← Chapters

သတ်မှတ်ချက်၊ နတ်ဆိုးဘုံ သားမက်

Vol. 54 Ch. 880

သတ်မှတ်ချက်၊ နတ်ဆိုးဘုံ သားမက်

Vol. 54 Ch. 880

“သွေးရော်အင်ပါယာက မှော်ဂိမ်းကို ကျော်ကြားအောင် လုပ်ဖို့ အတွက် အကောင်းဆုံး ကြိုးစားပေးမယ်။ နောက်ပိုင်းမှာ စစ်ရေးနဲံ ကောလိပ်လေ့ကျင့်ရေးတွေ၊ ရွေးချယ်မှုတွေနဲ့ အဆင့်တိုးမြင့်မှု တွေမှာ သက်ဆိုင်ရာ မှော်ဂိမ်း စစ်ဆေးမှုတွေ ထပ်ပေါင်းမယ်။” ရိုင်ဇန်က ပထမဆုံးအနေဖြင့် သဘောတူကြောင်း ဖော်ပြသည်။

ရိုင်ဇန်က လက်မခံဆုံး ဖြစ်မှာလို့ ထင်ထားခဲ့တာ။ သူက အရင်ဆုံး သဘောတူလာမယ်လို့ မထင်ထားခဲ့ဘူး။ ချန်လွေ့က အံ့အားသင့်သွားခဲ့သည်။ “ခင်ဗျားက ကျုပ်ကို ဒီလောက်တောင် ယုံကြည်တာလား။ ဒါက ကျုပ်ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေပဲ ဖြစ်ရင် ဖြစ်နိုင်တာပဲလေ။”

“ဟမ့်။ ငါ့မျက်လုံးတွေက ဒီလောက်အထိ မဆိုးသေးဘူး။ မင်းရဲ့ အခုလက်ရှိ စွမ်းအားနဲ့ဆိုရင် လိမ်စရာ မလိုဘူး။ အရေး ကြီးဆုံးကတော့ အရင်နှစ်တွေမှာ ယဇ်ပလ္လင်နဲ့ သွေးစတေးမှူတွေနဲ့ ပတ်သက်ပြီးတော့ သတင်းအချို့ကိုလည်း ငါရထားခဲ့တာပဲ။”

“အင်ပါယာ(၃)ခု ပူးပေါင်းပြီး အသူရာချောက်နက်ကို ကိုးကွယ်တဲ့ ယုံကြည်သူတွေနဲ့ ကျောင်းတော်အားလုံးကို ဖျက်ဆီးပြီးတော့ ပြဿနာကို အမြစ်ကနေ ရှင်းပစ်ဖို့ အကြံပြုတယ်။” ရှီရာ၏ အကြံပေးချက်ကို အုပ်ချုပ်သူ (၂)ဦးက သဘောတူကြ၏။ အမှန်တကယ်၌ ကြယ်ကြွေတမန် အင်ပါယာက ၎င်းကို လွန်ခဲ့သော (၂)နှစ်ခန့်က တိတ်တဆိတ် စတင် လုပ်ဆောင် ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။

ကတ်သရင်းက အတွေးက ပို၍ပင် ဝေဝေး ရောက်နေခဲ့သည်။ သူက နတ်ဆိုးဘုံတလျှောက် သီးခြား ဂူသင်္ချိုင်းပြိုင်ပွဲ၊ အဖွဲ့တိုက်ပွဲ စသဖြင့် လူအားလုံး၏ တိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်ပေး နိုင်သော ဂိမ်းပြိုင်ပွဲများ ကျင်းပြရန် အကြံပြုသည်။

