ကြယ်အပ်နှင်းခြင်း မတော်တဆ။ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှု
Vol. 54 Ch. 883
[ကြယ်အဆင့် တိုးမြှင့်မှု] အကျိုးအမြတ်များ ဖြန့်ဝေပြီး နောက်တွင် ကြယ်အပ်နှင်းအချိန် ရောက်လေပြီ။
အစက ဓူဝံကြယ်ပြာ ဧကရာဇ်တွင် ကြယ်ရာထူး (၆)နေရာ ရှိသည်။ ကြယ်ဗိုလ်ချုပ်ကို ပါ့ဂ်လီအိုထံ အပ်နှင်းခဲ့သည်။ ဇိုလာနှင့် ဒိုဒိုတို့ကို ကြယ်အစေခံ အပ်နှင်းခဲ့ပြီး အသီနာ၊ အစ်ဇဘယ်လာနှင့် ရိုမန်တို့ကို ကြယ်တပည့် အပ်နှင်းခဲ့လေသည်။
လက်ရှိ ဓူဝံကြယ်နီဧကရာဇ်၏ ကြယ်အပ်နှင်းခြင်းက (၂၁) နေရာအထိ ဖြစ်သွားခဲ့ပြီး ကြယ်ကိုယ်လုပ်တော် တစ်နေရာ၊ ကြယ်တပ်မှူး နှစ်နေရာ၊ ကြယ်ဗိုလ်ချုပ် လေးနေရာ၊ ကြယ်အစေခံ ခြောက်နေရာနှင့် ကြယ်တပည့် ရှစ်နေရာတို့ပင်။
ကြယ်ကိုယ်လုပ်တော် - စိတ်ဝိညာဉ်တိုးမြှင့်မှု SS ။
အထူးဂုဏ်သတ္တိ - [ စိတ်ထွင်းဖောက် ] - စိတ်နှင့်ဝိညာဉ် တိုက်ခိုက်မှုများကို နှစ်ဆတိုးစေနိုင်။ စိတ်နှင့်ဝိညာဉ် တိုက်ခိုက် ခံရမှုကို တဝက် လျှော့ချပေး။
ကြယ်တပ်မှူး - စွမ်းအားတိုးမြှင့်မှု S++ ။ အမြန်နှုန်း တိုးမြှင့်မှု S++ ။ အထူးဂုဏ်သတ္တိ - [ အကာအကွယ် ] -ထိခိုက်မှုကို ကြီးကြိးမားမား လျှော့ချပေးပြီး သက်လုံ ဖြည့်တင်းမှုကို နှစ်ဆ တိုးပေး။
ကြယ်ဗိုလ်ချုပ် - စွမ်းအားတိုးမြှင့်မှု S- ။ အထူးဂုဏ်သတ္တိ - [စစ်တပ်ထွင်းဖောက်] - ထိခိုက်မှု တိုးမြှင့်ပေးပြီး ဖျက်ဆီးမှု နှစ်ဆတိုးစေနိုင်။
ကြယ်အစေခံ - စိတ်ဝိညာဉ် တိုးမြှင့်မှု A+ ။ အထူးဂုဏ်သတ္တိ - [ အာရုံစူးစိုက်ခြင်း ] - မှော်မန်းမှုန်နှုန်းနှင့် စိတ်ဝိညာဉ် ဖြည့်တင်းနှုန်းကို အရှိန်မြန်စေနိုင်။
ကြယ်တပည့် - အမြန်နှုန်း တိုးမြှင့်မှု A ။ အထူးဂုဏ်သတ္တိ - [လျှပ်စီးခြေလှမ်း] - အမြန်နှုန်းနှင့် တိုက်ခိုက်မှုကို မြန်ဆန်စေ။
