ကမ္ဘာပျက်ကပ်တရားခွင်
Vol. 54 Ch. 878
သွေးရောင်အင်ပါယာ၌ ကျင်းပသော သိုင်းပြိုင်ပွဲ အဆုံးသတ် သွားလေပြီ။ အကြိုဗိုလ်လုပွဲမှ အကြမ်းတမ်းဆုံး တိုက်ပွဲနှင့် ယှဉ်ပါက အံ့ဖွယ်ဖြစ်ရပ်ဟု ပြော၍ရသော ဗိုလ်လုပွဲ၌ ဖြစ်သွားခဲ့သည်မှာ ပို၍ပင် ထင်းခနဲ မြင်သာနေပေသည်။
ထင်ထားသကဲ့သို့ ပြင်းထန်သော တိုက်ပွဲများ မဖြစ်ခဲ့ပေ။ အစမှ အဆုံးအထိ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် စကားပြောနေခြင်းသာ ရှိခဲ့သည်။
ဗိုလ်လုပွဲတွင် အနိုင်ရရှိသူ မရှိပေ။ အခြားရှုထောင့်မှကြည့်ပါက ကတ်သရင်းနှင့် “အက်ဂ်ယော”တို့ နှစ်ယောက်လုံးက အနိုင် ရရှိသူများပင်။
နတ်ဆိုးဘုံ၏ ထိပ်တန်း ပညာရှိနှင့် မိန်းမလှ ဧကရီ ကတ်သရင်း ပြောသည့်အတိုင်းပင် ထိုအရာက အရိပ်နက်အင်ပါယာအတွက်၊ အင်ပါယာ(၃)ခု အတွက်နှင့် နတ်ဆိုးဘုံတစ်ခုလုံး အတွက်ပင် အရေးအကြီးဆုံး အခိုက်အတန့် ဖြစ်ခဲ့သည်။
သေရန် ဆုံးဖြတ်ထားသော ဧကရီ ကတ်သရင်းက “အက်ဂ်ယော” (ကြယ်ကြွေတမန်အင်ပါယာကို ကိုယ်စားပြုသော) ကို နတ်ဆိုးဘုံအား ထိန်းချုပ် အုပ်စိုးမှုအား ထာဝရ လက်လျှော့ စေခဲ့ကာ မျှော်လင့်စရာကောင်းသော အနာဂတ် အင်ပါယာ စနစ် ဖြစ်သည့် “နိုင်ငံများအုပ်စု” မဟာမိတ်အဖွဲ့ကို ထောက်ပြခဲ့သည်။
ထိုဧကရီက အရိပ်နက်အင်ပါယာနှင့် နတ်ဆိုးဘုံ တစ်ခုလုံး အတွက်ပင် အသက်ကို စတေးခံရလုနီးပါး ဖြစ်ခဲ့ပုံရသည်။ သို့သော် နောက်ထပ် ဆက်ဖြစ်သွားသည်မှာ အုတ်အော်သောင်းတင်းနှင့် ကြင်နာသော အဆင့် ဖြစ်နေ၏။ ဧကရီ အရှင်မ နှင့် အက်ဂ်ယော တို့က အမှန်တကယ်၌ အချင်းချင်း ချစ်မြတ်နိုးနေကြပြီး သမီး တစ်ယောက်ပင် တိတ်တိတ်လေး ရှိနေခဲ့သည်။
ကတ်သရင်းနှင့် “အက်ဂ်ယော”တို့ ချစ်သူနှစ်ယောက် အချင်းချင်း လက်ကိုင်ထားသည်က အရိပ်နက်အင်ပါယာ အပါအဝင် နတ်ဆိုးဘုံတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။
အခြားအချိန်သာဆိုလျှင် ထို့အဖြစ်အပျက်က အရိပ်နက် အင်ပါယာ တစ်ခုတည်း၌ပင် ကြောက်မက်ဖွယ်ရာ “တုန်လှုပ်မှု” ဖြစ်သွားစေနိုင်သည်။
သို့သော်လည်း လက်ရှိ အခြေအနေအရ ထိုကဲ့သို့ အရာက မရေမရာနှင့် စိုးရိမ်နေရသော အရိပ်နက် အင်ပါယာအတွက် အကြီးမားဆုံး စိတ်အေးစေခဲ့လေသည်။ အရိပ်နက်အင်ပါယာက “နိုင်ငံများအုပ်စု” ဖြစ်လာမလာ သက်ပြင်းချနိုင်ခဲ့လေသည်။
အမှန်တကယ်၌ ယခုတွင် လူအတော်များများက “အက်ဂ်ယော”၏ စွမ်းအားကို သဘောပေါက် သွားကြပြီ ဖြစ်သည်။ ထိုကြင်ရာတော်မင်းသားက အခွံလွတ်သက်သက်သာ မဟုတ်ပေ။ “အက်ဂ်ယော”က အိုဆိုင်ဒန်ကို ရှီရာ နှိမ်နင်းပြီး နန်းတက်လာ နိုင်ရခြင်း၏ အကြီးမားဆုံး အကြောင်းရင်း ဖြစ်ကြောင်း ပြောကြလေသည်။ သူ့လက်ထဲတွင် ရှိနေသော အင်အားက နတ်ဆိုးဘုံတစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်ပေသည်။