သူက အင်ပါယာတွင်း အီးစပေါ့ကိုတောင် တွေးခဲ့တယ်။ တကယ့်ကို ကလေးအမေပဲ။ အုပ်ချုပ်(၃)ယောက်က သဘောတူ ကြောင်း မြင်သည့်အခါ ချန်လွေ့က ခဏခဏ ခေါင်းညိတ်လိုက်၏။ “အသူရာချောက်နက်”ဟူသော ကြောက်မက်ဖွယ်ရာ ဘုံရန်သူ အကြောင်း သိရှိပြီးနောက် နိုင်ငံများအုပ်စု မဟာမိတ်၏ စည်းလုံးမှုက အနာဂတ်တွင် ပို၍ပင် အင်အားကြီးမား လာပေလိမ့်မည်။

“ဒီလိုဆိုမှတော့ မဟာမိတ်ကို တည်ထောင်တဲ့အခါ အင်ပါယာ(၂)ခုနဲ့ သက်ဆိုင်တဲ့ မှော်ဂိမ်း စီးပွားရေး အကျိုးအမြတ်တွေကို လွှဲပြောင်းပေးလိုက်ပါ့မယ်။ ပြီးတော့ အင်ပါယာ(၃)ခုက စစ်ရေး ပူးပေါင်းမှုကို ပိုပြီးတော့ အားကောင်းအောင် လုပ်ရမယ်။ ကျုပ်က နိုင်ငံများအုပ်စု အဖွဲ့ကို မှော်သေနတ်နည်းပညာ ထောက်ပံ့ပေးမယ်။ တခြားတွေကတော့ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ ကန့်သတ်မှုကြောင့် မျှဝေလို့ မရနိုင်ဘူး။”

ကတ်သရင်းက အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် နိုင်ငံများအုပ်စု မဟာမိတ်အဖွဲ့ ဖွဲ့ဆည်းဖို့အတွက် ပြင်ဆင်တာတွေ အမြန်ဆုံး စလို့ရပြီ။”

“ခဏနေဦး။” ရိုင်ဇန်က သရော်ပြုံး ပြုံးလိုက်သည်။ “သွေးရောင် အင်ပါယာက ဒီမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ သဘော မတူဘူး။”

ထိုစကားများ ထွက်လာသည်နှင့် အခြားသုံးယောက်က အတော်လေး ဆွံ့အသွားခဲ့သည်။ ကျုပ်တို့က အခု အားတက်သရော ပြောနေတာလေ။ အခု ခင်ဗျားက ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလား။

“ခုနက မင်းပြောခဲ့ သတ်မှတ်ချက်တွေ အကုန်လုံးကို ငါ သဘောတူပေးနိုင်တယ်။ ဆမ်မြူရယ်မိသားစုကို မဟာမိတ် အဖွဲ့ထဲ ထည့်တာ အပါအဝင်ပေါ့။ ဒါပေမဲ့ ငါ့ကို ကတိတစ်ခု ပေးရမယ်။” ရိုင်ဇန်၏ ကျွမ်းလောင်နေသော အကြည့်က ရိုင်ဇန်ဆီသို့ ရောက်ရှိသွားသည်။

“ကျုပ်လား။” ချန်လွေ့က မယုံကြည်နိုင်စွာဖြင့် ကိုယ့် နှာခေါင်းကို လက်ညှိုးထိုးလိုက်သည်။

ယခုတစ်ခေါက်တွင် သူက မျက်နှာဖုံး မဝတ်ဘဲ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အနာဂတ်တွင် အချိန် အတော်ကြာ ပေါ်ထွက်လာမည့် ယန္တရားဆရာသခင် မျက်နှာကို အသုံးပြုခဲ့လေသည်။

“ဟုတ်တယ်။ မင်းပဲ။” ရိုင်ဇန်က အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။

“ဘာပြောတာလဲ။” ချန်လွေ့က အသေအချာပင် မစ်-နတ်မိမယ် နဂါး ဟန်ဆောင်ငေးငိုင်သလို ပြုလုပ်လိုက်၏။ တိုက်ပွဲ တစ်ခုခု အတွက် သဘောတူညီမှုတစ်ခု လုပ်ခိုင်းမှာတော့ မဟုတ်ဘူးမလား။

