#လျိုကျိယု အရမ်းပျော်နေပုံပဲ#
Vol. 71 Ch. 1004
အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်အပြင်ပ၌ လျိုကျိယု ကိုယ့်ကိုကိုယ် အလွန်အမင်း အပြစ်တင်နေမိသည်။
အမှောင်သခင် လျိုကျိယု၏ ရှုံ့တွနေသည့် အမူအရာကို ကြည့်ရင်း မျက်မှောင်ကြုတ်သည်။
"ကောင်းပြီ၊ အပြင်ထွက်ပြီးစောင့်နေလိုက်၊ သူအချိန်နည်းနည်းလိုဦးမယ်၊ တချိန်တည်းမှာပဲ ငါမင်းကို တာ၀န်တစ်ခုပေးမယ်၊ မင်း စီနီယာလုနဲ့ အတူရှိနေစဉ်ကတည်းက ငါမင်းကို တာ၀န်မပေးတာကြာပြီ"
ထို့နောက် အမှောင်သခင် လျိုကျိယုကို ခေါ်ဆောင်သွားသည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် လျှို့ဝှက်တံခါးနောက်ကွယ်မှ သတ်ဖြတ်ခြင်းဆန္ဒက စတင်ထိုးတက်လာခဲ့သည်။
အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်ကို အလွန်အမင်းနက်ရှိုင်းစွာ ဖုံးကွယ်ထားသည့်တိုင် သတ်ဖြတ်ခြင်းဆန္ဒ အမျှင်စများက ကြယ်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်လောက်သည့် အက်ကြောင်းများကနေ ဖိသိပ်လာသည်။
မကြာမီ ဒါက အမှောင်ပိုက်နက်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
အမှောင်ပိုင်နက်က မရေမတွက်နိုင်လောက်သည့် အုပ်ချုပ်ရေးမှူးများမှာ ဒီမြင်ကွင်းအား အထိတ်တလန့် မော့ကြည့်လိုက်ကြ၏။
တစ်ချို့ အုပ်ချုပ်ရေးမှူးများကမူ အံ့ဩသင့်နေကြသည်။
ကြယ်လေးပွင့်အောက်က ကွပ်မျက်သူများက အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်း အစီအရင်အကြောင်းမသိကြပါ။
ထို့ကြောင့် သူတို့မှင်သက်နေကြ၏။
ဒီအော်ရာက အမှောင်ပိုင်နက်ထဲက ဘယ်နေရာကနေ ထွက်လာတာလဲ!
ရန်သူတစ်ယောက်ယောက် အမှောင်ပိုင်နက်ကို ကျူးကျော်လာတာများလား!
ပိုပြီးထိတ်လန့်စေတာက ကြယ်လေးပွင့်တစ်ချို့နှင့် အထက်ကကွပ်မျက်သူများကိုပင်။
အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်၏ အဆင့်က အလွန်အမင်းမြင့်မားသည့်တိုင် သူတို့ ဒီအကြောင်းကိုသိကြသည်။
သို့စေကာမူ ယခုလေးတင်ထုတ်လွှတ်သည့် အော်ရာက အဆင့်များစွာ ပိုမြင့်နေသည်မှာ ရှင်းနေသည်။
အမှောင်သခင်က တစ်ယောက်ယောက်ကို အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်ကို အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုခဲ့တာများလား!
ဒါက နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကိုပင် ခုခံန်ိုင်သည့်အစီအရင်တစ်ခု ဖြစ်နေလေပြီ။ တစ်နည်းအားဖြင့် နတ်သခင်နယ်ပယ်သတ်ဖြတ်ခြင်း အစီအရင်ဖြစ်သည်။ ဒါကိုဘယ်လိုတိုးတက်အောင် လုပ်နိုင်သေးသနည်း။
ဒီလိုဆိုပါက ထိုအစီအရင်သခင်က ဘယ်လောက်ပင် အစွမ်းထက်လေသနည်း။
တစ်ချို့ကြယ်လေးပွင့် အုပ်ချုပ်ရေးမှူးများကမူ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ဒီလိုအစီအရင်ဆရာမျိုးများ ရှိသလားဆိုတာကို သိချင်နေမိကြသည်။
.....
လျှို့ဝှက်တံခါးအပြင်ဘက်တွင် အမှောင်သခင်၏ မျက်လုံးများက တုန်ယင်သွားပြီး ခါးသီးသည့်အပြုံးတစ်ပွင့်က သူ့မျက်နှာထဲတွင် ချိတ်နေခဲ့သည်။
ဘယ်လောက်ကြာသေးလို့လဲ!