ရှီရာက အရိပ်နက် လော့ဒ် ဖြစ်ခဲ့စဉ်က “အက်ဂ်ယော”သည် ဝတ်ရုံဂိုဏ်း အယောင်ဆောင်အောက်တွင် အလုပ်လုပ်နေခဲ့ပြီး အိုဆိုင်ဒန် တိုက်ခိုက်လာမှသာ သူက တကယ့် စွမ်းအားများ ပြသပြီး အိုဆိုင်ဒန်ကို နေရာတွင်ပင် သတ်ပစ်ခဲ့လေသည်။ ယခု တစ်ခေါက် သိုင်းပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ တိုက်ပွဲ မရှိသော်လည်း သူက ရိုင်ဇန်ထက် များစွာသာလွန်သော အထူး အစွမ်းထက် ပုဂ္ဂိုလ်နှင့် ချန်ပီယံဖြစ်ကြောင်း အသိအမှတ်ပြု ခံနေရပြီ ဖြစ်သည်။ တကိုယ်တော် အစွမ်းများကို အသာထားလိုက်လျှင်ပင် အားလုံး ခန့်မှန်းမိထားသည့်အတိုင်းပင် ကြယ်ကြွေတမန်အင်ပါယာ စစ်ရေးပြ အခမ်းအနား၌ ပေါ်ထွက်လာခဲ့သည့် မှော်သေနတ်တပ်ဖွဲ့၊ စုစည်းရုပ်သေးနှင့် တစ်ခါမှ မမြင်ဖူးခဲ့သော ရှေးအစောင့်အရှောက် များအားလုံးကို “အက်ဂ်ယော” အမှန်တကယ် ပိုင်ဆိုင်လေသည်။ ရှီရာတွင် ထိုကဲ့သို့ အင်အားမျိုးပိုင်ဆိုင်ခဲ့လျှင် ထိုအချိန်၌ ရိုင်ဇန်ကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့မည် မဟုတ်ပေ။
ပြောရမည်ဆိုလျှင် ကတ်သရင်းနှင့် “အက်ဂ်ယော”တို့ ပြန်လည်ပေါင်းခြင်းက စစ်ဖြစ်ရန် စိုးရိမ်နေသော အရိပ်နက် အင်ပါယာ အတွက် သတင်းကောင်းပင်။
ကတ်သရင်းက ပြည်သူများ၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိထားသော အရိပ်နက်အင်ပါယာမှ အကြွင်းမဲ့ အုပ်ချုပ်သူနှင့် စိတ်ဝိညာဉ်ခေါင်းဆောင် ဖြစ်သည်။ “အက်ဂ်ယော” က သူ့ကို “ထီးနန်းအတွက်၊ တာဝန်အတွက်၊ ပြည်သူတွေအတွက် အသက်ကို စတေးတာ ထိုက်တန်ရဲ့လား”လို့ မေးသောအခါ ကတ်သရင်းက မတုံ့မဆိုင်းပင် “ထိုက်တန်တယ်” ဟူ၍ ပြန်ဖြေခဲ့လေသည်။
ထိုအခိုက်တွင် အရိပ်နက်အင်ပါယာမှ မရေမတွက်နိုင်သော ပြည်သူများ မျက်ရည်ဝဲကုန်ကြသည်။
အဆုံးတွင် အက်ဂ်ယောက ကတ်သရင်းအတွက် အုပ်စိုးရန် ရည်ရွယ်ချက်ကို လက်လျှော့ပြီး စစ်ပွဲကို လက်လျှော့ခဲ့လေသည်။ သူတို့နှစ်ယောက် လက်ချင်း ဆုပ်ကိုင်လိုက်သောအခါ အရိပ်နက် အင်ပါယာမှ ပြည်သူအများစုက ပျော်ရွှင်မှုနှင့် စိတ်သက်သာရ ရမှုများ ခံစားလိုက်ရသည်။ သူတို့က ဧကရီအရှင်မအား တိတ်တိတ်လေး ကောင်းချီးပေးနေခဲ့သည်။ ကတ်သရင်း၏ ဂုဏ်သြဇာက မကျဆင်းသွားဘဲ တိုးပွားလာခဲ့၏။
သို့သော်လည်း သွေးရောင်အင်ပါယာမှ လော့ဒ်-ရိုင်ဇန်၏ မျက်နှာက သုန်မှုန် နေခဲ့သည်။
