← Chapters

ပြိဿအတ္ထုပ္ပတ္တိ

Vol. 54 Ch. 876

ပြိဿအတ္ထုပ္ပတ္တိ

Vol. 54 Ch. 876

ချန်လွေ့က အိပ်ပျော်နေသော လာလာရီယာအား နဂါးကျွန်းမှ ပရိသတ်(၃)ယောက်က ဂရုစိုက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပြီး သူတို့ထံ လွှဲပေးလိုက်သည်။

နဂါးမလေးသုံးယောက် အထူးသဖြင့် နဂါးပေါက်စလေးက မိမိကို စိုက်ကြည့်နေကြောင်း မြင်သည့်အခါ ချန်လွေ့က ခါးသက်သက်သာ ပြုံးနေလိုက်ပြီး ကတ်သရင်းထံ အကြည့် လွှဲပြောင်းလိုက်၏။

“အရှင်မ ကတ်သရင်း။ ဗိုလ်လုပွဲကို အခု စမှာလား။”

ကတ်သရင်းက ပုံမှန်ပင် ပြောလိုက်သည်။ “အခုအချိန် ဗိုလ်လုပွဲစဖို့ တောင်းဆိုမှပဲ ကျွန်မမှာ အနိုင်ရဖို့ မျှော်လင့်ချက် ပိုရှိမယ်လို့ သတိပေးချင်တာလား။”

ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “အဲဒီလိုထင်လည်း ရပါတယ်။”

ရိုင်ဇန်၊ ရေဘဝဲဘုရင်နှင့် အခြားသူများ၏ မျက်လုံးများက အာရုံစိုက်လိုက်ကြသည်။ ကတ်သရင်း၏ မျက်လုံးက ဇိုလာ ကိုင်ထားသော ချန်လွေ့၏ လက်ပေါ်သို့ ရောက်ပြီး မျက်နှာလွှား နောက်ကွယ်မှ နီရဲသော နှုတ်ခမ်းက စကားတစ်ခွန်း ပြောလိုက်၏။ “နောက်(၂)ရက်နေမှ....”

နောက်(၂)ရက်နေမှ ဟုတ်လား။

“သေချာနားလည်သူ”အများအပြားက ဇဝေဇဝါ ဖြစ်သွား၏။ ဒီလိုမျိုးက သေကြောင်းကြံဖို့ နောက်ဆုတ်တာနဲ့ အတူတူပဲ။ အခု “အက်ဂ်ယော”နဲ့ လာလာတို့က စွမ်းအင် အ‌တော်လေး ကုန်ဆုံး သွားလောက်ပြီ။ အက်ဂ်ယောက အားအနည်းဆုံး အခြေအနေမှာ ရှိနေတယ်။ ရက်ပီပစ်ကို တိုက်ခိုက်ခဲ့တုန်းက ကတ်သရင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် စွမ်းအားအကုန်သုံးမယ်ဆို မျှော်လင့်ချက် ရှိနိုင်တယ်။ ပြိုင်ဘက်ကို အနားယူချိန် ပေးလိုက်မယ်ဆိုရင် တိုင်းပြည်အဆင့်နဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ခြားနားချက်နဲ့ ဆိုတော့ အနိုင်ရဖို့ မျှော်လင့်ချက်လေးတောင် မရှိတော့ဘူး။

ကတ်သရင်းက ပတ်ပတ်လည်မှ အကြည့်များကို လျစ်လျူရှု လိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူက ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

ချန်လွေ့က အနည်းငယ် ငေးငိုင်သွားခဲ့ပြီး ထွက်ခွာသွားသော နောက်ကျောကို စိုက်ကြည့်နေလိုက်သည်။ ရုတ်တရက် သူက ကျောဘက်တွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ နောက်ပြန် လှည့်ကြည့်လိုက်ရာ မစ်-နဂါးနက်က ကောင်းကင်ကို ငေးစိုက်ကြည့် နေသည်ကို မြင်လိုက်ရ၏။ ခုနက ချန်လွေ့၏ သနားစရာ ကြွက်သားကို ၃၆၀ ဒီဂရီ ဆွဲလှည့်ခဲ့သော လက်က အခြား တစ်ယောက် ဖြစ်နေသကဲ့သို့ပင်။