လျိုကျိယု အမှောင်သခင်၏ အမူအရာကို ကြည့်ပြီး ပခုံးပုတ်ကာ သက်ပြင်းချရင်း ပြုံးသည်။
"ခင်ဗျားဒါကို ကျင့်သားရသွားမှာပါ၊ စီနီယာလုက ဒီလိုမျိုးပဲ"
အမှောင်သခင် လျှို့ဝှက်တံခါးနောက်ဘက်သို့ လက်ညိုးထိုးပြရင်းမေးသည်။
"ဒီလောက်တောင်မြန်တာလား၊ ဒါက နတ်သခင်အဆင့်သတ်ဖြတ်ခြင်းအစီအရင်လေ....."
လျိုကျိယုခေါင်းညိတ်ရင်း နှလုံးသားထဲ၌ ညည်းညူနေမိသည်။
နတ်သခင်အဆင့်သတ်ဖြတ်ခြင်းအစီအရင်လား!
စီနီယာလုရဲ့ခွန်အားက နတ်သခင်တစ်ဦးထက်တောင် အများကြီးသာလွန်နေတာကို၊ နတ်သခင်ဟောင်တျန်းတောင် စီနီယာလုရဲ့ ဆန္ဒအတိုင်း ပြုမူရတယ်!
နတ်သခင်အဆင့်အစီအရင် သေးသေးလေးတစ်ခုကို ပြောနေစရာတောင်မလိုဘူး!
ထို့နောက် လုချန်ရှန်း အမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်တွင် ထောင်ချောက်တစ်ခုခု တပ်ဆင်ထားလိမ့်မယ်ဆိုတာကို သူတွေးနေမိသည်။
စီနီယာလု၏ စရိုက်အရ အမှောင်ပိုင်နက်က သူ့ကို မထိခိုက်လာသရွေ့ သူအမှောင်နတ်ဘုရားကြယ်သတ်ဖြတ်ခြင်းအစီအရင်ထဲက ယန္တရားများကို အသက်သွင်းမည်မဟုတ်။
ဒါဆိုလည်းထားပါတော့!
ပြဿာနာရှိမှာမဟုတ်ပါဘူးလေ!
လျိုကျိယု စိတ်သက်သာရာရသွားသည်။
သို့စေကာမူ လျိုကျိယု ကိုယ့်ကိုကိုယ်ပင် သတိမထားမိတာက တကယ်တမ်း၌ သူအမှောင်ပိုင်နက်အဆင်ပြေမှာကို စိုးရိမ်နေခြင်းမဟုတ်ဘဲ အမှောင်ပိုင်နက်က လုချန်ရှန်းကို ဆန့်ကျင့်မှာကို စိုးရိမ်နေခြင်းပင်။
ဒီတဒင်္ဂ၌ ကောင်းကင်ထက်က သတ်ဖြတ်ခြင်းဆန္ဒက ရုတ်တရက်ပျောက်ကွယ်သွား၏။
ဒါက တစ်ခါမှ မပေါ်ပေါက်လာသည့်အလား မည်သည့်အော်ရာမှ မကျန်ရှိတော့ပါ။
ဒီအချိန်မှာပင် လျှို့ဝှက်တံခါးကလည်း ပွင့်လာခဲ့ပြီး လုချန်ရှန်း၏ပုံရိပ်က အမှောင်သခင်နှင့် လျိုကျိယုရှေ့တွင် ပေါ်လာသည်။
လျိုကျိယုပူပန်စွာမေးသည်။
"စီနီယာ အရင်ဆုံးအနားယူဦးမလား"
လုချန်ရှန်း သူ့ကို မျက်လုံးထဲ၌ အပြုံးရေးရေးပါသည့် အမူအရာဖြင့် ကြည့်သည်။
ဒါကိုမြင်သော် လျိုကျိယုလည်ပင်းကို ကျုံ့လိုက်မိပြီး သူ့ကျောက ချက်ချင်းဆိုသလို အေးစိမ့်သွား၏။
အိုး၊ မဟုတ်ဘူး၊ ငါကြမ္မာဆိုး၀င်နေပြီ!
