင်သရွေ့ ငါတို့ကို လာရှာလို့ရတယ် " ကလန်ခေါင်းဆောင်ကျင်း ကတိပေးသည်။
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြီး လက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါစီနီယာ၊ ဒါဆိုကျွန်တော်တို့ အရင်ထွက်သွားပါတော့မယ်"
သူတို့လေးယောက် ထွက်သွားပြီးနောက် ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့က စတင်ပေါင်းစည်းပြီး တစ်ချိန်တည်းမှာပင် နဂါးသွေးကြောကို သိမ်းပိုက်လိုက်ကြ၏။
.....
နောက်တစ်နေ့တွင် တခြားတစ်ဘက်၊ နတ်ဆိုးဘုရင်ပိုင်နက်၊ ငရဲသရဖူမြို့၌ မိုဂျီ ပလ္လင်ပေါ်တွင် ထိုင်ရင်း ငုံ့ကြည့်နေသည်။
"မင်းတို့သူဘယ်မှာလဲဆိုတာကို ရှာတွေ့ပြီလား"
အောက်က မိုကောခေါင်းခါယမ်းသည်။
"နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသအပြီးမှာ ဟောင်တျန်းနတ်ဂိုဏ်း မဟာအကြီးအကဲရဲ့ ကာကွယ်မှုကြောင့် ကျွန်တော်တို့ တစ်ဘက်လူရဲ့ တည်နေရာကို အာရုံမခံနိုင်ခဲ့ပါဘူး"
မိုဂျီ၏ အမူအရာက ကြည့်ရဆိုးသွားသည်။
သူဒေါသသူပုန်ထတော့မည့်အချိန်တွင် မိုလီ ရုတ်တရက် နတ်ဆိုးဘုရင်နန်းတော်ထဲတွင် ပေါ်လာပြီး သူ့မျက်နှာက ပီတိများနှင့် ပြည့်လျှမ်းနေသည်။
"အစ်ကိုကြီး...အဲ.... နတ်ဆိုးအရှင်၊ ကျွန်တော်တို့ ဘယ်သူမှာလဲဆိုတာကို ရှာတွေ့ပါပြီ"
မိုဂျီ မိုလီသူ့ကို အစ်ကိုကြီးဟု အရင်ဆုံး ခေါ်လိုက်တာကိုပင် ယာယီမေ့သွားခဲ့သည်။
"ဘယ်မှာလဲ"
မိုလီပြောသည်။
"တိမ်အိပ်မက်ရွှံဗွက်အိုင်"
တိမ်အိပ်မက်ရွှံဗွက်အိုင်!
မိုဂျီမျက်မှောင်ကြုတ်သည်။
"အသက်တားမြစ်ဇုန်မလား၊ ဘာလို့အဲမှာ ရှိနေရတာလဲ"
"ဘာပဲဆိုဆို အရင်ဆုံးတစ်ယောက်ကို စေလွှတ်လိုက်၊ ငါတို့သူ့ကို အဲမှာသတ်ပစ်ရမယ်"
အပိုင်း(1007) coming။