ဒုတိယမြောက် အကြိုဗိုလ်လုပွဲ ပြီးဆုံးသွားခဲ့ပြီး အားလုံး အတွက် အံ့အားသင့်စရာပင် “အက်ဂ်ယော”က မဟာရိုင်ဇန်ကို အနိုင်ယူခဲ့သည့် အထူး အစွမ်းထက် ပုဂ္ဂိုလ် လာလာရီယာကို အနိုင်ယူခဲ့လေသည်။

အကြိုဗိုလ်လုပွဲ ရလာဒ်များက ဧကရီကတ်သရင်းအား ထောက်ခံသူများကို “အက်ဂ်ယော”ထံ ရောက်ရှိသွားစေသည်။ ဒုတိယ အစွမ်းထက်ပုဂ္ဂိုလ်၊ အရိပ်နက်အင်ပါယာမှ ဧကရီက ရက်ပီပစ်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပြီး ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ် မဟာရိုင်ဇန်ကို လာလာရီယာက အလွယ်တကူ အနိုင်ယူခဲ့သည်။ “အက်ဂ်ယော”က လာလာရီယာကို အနိုင်ယူခဲ့၏။ ထိုကဲ့သို့ စွမ်းအားအရ ကြည့်မည်ဆိုရင် “အက်ဂ်ယော”၏ စွမ်းအားက ကတ်သရင်းထက် များစွာ သာလွန်ကြောင်း ပြောနိုင်ပေသည်။

သို့သော်လည်း စစ်မြေပြင်၌ မည်သည်မဆို ဖြစ်နိုင်ကြောင်း ယုံကြည်နေကြသော ဧကရီအရှင်မ၏ သစ္စာရှိ ပရိသတ်များလည်း ရှိနေပြီး ဧကရီ ကတ်သရင်း သေချာပေါက် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြသည်။

နှစ်ဖက်လုံး သဘောတူထားသည့် အတိုင်းဆိုလျှင် (၂)ရက် ကြာပြီးနောက် ဗိုလ်လုပွဲ ကျင်းပမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း (၂)ရက် ကုန်ဆုံးသွား၏။

မနက်စောစောတွင် ချန်လွေ့ နေထိုင်သော တည်းခိုခန်းက အတော်လေး စည်ကားနေခဲ့သည်။

ထိုအရာက ယနေ့ ဗိုလ်လုပွဲနှင့် ဘာမှ မဟုတ်ပေ။ ဇာတ်လိုက်မှာ ရင်ပြားလိုလီ လာလာရီယာ ဖြစ်၏။

အကြောင်းရင်းမှာ သူ့တွင် မူပိုင်လက္ခဏာဖြစ်သော နှုတ်ခမ်းမွှေး မရှိတော့ဘဲ “နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီ” မဟုတ်တော့ဘဲ “ရင်ပြားလိုလီ” ဖြစ်သွားခြင်း ကြောင့်ပင်။ သူက ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်စားထားသော်လည်း ထိုကဲ့သို့ ထူးဆန်းသော ခံစားချက် မရှိတော့ဘဲ ကျက်သရေရှိကာ ကြည့်ကောင်း နေခဲ့သည်။

၂ရက် အိပ်စက်ပြီးနောက် လာလာရီယာက [ ထိန်းမရ သိမ်းမရ ] ပါရမီ၏ ဘေးထွက်ဆိုးကျိုးမှ ပြန်သက်သာလာခဲ့သည်။

“‌ဟေ့။ ဟိုကောင်။ ရယ်ချင်သလောက်ရယ်။” နှုတ်ခမ်းမွှေး မရှိသော ရင်ပြားလိုလီက ချန်လွေ့က စိုက်ကြည့်နေပြီး အထိမခံ ဖြစ်နေခဲ့သည်။

ချန်လွေ့က မျက်နှာဖုံး မဝတ်ထားသော်လည်း လိုရမည်ရ အနေဖြင့် လူသားလောကမှ မျက်နှာကို အသုံးပြုခဲ့သည်။ သူက မရှက်မကြောက် ရယ်လိုက်၏။ “တကယ်တော့ ကျုပ်ပြောချင်တာ.. အာ... လာလာရီယာ။ ခင်ဗျားက အခု ပိုပြီးတော့ ချစ်စရာ ကောင်းသွားတယ်။”

ရင်ပြားလိုလီက အံကြိတ်လိုက်သည်။ “ခွေးကောင်း။ မင်း ပြောချင်တာပြော။ တစ်နေ့ကျရင် ငါ .....”