မောင်းမဆောင်ထဲမှ လူတိုင်းက ဂုဏ်သတ္တိနှင့် ဘာမှ မဆိုင်သော်လည်း “ကြယ်ကိုယ်လုပ်တော်”ဂုဏ်ပုဒ်ကို လိုချင် နေကြသည်။ သို့သော်လည်း ကံဆိုးစွာပင် နေရာတစ်ခုသာ ရှိ၏။ အရေးအကြီးဆုံးမှာ ထိုနေရာက တိုင်းပြည်အဆင့်သာ ရနိုင်၏။ SS- အဆင့် စွမ်းအားက သာမန် အစွမ်းထက်ပုဂ္ဂိုလ်များ ရရှိနိုင်သော အရာမဟုတ်ပေ။ ထို့ပြင် ၎င်းက စိတ်ဝိညာဉ် တိုးမြှင့်မှု ဖြစ်ရာ ချန်လွေ့က ၎င်းကို ဇိုလာထံ ပေးခဲ့သည်။
ကျန်ရှိသော ကြယ်ဗိုလ်ချုပ်နှင့် ကြယ်တပ်မှူး နေရာများကို မဲနှိုက်ပြီး ရွေးချှယ်လေသည်။ ကတ်သရင်းလည်း မဲနှိုက်ရာတွင် ပါဝင်ပြီး မစ်-သော်သော်က မဲနှိုက်ပေးလေသည်။
နောက်ဆုံးတွင် မစ်-သော်သော်နှင့် ဒိုဒိုတို့က ကံအကောင်းဆုံး ဖြစ်သွားပြီး ကြယ်တပ်မှူး ရာထူးများ ရရှိသွားကာ ပါ့ဂ်လီအိုက ယခင်အတိုင်းပင် ကြယ်ဗိုလ်ချုပ်ရာထူး ရရှိခဲ့ည်။ ခီရာလည်း ကြယ်ဗိုလ်ချုပ်ရာထူး ရရှိသွားသော်လည်း အစေခံမလေးက ခဏတွေးကာ ထိုနေရာကို တိုက်ခိုက်ရေး ကောင်းမွန်သော အသီနာထံ ပေးလိုက်သည်။ ကျန်ရှိသော ကြယ်ဗိုလ်ချုပ် နှစ်နေရာကို ရှီရာနှင့် ဒေလီယာတို့က အသီးသီး ရရှိခဲ့သည်။ ကျန်ရှိသော ကြယ်အစေခံနှင့် ကြယ်တပည့်တို့က စိတ်ရှိသလို ရွေးချယ်၍ ရပေသည်။ ရိုမန်နှင့် အစ်ဇဘယ်လာတို့၏ သူတို့နှင့် အလိုက်ဖက်ဆံုးသော ကြယ်တပည့်ရာထူးကို ရွေးချယ်ခဲ့၏။ အိုလီဖီးရက်စ်ကလည်း ကြယ်တပည့်ရာထူးကို ရွေးချယ်ကာ ခီရာ၊ ခရိုဘဲလက်စ်နှင့် ဂူရာဒန်တို့က စိတ်ဝိညာဉ် တိုးမြှင့်မှု ပါရှိသော ကြယ်အစေခံကို ရွေးချယ်ခဲ့လေသည်။
ထိုအချိန် ကြယ်အပ်နှင်းခြင်း ပြီးသွားသောအခါ လူတိုင်းက တုန်ခါသွားကြပြီး ထူးဆန်းသော နေရာတစ်ခုထဲသို့ ရောက်ရှိ သွားကြသည်။
နေရာအကျယ်ကြီး ဖြစ်၏။ ရှေ့တွင် ရောင်စုံအလင်းများ အရောင်ဖျော့ဖျော့ တောက်နေသော မြင့်မားသည့် စင်မြင့် တစ်ခုလည်း ရှိနေသည်။
“ဒါက ဘယ်နေရာလဲ။”
“ငါ့ဆီမှာ ဘာလို့ အတော်လေး ကြီးမားတဲ့ စွမ်းအား ရှိနေရတာလဲ။ ဥပဒေသက ပိုပြီးတော့ အစွမ်းထက်လာတဲ့ပုံပဲ။”
“ငါ့မှာ ဥပဒေသ စွမ်းအားတောင် မရှိဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ် စွမ်းအားက အများကြီး တိုးတက်သွားတယ်။”
“ငါရောပဲ...”