“မင်း ငါ့သမီးနဲ့ လက်ထပ်ရမယ်။” ရိုင်ဇန်က တစ်လံုးချင်း ပြောလိုက်၏။

“ဘာပြောလိုက်တယ်...” တူညီသော စကားလုံးသာ ဖြစ်သော်လည်း ချန်လွေ့က ယခုတွင် ထိတ်လန့်သွားခဲ့သည်။ ငါ့နား တစ်ခုခု ဖြစ်နေတာလား။ ဒါမှမဟုတ် ရိုင်ဇန်က ဆေးမှားသောက် လာတာလား။ သူက ဘာလို့ ပေါက်ကရတွေ တွေးနေတာလဲ။

သမီးပေးတာက ဒီခေ-တ်မှာ ရေပန်းစားနေတလား။ အက်ဂ်လက်စ်က နှစ်ယောက် ပေးခဲ့တယ်။ တစ်ယောက်က ညီမလေး ဖြစ်သွားပြီ။ တခြားတစ်ယောက်က ပြန်သွားပြီ။

ရိုင်ဇန်၏ သတ်မှတ်ချက်က အတော်လေး မမျှော်လင့်ထားသော အရာမျိုး ဖြစ်သည့်အတွက် ကတ်သရင်းနှင့် ရှီရာတို့က တူညီစွာပင် ထိတ်လန့်သွားကြသည်။

“ဒါက ငါ့ရဲ့ တစ်ခုတည်းသော သတ်မှတ်ချက်ပဲ။” ရိုင်ဇန်က ခိုင်ခိုင်မာမာ ပြောလိုက်သည်။ “မဟုတ်ရင် သွေးရောင် အင်ပါယာက ဘယ်တော့မှ ညှိနှိုင်းမှု မဟုတ်ဘူး။ နောက်ဆုံးတစ်ယောက်ပဲ ကျန်တဲ့အထိ တိုက်ခိုက်သွားမယ်။”

“ခဏနေပါဦး။ အရှင်မင်းကြီး ရိုင်ဇန်။” ချန်လွေ့က အမြန် ပြောလိုက်သည်။ “ဒါက အင်ပါယာ အရေး.....”

ရိုင်ဇန်က အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ “ငါ့သမီးကို လက်ထပ်တာကလည်း အင်ပါယာအရေးပဲ။”

“နိုင်ငံရေးလက်ထပ်ပွဲ”ဟူသော စကားလုံးက ချန်လွေ့၏ စိတ်ထဲ၌ ပေါ်ထွက်လာသည်။ သူကလည်း ထိုကဲ့သို့ အရာမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက အမြန်ခေါင်းခါပြီး ပြောလိုက်သည်။ “ကျုပ်က ကြယ်ကြွေတမန်အင်ငပါယာက ကြင်ရာတော် မင်းသားပဲ။ ဘယ်လိုလုပ်ပြီးတော့ သွေးရောင် အင်ပါယာရဲ့ မင်းသမီးကို လက်ထပ်လို့ ရမှာလဲ။”

“ငါ့ကို ငတုံးလို့ ထင်နေတာလား။” ရိုင်ဇန်၏ မျက်နှာက ဆိုးဆိုးဝါးဝါး မည်းမှောင်နေပြီး ကတ်သရင်းကို လက်ညှိုးထိုးပြ လိုက်သည်။ “ဒါဆိုရင် အရိပ်နက်အင်ပါယာရဲ့ ဧကရီနဲ့ မင်းရဲ့ ပတ်သက်မှုက ဘာလဲ။”

“...”