“ဆာ-လာလာရီယာ။ ရှင် ဘာလို့....” ယခုမှ အောက်ထပ်သို့ ဆင်းလာသော ခီရာက လာလာရီယာ၏ ပုံစံကို မြင်လိုက်ပြီး အံ့အားသင့်သွားဖြင့် နှုတ်ခမ်းကို လက်ညှိုးထိုးပြုလိုက်သည်။

လာလာရီယာက ချန်လွေ့ကို မှုန်တေတေနှင့်ကြည့်ပြီး အေးစက်စွာဖြင့် သရော်ပြုံး ပြုံးလိုက်သည်။ “ငါက ဘယ်သူမှန်း မသိတဲ့ကောင်ကို ရှုံးသွားတယ်ဆိုတော့ အရှုံးကို ဝန်ခံပါတယ်။”

“အရှုံးကို ဝန်ခံတယ် ဟုတ်လား။ ဒါဆိုရင် ရှင်....” ကဝေမလေးက ပါးစပ်ကို အုပ်လိုက်ပြီး ‘ရှင် သူ့နဲ့ ဇနီးလောင်း မဖြစ်ချင်ဘူးလား’ ဟူသော ဒုတိယ တဝက်ကို မပြောခဲ့ပေ။

လာလာရီယာက အမြင်ကောင်း ပေးခဲ့သော်လည်း မိတ်ဆွေက တစ်ကဏ္ဍ၊ ချစ်သူပြိုင်ဘက်က တစ်ကဏ္ဍ ဖြစ်ပေသည်။

“ငါက အမြဲတမ်း ကတိတည်တယ်။” လာလာရီယာက ပြောသည်။ “ငါက ဒီကောင့်ကို အဖိုးတန်ဆုံးအရာ ပေးဖို့အတွက် ကတိပေးထားတာဆိုတော့ ငါ့ကတိကို ဘယ်တော့မှဖျက်မှာ မဟုတ်ဘူး။”

“အဖိုးတန်ဆုံးအရာ” တဲ့လား။ လိုလီလေးက ထိုသို့ ပြောလိုက်သည်နှင့် ဧကရီ၊ အမျိုးသမီး သိပ္ပံပညာရှင်၊ အမျိုးသမီး ဗိုလ်ချုပ် နှင့် အမျိုးသမီး ထောက်လှမ်းရေး ခေါင်းဆောင်အပါအဝင် မောင်းမ‌ဆောင်မှ အားလုံးက သတိထားသော အမူအရာများ ပြသလိုက်သည်။ ထိုအရာက “ဟိုကောင်”ကို ချက်ချင်းပင် ကြက်သီးထသွားစေသည်။

“ငါ သူ့ကို အဖိုးတန်ဆုံး နှုတ်ခမ်းမွှေး ပေးခဲ့တယ်။ အခု ငါတို့ ညီသွားပြီ။ အခု ငါ နဂါးကျွန်းဆီ ပြန်ပြီးတော့ ပိုင်ဆိုင်မှုတွေ ပြန်ယူလို့ရပြီ။ ဟိုးဟိုးဟိုး....” ရင်ပြားလီလိုက ထူးထူးဆန်းဆန်း ရယ်လိုက်၏။

“ဆာ-လာလာရီယာက သိပ်တော်တာပဲ။” ဦးနှောက်ပျက် ပရိသတ်အဖွဲ့က ချက်ချင်းပင် သံပြိုင်‌အော်လိုက်ကြသည်။

မောင်းမဆောင်က စိတ်သက်သာရာ ရသွားပြီး အစေခံမလေးက မျက်လုံးလှန်လိုက်သည်။ “ပြဿနာက ဆာ-အက်ဂ်လက်စ်....”