နောက်ဆုံးတစ်ခေါက် ရိုင်ဇန်က သူတို့နောက်သို့ လိုက်ခဲ့စဉ် “အက်ဂ်ယော”နှင့် ကတ်သရင်းတို့ အကြား၌ တစ်ခုခု လွဲနေကြောင်း ရှာတွေ့သွားခဲ့သည်။ သို့သော်လည်း ကတ်သရင်းက ဗိုလ်လုပွဲတွင် ထိုကဲ့သို့ လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ သူတို့တွင် သမီးတစ်ယောက် ရှိနေခြင်းပင်။
အက်ဂ်ယောက်က “အုပ်စိုးမှု”ကို လက်လျှော့ဖို့ သစ္စာဆို ပြီးတော့ ကတ်သရင်းနဲ့ လက်ကိုင်တာ၊ သမီးကို ဖက်ပြီးတော့ ခါးသက်သက်နဲ့ ငိုနေတာကို ကြည့်ရတာတော့ ကြယ်ကြွေတမန် အင်ပါယာနဲ့ အရိပ်နက်အင်ပါယာက အတူတူဖြစ်နေမှာ အသေအချာပဲ။ သွေးရောင်အင်ပါယာက ဖော်ပြလို့မရတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။
အစကတော့ ကြယ်ကြွေတမန်အင်ပါယာ အင်အားကြီး လာတာကြောင့် အရိပ်နက်အင်ပါယာနဲ့ သွေးရောင် အင်ပါယာ ပူးပေါင်းပြီးတော့ ဆန့်ကျင်ဖို့ ဖြစ်လာစေတယ်။ ဒါပေမဲ့ အခုတော့ အရိပ်နက်အင်ပါယာက ကြယ်ကြေတမန် အင်ပါယာရဲ့ “မဟာမိတ်” လိုမျိုး ဖြစ်လာခဲ့တယ်။ နိုင်ငံများအုပ်စု စနစ်က အောင်မြင်မြင် သွေးရောင်အင်ပါယာက ချောက်ကမ်းပါး အစွန်းကို ရောက်နေပြီ။
ကိစ္စအများအပြားလည်း ဖိစီးနေရာ ရိုင်ဇန်ကို ပို၍ပင် စဉ်းစားနေရစေသည်။
ယခုတွင် အက်ဂ်ယောနှင့် ကတ်သရင်း၊ ရှီရာ ဧကရီနှစ်ပါးတို့ အပြင် လျို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ် ဇုိလာတို့ အကြား အချစ်ဇာတ်လမ်းနှင့် အတင်းအဖျင်းတို့က အရူးအမူး ပျံ့နှံ့နေတော့သည်။ ထိုအကြောင်းကို ထောင့်နေရာတိုင်းတွင် ကြားနိုင်ပေသည်။
ထိုအဖြစ်အပျက်၏ ဇာတ်လိုက်မင်းသားဖြစ်သော ကြင်ရာတော် မင်းသားက မရေမတွက်နိုင်သော ယောက်ျားသားများ၏ မနာလိုခြင်း၊ မုန်းတီးခြင်းတို့ကို ခံနေရပြီး ယခုတွင် ထင်ထားသလို စိတ်အားမတက်ကြွနေဘဲ စိုးရိမ်စွာဖြင့်....တရားခွင် ရင်ဆိုင်နေရ၏။
အားလံုး အမျိုးသမီးများ ဖြစ်ကြသော ခုံသမာဓိအဖွဲ့တွင် အသီနာ၊ ဇိုလာ အစ်ဇဘယ်လာ၊ ရှီရာနှင့် ခီရာတို့က တရားသူကြီးများ ဖြစ်ကြပြီး ဒေလီယာ၊ မယ်ဒီလူ၊ အဲလစ်၊ အယ်ဒီလိုင်း၊ ခရိုဘဲလက်စ်နှင့် ဟယ်လင်တို့က ခုံသမာဓိ အဖွဲ့ဝင်များ ဖြစ်ကြပေသည်။
မျက်လုံး (၂၂)လုံးက ချန်လွေ့ကို စိုက်ကြည့်နေကြပြီး ထိုကဲ့သို့ ဖိစီးသော အခြေအနေက ဇာတ်လိုက်မင်းသားအား နတ်ဆိုးဘုရား တစ်ပိုင်း သို့မဟုတ် နတ်ဘုရား-ယောင် အဆင့်ကို ရင်ဆိုင် နေရသည်ထက် ပို၍ပင် စိုးရိမ်နေစေသည်။
ကံကောင်းစွာပင် ဇာတ်လိုက်မင်းသား၏ လည်ပင်းပေါ်တွင် စီးနေသော အင်အားကြီး အဆောင်တစ်ခုဖြစ်သော မစ်-သော်သော် ရှိနေလေသည်။ နောက်ပိုင်း ကိုင်တွယ်ရမည့် ကိစ္စများကြောင့် ဗိုလ်လုပွဲတွင် ရင်ထဲထိစရာ ပြန်လည်ဆုံဆည်းနိုင်ခဲ့သော ကတ်သရင်းက ချန်လွေ့နှင့် အတူ မသွားခဲ့ပေ။ သို့သော် မစ်-သော်သော်က “ဖေဖေကို မထားခဲ့ဘူး”ဟု အခါခါ ပြောနေသည့် အတွက် သူက ချန်လွေ့နှင့်အတူ တည်းခိုခန်းသို့ ပြန်သွားခဲ့ လေသည်။