“ဟမ့်။ ဒီမဟာမိတ်အဖွဲ့က အတော်‌လေး ဆွဲဆောင်မှု ရှိပေမဲ့ ပြိုင်ဆိုင်မှုလည်း ပြင်းထန်မှာပဲ။ အင်ပါယာ(၃)ခု၏ အုပ်ချုပ်သူ (၃)ယောက်ထဲမှာ နှစ်ယောက်က မင်းရဲ့ မိန်းမတွေ။ မင်းက အုပ်ချုပ်ရေးမှာ ဝင်မစွက်ဖက်ဘူးလို့ သစ္စာဆိုထားရင်တောင် မင်းရဲ့ စွမ်းရည်တွေကို အားလုံးသိကြတာပဲ။ မှော်ဂိမ်းတစ်ခုတည်းတောင် နတ်ဆိုးဘုံတစ်ခုလုံးကို ပြောင်းပြန်လှန်အောင် လုပ်နိုင်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကြယ်ကြွေတမန် အင်ပါယာနဲ့ အရိပ်နက်အင်ပါယာက ပူးပေါင်းသွားမှာပဲ။ မဟာမိတ်အဖွဲ့က ဆက်ရှိမရှိ၊ သွေးရောင်အင်ပါယာက အနာဂတ်မှာ နေစရာရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်း ငါ့သမီးနဲ့ လက်ထပ်ရမယ်။”

ကတ်သရင်းနှင့် ရှီရာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အလျင်အမြန်ပင် မျက်လုံးနှင့် စကားဖလှယ်လိုက်ကြသည်။ ထိုအခိုက်တွင် သူတို့က အုပ်ချုပ်သူ(၂)ယောက် မဟုတ်ဘဲ မိသားစုဝင်များ ဖြစ်ကြပေသည်။

ခဏကြာပြီးနောက် ရှီရာက အရင် စပြောသည်။ “အရှင်မင်းကြီး ရိုင်ဇန် ပြောတာ မှန်တကယ်။ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်ဘူး။ အင်ပါယာအရေး တစ်ခုပဲ။”

“သွေးရောင်အင်ပါယာက လူဦးရေ များပြီးတော့ ပိုင်နက်လည်း အကြီးမားဆုံးပဲ။ စစ်သည်တွေရဲ့ တိုက်ခိုက်ရေး စွမ်းအားနဲ့ ဇွဲက အင်ပါယာ(၃)ခုထဲမှာ အကောင်းဆုံးပဲ။ ပြီးတော့ တိုင်းပြည် တစ်ခုလုံး စစ်သည်တွေ ဖြစ်လာမယ်ဆိုရင် စစ်ပွဲဖြစ်လာတာနဲ့ အချိန်တိုအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။” ကတ်သရင်းက ခွဲခြမ်းစိစစ်မှုက ပို၍ပင် ယုံချင်စရာကောင်းပေသည်။ “အမျက် အင်ပါယာကို သွေးရောင်အင်ပါယာက နှိမ်နင်းခဲ့တဲ့ စစ်ပွဲက (၅)နှစ်ပဲ ကြာခဲ့တယ်။ ဒါပေမဲ့ အနှစ်(၅၀) ကြာပြီးတာတောင် စစ်ပွဲ နောက်ဆက်တွဲ အခြေအနေတွေက မတည်ငြိမ်သေးဘူး။ ပြီးတော့ အခု နတ်ဆိုးဘုံက အလျင်အမြန် တိုးတက်နေတဲ့ ကာလကို ရောက်နေပြီ။ ဘယ်သူမှ စစ်မဖြစ်ချင်ကြဘူး။”

ရှီရာက ခေါင်းညိတ်လိုက်သည်။ “အင်ပါယာ တစ်ခုအတွက်နဲ့ နတ်ဆိုးဘုံ တစ်ခုလုံးအတွက် စစ်ပွဲမဖြစ်အောင် လုံးဝ ကာကွယ်ဖို့က လက်ထပ်ပွဲတစ်ခုပဲ လိုတယ်။ ဘာရွေးရမလဲဆိုတာ လူတိုင်း သိကြတယ်။”