“....”
ထိုအချိန် ဆင်တူသော အတွေ့အကြုံ ရှိခဲ့သည့် ဇိုလာက ပြောသည်။ “ဒါက မဟာ့မဟာ ဆရာသခင်ဆီကနေ ချန်လွေ့ ဆက်ခံထားတဲ့ အစွမ်းအထက်ဆုံး တိုင်းပြည်ပဲ။ နင်တို့ ခံစားနေရတဲ့ မူမမှန်မှုက ယုံကြည်မှုစွမ်းအားကြောင့်ပဲ။”
မဟာ့မဟာ ဆရာသခင်ဆီကနေ ဆက်ခံထားတဲ့ တိုင်းပြည် ဟုတ်လား။ ယုံကြည်မှုစွမ်းအား။ ဆွေမျိုးများနှင့် မိတ်ဆွေများ အံ့အားသင့် သွားကြသည်။
ချန်လွေ့၏ ပုံရိပ်က စင်မြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ လူတိုင်း၏ စိတ်ထဲ၌ အဟန့်အတားတစ်ခု ရှိပြီး လောကကြီးကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။ သို့သော် ထိုခံစားချက်က ခဏအကြာတွင် ဂူရာဒန်မှလွဲ၍ ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာက စိတ်ဝိညာဉ်ကွင်းဆက်၏ အထူးသက်ရောက်မှု ဖြစ်သော “ဧကရာဇ်အဟန့်အတား”ပင်။
ကြယ်စွမ်းအား - ကြည်ညိုခြင်း၊ ပုန်ကန်လိုစိတ် အားလုံးကို အဆုံးသတ်ပေးနိုင်။ (ပယ်ဖျက်၍ရ)
ချန်လွေ့ ထင်ထားသည့်အတိုင်းပင် ဇိုလာ၏ “အစစ်အမှန် ကြယ်အစေခံ”က “အစစ်အမှန် ကြယ်ကိုယ်လုပ်တော်” ဖြစ်လာခဲ့သည်။ ဒိုဒိုက “အစစ်အမှန် ကြယ်တပ်မှူး” ဖြစ်လာကာ ပါ့ဂ်လီအိုက “အစစ်အမှန် ကြယ်ဗိုလ်ချုပ်” ဖြစ်လာခဲ့သည်။ အခြားသူများက တိုင်းပြည်အဆင့်သို့ မရောက်သေးသည့်အတွက် ကြယ်ရာထူး အပြောင်းအလဲများ မရှိခဲ့ပေ။
အစစ်အမှန် ကြယ်ကိုယ်လုပ်တော်- စိတ်ဝိညာဉ်တိုးမြှင့်မှု SS+ ။ အခြေခံမှော်နှင့် စိတ်ဝိညာဉ် အကန့်အသတ်ကို ၅၀% တိုးစေနိုင်။
အထူးဂုဏ်သတ္တိ - [ အစစ်အမှန် စိတ်ထွင်းဖောက် ] - ဝိညာဉ်နှင့် စိတ်တိုက်ခိုက်မှုများကို နှစ်ဆတိုးစေနိုင်။ ဒြပ်စင် ထိန်းချုပ်မှုကို နှစ်ဆတိုးစေ။ စိတ်နှင့် ဝိညာဉ် တိုက်ခိုက်ခံရမှုကို တဝက်လျှော့ချပေး။
အစစ်အမှန် ကြယ်တပ်မှူး - စွမ်းအားတိုးမြှင့်မှု SS- ၊ အမြန်နှုန်း တိုးမြှင့်မှု SS- ။ သက်လုံဆုံးရှုံးမှုကို ၅၀% လျှော့ချပေး။
အထူးဂုဏ်သတ္တိ - [ အစစ်အမှန် အကာအကွယ် ] - ထိခိုက်မှု ကြီးကြီးမားမား လျှော့ချပေး။ သက်လုံဖြည့်တင်းမှု နှစ်ဆတိုးစေ။ ခန္ဓာကိုယ် အသစ်ပြန်ဖြစ်နှုန်း နှစ်ဆတိုးစေ။