“ဒီကောင်က ငါ့ကို ပိုင်ဆိုင်မှုတွေ ပြန်ပေးပြီးတော့ လက်ထပ် စာချုပ်ကို ပယ်ဖျက်ဖို့ ကတိပေးခဲ့တယ်။ ပြီးတော့ ငါက သူ့ကို အဖိုးတန်ဆုံးအရာ ပေးခဲ့တယ်။ ဒါက မျှတတဲ့ အလဲအလှယ်ပဲ။ အဘိုးကြီး ဘာမှပြောနိုင်မှာ မဟုတ်ဘူး။” ရင်ပြားလိုလီက ငတုံး မဟုတ်ပေ။ အစေခံမလေး၏ ရည်ရွယ်ချက်ကို သူ မည်သို့ နားမလည်နိုင်မည်နည်း။ သူက ချန်လွေ့ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။ “စိတ်မပူပါနဲ့။ မင်းတို့ပဲ ဒီလိုလူမျိုးကို ရတနာလို ဆက်ဆံကြတာ။ ငါ့မျက်လုံးထဲမှာတော့ သူက ကံဆိုးမိုးမှောင် နတ်ဘုရားပဲ။ သူ့နားကို ကပ်မိတာနဲ့ ဘာမှမကောင်းဘူး။ ငါ သူ့ကို ထပ်ပြီးတော့ မတွေ့ချင်တော့ဘူး။”

“လာလာရီယာ....နင်ငါ့ကို လုံးဝ လာမတွေ့တော့ဘူးလား။” မစ်-နဂါးနက်က တွန့်ဆုတ်လျက် ရင်ပြားလိုလီ၏လက်ကို ကိုင်လိုက်သည်။

ရင်ပြာလိုလီက ရင်ထဲထိသွားခဲ့သည်။ “အိုလီဖီးရက်စ်။ တကယ်တော့ ငါလည်း နင်နဲ့ မခွဲနိုင်ပါဘူး...”

မစ်-နဂါးနက်က မျက်တောင်ခတ်လိုက်ပြီး သလင်းကျောက်နက် ဒင်္ဂါများ လက်ခနဲ ဖြစ်သွားကာ စိတ်ရင်းဖြင့် ပြောလိုက်၏။ “ငါပြောတာက မသွားခင် စာရင်းအရင်ရှင်းသွားဦးလို့လေ.....”

ရင်ပြားလိုလီ - “.....”

“ငါ့မှာ အကြွေးရစရာ ရှိသေးတယ်။ နင် ငါ့ကို နှစ်ဆပေးမယ်လို့ ကတိပေးထားတာလေ။”

ရင်ပြားလိုလီက သိမ့်သိမ့်တုန်သွား၏။ “.....”

လာလာရီယာကို အကြွေးတောင်းခံနေကြာင်း မြင်သည့်အခါ ဘေးဖက်မှ ပါ့ဂ်လီအိုနှင့် ရိုမန်တို့က ဝင်မပါစေရန်အတွက် တည်ရှိမှုကို လျှော့ချပြီး စာနာစိတ်ဖြင့် နောက်သို့ တိတ်တိတ်လေး ပြန်ဆုတ်ခွာသွားကြသည်။

လာလာရီယာနှင့် ချန်လွေ့တို့ တိုက်ပွဲအတွင်း မရိုးဖြောင့်သော သူငယ်ချင်းတစ်ယောက်က ချန်လွေ့ တစ်နာရီ မခံနိုင်ကြောင်း လောင်းကြေးထပ်ခဲ့သည်။ ရလာဒ်အနေဖြင့် မစ်-နဂါးနက်၊ အဲလစ်နှင့် အယ်ဒီလိုင်းတို့က ချန်လွေ့အနိုင်ကို ကြီးကြီးမားမား လောင်းခဲ့ကြသည်။ အဆုံးတွင် ချန်လွေ့က လာလာရီယာကို အနိုင်ရခဲ့ပြီး မရိုးဖြောင့်သော သူငယ်ချင်းနှစ်ယောက်က နောင်တကြီးစွာ ရသွားကြတော့သည်။

သူတို့နှစ်ယောက်က အိတ်ကပ်ထဲမှ စုဆောင်းမှုများအားလုံး ဆုံးရှုံးသွားရုံသာမက မစ်-နဂါးနက်နှင့် သူငယ်ချင်းများ၏ အကြပ်ကိုင်မှုအောက်တွင် အကြွေးစာများကို ရေးခဲ့ရသည်။ ထိုအချိန်တွင် အိုလီဖီးရက်စ်က အကြွေးရှင်ကြီးအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။