“အရှင်မနှစ်ယောက်ဆိုတဲ့ အတိုင်းပါပဲ....” ရိုင်ဇန်၏ မျက်နှာ အမူအရာက နောက်ဆုံး ပြေလျော့သွားခဲ့သည်။ “ကျုပ် ပြောခဲ့တာတွေက အတည်တွေပဲ။ ခုနက မဟာမိတ်အတွက် သတ်မှတ်ချက်တွေ အားလုံးကို သွေးရောင်အင်ပါယာက လက်ခံပြီးတော့ ကနဦးအလုပ်တွေ ပြင်ဆင်ဖို့ အပြည့်အဝ ပြင်ဆင် ပေးမယ်။ “အက်ဂ်ယော”နဲ့ ကျုပ်သမီး လက်ထပ်တဲ့နေ့က မဟာမိတ်အဖွဲ့ကို တရားဝင် တည်ထောင်တဲ့နေ့ပဲ။”

“ခဏနေပါဦး....” သူတို့သုံးယောက်က နိုင်ငံရေး လက်ထပ်ပွဲ ဆုံးဖြတ်လိုက်သည်ကို ကြားသောအခါ အဓိက ပါဝင်သူဖြစ်သော ချန်လွေ့ကို ချွေးပြန်သွားတော့သည်။

သို့သော်လည်း ကတ်သရင်းနှင့် ရှီရာတို့က သူ့ကို မြင်ဟန် မတူပေ။ ကတ်သရင်းက ရိုင်ဇန်ကို တိုက်ရိုက် မေးလိုက်သည်။ “အရှင်မင်းကြီးမှာ မင်းသမီး ရှိတဲ့ပုံ မပေါ်ဘူး။ ‌တော်ဝင် မိသားစုထဲက ဘယ်အမျိုးသမီး ဖြစ်မလဲ မသိဘူး။”

ရိုင်ဇန်တွင် သမီးမရှိကြောင်း လူတိုင်း သိကြသည်။ ထို့ကြောင့် သူက လက်ထပ်ပွဲအတွက် မင်းသမီးတစ်ယောက်ပေးရန် တော်ဝင် သွေးမျိုးဆက်တစ်ယောက်ကို ရှာဖွေရပေမည်။ ထိုကဲ့သို့ အရာမျိုးက အင်ပါယာများအကြား ပုံမှန်သာ ဖြစ်၏။

ရိုင်ဇန်က ခေါင်းခါပြီး အံ့အားသင့်ဖွယ်ရာ အဖြေတစ်ခု ပေးခဲ့သည်။ “မဟုတ်ဘူး။ ငါ့မှာ သမီးတစ်ယောက် ရှိတယ်။ ပြီးတော့ လက်ထပ်မှာက မင်းသမီး မဟုတ်ဘူး။ သွေးရောင် အင်ပါယာရဲ့ ဧကရီပဲ။”

ချန်လွေ့နှင့် အခြားသူနှစ်ယောက်က တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားကြသည်။ ရိုင်ဇန်၏ ရည်ရွယ်ချက်မှာ ထင်ရှားပေ၏။ သူက ထီးနန်းကို သမီးဖြစ်သူထံ လွှဲပေးပြီး နိုင်ငံရေးမှ အနားယူမည် ဖြစ်လေသည်။

ဤသို့ဖြင့် ချန်လွေ့က အင်ပါယာ သုံးခုမှ ဧကရီများ၏ ကြင်ရာ‌တော်မင်းသား ဖြစ်လာပေလိမ့်မည်။ ထိုအရာက နတ်ဆိုးဘုံ၌ ဖြစ်နေကျ သားမက်မျိုးပင်။

“အနာဂတ်မှာ မင်းရဲ့သားတွေ ၊ သမီးတွေက သွေးရောင် အင်ပါယာရဲ့ ထီးနန်းဆက်ခံသူတွေ ဖြစ်လာလိမ့်မယ်။” ရိုင်ဇန်က ကတ်သရင်းနှင့် ရှီရာတို့ကုိ ဖျတ်ခနဲ ကြည့်လိုက်သည်။ “ဒီလိုမှ နတ်ဆိုးဘုံက အမှန်တကယ် အကြာကြီး ငြိမ်းချမ်းနိုင်မယ်။”