အစစ်အမှန် ကြယ်ဗိုလ်ချုပ် - စွမ်းအားဆိုးမြှင့်မှု SS- ။ အခြေခံ ထိုးထွင်းဉာဏ်ကို ၃၀% တိုးပွားစေနိုင်။
အထူးဂုဏ်သတ္တိ - [အစစ်အမှန် စစ်တပ်ထွင်းဖောက် ] - ထိခိုက်မှုနှင့် ဖျက်ဆီးခြင်း စွမ်းအား နှစ်ဆတိုးစေနိုင်ပြီး ပစ်မှတ်၏ ခုခံမှုကို လျစ်လျူရှုနိုင်သော အခွင့်အရေးတစ်ခုရှိ။
အစစ်အမှန် ကြယ်ရာထူးများ၏ အစွမ်းကို ထိုစဉ်က ဇိုလာနှင့် လာလာရီယာတို့ တွေ့ဆုံစဉ်က အနည်းငယ် စမ်းသပ်ပြီးပြီ ဖြစ်သည်။ ဇိုလာ၏ တိုက်ခိုက်မှုနှစ်ခုက အမှန်တကယ်ပင် သူ့ကို တိုင်းပြည်အဆင့် အလတ်ပိုင်း ဆယ်ကျော်သက် ကောင်မလေး အဖြစ်သို့ ပြောင်းလဲလိုက်ရစေသည်။ ထို့အပြင် လာလာရီယာက မှော်ပြီးသော နဂါးနက်တစ်ကောင်လည်း ဖြစ်ပေသည်။
အစစ်အမှန် ကြယ်ရာထူးနှင့် [ ဒြပ်စင်၆ခု တိုင်းပြည် ] က အဆင်တူနှင့် အဆင့်ပိုမြင့်သူများ အားလုံးကိုပင် အနိုင်ယူရန် ဇိုလာအတွက် လုံလောက်သည်။ နှမြောစရာက ကံတရားကြောင့် မစ်-နတ်မိမယ်နဂါးသည် သိုင်းပြိုင်ပွဲတွင် အစွမ်းမပြနိုင်ခဲ့ပေ။ သို့သော်လည်း ဇိုလာက အရှုံးမပေးခင် ချန်လွေ့ကို တရင်းတနှီး ဖက်သွားခဲ့သော အတင်းအဖျင်းများက နတ်ဆိုးဘုံတလျှောက် ပျံ့နှံ့သွားစေပြီး မစ်-နတ်မိမယ်နဂါးကို အလွန်ပင် ဂုဏ်ယူနေစေ ခဲ့သည်။
ယခုတွင် “အစစ်အမှန် ကြယ်ကိုယ်လုပ်တော်” စွမ်းအားက “အစစ်အမှန် ကြယ်အစေခံ”ထက် များစွာ သာလွန်နေ၏။ [ ကြယ်အဆင့် တိုးမြှင့်မှု ] နှင့် ကြယ်ရာထူး မရရှိသေးသော ကတ်သရင်းမှလွဲ၍ မစ်-နတ်မိမယ်နဂါးက ဆွေမျိုးများနှင့် မိတ်ဆွေများ အကြားတွင် သေချာပေါက် အစွမ်းထက်ဆုံး တည်ရှိမှု ဖြစ်ပေသည်။
ချန်လွေ့ကိုယ်တိုင်ကို ပို၍ပင် အံံ့အားသင့် သွားစေသည်မှာ အစစ်အမှန် ကြယ်ရာထူး ရရှိသူများသာ ကြယ်အပ်နှင်းခြင်း စင်မြင်သို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ ထိုအရာ ယခင်တစ်ခေါက် ဇိုလာ “အစစ်အမှန် ကြယ်အစေခံ”ဖြစ်ခဲ့စဉ်က ဖြစ်ခဲ့လေသည်။ သို့သော် ယခုတွင် အားလုံးက ကြယ်အပ်နှင်းခြင်း စင်မြင့်သို့ ရောက်ရှိသွားကြလေသည်။
