အကျိုးအမြတ် အများအပြား ဖြန့်ဝေခြင်း
Vol. 54 Ch. 882
ထိုညတွင် ချန်လွေ့က တည်းခိုခန်းသို့ မပြန်ခဲ့ပေ။ ဧကရီ အရှင်မနှင့် သူ ဘဝအကြောင်း မည်မျှ “နက်နက်ရှိုင်းရှိုင်း” ဆွေးနွေး ခဲ့သည်ကိုမူ မသိရပေ။
ကံကောင်းစွာပင် နောက်တစ်နေ့ သေသေချာချာ ပြန်ပြီးနောက် အဆောင် မစ်-သော်သော်ကြောင့် ဖြစ်ပေမည်။ ထင်ထားသကဲ့သို့ မုန်တိုင်း ရှိမနေဘဲ အရာအားလုံးက တည်ငြိမ်နေပုံပေါ်သည်။ သို့သော် ကြယ်ကြွေတမန်အင်ပါယာနှင့် အမှောင်လသို့ ပြန်ပြီးနောက် ကောင်မလေးအချို့က “ကျွန်မကို လိုက်ပို့”ဟူသော ထူးခြားသည့် အရိပ်အမြွက်များ ရံဖန်ရံခါ ပြသရာ တစ်စုံတစ်ယောက်ကို အရှက်ရစေလေသည်။ နေရာတိုင်း ပြိုင်ဆိုင်မှုတွေရှိတာ အသေအချာပဲ။
ကတ်သရင်းက အင်ပါယာ အုပ်ချုပ်သူတစ်ယောက် ဖြစ်၏။ သူက ခံစားချက်များကို နတ်ဆိုးဘုံတစ်ခုလုံးအရှေ့တွင် ချန်လွေ့အား ဖော်ပြခဲ့သော်လည်း အင်ပါယာနှင့် ပြည်သူများက သူ၏စိတ်ထဲရှိ လှုပ်ခါ၍မရသော တည်ရှိမှုဖြစ်နေသေးသည်။ နတ်ဆိုးဘုံ၏ လက်ရှိအခြေအနေအရ ချန်လွေ့နှင့် တစ်နေ့လုံးနေရန် အတွက် အင်ပါယာကို ထားထားရန် မဖြစ်နိုင်ပေ။ သို့သော်လည်း သူတို့အကြားတွင် လုံးဝ အပြန်အလှန် နားလည်မှု ရှိကြ၏။ သူတို့က မိုင်းပေါင်းများစွာ ဝေးကွာနေကြသည့်တိုင် နှလုံးသားကြားမှ ဝေးကွာမှုမှာ ပေအနည်းငယ်သာ ဖြစ်လေသည်။
“အချစ်က အချိန်စမ်းသပ်မှုကို တောင့်ခံနိုင်မယ်ဆိုရင် အမြဲတမ်း အတူတူ ရှိနေစရာ မလိုဘူး” ဆိုသော စကားအတိုင်း အတိအကျပင်။
ထို့ပြင် [ကြယ်ဂိတ်] နှင့်ဆိုလျှင် ကြယ်အမှတ် တစ်ခုတည်းဖြင့် တွေ့နိုင်ရန်က မခက်ခဲလှပေသည်။
ယခင်တစ်ခေါက် ကတ်သရင်းပြသခဲ့သော ဖော်ရွေခြင်းနှင့် နှိမ့်ချခြင်းတို့အပြင် မောင်းမဆောင်အဖွဲ့ကို အကောင်းမြင်စေသော နောက်ထပ်တစ်ခုလည်း ရှိပေသည်။ ထိုအရာက မစ်-သော်သော် ပင်။ ကတ်သရင်းက ယခုတစ်ခေါက် အရိပ်နက်အင်ပါယာသို့ ပြန်သွားသောအခါ သော်သော်ကို ပြန်မခေါ်သွားဘဲ မောင်းမဆောင် အဖွဲ့ထံ အိပ်နှံထားခဲ့သည်။ သူပြောခဲ့သော စကားအတိုင်းဆိုလျှင် - “သော်သော်ကို ဂရုစိုက်ပေးဖို့ အမေတွေ အများကြီး ရှိတယ်ဆိုတော့ သူ သေချာပေါက် ပိုပြီးတော့ ပျော်ရွှင်ရမှာပါ။”