မစ်-သော်သော်က ချန်လွေ့၏ ပုခုံးပေါ်တွင်း စီးနေပြီး ဖေဖေ၏ ဆံပင်များကို ဆွဲနေခဲ့လေသည်။ ထိုအရာက သူ ဇာမဏီ ငှက်ငယ်လေး ဖြစ်ခဲ့စဉ်က သဘောအကျဆုံးအသိုက် ဖြစ်ခဲ့သည်။
ယခုတွင် သူက လူသားခန္ဓာကိုယ် ဖြစ်သွားသည့်အတွက် အကောင်ကြီးသွားရာ ၎င်းအပေါ် မလှိမ့်နိုင်တော့သည်မှာ ဝမ်းနည်းစရာပင်။ သို့သော်လည်း လူသားခန္ဓာကိုယ် ဖြစ်ရခြင်း၏ အားသာချက်များလည်း ရှိပေသည်။ ဥပမာ သူက ဖေဖေ၏ မျက်နှာကို စိတ်ရှိသလို ကိုက်ပြီး ကုတ်ခြစ်၍ ရနိုင်၏။
ကလေးမလေးက ပစ်မှတ်ပေါ်တွင် တွားသွားနေပြီး ထိုသူ၏ မျက်နှာကို ရယ်စရာပုံစံ အမျိုးမျိုး ညှစ်နေသည့်အတွက်ကြောင့် ခုံသမာဓိအဖွဲ့ဝင်များ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။ ဖိစီးသော အခြေအနေက ကြာကြာမခံဘဲ ကွယ်ပျောက်သွားကာ ဇာတ်လိုက်မင်းသားအား စိတ်သက်သာရာ ရစွာဖြင့် ချွေးသုတ်နိုင် စေခဲ့သည်။
ထိုအတိုင်း ဆက်သွား၍ မဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး အစ်ဇဘယ်လာက အရင်ဦးစွာ စပြောသည်။ “ကြင်ရာတော် မင်းသား။ တစ်ခုခု ပြောစရာ ရှိလား။”
“တောင်းပန်ပါတယ် ဆိုတာက လွဲပြီးတော့ ပြောစရာ မရှိပါဘူး။” ကြင်ရာတော်မင်းသားက အပြစ်ရှိစိတ်ဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ သူက ဝတ္ထုများထဲမှ ဇာတ်လိုက်များကဲ့သို့ မိန်းမနှင့် ကိုယ်လုပ်တော်များအားလုံးကို ဟန့်တားနိုင်သော ခြယ်လှယ်သည့် အရှိန်အဝါ ရှိချင်သော်လည်း လက်တွေ့နှင့် စိတ်ကူးတို့တွင် ခြားနားချက် ရှိလေသည်။ ထိုအချိန်၌ မနှိမ့်ကျရန် မဖြစ်နိုင်ပေ။
ဘာမှ ပြောစရာ မရှိဘူး ဟုတ်လား။ တရားသူကြီးမားနှင့် ခုံသမာဓိအဖွဲ့ဝင်တို့က အလျင်အမြန်ပင် အချင်းချင်း ကြည့်လိုက် ကြသည်။ ဒါဆိုရင် သူ့ကို ပြစ်ဒဏ်ချမှတ်ရမှာလား။
ဘာအတွက် ပြစ်ဒဏ် ချမှတ်မှာလဲ။ ဘယ်သူ့ကိုမှ မပြောဘဲ ကတ်သရင်းနဲ့ ဖောက်ပြန်တာအတွက်လား။
ပြဿနာမှာ အချိန် အစီအစဉ်အရဆိုလျှင် ကတ်သရင်းက သူ၏ ပထမဆုံး မိန်းမဖြစ်သည်။ အစောဆုံး အသီနာကသာ သူနှင့် ယှဉ်ပြိုင်ရန် အရည်အချင်း ရှိပြီး ကျန်သောသူများက နောက်ပိုင်း “ဇနီးမယားငယ်များ”အဖြစ်သာ သတ်မှတ်၍ ရနိုင်သည်။
ခုံသမာဓိအဖွဲ့မှ ကောင်မလေးများက အချင်းချင်း မျက်လုံးမှိတ်ပြပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။ ယခုတွင် ရှေ့၌ အသီနာ တစ်ယောက်တည်းသာ ရပ်နေ၏။