ကတ်သရင်းနှင့် ရှီရာတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။ အင်ပါယာသုံးခုက အချင်းချင်း အကူအညီ ပေးကြမည့် နိုင်ငံများအုပ်စု မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြ၏။ အနာဂတ်တွင် အင်ပါယာ(၃)ခု၏ ဧကရီများ၏ ဆွေမျိုးများ ဖြစ်နေပေလိမ့်မည်။ ထိုအစည်းအရုံးက ပုံမှန် မဟာမိတ်အဖွဲ့ထက် ပိုမို၍ တည်မြဲနိုင်ပေမည်။

“မင်းက ငါ့သမီးကို အရင်က မြင်ဖူးပါတယ်။” ရိုင်ဇန်က ပြောစရာမဲ့နေသော ချန်လွေ့ကို ကြည့်ပြီး ထိတ်လန့်ဖွယ်ရာ သတင်းတစ်ခု ဆက်ပြောလိုက်သည်။

“တစ်ဖနီ...”

“သူ့အမေက လူသား ဖြစ်တဲ့အတွက် သူ့အခြေအနေက နည်းနည်း ထူးခြားတယ်။”

“အခုတော့ သူက ပြဿနာ နည်းနည်း တက်နေတယ်။ ပြိးတော့ မင်းက သူ့ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးရမယ်။”

ရိုင်ဇန်၏ စကားများက ချန်လွေ့ကို အံ့သြနေရာမှ တဖြည်းဖြည်း တည်ငြိမ်သွားစေခဲ့သည်။ သူ၏စိတ်ထဲမှ အချို့သော ပဟေဠိ အချို့ကလည်း နောက်ဆုံး အဖြေပေါ်လာခဲ့သည်။ အဲဒီ လျို့ဝှက် ဆန်းကြယ်တဲ့ တော်ဝင်အမျိုးသမီး တစ်ဖနီက တကယ်ပဲ ရိုင်ဇန်ရဲ့ သမီး ဖြစ်နေတယ်။ အဲဒါကြောင့် ရိုင်ဇန်က တစ်ဖနီကို မင်းသားတွေ လိုက်ပိုးပန်းတာ အပြင်းအထန် တားဆီးခဲ့တာပဲ။

ပိုပြိး‌တော့ အံ့သြစရာကောင်းတာက သူ့အမေ လူသား ဖြစ်နေတာပဲ။ ဒါကြောင့် သူ့မှာ အလင်းနဲ့အမှောင် ဂုဏ်သတ္တိ ခန္ဓာအမျိုးအစား ရှိနေတာကိုး။

သွေးရောင် အင်ပါယာရဲ့ စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထ အလွှာမှာ တစ်ဖနီက ဆာရီရယ်ရဲ့ စွမ်းအားနဲ့ “အလင်းအမှောင် နှစ်ခြင်း”ခံရပြီးတော့ လျို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကို ဦးဆောင်ပေးမယ့် “သော့”တစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့တဲ့ (၂)နှစ် တုန်းက ဆာရီရယ် ပြောတဲ့အတိုင်းဆိုရင် တစ်ဖနီရဲ့ ခန္ဓာကိုယ်မှာ အလင်းအမှောင်နှစ်ခြင်း လုံးဝ ဖြစ်တည်ဖို့ ၂နှစ် ၃နှစ် ကြားဦးမယ်။ အဲဒီအချိန်က သူက အဲဒီလျို့ဝှက်ဆန်းကြယ်ပြီး‌တော့ အန္တရာယ်များတဲ့နေရာကို သွားပြီးဖို့ ငွေသေတ္တာ သွားရှာရမယ်။ အချိန်ကို တွက်ကြည့်မယ်ဆိုရင် သိပ်မလိုတော့ဘူး။