မစ်-သော်သော်က ယခုတွင် မောင်းမဆောင်အဖွဲ့၏ သဘောအကျဆုံး ကလေးတစ်ယောက် ဖြစ်နေခဲ့ပြီး ချန်လွေ့အပေါ် သော်သော်၏ သံယောဇဉ်က အတော်လေး အားကောင်းလှသည်။ ကတ်သရင်း၏ ဆုံးဖြတ်ချက်က ဆီလျော်သော်လည်း သော်သော်က အမေဖြစ်သူနှင့် ခွဲရသောအခါ အတော်လေး ငိုနေခဲ့ပြီး ရှိနေသော အမျိုးသမီးများအားလုံးကို မျက်ရည်များ မထိန်းနိုင် ဖြစ်စေခဲ့သည်။
ရှီရာက မြို့တော်တွင် ဆက်နေနေသည်။ ရေဘဝဲဘုရင် ရက်ပီပစ်က ထွက်သွားပြီး ချန်လွေ့က ချစ်သူများနှင့် မိတ်ဆွေများ နှင့်အတူ အမှောင်လသို့ ပြန်လာခဲ့သည်။ ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း ချန်လွေ့၏ သရုပ်က ကွဲပြား သွားခဲ့သည်။ လက်ရှိ၌ သူ့တွင် ဂုဏ်ပုဒ်အများအပြား ရှိနေသည်။ ကြယ်ကြွေတမန်အင်ပါယာ ကြင်ရာတော်မင်းသား၊ အရိပ်နက် အင်ပါယာ ကြင်ရာတော်မင်းသား (အတည်မပြုရသေး)၊ သွေးရောင်အင်ပါယာ ကြင်ရာတောင်မင်းသားလောင်း (အတည် မပြုရသေး)၊ မဟာ့မဟာ ဆရာသခင်၊ သိုင်းပြိုင်ပွဲ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် စသဖြင့်။ သို့သော်လည်း သူ ဂုဏ်အယူရဆုံးမှာ သူ့သမီး၏ အဖေဟူသော ဂုဏ်ပုဒ်ကိုပင်။
ထိုအချိန်က ဇာမဏီငှက်လေး သော်သော်က အစ်ဇ်ယိုရူးဇ် လက်ထဲ၌ အမှန်တကယ် “ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ခြင်း” ဖြစ်သည်။ အမှန်တကယ် သူက ဝမ်းတွင်းပါ နိဗ္ဗာန်ပါရမီကို အသုံးပြုပြီး ချန်လွေ့၏ ဘယ်လက် အမာရွတ်ထဲ၌ ဝိညာဉ်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ပေးဆပ်ရသည်က အတော်လေး ရက်စက်လှပေသည်။ သူ၏ ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားခဲ့သည်။ ဇာမဏီငှက်လေးက အစ်ဇ်ယိုရူးဇ်၏ မတွေ့ခင်ကတည်းက ထိုအကြံအစည် ရှိနေခဲ့ပြီး ချန်လွေ့၏ ဘယ်လက်ပေါ်မှ အမာရွတ်က သော်သော်ကိုယ်တိုင် အတိအကျ ထိုးဆိတ်ထားခြင်း ဖြစ်လေသည်။
မီးဒြပ်စင်စွမ်းအား လုံလောက်လောက်လောက် စုပ်ယူနိုင်လျှင် အမာရွတ်က ဇာမဏီလေးအား နိဗ္ဗာန်စွမ်းအားကို စုစည်းစေနိုင်ပြီး ပြန်လည်မွေးဖွားလာစေနိုင်သည်။ နိဗ္ဗာန်စွမ်းအားကလည်း သိသိသာသာ အန္တရာယ် များပေသည်။ ပြန်လည် မမွေးဖွားလာပါက ပြာအဖြစ် လုံးဝ ပျောက်ကွယ်သွားပေမည်။