ထို့နောက် လုချန်ရှန်း အမှောင်သခင်ကို ကြည့်လိုက်စဉ် သူ့မျက်နှာက ချက်ချင်းဆိုသလို ဖြူရော်သွားပြီး သူ့ယိမ်ယိုင်သွားကာ သူ့ခန္ဓာက လဲကျလုမတတ်ဖြစ်သွား၏။
"ကုန်ခမ်းမှုက နည်းနည်းမြင့်တယ်ဆိုပေမယ့် ကိစ္စမရှိပါဘူး၊ အစီအရင်ကို အောင်မြင်စွာ အားဖြည့်ပြီးပါပြီ၊ ခင်ဗျားတစ်ချက်ကြည့်လို့ရတယ်"
လျိုကျိယု ဒါကိုမြင်သောအခါ နှလုံးသားထဲက နှာခေါင်းရှုံ့လိုက်၏။
ဟမ့်၊ စီနီယာလု၊ ခင်ဗျားက ဟန်ဆောင်တဲ့နေရာမှာ မတော်ဘူးဘဲ၊ ဒီအဆင့်မှာ ခင်ဗျားဘယ်လိုလုပ် ပင်ပန်းနိုင်မှာလဲ!
ဒါ့အပြင် အမှောင်သခင်ရဲ့ ထိုးထွင်းအမြင်နဲ့ဆိုရင် သူသေချာပေါက်ပြောနိုင်မှာပဲလေ၊ ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က တကာ်မကောင်းဘူး!
သူတွေး၍ပင် မပြီးသေးခင်မှာ လျိုကျိယု၏ ပါးစပ်က ပြူးကျယ်စွာ ပွင့်ဟနေပြီး အမှောင်သခင်အား မယုံနိုင်စွာ ကြည့်လိုက်မိသည်။
အမှောင်သခင်အလျင်အမြန် လက်ဝှေ့ယမ်းပြသည်။
"အလျင်လိုစရာမလိုပါဘူး၊ စီနီယာလု၊ ခင်ဗျားဘေးခန်းမကို အရင်ဆုံးအနားယူဖို့ သွားမယ်ဆိုရင်ရော၊ ကျုပ်တို့ရဲ့အမှောင်ပိုင်နက်က ကုသဆေးတွေအများကြီးရှိပါတယ်၊ ခင်ဗျားကြိုက်တာကို သုံးလို့ရပါတယ်"
ကြည့်ရတာ သူတကယ်ယုံသွားပုံပဲ!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
လျိုကျိယု နဖူးကိုရိုက်ရင်း သူအဆင်မပြေတာကို ပြသနေသည်။
လုချန်ရှန်း လျိုကျိယုကို စိုက်ကြည့်ရင်း အမှောင်သခင်အား လက်ဝှေ့ယမ်းပြသည်။
"မလိုပါဘူး၊ ငါ့မှာလုပ်စရာတစ်ခုရှိသေးတယ်၊ ငါအရင်သွားပါတော့မယ်"
"စကားမစပ် ခင်ဗျားပေးခဲ့တဲ့သတင်းကို မဖြန့်လိုက်ပါနဲ့"
ဒါကိုကြားသော် အမှောင်သခင်ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ဒီသတင်းက တခြားဘယ်နေရာမှာမှ မပေါ်လာနိုင်ပါဘူး၊ ဒါ့အပြင် နတ်သခင်အဆဂ့်ဂိုဏ်းတွေကတောင် တန်ဖိုးကြီးကြီးမားမား ပေးဆပ်မယ်ဆိုရင်တောင် ဒီသတင်းကို ၀ယ်ဖို့တတ်နိုင်မှာမဟုတ်ဘူး"
လုချန်ရှန်းခေါင်းညိတ်ပြီး တည့်တည့်လျှောက်သွားရင်း လျိုကျိယု၏ပခုံးကိုပင် ထိသွားသေးသည်။
လျိုကျိယု စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
သူလုချန်ရှန်းနှင့် ချက်ချင်းပြန်မသွားချင်ပေ။ လုချန်ရှန်းတည်ငြိမ်သွားပြီး ဒီကိစ္စကို မေ့သည်အထိ စောင့်ပြီးမှသာ သူထာ၀ရသက်တမ်းကမ္ဘာကို ပြန်ချင်သည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် လုချန်ရှန်းလှည့်လာပြီး ခပ်ရေးရေးပြုံးရင်းမေးသည်။
"ရှောင်လျို၊ မင်းငါနဲ့အတူပြန်မလိုက်ဘူးလား"