ချန်လွေ့က ရုတ်တရက် တွေးလိုက်သည်။ ဒီလက်ထပ်ပွဲကို ရိုင်ဇန် တောင်းဆိုတာက တစ်ဖနီကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်ဖို့လည်း ဟုတ်တယ်။ လက်ထပ်ပွဲကနေတဆင့် နိုင်ငံများအုပ်စု မဟာမိတ်အဖွဲ့မှာ သွေးရောင်အင်ပါယာကို ကြွယ်ဝချမ်းသာ စေချင်တာလည်း ပါတယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာလို့ ပြောလို့ရတယ်။

ရိုင်ဇန် သမီး၏ အမေဖြစ်သူက လူသားဖြစ်ကြောင်း ကြားသောအခါ ကတ်သရင်းနှင့် ရှီရာတို့က ချန်လွေ့၏ သရုပ်ကို တွေးလိုက်မိကြသည်။ ရှီရာက အစမ်းသဘော မေးလိုက်၏။ “အခု မင်းသမီး တစ်ဖနီက ဘယ်မှာလဲ။”

“ငါလည်း မသိဘူး။ ဒါပေမဲ့ ငါသိတာ တစ်ခု ရှိတယ်။” ရိုင်ဇန်က ရှီရာ၏ မေးခွန်းကို ဖြေနေသော်လည်း ချန်လွေ့ကို ပြောနေခဲ့သည်။ သူက လက်ဝါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ လက်စွပ်တစ်ကွင်း အထဲသို့ အသာလေး ရောက်လာခဲ့သည်။

ထိုလက်စွပ်က ထူးထူးခြား အလှပြင်ဆင်မှုများ မရှိပေ။ ၎င်းက အနီ‌ရောင်အလင်းဖျော့‌ဖျော့ရှိနေပြီး ပုံတုံးနေသော်လည်း ချန်လွေ့၏ အာရုံခံစွမ်းရည်ဖြင့် အတွင်းထဲတွင် ပါရှိသော အင်အားကြီး စွမ်းအားကို ချက်ချင်း တွေ့ရှိသွားသည်။ ဘေးနားက ကတ်သရင်းက ခံစားချက်များဖြင့် လွှတ်ခနဲ ပြောလိုက်၏။ “သွေးရောင်လက်စွပ်...”

အဆောင်ပစ္စည်း (၇)မျိုးထဲမှ တစ်ခုဖြစ်သော သွေးရောင် လက်စွပ်ပင်။

“အဲဒီသမီးက ကလေးဘဝတည်းက ငါ့ဘေးနားမှာ နေလေ့ မရှိဘူး။ သူက ငါ့ကို ပိုပြီးတော့ မုန်းနေတယ်။ ငါ မင်းကို သွေးရောင်လက်စွပ် ပေးမယ်။ သူ့ရဲ့သွေးကို ဟိုးကတည်းက လျို့ဝှက်နည်းလမ်း သုံးပြီးတော့ ဒီလက်စွပ်ထဲမှာ သန့်စင်ထားတယ်။ အခု သူက ဘယ်နေရာကို ရောက်နေလဲဆိုတာ အသေးစိတ် မသိပေမဲ့ သွေးရောင်လက်စွပ်က လမ်းကြောင်းမှန်ကို ညွှန်ပြပြီးတော့ သူ့ကို ရှာတွေ့အောင် မင်းကို ကူညီပေးနိုင်တယ်။”

ရိုင်ဇန် ကမ်းပေးသော သွေးရောင်အင်ပါယာ၏ အမြင့်ဆုံး အဆောင်ပစ္စည်းကို ကြည့်ပြီးနောက် ချန်လွေ့က ခဏတာ ကြက်သေသေသွားခဲ့သည်။ ရိုင်ဇန်က သူ့ကို သွေးရောင် လက်စွပ် ပေးလိမ့်မမည်ဟု သူ လုံးဝ မတွေးမိခဲ့ဖူးပေ။