ထိုအချိန်က ဇာမဏီလေးက ဖော်ပြနိုင်စွမ်း နည်းပါးမှုကြောင့် ချန်လွေ့ မသိခဲ့ပေ။ နတ်ဆိုးဘုံသို့ ပြန်ရောက်ပြီးနောက် ချန်လွေ့က ကတ်သရင်းနှင့် မတော်တဆ ပတ်သက်ဆက်ခံခဲ့မိသည်။ ဇာမဏီလေး၏ အမာရွတ်က အန္တရာယ်အများဆုံး (၅)ကြိမ်မြောက် [ နိဗ္ဗာန်မီးတောက် ] ကို စုပ်ယူခဲ့လေသည်။ ထိုအရာက အကြီးမားဆုံး အားဖြည့် ဖြေရှင်းနည်းလည်း ဖြစ်နေသည်။ ၎င်းက ကတ်သရင်းကို အန္တရာယ်ကင်းသွားစေရုံသာမက နိဗ္ဗာန် အဆင့်တက်ခြင်းလည်း အောင်မြင်သွားကာ အသင့်တော်ဆုံး မိခင်ခန္ဓာကိုယ်ဖြစ်သော ကတ်သရင်းထဲ၌ လိင်ကိစ္စမှတဆင့် သန္ဓေတည်ခဲ့သည်။ နောက်ဆုံးတွင် ဇာမဏီလေးက လူသား ခန္ဓာကိုယ်ဖြင့် ဘေးကင်းကင်းနှင့် မွေးဖွားလာခဲ့လေသည်။
အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ နိဗ္ဗာန်စွမ်းအားနှင့် ပေါင်းစပ်သွားသော ဇာမဏီလေးက မီးဇာမဏီစစ်စစ် မဟုတ်တော့ဘဲ ပို၍ အင်အားကြိးသော သန္ဓေပြောင်း ဖြစ်လာ၏။ ထို့ကြောင့် လက်ရှိ သော်သော်တွင် ဇာမဏီနှင့် အက်စ်မိုဒက်စ် တော်ဝင်မိသားစု ပုံစံနှစ်ခု ရှိလေသည်။ အသန့်စင်ဆုံးနှင့် အင်အားအကြီးဆုံးဖြစ်သော နိဗ္ဗာန်စွမ်းအားက သူ၏ သွေးထဲ၌ စီးဆင်းနေ၏။ သူက ယခုတွင် ငယ်ငယ်လေးသာ ရှိနေသေးသည်။ အရွယ်ရောက်လာသည်နှင့် သူက အလွန်အမင်း စွမ်းအားကြီးမား သွားပေလိမ့်မည်။
ကတ်သရင်း၏စွမ်းအား တဟုန်ထိုး တိုးပွားသွားပြီး [မီးဇာမဏီ အသွင်ပြောင်းခြင်း]ကိုပင် အသက်သွင်းနိုင်ရခြင်းမှာ သော်သော် မွေးဖွားလာခဲ့သော မိခင်ခန္ဓာကိုယ်အတွက် ပြန်ပေးခဲ့သော စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်၏။
ချန်လွေ့က နတ်ဆိုးဘုံသို့ ပြန်ရောက်ပြီးနောက် ဇာမဏီ သမီးလေးကို လုံးဝ မမေ့ခဲ့သလိုပင် ဇာမဏီလေးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးနောက် အတော်လေး သတိလစ် နေခဲ့သော်လည်း နိဗ္ဗာန်စွမ်းအားဖြင့် ပြန်လည်ရှင်သန်ပြီးနောက် ချန်လွေ့အကြောင်း မှတ်ဉာဏ်က အမြဲပင် ရှိနေခဲ့သည်။ ထိုကဲ့သို့ ချစ်မြတ်နိုးမှုက ရင်ထဲထိစရာပင်။ သို့သော်လည်း “အကျင့်ဆိုး” အချို့လည်း ရှိနေသေးပေသည်။ ဥပမာ “ဒေါသအိုး ငှက်ဆိုး”.....