လျိုကျိယု၏ စိတ်သက်သာရာရသွားသည့် ကိုယ်က ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး သူ့တစ်ကိုယ်လုံးက လှံရှည်တစ်စင်းပမာ ဖြောင့်တန်းနေတော့သည်။
လျိုကျိယု ခေါင်းလှည့်ပြီး လုချန်ရှန်းအား အပြုံးတုတစ်ခုဖန်တီးကာပြောသည်။
"ဟီး၊ ဟီးဟီးး.....ဟားဟားဟား၊ အမှောင်သခင်မှာ ကျွန်တော့်အတွက် တာ၀န်တစ်ခုရှိနေတယ်၊ စီနီယာလု၊ ကျွန်တော်နောက်မှ လာခဲ့ပါမယ်"
သို့စေကာမူ လုချန်ရှန်းခေါင်းမညိတ်နိုင်ခင်မှာပင် အမှောင်သခင်ပြုံးရင်း လျိုကျိယု၏ ပခုံးကို ပုတ်လိုက်သည်။
"ဘာမှမဖြစ်ဘူး၊ စီနီယာလုနောက်ကလိုက်ပြီး သူ့ကိုကူညီပေးပါ၊ ဒါက တာ၀န်ကို ထမ်းဆောင်တာနဲ့ အတူတူပါပဲ"
လျိုကျိယု ငိုနေသည်ထက်ပင် ကြည့်ရဆိုးသည့် အပြုံးတစ်ခုကို ပြသသည်။
"ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ဦးအနေနဲ့ ကျွန်တော်အချိန်အတော်ကြာ တာ၀န်တွေကို မလုပ်ခဲ့ဘူးလေ၊ ဒါက ကျွန်တော်နဲ့ မလိုက်ဖက်တာလည်း မဟုတ်ပါဘူး၊ ပြီးတော့ ဒီအချက်က အမှောင်ပိုင်နက်ရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလေ၊ အမှောင်သခင်၊ ခင်ဗျားရော အဲလိုမထင်ဘူးလား"
ဒါကိုပြောနေစဉ် လျိုကျိယု အမှောင်သခင်ကို အရူးအမူးပင် မျက်စိမှိတ်ပြသေးသည်။
ကံဆိုးချင်တော့ လျိုကျိယုဘာကို ဆိုလိုနေသလဲဆိုတာကို အမှောင်သခင်နားမလည်ပေ။ သူပြုံးသည်။
"မင်းမှာဒီလိုအတွေးမျိုးရှိတာ အရမ်းရှားပါးတယ်၊ ဒါပေမယ့် အခုအချိန်မှာ စီနီယာလုကို ကူညီတာက အရေးအကြီးဆုံးတာ၀န်ပဲ၊ မင်းတစ်ယောက်တည်းပဲ ဒါကို လုပ်နိုင်တာ၊ ဒီတော့ ဒါကို အဆက်ပြတ်သွားတယ်လို့ ဆိုလို့မရဘူး၊ မင်းက ငါတို့အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူဖြစ်နေတုန်းပဲ"
ကျေးဇူးပါ.....!.
ကျေးဇူးအများကြီးတင်ပါတယ်!
သူအမှောင်သခင်ကို အနိုင်မယူနိုင်သည့် အချက်ကြောင့်သာ မဟုတ်ပါက လျိုကျိယု အမှောင်သခင်၏မျက်နှာက အမှန်တကယ် ထိုးပစ်ချင်သည်။
ဒီအချိန်တွင် လုချန်ရှန်းပြုံးသည်။
"ရှောင်လျို၊ ပြောတာကြားပြီလား၊ ငါနဲ့အတူ ပြန်လာခဲ့၊ ငါတို့မှာ အရေးကြီးလုပ်စရာတစ်ခုရှိသေးတယ်"
လုချန်ရှန်းပြုံးသောအခါ သူ့အပြုံးက တစ္တေတကောင်ပမာပင်။
သူတမင်တကာပင် အံကြိတ်ရင်း ထိုစကားလုံးများကိုပြောသောအခါ 'အရမ်းအရေးကြီးတယ်' ဆိုသော စကားကို ထပ်ပြောလိုက်သေးသည်။
လျိုကျိယု လုချန်ရှန်းနှင့်အတူ အမှောင်ပိုင်နက်ကနေ ထွက်သွားသည်။
အမှောင်သခင် သူတို့နှစ်ဦးထွက်သွားတာကို ကြည့်ရင်း ပြုံးနေသည်။
ကြည့်ရတာ လျိုကျိယူက လုချန်ရှန်းနဲ့ အတော်လေးပျော်နေပုံပဲ!
အပိုင်း(1005) coming။