ဒါက ဓူဝံကြယ်နီ ဧကရာဇ်ကြောင့် မဟုတ်လောက်ဘူး။ အိုး။ ဒါက [ ကြယ်အဆင့် တိုးမြှင့်မှု ] ကြောင့်ပဲ။ ချန်လွေ့က ရုတ်ခြည်း တုံ့ပြန်လိုက်သည်။ [ ကြယ်အဆင့် တိုးမြှင့်မှု ] က တကယ်ပဲ ကြယ်အပ်နှင်းခြင်း စင်မြင့်နဲ့ ချိတ်ဆက်မှု ရှိနေတယ်။
သို့ရာတွင် ချန်လွေ့က ဓူဝံကြယ်နီဧကရာဇ် မဖြစ်လာခဲ့လျှင် [ ကြယ်အဆင့် တိုးမြှင့်မှု ] ကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအရာက မတော်တဆ ပတ်သက်မှုတစ်ခု ဖြစ်ပေ၏။
အားလုံးက ကြယ်အပ်နှင်းခြင်း စင်မြင့်သို့ ရောက်သွားပြီး နောက်တွင် မူလ ဧကရာဇ်အဟန့်အတား၊ ကိုးကွယ်မှု၊ ယုံကြည်မှု ကွင်းဆက်အပြင် စိတ်ဝိညာဉ် ကွင်းဆက် ဂုဏ်သတ္တိတွင် “လက်နက်ပေးကမ်းခြင်း” တစ်ခု ထပ်တိုးလာခဲ့သည်။
“ဧကရာဇ်အဟန့်အတား”က မနာခံ၍ မရသော အဟန့်အတား တစ်ခု ဖြစ်သည်။ “ကိုးကွယ်မှု”က ယုံကြည်မှုကို ခိုင်မာစေပြီး ပြောင်းလဲခြင်းကို တားမြစ်သည်။ ဂူရာဒန်မှလွဲ၍ ချန်လွေ့က ကျန်သောသူများကို ထိုသက်ရောက်မှုများ ပယ်ဖျက်ခဲ့သည်။ “စိတ်ဝိညာဉ်ကွင်းဆက်”က ယုံကြည်မှုကို ပေးအပ်ခြင်း၊ စုပ်ယူခြင်း ဖြစ်ပြီး ရေရှည် ရင်းနှီးမြှုပ်နှံမှုကဲ့သို့ ဖြစ်လေသည်။ ၎င်းတို့ကို ဂူရာဒန်မှလွဲ၍ ကျန်သောသူများအား အနိမ့်ဆုံးအထိ ထားထား လိုက်လေသည်။
“လက်နက်ပေးကမ်းခြင်း”က အမှန်တကယ်၌ နတ်ဘုရား တစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်နှင့် ဆင်တူသော ယုံကြည်မှု ပစ္စည်းတစ်ခု ပေးကမ်းခြင်း ဖြစ်လေသည်။ သို့သော်လည်း ထိုပေးကမ်းခြင်းက တိုက်ခိုက်မှုအတွက်ဖြစ်ပြီး လဲလှယ်ရေးဌာနမှ ယုံကြည်မှု သိုင်းဝိညာဉ်နှင့် တိုက်ရိုက် ချိတ်ဆက်ထားခဲ့သည်။
ယုံကြည်မှု သိုင်းဝိညာဉ်က (လက်သီးအပါအဝင်) မည်သည့် လက်နက်မဆိုကို ဖုံးလွှမ်းနိုင်၏။ တိုက်ခိုက်မှုစွမ်းအားနှင့် ထိခိုက်မှု တဟုန်ထိုး တိုးတက်သွားသည့်အပြင် ၎င်းက ချန်လွေ့ နားလည်ထားသော ပျက်စီးခြင်း ဥပဒေသ စွမ်းအား အငွေ့အသက် ထပ်ပေါင်းထည့်ပေးသည်။ ဆိုလိုသည်က တိုက်ခိုက်ရေးစွမ်းအား တိုင်းပြည်အဆင့်အောက်နိမ့်သော အသီနာ၊ အစ်ဇဘယ်လာနှင့် ချိတ်ဆက်ထားသူများက ထပ်မံ၍ စွမ်းအား တိုးတက်လာဦးမည် ဖြစ်ပေသည်။