တကယ့် အသက်(၁)နှစ်သာ ရှိသေးသော မစ်-သော်သော်က လူများကို ဒုက္ခရောက်စေသော ထိုအန္တရာယ်များသည့် ကစားနည်းကို မငြီးငွေ့သေးပေ။ ရက်အနည်းငယ်အတွင်း အိမ်ထဲမှ ဝက်ခေါင်း အရွယ်အစားရှိသော အရာအများစုကို မစ်-သော်သော် ဖျက်ဆီးခဲ့လေသည်။ နောင်တရနေသော အဖေဖြစ်သူသည်ပင် သူ့ကို အမှန်ပြင်ပေးရန် ဘာမှ မလုပ်နိုင်တော့ပေ။ သူက သင်ကြားရန် ခက်ခဲမှုအတွက် ယူကြုံးမရ ဖြစ်နေခဲ့သည်။
သိုင်းပြိုင်ပွဲမှ ချန်လွေ့နှင့် လာလာရီယာတို့၏ တိုက်ပွဲက အတော်လေး အကျိုးအမြတ် ရှိလှသည်။ ကြယ်(၆)ပွင့် ဆင့်ကဲပြောင်းလဲခြင်း စွမ်းအားအပေါ် ပိုမိုနားလည်လာကြောင်း ချန်လွေ့ ခံစားနေရသည်။ သာမန် နတ်ဘုရားတစ်ပိုင်းကဲ့သို့ မဟုတ်ဘဲ သူက ယုံကြည်သူများနှင့် [ယုံကြည်မှုချပ်ကာ]ကို စိုးရိမ်စရာ မလိုအပ်သော်လည်း ရှေ့မှ “ဥပဒေသ”ကို သေသေချာချာ ခံစားမိနေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်နှင့် တိုင်းပြည်အဆင့် တိုင်းပြည်တို့၏ အကြီးမားဆုံး ခြားနားချက်မှာ တကယ့် လက်တွေ့ပေါ်တွင် အခြေခံပြီး ယုံကြည်မှု သက်ရှိတို့၏ တိုင်းပြည် စိတ်ပုံရိပ်တစ်ခု ရှိလေသည်။ ထိုအရာက ၎င်း၏ စွမ်းအားကို အရည်အသွေးအရ တိုးပွားစေနိုင်ရုံသာမက တိုက်ခိုက်ရေးကို ထောက်ပံ့ပေးသော ယုံကြည်မှုစွမ်းအား စီးကြောင်းကိုလည်း တည်တည်ငြိမ်ငြိမ် ထောက်ပံ့ပေးနိုင်သည်။ အခြားတစ်ဖက်တွင် တိုင်းပြည်အဆင့် တိုင်းပြည်က အသုံးပြုသူ၏ စွမ်းအားကို အဆက်မပြတ် ကုန်ဆုံးစေသော သီးခြား စွမ်းအင် နေရာလွတ် တစ်ခုနှင့် ညီမျှပေသည်။
ချန်လွေ့က ထိုအရာကို လာလာရီယာနှင့် တိုက်ပွဲ အတွင်း၌သာ သဘောပေါက်သွားခဲ့သည်။ နောက်ပိုင်း လေ့ကျင့်ရေးတွင် သူက ယုံကြည်မှု စွမ်းအား “ထုတ်လွှတ်မှု”၏ လျို့ဝှက်ဆန်းကြယ်မှု အပါအဝင် တိုင်းပြည်နှင့်ယုံကြည်မှုစွမ်းအားကို ထပ်မံပေါင်းစပ်မည် ဖြစ်သည်။
နတ်ဘုရားတစ်ပိုင်း တိုင်းပြည်၏ “ကျောရိုး”ဖြစ်သော ဥပဒေသကလည်း တိုင်းပြည်အဆင့်နှင့် အခြေခံအားဖြင့် ကွာခြားပေသည်။ ထိုအရာကို ချန်လွေ့က သေသေချာချာ ခံစားမိခဲ့သည်။ [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း]က သာမန် အခြေအနေ ဥပဒေသမှ လုံးဝ ကွဲပြားနေပြီး [ ဓူဝံကြယ် အသွင် ပြောင်းခြင်း] က သာမန်ဥပဒေသပေါ်တွင် အခြေခံထားလေသည်။ သူက ထပ်မံ နားလည်သဘောပေါက်ပြီး သာမန်ဥပဒေသကို အင်အားတုိးအောင် ပြုလုပ်နိုင်မည်ဆိုလျှင် [ ဓူဝံကြယ် အသွင် ပြောင်းခြင်း ] စွမ်းအားက နှစ်ဆတိုးသွားနိုင်ရုံသာမက နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်း အဆင့်ကိုလည်း စူးစမ်းနိုင်ပေလိမ့်မည်။