လာလာရီယာ အမြန်ထွက်ပြေးသွားပြီး နောက်မှ ပရိသတ် အဖွဲ့ လိုက်သွားသည်ကို ကြည့်နေရင်း အစ်ဇဘယ်လာက နောက်သို့ လိုက်တော့မည့် မစ်-နဂါးနက်ကို ဖမ်းဆွဲလိုက်သည်။ “တော်တယ်။ အိုလီဖီးရက်စ်။”

မစ်-နဂါးနက်က မည်သည့်အတွက်ကြောင့် ချီးမွမ်း ခံရကြောင်း နားမလည်ခဲ့ပေ။ သူက ငေးငိုင်လျက် မေးလိုက်သည်။ “ဘာကိုလဲ။”

လာလာရီယာ နှုတ်ဆက်ခြင်းက ကိစ္စအသေးလေးသာ ဖြစ်ပေသည်။ ယနေ့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးမှာ သိုင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲပင်။

ဆွေမျိုးများနှင့် မိတ်ဆွေများ ပြိုင်ကွင်းထဲသို့ ရောက်သွား သောအခါ ပြိုင်ကွင်းက လူပြည့်နေပြီ ဖြစ်သည်။

ချန်လွေ့က ပြိုင်ကွင်းသို့ အရင်သွားလိုက်ပြီးနောက် ဆွေမျိုးများနှင့် မိတ်ဆွေများက အထူးပြင်ဆင်ထားသော အရေးကြီးပုဂ္ဂိုလ်များအခန်းသို့ ဝင်သွားခဲ့သည်။ ထိုနေရာက မျက်နှာပြင်နှင့် ပုံရိပ်ကို အကောင်းဆုံး ရှုထောင့်မှ ကြည့်နိုင်သော အထူးစင်မြင့်တစ်ခု ဖြစ်ပြီး အသံလုံခြင်း ကဲ့သို့ အထူးခံစားမှုရသ များလည်း ရှိပေသည်။

အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းတွင် ဆွေမျိုးများနှင့် မိတ်ဆွေများ အဖွဲ့က အသိအကျွမ်းဟောင်း (၃)ယောက်ဖြစ်သော ကလေးကို ဖက်ထားသည့် လီလစ်ဇ်နှင့် “ပြိဿ”ဖြစ်သည်ဟု သံသယဝင် ခံရနေရသော တာဒီလာတို့နှင့် မတော်တဆ တွေ့ဆုံခဲ့သည်။

“ဒေါ်လေး အသီနာ။” ကလေးမလေးက အသီနာကို မြင်သည်နှင့် အော်ခေါ်လိုက်၏။

အသီနာက သော်သော်ကို မြင်လိုက်သောအခါ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူက တစ်ခုခုကို သတိရလိုက်ပြီး ယခင်တစ်ခေါက်က သော်သော်ပေးထားခဲ့သော ဝက်ခေါင်း အရုပ်ကို ထုတ်လိုက်၏။ “ဒါက သော်သော့်အတွက်။”

“ဒေါ်လေး အသီနာက အကောင်းဆုံးပဲ။” ကလေးမလေး၏ မျက်လုံးများက လခြမ်းပုံစံဖြင့် ပြုံးလိုက်လေသည်။ သူက ခါးကိုင်းကာ အာဘွားပေးလိုက်ပြီး အသီနာ၏ မျက်နှာပေါ်တွင် တံတွေးရာနှစ်ခု ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့ ရင်းနှီးမှုမျိုးက ကလေးမလေး ကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့သော လီလစ်ဇ်ကို အံ့အားသင့် သွားစေခဲ့သည်။ မင်းသမီးလေးက မည်သည့် သူစိမ်းကိုမှ အနားကပ် မခံပေ။ သို့မဟုတ်ပါက သူတို့က မင်းသမီးလေးကြောင့် အကင်ဖြစ်သွား ပေလိမ့်မည်။

မောင်းမဆောင်အဖွဲ့က သော်သော်ကို အတော်လေး သဘောကျကြပြီး တစ်ယောက် တစ်လှည့်စီ တရင်းတနှီး ပွေ့ဖက်နေကြ၏။ ကလေးမလေးကလည်း အတော်လေး ပျော်နေပုံရသည်။