အသီနာက ရုတ်တရက် ရှေ့သို့ တွန်းပို့ခံလိုက်ရသောအခါ အနည်းငယ် ရှက်သွားခဲ့သည်။ ဒေလီယာက အလျင်အမြန်ပင် သူငယ်ချင်းကို အားပေးသော အကြည့်ဖြင်င့ ကြည့်လိုက်ပြီး မောင်းမဆောင် အဖွဲ့ကလည်း အားပေးထောက်ခံသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
အသီနာက နှုတ်ခမ်းကိုကိုက်ပြီး ချန်လွေ့ အရှေ့သို့ လမ်းလျှောက်လာခဲ့သည်။ ချန်လွေ့က အသီနာက တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုစဉ်က ကတ်သရင်းနှင့် သူ၏ ရင်းနှီးမှုမှာ လုံးဝ မတော်တဆသာ ဖြစ်သည်။ ကတ်သရင်းက သူ၏ ပထမဆုံးမိန်းမ ဖြစ်ခဲ့သော်လည်း အသီနာက သူ အမှန်တကယ် ချစ်မြတ်နိုးခဲ့သော ပထမဆုံး အမျိုးသမီး ဖြစ်ပြီး သူ အချစ်ရဆုံး အမျိုးသမီးလည်း ဖြစ်သည်။
ထိုအကြည့်ကို မြင်သောအခါ အသီနာ၏ နှလုံးသား ပျော့ပျောင်းသွားခဲ့သည်။ ချန်လွေ့က “ခရစ္စတီးနား”အကြောင်းကို အသီနာကို ဖွင့်ပြောပြခဲ့ပြီးပြီ ဖြစ်သော်လည်း “ခရစ္စတီးနား”တွင် ပတ်သက်မှုကို ဖွင့်ပြောလိုက်ပါက နတ်ဆိုးဘုံကို အုတ်အော်သောင်းတင်း ဖြစ်သွားစေမည့် နောက်ခံကြီး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရာက မောင်းမဆောင် အဖွဲ့ကို ပို၍ပင် မနာလို သဝန်တို ဖြစ်သွားစေသည်။
“အဟမ်း...” နောက်ဘက်မှ သတိပေးထံ ထွက်လာ၏။ အသီနာ သတိပြန်ဝင်လာသောအခါ သူက ခဏလောက် အပြင်းအထန် ဝေခွဲမရ ဖြစ်နေခဲ့သည်။ နောက်ဆုံး၌ သူက စိတ်ပိုင်းဖြတ်ပြီး ပြောရန် ပြင်လိုက်သည်။ ထိုစဉ်က ဖေဖေဖြစ်သူ၏ ဆံပင်နှင့် ဆော့ကစားနေသော သော်သော်က ကလေးသံဖြင့် ပြောလိုက်၏။ “ဒေါ်လေး အသီနာ။ သော်သော် ပန်းသီးနီနီ စားချင်တယ်။”
“အား....ခဏစောင့်နော်။ သော်သော်။ ဒေါ်လေး အနီဆုံး တစ်လုံး ရွေးပေးမယ်။” အသီနာက ဘေးဖက်သို့ အလျင်အမြန် သွားလိုက်ပြီး ပန်းသီး ရွေးနေတော့သည်။
တစ်စုံတစ်ယောက်က တိတ်တိတ်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ နောက်ဆုံးတော့ ငါ့သမီးလေး အစွမ်းအထက်ဆုံးပဲ။ သူက ရန်သူရဲ့ ပထမဆုံး တိုက်စစ်ကို ဘာမှ မတိုက်ခိုက်ရဘဲနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။
မောင်းမဆောင်အဖွဲ့က ရှေ့ပြေးတပ် လမ်းကြောင်း လွဲသွားသည်ကို မြင်သောအခါ လက်မလျှော့ချင်ကြပေ။ ဗျူဟာရှင် အစ်ဇဘယ်လာက ရှေ့တက်လာပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ “တကယ်တော့ ဧကရီအရှင်မက ရှင့်ကို အရင်သိခဲ့တာဆိုတော့ ကျွန်မတို့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ အခြေအနေကို အသာထား။ ရှင်တို့နှစ်ယောက်မှာ ကလေးတစ်ယောက်တောင် ရခဲ့တယ်။ ကျွန်မတို့က မိသားစုတွေလို့ ရှင်ပြောခဲ့တယ် မဟုတ်လား။ အခု ရှင့်မှာ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ ကျွန်မ သိချင်ရုံပါ....”