ယခင်က လေ့ကျင့်ရေးနှင့် အစီအစဉ် ချနေရခြင်းတို့နှင့် အလုပ်ရှုပ်နေခဲ့ရာ ယခု သိုင်းပြိုင်ပွဲ ပြီးဆုံးသွားပြီး အင်ပါယာ (၃)ခု မဟာမိတ်အဖွဲ့က ပြီးမြောက်တော့မည်ဖြစ်ရာ ချန်လွေ့က အမှန်တကယ် စိတ်သက်သာရာ ရှိနေခဲ့သည်။ သူက စိတ်ကို ငြိမ်ငြိမ်ထားပြီး စူပါစနစ်၏ လုပ်ဆောင်ချက်အသစ်ကို လေ့လာ အသုံးချနိုင်လေသည်။
လက်ရှိ လေ့ကျင့်ရေးကွင်း၏ အမြင့်ဆုံး အချိန်ဥပဒေသက ၁ အချိုး ၅၀၀ ဖြစ်သည်။ အပြင်တွင် တစ်နာရီက လေ့ကျင့်ရေးကွင်း၌ နာရီ ၅၀၀ ကြာမြင့်မည် ဖြစ်သည်။ ထို့အပြင် ထို့အပြင် လေ့ကျင်းရေးကွင်းက [ ယုံကြည်မှု စိတ်ပုံရိပ်] လုပ်ဆောင်ချက် ရှိပြီး တကယ့်လက်တွေ့၌ အသုံးပြုနိုင်ပေသည်။
သက်ရောက်မှုက မူလ လေ့ကျင့်ရေးကွင်း၏ ၅ပုံ တစ်ပုံ ဖြစ်ပြီး အချိန်ဥပဒေသ ၁ အချိုး ၁၀၀ ရရှိမည် ဖြစ်လေသည်။ စိတ်ပုံရိပ်၏ အကြာဆုံးမှာ တကယ့်လက်တွေ့တွင် အချိန်၃လ ဖြစ်ပြီး နေ့စဉ် သလင်းကျောက် ၁၀၀၀ ပေးရမည်ဖြစ်ကာ ၃လအတွင်း သုံးသိန်းခန့် ပေးရမည် ဖြစ်လေသည်။ ထိုစျေးက မူလက အတော်လေး ကြီးသော်လည်း နတ်ဆိုးဘုံ တစ်ခုလုံး၏ မှော်ဂိမ်း ယုံကြည်မှုကို ပိုင်ဆိုင်ထားသော ချန်လွေ့အတွက် ယခု ပိုင်ဆိုင်ထားသော ယုံကြည်မှုသလင်းကျောက်က သန်း၁၀၀အထိ ရှိနေပြီဖြစ်သည်။ တစ်သိန်း မပြောနှင့်၊ ၁သန်း၊ ၁၀သန်းသည်ပင် သူ့အတွက် ဘာမှ မဟုတ်ပေ။
လေ့ကျင့်ရေးကွင်းနှင့် ယှဉ်လျှင် သူက နောက်ထပ် လုပ်ဆောင်ချက် တစ်ခုကို ထိုင်ကြည့်ရန်သာ လိုအပ်လေသည်။ ထိုအရာက [ကွင်းဆက်တိုးမြှင့်ခြင်း] အောက်မှ [ကြယ်အဆင့် တိုးမြှင့်မှု] ဖြစ်လေသည်။ အချိန်အကန့်အသတ်ရှိသော [တိုက်ပွဲ တိုးမြှင့်မှု]နှင့်ယှဉ်လျှင် [ကြယ်အဆင့် တိုးမြှင့်မှု]က စိတ်ဝိညာဉ် ကွင်းဆက် မပယ်ဖျက်မချင်း အမြဲရှိနေမည့် တိုးမြှင့်မှု ဖြစ်လေသည်။
“ကြယ်အပ်နှင်းခြင်း”ကလည်း “မစိုက်ပျိုးဘဲ ရိပ်သိမ်းရခြင်း” ဖြစ်လေသည်။