ရိုင်ဇန်တွင်လည်း အခြားရည်ရွယ်တစ်ခု ရှိနေ၏။ ၎င်းမှာ ချန်လွေ့၏လက်ကို ငှားပြီး “သူ့ကို ပိုမုန်းနေသော” သမီးဖြစ်သူ’၏ လက်ထဲသို့ သွေးရောင်လက်စွပ်နှင့် သွေးရောင်အင်ပါယာ တစ်ခုလုံးကိုပင် လွှဲပေးရန်ပင်။

ကတ်သရင်းနှင့် ရှီရာတို့က အလျင်အမြန် အချင်းချင်း ကြည့်လိုက်ကြပြီး အပြန်အလှန် သဘောပေါက်သွားခဲ့ကြသည်။ ကတ်သရင်းက ချန်လွေ့ကို ပြောလိုက်သည်။ “ယူလိုက်ပါ။ အရှင်မ ရှီရာ ခုနက ပြောသလိုပဲ။ ဒါက ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ဘူး။ နိုင်ငံများအုပ်စု မဟာမိတ်အဖွဲ့က ရှင့်အကြံပဲ။ ဒီလို ငြိမ်းချမ်းတဲ့ အခြေအနေက အမြဲတမ်း ရှင့်ရဲ့ ပန်းတိုင် ဖြစ်နေခဲ့တယ်။ အခု ဒါက မဟာမိတ်အဖွဲ့ တည်ထောင်ဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် နောက်ဆုံးခြေလှမ်းပဲ။ အရင်က ကြိုးစားခဲ့တာတွေကို လှန်ထုတ်ပစ်ချင်လို့လား။”

ရှီရာကလည်း ထောက်ခံကြောင်း ပြသလိုက်ပြီး ရိုင်ဇန်က သူတို့နှစ်ယောက်မှာ ချန်လွေ့ကို လက်ခံကြောင်း ဖော်ပြနေသည်ကို နားလည်လိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ရိုင်ဇန်က ပြိုင်ဘက် “အက်ဂ်ယော”ကို အတော်လေး နားလည်ပေးသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ရှိသည့်အပြင် သူ့တွင် ရှေးခေ-တ်မှ အမွေအနှစ်လည်း ရှိသည်။ အရေးကြီးဆုံးမှာ “အက်ဂ်ယော” သည် သူ၏မိန်းမဖြစ်သူကို ကာကွယ်ရန်အတွက် အရာအားလုံး ပြုလုပ်ခြင်းပင်။

ရိုင်ဇန်က ၎င်းကို မှော်ဆရာခံတပ်နှင့် ဂျာဂယ်ခံတပ်တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ကတ်သရင်းအတွက် ဖြစ်စေ၊ ရှီရာအတွက် ဖြစ်စေ အသက်ကိုရင်းပြီး တိုက်ခိုက်ခဲ့သော ယောက်ျားတစ်ယောက်။ ထို့ကြောင့်ပင် ကတ်သရင်းကဲ့သို့ မိန်းမများကို သူ လုံးဝ သိမ်းပိုက်နိုင်ခဲ့လေသည်။ ထိုအရာက နိုင်ငံရေးအရ လက်ထပ်ခြင်း ဖြစ်စေကာမူ တစ်ဖနီက သူ၏ မိန်းမ ဖြစ်သွားသည်နှင့် ရိုင်ဇန်က ကိုယ်ရေးကိုယ်တာ နှင့် လူသိရှင်ကြား အကြောင်းရင်းများအတွက် စိတ်အေးသွားပြီ ဖြစ်လေသည်။

ချန်လွေ့က သူတို့သုံးယောက်၏ မျက်လုံးကို ခါးသက်စွာဖြင့် ပြုံးပြီး ကြည့်လိုက်၏။ ဒီလိုဆိုမှတော့ ငါ့မှာ ရွေးချယ်စရာ ရှိသေးလို့လား။

All Chapters