“ဒေါ်လေး အစ်ဇဘယ်လာ။ ဆံပင် ဆံပင် ဖြီးပေး။” သော်သော်က အနီရောင် ဘီးလေးကို ထုတ်ပြီး အစ်ဇဘယ်လာထံ ကမ်းပေးလိုက်သည်။
အစ်ဇဘယ်လာ - “ အင်း...ဖြီးပေးမယ်လေ.....”
ကောင်မလေး အာဘွားပေးသည်ကို ခံရပြီးနောက် မစ်-ရင်းနီက ဝမ်းနည်းမနေတော့ဘဲ မစ်-သော်သော်အား ချစ်မြတ်နိုးသော အကြည့်ဖြင့် ဆံပင်ဖြီးပေးနေလိုက်သည်။ ရှေ့ပြေးတပ် ဗိုလ်ချုပ်က ပန်းသီးအခွံနွာနေစဉ် ဗျူဟာရှင် မဒမ်က ဘီးဖြီးပေးနေသော အစေခံဖြစ်သွားသည့်အတွက် ခုံသမာဓိအဖွဲ့က တိုက်ခိုက်ရေး မဟုတ်သော အားလျှော့မှုတစ်ခု ခံစားလိုက်ရပြန်သည်။
အဓိကခုံသမာဓိအဖွဲ့၏ ဗျူဟာရှင် မမျှော်လင့်ဘဲ ကျရှုံးသွားကာ ကျန်ရှိသူများက အချင်းချင်း ကြည့်လိုက်ကြပြီး ပြောစရာ မဲ့သွားခဲ့ကြသည်။
“ကျွန်မ သွားမယ်။” ခုံသမာဓိအဖွဲ့က လိုလီလေးက ရုတ်ချည်း ခုန်ထွက်လာလိုက်သည်။ သူက ချန်လွေ့က မကျေမနပ်နှင့် လက်ညှိုးထိုးလိုက်သည်။ “အစ်ကို။ ရှင်က လူလိမ်ပဲ။ လူဆိုးကြီး..”