လေ့ကျင့်ရေးကွင်းဖြစ်စေ၊ [ ကြယ်အဆင့် တိုးမြှင့်မှု ] ဖြစ်စေ၊ ကြယ်အပ်နှင်းခြင်းဖြစ်စေ၊ လိုအပ်သော သတ်မှတ်ချက်က စိတ်ဝိညာဉ် ကွင်းဆက်ပင်။ ချန်လွေ့၏ မူလ စိတ်ဝိညာဉ် ကွင်းဆက်များက ကြယ်အပ်နှင်းခြင်းနှင့် ဆက်နွှယ်သော သူများသာ ဖြစ်ကြပြီး အသီနာ၊ ဇိုလာ၊ အစ်ဇဘယ်လာ၊ ပါ့ဂ်လီအို၊ ရိုမန်၊ ဒိုဒိုနှင့် လက်အောက်ခံ-သခင် စာချုပ် ချုပ်ထားသော ဂူရာဒန်တို့ ဖြစ်ကြသည်။ ကတ်သရင်း၊ ရှီရာ နှင့် အချို့သူများ မပါသေးသည့်အတွက် သူတို့ကို ထည့်စဉ်းစားရပေမည်။
ကြယ်(၆)ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ ဝင်ရောက်သွားပြီး ဓူဝံကြယ်ပြာဧကရာဇ် ညီတူမျတူ စာချုပ်က ၆ခု ဖြစ်ပြီး အစေခံ-သခင် စာချုပ်က ၁၅ခု ဖြစ်သွားခဲ့သည်။ ဓူဝံကြယ်နီ ဧကရာဇ်အဖြစ် ရောက်ရှိပြီးနောက် ကန့်သတ်ချက်က နှစ်ဆ ဖြစ်သွားသည်။ ညီတူမျတူ စာချုပ်က ၁၂ခု ဖြစ်သွားပြီး အစေခံ-သခင် စာချုပ် (လက်အောက်ခံ-သခင် စာချုပ် အပါအဝင်)က ၃၀ ဖြစ်သွား၏။
ချန်လွေ့က သေသေချာချာ စဉ်းစားလိုက်သည်။ ယခုတွင် သော်သော်ကို ထည့်စဉ်းစားရန် ငယ်လွန်းနေသေးသည်။ အသီနာနှင့် အခြား(၅)ယောက်၏ စိတ်ဝိညာဉ်ကွင်းဆက်ကတော့ မပြောင်းလဲပေ။ နောက်ထပ် ညီတူမျှတူ စာချုပ် (၆)နေရာ ရှိနေသးသည်။ တစ်ခုကို ကတ်သရင်းအတွက် ထားထားပြီး ရှီရာနှင့် ခီရာတို့အတွက် တစ်ခုစီ ထားထားသည်။ ပထမဆုံးအနေနှင့် သူက လိုအပ်သော မောင်းမဆောင် နေရာနှင့် ကိုက်ညီသွားပြီ ဖြစ်သည်။ ကျန်ရှိသော (၃)ခုတွင် တိုင်းပြည်အဆင့်သို့ ရောက်ရှိရန် အလားအလာ အရှိဆုံး ဖြစ်သော အိုလီဖီးရက်စ်အတွက် မိတ်ဖြစ်ဆွေဖြစ် တစ်ခု ဖြစ်ပြီး၊ တစ်ခုက ချန်လွေ့၏ သစ္စာရှိ အဖွဲ့ဝင် တစ်ယောက်ဖြစ်သော ဒေလီယာနှင့် ကျန်တစ်ခုက မောင်းမဆောင်၏ အကောင်းဆုံးသူငယ်ချင်း ခရိုဘဲလက်စ် အတွက်ပင်။
ကျန်ရှိသူများတွင် ရိုမန်၏ “မယားငယ်”အသစ် မယ်ဒီလူ၊ လိုလီလေး အဲလစ်၊ နာဂါကောင်မလေး အယ်ဒီလိုင်း၊ ဟယ်လင် (လျစ်လျူရှုနိုင်) နှင့် အဘိုးကြီး ထယ်တင်းနစ် စသဖြင့် ဖြစ်သည်။ သို့သော်လည်း ထိုနေရာက အသေ မဟုတ်ပေ။ နောက်ထပ် ဓူဝံကြယ်အဆင့်များသို့ ရောက်ရှိသွားလျှင် နေရာများ သေချာပေါက် ထပ်မံတိုးသွားမည်ဖြစ်ရာ ချန်လွေ့က အလျင်မလိုပေ။
ကွင်းဆက်ကို တည်ဆောက်ပြီးနောက် ချန်လွေ့က အကျိုးအမြတ် အများအပြား ဖြန့်ဝေခြင်းကို စတင်တော့သည်။
ပထမတစ်ခုမှာ [ကွင်းဆက်တိုးမြှင့်ခြင်း]၏ [ကြယ်အဆင့် တိုးမြှင့်မှု ] ဖြစ်သည်။