အသီနာက သော်သော်ကို ပွေ့ဖက်ပြီးနောက် လီလစ်ဇ်ထံ ပြန်ပေးရန် တွန့်ဆုတ်နေခဲ့ပြိးနောက် မေးလိုက်သည်။ “လီလစ်ဇ်။ ဒီနေ့ပွဲကို ကြည့်ဖို့အတွက် သော်သော်ကို ခေါ်လာတာလား။”

လီလစ်ဇ် ခေါင်းညိတ်လိုက်သည်။ သောသော်က စာရင်းသွင်းစဉ် အချိန်၌ ဖေဖေဟု အော်ခေါ်ခဲ့သည့်အတွက်ကြောင့် ဧကရီအရှင်မက သော်သော်နှင့် အပြင်မထွက်ရန် အမိန့်ပေးထား ခဲ့လေသည်။ ထို့နောက် တစ်ညတွင် သော်‌သော်က အမှန်တကယ် ခိုးထွက်သွားခဲ့ပြီး လီလစ်ဇ်ကို သေလုမတတ် ကြောက်လန့် သွားစေခဲ့သည်။ ကံကောင်းစွာပင် သူက အသီနာနှင့် အခြားသူများကို တွေ့သွားခဲ့ရသည်။ သို့သော်လည်း ဧကရီ အရှင်မက သူ့ကို အပြစ်မတင်ဘဲ အမိန့်ကို ပြေလျော့ပေးလိုက်၏။ ယနေ့မှာ ပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်းကို သူနှင့် တာဒီလာတို့ ပထမဆုံး လာကြည့်ခြင်း ဖြစ်သည်။ ပြန်လည် ထုတ်လွှင့်ခြင်းကို တိတ်တိတ်လေးသာ ကြည့်နိုင်ခဲ့သော တာဒီလာက အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။

လီလစ်ဇ်က ပြောလိုက်သည်။ “ဆာ-အက်ဂ်ယော ရောက်လာပြီ။”

ပုံရိပ်ထဲ၌ ချန်လွေ့က ကွင်းပြင်ထဲသို့ ရောက်ရှိလာခဲ့သည်။

ဝတ်ရုံနှင့် ရင်းနှီးသောလူကို ကြည့်ရင်း ချန်လွေ့ကို တစ်ခါက အနည်းငယ် တိုက်ခိုက်ခဲ့ဖူးသော တာဒီလာက ခံစားချက်များ ပြည့်နှက်နေခဲ့သည်။ ယခုတွင် တာဒီလာက နတ်ဆိုးဧကရာဇ် အဆင့် အလတ်ပိုင်းမှ ထိပ်သီးပိုင်းသို့ ရောက်နေပြီး အတော်လေး လျင်မြန်သည်ဟု ပြောရပေမည်။ သို့သော် ထို“အက်ဂ်ယော”က သူ မော့ကြည့်ရန် လိုအပ်သော အဆင့်တစ်ခုအထိ ရောက်ရှိသွားခဲ့ လေပြီ။

အစပိုင်းတွင် သော်သော်က အသီနာ၏ လက်မောင်းထဲ၌ ဝက်ခေါင်းအရုပ်နှင့်သာ ကစားနေခဲ့သည်။ သူက မျက်နှာပြင်ကြီးကို မတော်တဆ မြင်လိုက်သောအခါ အကြည့်မလွှဲနိုင်တော့ပေ။

မျက်နှာပြင်ပေါ်မှလူက ဝတ်ရုံဝတ်ထားပြီး မျက်နှာဖုံးလည်း ဝတ်ထားဟန်တူသည်။ ထို့ကြောင့် သူ၏မျက်နှာကို သေသေချာချာ မမြင်ရပေ။ သို့သော်လည်း ကလေးမလေးက စိတ်ထဲ၌ ထူးထူးဆန်းဆန်း ရင်းနှီးမှုတစ်ခု ရှိနေပြီး ထိုပုံရိပ်ကို ကြည့်ကာ ချစ်စရာ မျက်လုံးဝိုင်းဝိုင်းလေးက ပိတ်လိုက်ဖွင့်လိုက် လုပ်နေပြီး တစ်ခုခုကို မြင်ချင်နေဟန်တူသည်။

ပြိုင်ကွင်း‌ပေါ်မှ တိမ်တိုက်များက တဖြည်းဖြည်း နီရဲရဲ ဖြစ်သွားပြီး အထူးစွမ်းအားတစ်ခုက ဆွဲယူလိုက်သလိုပင် တစ်နေရာသို့ အလျင်အမြန် ပျံ့နှံ့ပြီး ရွေ့လျားသွားကြသည်။