အဲလစ်၏ နှလုံးသားက အမှန်တကယ် ဝမ်းနည်းနေ၏။ ပြိဿလုပ်ခံရတာက (ဖောက်ပြန်ခံရတာ) တာဒီလာက အစက ငါထင်ခဲ့တယ်။ ဒါပေမဲ့ ငါကိုယ်တိုင် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ သူက အောင်မြင်မှု မရဘဲနဲ့ (၃)နှစ်လောက် စောင့်နေခဲ့တယ်။ အဲဒီ မကောင်းတဲ့ ကတ်သရင်းက ဘာမှမကြိုးစားဘဲနဲ့ အစ်ကိုနဲ့ အိပ်ပြီး ကလေးတစ်ယောက် ရခဲ့တယ်။
အဲလစ်က ထိုအကြောင်း စဉ်းစားမိလေလေ ပို၍ ဝမ်းနည်းလာလေလေ ဖြစ်လာပြီး စငိုတော့သည်။ မစ်-သော်သော်က အဲလစ်ငိုနေသည်ကိုမြင်ပြီး လိုက်ငိုလေသည်။ အားလုံး စိုးရိမ်သွားကြပြီး ကလေးနှစ်ယောက်ကို အမြန် သွားချော့လိုက်ကြသည်။
မစ်-သော်သော်ကို ရယ်အောင် ချော့ပြီး အဲလစ်အား အယ်ဒီလိုင်းနှင့် ရှီရာတို့ နှစ်သိမ့်ပေးပြီးနောက် ယခင်က တရားခွင် အဟုန်က လုံးဝ ပျက်စီးသွားခဲ့သည်။
ဆံပင်ဖြီးပေးနေရသော အမျိုးသမီး ဗျူဟာရှင်က “ကမ္ဘာပျက်ကပ်တရားခွင်” အမည်ပေးထားသော စစ်ဆေးရေး လုံးဝကျဆုံးသွားကြောင်း သိလိုက်ပြီးနောက် ခေါင်းခါလိုက်၏။
ချန်လွေ့ကလည်း ၎င်းကို သဘောပေါက် လိုက်ပြိး တိတ်တိတ်လေး ကံကောင်းသွားသလို ခံစားလိုက်ရသည်။ သူက ပြဿနာအိုး မစ်-သော်သော်အား ပြေးဖက်ပြီး မွမွ ပေးချင်နေခဲ့သည်။ ဒီကောင်မလေးက အတော်လေး ဂရုစိုက် တတ်တဲ့ အစ်ခီတိုးဆန်လိုပဲ။
အတော်ကြာ တိတ်ဆိတ်နေခဲ့သော ရှီရာက သက်ပြင်း ချလိုက်သည်။ “ကောင်းပြီ။ ကျွန်မတို့ ရှင့်ကို မေးခွန်းတစ်ခုပဲ ပေးမယ်။ ရှင် အမှန်အတိုင်း ဖြေရမယ်။ အပြင်မှာ တခြား မိန်းမတွေ ရှိသေးလား။”
“လံုးဝ မရှိဘူး။” ထိုကဲ့သို့ မှတ်ချက်မျိုးက တရားဝင် အဆုံးသတ်တော့မည်ကို ဆိုလိုကြောင်း ချန်လွေ့သိနေပြီး နောက်ဆံုးတွင် လွတ်မြောက်တော့မည်ကို သိနေသည့်အတွက် တဒုတ်ဒုတ်နှင့် ခေါင်းခါလိုက်သည်။
မစ်-သော်သော်က ဖေဖေ၏ ဆံပင်ကို မကိုင်ထားနိုင်သည့် အတွက်ကြောင့် လက်လျှော့ခဲ့ရသည်။ ထိုအချိန် အစ်ဇဘယ်လာက သူ၏ ဆံပင်ကို ဖြီးပေးပြီးပြီ ဖြစ်သည်။ မစ်-သော်သော်က အလွန် ပျော်ရွှင်သွားပြိး အသီနာနှင့် အခြားသူများကို လက်ညှိုးထိုးလိုက်၏။ “ဒေါ်လေး အသီနာ၊ ဒေါ်လေး အစ်ဇဘယ်လာ။ အမ်....ဖေဖေ။ ဒေါ်လေး ဘလန့်ချ် တစ်ယောက် ရှိသေးတာ သော်သော် မှတ်မိသလိုပဲ။”
ဘလန့်ချ်....
မိန်းမတစ်ယောက်လား။
လူခွဲကြတော့မည့် ခုံသမာဓိအဖွဲ့၏ နားများက တစ်ချိန်တည်း ထောင်သွားကြသည်။ အခြေအနေက ယခင်ကကဲ့သို့ ရုတ်တရက် ထူးထူးဆန်းဆန်း ပြန်ဖြစ်သွား၏။
သွားပြီ။ ကယ်တင်ရှင်ကလည်း ပြဿနာအိုးပဲ...