ဖော်ပြချက် အတိုင်းဆိုလျှင် အပ်နှင်းခံရသူ၏ စွမ်းအားက ချိပ်ပိတ်ခံရမည်ဖြစ်ပြီး တစ်လအတွင်း ချိပ်ပိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပေမည်။ ထိုလုပ်ငန်းစဉ်မှာ ပိုးအိမ်မှ ဖောက်ထွက်မလာခင် ကိုယ့်ကိုယ်ကိုယ် ပိုးမျှင်များဖြင့် ရစ်ပတ် နေခြင်းကဲ့သို့ ဖြစ်နေသည်။ တိုးမြှင့်ခြင်းကိုယ်တိုင် အန္တရာယ် မများသော်လည်း “ပိုးအိမ်ဖောက်ထွက်ခြင်း” ပြီးနောက်တွင် စွမ်းအားနှင့် တိုးတက်မှုတို့က ထိုတစ်လအတွင်း နားလည်မှုနှင့် စုပ်ယူမှု အပေါ်တွင် မူတည်လေသည်။ တစ်ခုတည်းသော နှမြောစရာမှာ ထိုတိုးမြှင့်မှုက ချိတ်ဆက်ထားသော အရာများ အတွက်သာဖြစ်သည့်အတွက် ချန်လွေ့ကိုယ်တိုင် မပါဝင်ပေ။
“ပိုးအိမ်ဖြစ်တည်ခြင်း” အချိန်ကို လေ့ကျင့်ရေးကွင်း၏ အချိန် ဥပဒေသဖြင့် ခုနှိမ်၍ မရပေ။ ထို့ကြောင့် သိုင်းပြိုင်ပွဲမတိုင်ခင် ချန်လွေ့က [ကြယ်အဆင့် တိုးမြှင့်မှု]ကို သူ၏မိသားစုနှင့် မိတ်ဆွေများ အပေါ်တွင် အသုံးမပြုခဲ့ပေ။ ယခု ပြိုင်ပွဲ ပြီးဆုံးသွားပြီး အတော်များများက တကယ့်တိုက်ပွဲ၌ အဖိုးတန် အတွေးအမြင်များ ရရှိသွားသည့်အတွက် ထိုအခွင့်အရေးကို အသုံးချကာ တိုးတက်အောင် ပြုလုပ်နိုင်ကြပေသည်။
တိုးမြှင့်မှု အချိန်တိုအတွင်း ဆွေမျိုးများနှင့် မိတ်ဆွေများက အချိန်အများစုကို နေအိမ်တွင်သာ နေကြသည်။ ချန်လွေ့က ကြက်သွေးရောင် မီးအိမ်ဝိညာဉ် မန်လေ့စ်ကို နန်းတော်ကို ရွှေ့ပြောင်းပြီး ရှီရာကို ကာကွယ်စေသည်။ သူက လော့ဒ်- အသီနာ အပါအဝင် ဆွေမျိုးများနှင့် မိတ်ဆွေများကို ကာကွယ်ရန်အတွက် အမှောင်လတွင် နေနေသည်။
နေ့တိုင်း သူက သမီးဖြစ်သူနှင့်အတူ အပြင်လျှောက်သွား၏။ ထို့နောက် လေ့ကျင့်ရေးအတွက် စူပါစနစ်ထဲ ဝင်ရောက်ကာ ဆွေမျိုးများ၊ မိတ်ဆွေများနှင့်အတူ ပျော်ပါးသည်။ ညပိုင်းတွင် သူက ကောင်မလေးများ “ကလေးတောင်းဆိုမှု”ကြောင့် အညှစ်ခံရလေသည်။ နေ့ရက်များ အလျင်အမြန်ပင် ကုန်ဆုံး သွားခဲ့ပြီး သူ မသိလိုက်ခင်မှာပင် တစ်လ ပြည့်သွားလေပြီ။
[ကြယ်အဆင့် တိုးမြှင့်မှု] ပြီးနောက်တွင် ပထမဆုံး သိသိသာသာ ပြောင်းလဲမှုက စွမ်းအားကို အာရုံခံနိုင်ခြင်းပင်။ [ကြယ်အဆင့် တိုးမြှင့်မှု] ရရှိသူတိုင်းက အကွာအဝေး တစ်ခုရှိ အချင်းချင်း၏ တည်ရှိမှုကို အာရုံခံနိုင်လေသည်။ ချန်လွေ့ တစ်ယောက်တည်းကိုသာ မဟုတ်ပေ။ ထိုအရာက အဖွဲ့တစ်ခု အတွက် အတော်လေး အသုံးဝင်ပေသည်။