စစ်မြေပြင်၌ ချန်လွေ့က ဘယ်လက်မှ အထူး လောင်ကျွမ်းသော ခံစားချက် ပြန်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်မိပြီး ဘယ်လက်ကို ကိုင်လိုက်မိသည်။

ကလေးမလေး၏ မျက်လုံးများ အရောင်တောက်သွားပြီး ပုံရိပ်ကို လက်ညှိုးထိုးပြကာ ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်၏။ “ဖေဖေ....ဖေဖေ....”

သော်သော်ကို ဖက်ထားသော အသီနာက ကြက်သေသေ သွား၏။ လီလစ်ဇ်လည်း ကြက်သေသေသွား၏။ တာဒီလာလည်း ကြက်သေသေသွား၏။ ဇိုလာ၊ ရှီရာ....နှင့် အရေးကြီးပုဂ္ဂိုလ်အခန်းမှ အားလုံး ကြက်သေသေသွား၏။

လီလစ်ဇ်နှင့် တာဒီလာတို့က အချင်းချင်း ကြည့်လိုက်ကြပြိး စိတ်ထဲ၌ ဖော်ပြ၍မရသော တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။ သူတို့က သော်သော် အရွယ်ရောက်လာသည်ကို ကောင်းကောင်း ကြည့်ခဲ့ရသည်။ မွေးကတည်းက အခုအထိ သူက ဘယ်သူ့ကိုမှ “ဖေဖေ”လို့ မခေါ်ခဲ့ဘူး။

သံလက်သီးနယ်မြေကို ရောက်လာပြီးမှပဲ ဒီစကားလုံးကို သူပြောပြီးတော့ အဖေဖြစ်သူကို ရှာဖို့အတွက်တောင် ခိုးပြီးတော့ ထွက်သွားခဲ့သေးတယ်။ ဧကန္တ.....။ သူတို့နှစ်ယောက်က သော်သော်၏အဖေ မည်သူဖြစ်ကြောင့် တစ်ခါမက ခန့်မှန်းခဲ့ကြ ဖူးသော်လည်း အဖြေမှန်က “အက်ဂ်ယော” ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ ကြယ်ကြွေတမန်အင်ပါယာမှ ဧကရီ ရှီရာ၏ ကြင်ရာတော်မင်းသား ဖြစ်နေ၏။

ဒီလျို့ဝှက်ချက်က လုံးဝ ထိတ်လန့်စရာပဲ။

ဒီနေ့ ဗိုလ်လုပွဲမှာ နှစ်ဖက်လုံးက သော်သော်နဲ့ အမေနဲ့ .... အဖေ ဖြစ်နေတယ်။

အသီနာနှင့် အခြားသူများကလည်း တူညီစွာပင် ထိတ်လန့် သွားကြသည်။ သော်သော်က တကယ်ပဲ ချန်လွေ့ကို ဖေဖေလို့ ခေါ်ခဲ့တယ်။

ကလေးရဲ့အသံက ဖော်ပြလို့မရတဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ ဒါက လုံးဝ အတုအယောင် မဖြစ်နိုင်ဘူး။

ဒါကြောင့် ဒီကလေးက ငါတို့ကို ရင်းနှီးတဲ့ ခံစားချက်မျိုး ပေးနေတာကိုး။ ဒါက အမှန်သာဆိုရင်........။ ကောင်မလေး အားလုံးက တစ်ချိန်တည်းမှာပင် ကိစ္စတစ်ခုကို တွေးမိသွားသည်။ အဲဒီကောင်စုတ်က ဘယ်တုန်းက လီလစ်ဇ်နဲ့ နှစ်ပါးသွားခဲ့တာလဲ။ သူတို့မှာ ကလေးတစ်ယောက်တောင် ရှိနေတယ်။

လီလစ်ဇ်နှင့် တာဒီလာတို့၏ မျက်လုံးများက မျက်နှာလွှား ဝတ်ထားသော ရှီရာကို စိုက်ကြည့်နေကြသည်။ အမှန်တကယ်၌ အမျိုးမျိုးသော သတင်းအချက်အလက်များမှတဆင့် ရှီရာ၏ သရုပ်ကို သူတို့ မှန်းဆမိပြီးသား ဖြစ်သည်။

ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် နတ်ဆိုးဘုံရဲ့ ပထမဆုံး မဟာ့မဟာ ဆရာသခင်နဲ့ နတ်ဆိုးဘုံကို တုန်လှုပ်စေခဲတဲ့ ပြိုင်စံရှား အင်အားကြီးတဲ့ အထူးအစွမ်းထက်ပုဂ္ဂိုလ် အက်ဂ်ယောက တကယ်ပဲ နတ်ဆိုးဘုံက ဧကရီနှစ်ပါးရဲ့ “ကြင်ရာတော်မင်းသား” ဖြစ်နေတာလား။

ဒီဧကရီ ရှီရာက အဲဒီအကြောင်း သိလာတော့ ငါ မသိဘူး။ မသိဘူးဆိုရင်တော့ ဧကရီအရှင်မ ကတ်သရင်း၏ အစီအစဉ်က လုံးဝကို မထင်မှတ်ထားတာပဲ။ ဒါက အရိပ်နက်အင်ပါယာရဲ့ လက်ရှိ အရေးနိမ့်မှုကို ပြောင်းပြန် ဖြစ်စေနိုင်မယ့် အစွမ်းထက်ဆုံး အကွက်လည်း ဟုတ်တယ်။ တကယ့်ကို ထိပ်တန်းပညာရှိ ဆိုတဲ့ အတိုင်းပဲ။

သူတို့နှစ်ယောက်က ရှီရာကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေစဉ် ပတ်ပတ်လည်မှ မျက်လုံးများက ပို၍ ထူးဆန်းနေသလို ခံစားလိုက်ရပြီး ထိုမျက်လုံးများက အဓိကအားဖြင့် တာဒီလာကို ကြည့်နေလေသည်။ ဒီအကြည့်များက အမှန်တကယ်ပင် ထိုခန့်ညားသော ယောက်ျား နားမလည်နိုင်သော စာနာ သနားမှုများ ပြည့်နှက်နေလေသည်။ ထိုအရာက တာဒီလာကို ကြက်သီးများ ထသွားစေသည်။

သူ့မိန်းမက သစ္စာမရှိတာကို မပြောနဲ့ဦး၊ သူက တခြားသူနဲ့ ကလေးကို အလကား ဂရုစိုက်ပေးနေရတယ်... “သနားစရာ ပြိဿ”။ အဲလစ်က သက်ပြင်းချလိုက်မိသည်။ ၎င်းက အဆုံးမဲ့သော လောကဓံတရားများ ပြည့်နှက်နေသည်။ ထို့နောက်တွင် ၎င်းတို့က ပျောက်ကွယ်သွားခဲ့ပြီး လိုလီလေးက စာအုပ်တစ်အုပ်ကို အလျင်အမြန် ကောက်လှန်လိုက်သည်။ ထို့နောက် လောကဓံ တရားများ ပြန်ပေါ်လာပြီး အရေးပါသော စာသားတစ်ခုကို ထပ်ပေါင်းထည့်လိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ကလေးက အပြစ်မရှိဘူး။”

“ဒါက ပြိုလဲနေတဲ့ လောကကြီးရဲ့ အမှားပဲ။” စကားထက်သော မာယာရှင် မင်းသမီးလေးက လိုလီလေး၏ လက်ထဲမှ “ပြိဿ အတ္ထုပ္ပတ္တိ” စာအုပ်ကိုယူပြီးနောက် လှန်လျောကာ ပြတ်သားသော အကျဉ်းချုံးတစ်ခု ပြုလုပ်လိုက်၏။

ဇဝေဇဝါဖြစ်နေသော တာဒီလာက သူ မည်သည်ကြောင့် ပြိဿ“ပြန်ဖြစ်”သွားရကြောင်း နားမလည်နိုင်သေးပေ။ ထိုအချိန် သော်သော်က အရေးကြီးပုဂ္ဂိုလ်အခန်းကို တုန်လှုပ်သွားစေသော အရာတစ်ခုကို ပြုလုပ်လိုက်သည်။ သူက ရုပ်မြင်သံကြားမှ ပုံရိပ်ကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်ပြန်သည်။ “မေမေ....မေမေ....”

All Chapters