မစ်-သော်သော်က တစ်စုံတစ်ယောက်က ငရဲသို့ ပြန်ဆွဲခေါ် လာခဲ့ကြောင်း မသိခဲ့ပေ။ ချန်လွေံက ကျောက်စိမ်း သစ်တော ပင်လယ်၌ ရှိခဲ့စဉ် သော်သော်ကို ခေါ်သွား၍ မရနိုင်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူက သော်သော်ကို ဂရုစိုက်ပေးရန်အတွက် နတ်သူငယ် တစ်ပိုင်းဖြစ်သော ဘလန့်ချ် အပ်ထားခဲ့သည်။ သော်သော်က ယခင်က မှတ်ဉာဏ်များ ရှိသည့်အတွက် ဘလန့်ချ်ကို မှတ်မိနေသည်မှာ အကြောင်းအကျိုး သင့်ပေသည်။ သို့သော်လည်း ၎င်းကို ဆိုးရွားသောအချိန်၌ ပြောလိုက်သည့်အခါ သူ့ကို “အဖေ ဖြစ်သူအား ခြေထိုးလိုက်”သည်ဟုသာ ဖော်ပြ၍ ရပေမည်။
အဖေကို ခြေထိုးလိုက်ခြင်း ကဲ့သို့ပင်။
“ ရွှီး...ရွှီး...ရွှီး...” မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားသွားကဲ့သို့ အကြည့်များကို ချန်လွေ့ကို ဝိုင်းရံလိုက်တော့သည်။
ဖေဖေ၏ သမီးလေးက ဖေဖေ၏ ငှက်သိုက်ခေါင်းကို အနည်းငယ် ပျင်းလာခဲ့လေသည်။ “ဒေါ်လေး အသီနာ။ သော်သော် “ဒေါသအိုးငှက်” ကစားချင်တယ်။”
အသီနာက လက်ဆန့်ထုတ်လိုက်ပြီး မိမိထံ ပျံသန်းလာပြီး မစ်-သော်သော်ကို ပွေ့ဖက်လိုက်သည်။ သူက အပေါင်းအဖော်များအား လေးလေးနက်နက် ကြည့်လိုက်၏။ ငါ နင်တို့ကို အားလုံး လွှဲထားလိုက်ပြီ။
ထို့နောက် ဆက်ြဖစ်သူကို ပါဝင်ပတ်သက်သူများသာ အသိဆုံး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဇာတ်လိုက်မင်းသားက ၎င်းကို စဉ်းစားပင် မစဉ်းစားရဲတော့ပေ။
တစ်စုံတစ်ယောက်က သနားစရာ အတိတ်ကို ပြန်တွေးလိုက်သောအခါ အတွေးအခေါ် စကားများကိုသာ ပြောနိုင်ခဲ့သည်။ ယောက်ျားတိုင်းရဲ့ အိုင်ကျူက ဖောက်ပြန်တဲ့ နေရာမှာ အိုင်းစတိုင်းလိုမျိုးပဲ။ ပြီးတော့ မိန်းမတိုင်းက အကျိုးအကြောင်း ဆက်စပ်နိုင်စွမ်းကလည်း ဖောက်ပြန်တဲ့သူကို ဖမ်းတဲ့နေရာမှာ ရှားလော့ဟုမ်းထက် မနိမ့်ဘူး။
အိုင်းစတိုင်းက ဘယ်လောက်ပဲ ပါးနပ်ပါစေ၊ ရှားလော့ဟုမ်းနဲ့ ဝတ်ဆန်လိုမျိုး “အပေါင်းအဖော်တွေ” အများကြီးကို ရင်ဆိုင်ရတဲ့အခါ ဒူးထောက်ရုံပဲ တတ်နိုင်တယ်။
အမှန်တကယ်၌ ထို “ကမ္ဘာပျက်ကပ်တရားခွင်” တုန်လှုပ်မှုက အချိန်အကြာကြီး မဖြစ်ခဲ့ပေ။ သိပ်မကြာခင် ကယ်တင်ရှင် တစ်ယောက် ပေါ်ထွက်လာခဲ့၏။
သွေးရောင်အင်ပါယာ လော့ဒ်-ရိုင်ဇန်က ကြယ်ကြွေတမန် အင်ပါယာမှ ရှီရာနှင့် အရိပ်နက်အင်ပါယာမှ ကတ်သရင်းတို့ကို ငြိမ်းချမ်းရေး စကားဝိုင်း ပြန်စရန် ဖိတ်ကြားစာ ကိုယ်တိုင် ရေးခဲ့သည်။ “ကြင်ရာတော်မင်းသာ အက်ဂ်ယော”ကိုလည်း အထူးဧည့်သည့်အဖြစ် ဖိတ်ကြားခဲ့သည်။
ထိုအရာက နှစ်ပေါင်း ၃၀၀ကျော် လူမိုက်ပုံစံ နေခဲ့သော ရိုင်ဇန် ကမ်းလှမ်းသည့် ပထမဆုံး ငြိမ်းချမ်းရေး စကားဝိုင်းဖြစ်ပြီး နတ်ဆိုးဘုံက အပြောင်းအလဲခေ-တ်သစ်သို့ ဝင်ရောက်လာကြောင်း ဆိုလိုခြင်း ဖြစ်နိုင်ပေသည်။