ဒုတိယ ပြောင်းလဲမှုမှာ စွမ်းအားပင်။ ခီရာက မဟာနတ်ဆိုး ဘုရင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားခဲ့သည်။ အသီနာနှင့် ဒေလီယာတို့က နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားကြပြီး ဂူရာဒန်က တိုးမြှင့်ထားသော စွမ်းအားမှတဆင့် အူးကလီးရက်စ်၏ အရိုးများနှင့် လုံးဝ ပေါင်းစပ်နိုင်ခဲ့ပြီး နတ်ဆိုးအရှင်သခင်အဆင့်သို့ နောက်ဆုံး အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့သည်။ သို့သော် ကျန်ရှိသောသူများ၏ အပြောင်းအလဲက ရုတ်တရက်ကြည့်လျှင် မသိသာသော်လည်း သူတို့၏ခန္ဓာကိုယ်က ထူးဆန်းသော စွမ်းအား တစ်ခုခုကြောင့် ဆေးကြောခံလိုက်ရသကဲ့သို့ပင် မယုံနိုင်စရာ ပြောင်းလဲမှုများကို ခံစားနေရသည်။ သူတို့၏ အခြေခံကလည်း ပိုမို၍ ခိုင်မာသွားခဲ့ပြီး ယခင်လေ့ကျင့်ရေးမှ ရပ်တန့်နေခြင်း အချို့ကိုလည်း အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
ချန်လွေ့က [ကြယ်အဆင့် တိုးမြှင့်မှု]၏ အဓိပ္ပာယ်ကို နားလည် သွားလေပြီ။ ၎င်းက ကြယ်စွမ်းအားနှင့် ယုံကြည်မှုစွမ်းအားကို အသုံးချပြီး အဟောင်းကို ပယ်ကာ အသစ်အဖြစ် ပြောင်းလဲစေခြင်း ဖြစ်လေသည်။ ထိုအရာက အခြေခံကို ထပ်မံ ခိုင်မာစေရုံသာမက အနာဂတ်တွင်လည်း တစ်ဆို့မှုမှ ချိုးဖျက်ရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ ၎င်းက မိစ္ဆာသစ်သီး၏ အထူးဗားရှင်းတစ်မျိုး ကဲ့သို့ပင်။
စူပါစနစ်ကို ပိုင်ဆိုင်သော ချန်လွေ့အတွက် ထိုကဲ့သို့ တိုးမြှင့်မှုမျိုးကို မလိုအပ်ပေ။ ထို့ကြောင့် [ကြယ်အဆင့် တိုးမြှင့်မှု] က ထိန်းချုပ်သူအတွက် အလုပ်မဖြစ်ပေ။
[ကြယ်အဆင့် တိုးမြှင့်မှု]၏ နောက်ထပ် ထူးခြားသော လုပ်ဆောင်ချက်တစ်ခုမှာ “တုံ့ပြန်မှု”ဖြစ်ပြီး တိုးမြှင့်မှု ရရှိသူ နှစ်ယောက်က အကွာအဝေး တစ်ခုအတွင်း သိသာထင်ရှားသော စွမ်းအားတိုးမြှင့်မှု ရရှိပေလိမ့်မည်။ လူများလေ တိုးမြှင့်မှု ပိုများလေ ဖြစ်သည်။ တစ်ခုတည်းသော ခြွင်းချက်မှာ လက်အောက်ခံ-သခင် စာချုပ် ချုပ်ထားသော ဂူရာဒန် ဖြစ်ပြီး ကွင်းဆက်အမျိုးအစား မတူညီ၍ ဖြစ်နိုင်လောက်သည်။ အခြား လက်အောက်ခံ-သခင် စာချုပ်ရှိလျှင် ဂူရာဒန်လည်း ထိုကဲ့သို့ တိုးမြှင့်မှုမျိုး ရရှိနိုင်ပေသည်။ ကွင်းဆက် မည်သည့် အမျိုးအစား ဖြစ်စေကာမူ ချန်လွေ့ ရှိနေလျှင် တိုးမြှင့်မှုက နှစ်ဆ ဖြစ်သွားပေမည်။ ထိုအရာက လုံးဝကို အဖွဲ့ခေါင်းဆောင်၏ ရောင်လျှံပင်ဖြစ်ကာ “အဖွဲ့သား”မဟုတ်သူများ ရှိနိုင်သောအရာ မဟုတ်ပေ။