သို့သော်လည်း ထိုလက်နက်ပေးကမ်းခြင်းက အချိန် အကန့်အသတ် ရှိပြီး တစ်နေ့လျှင် တစ်ခါ၊ တစ်ခါလျှင် နာရီဝက်သာ အသုံးပြု၍ ရနိုင်သည်။
ချက်ချင်းပင် ချန်လွေ့က ယုံကြည်မှု သိုင်းဝိညာဉ်ကို လဲလှယ်ရေး ဌာနမှ ဝယ်ယူလိုက်ပြီး ပေးကမ်းမှု လုပ်ဆောင် လိုက်သည်။ ယုံကြည်မှု သိုင်းဝိညာဉ်နှင့် အစစ်အမှန် ကြယ်ရာထူး အကြောင်း ရှင်းပြပြီးနောက် အားလုံး အံ့အားသင့် သွားကြသည်။
“ရှေးမဟာ့မဟာဆရာသခင်ရဲ့ အမွေအနှစ်က...ဒီလောက် အစွမ်းထက်တာလား။” ပါ့ဂ်လီအိုက တိတ်တဆိတ် ထိတ်လန့် သွားခဲ့သည်။ စွမ်းအား တိုးပွားလာသည်မှာ သေချာပေါက် ထင်ယောင်ထင်မှား မဟုတ်ကြောင်း သူ သေချာ ခံစားမိလေသည်။ အထူးသဖြင့် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ပြီးမှသာ ရရှိနိုင်သော ယုံကြည်မှုစွမ်းအားမျိုးပင်။ ယခုတွင် ၎င်းက သူ၏ ကိုယ်ထဲ၌ မွေးကတည်းက ပါလာသလို အဆက်မပြတ် လည်ပတ် နေခဲ့သည်။ တိုင်းပြည်အဆင့် ပုဂ္ဂိုလ်တစ်ယောက်အတွက် ထိုအရာက အရှားပါးဆုံးနှင့် အဖိုးတန်ဆုံးဖြစ်ပြီး အနာဂတ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနိုင်ရန် ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။
“ရှေးမဟာ့မဟာ ဆရာသခင်က နတ်ဘုရားအဆင့်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အထူး နတ်ဘုရား-ယောင် ဖြစ်ရမယ်။” ခရိုဘဲလက်စ်က အံ့အားသင့်စွာ ပြောလိုက်သည်။
“အခု တိုင်းပြည်အဆင့် အစွန်အဖျားကို ထိတွေ့ နိုင်သွားသလို ခံစားလိုက်ရတယ်။” ရိုမန်က မျက်နှာပေါ်တွင် လေးစား အားကျမှုများကို ချန်လွေ့ကို ဝင်အုပ်လိုက်သည်။ “အခု မဟာ့မဟာဆရာသခင်က နတ်ဘုရားလို့ တစ်ယောက်ယောက် ပြောမယ်ဆိုရင် ယုံလိုက်မယ်။ ဆာ-ခေါင်းဆောင်။ ဆာ-ဦးလေ။ မဟာ့မဟာဆရာသခင်ရဲ့ ဆာ-အမွေဆက်ခံသူ။ ကျုပ်က အနာဂတ်မှာ ခင်ဗျားရဲ့ အနွံ့နာခံဆုံး ယုံကြည်မှု ဖြစ်လာမှာပါ။ ကျုပ် ဒူးထောက်တာကို လက်ခံပေးပါ။”
ချန်လွေ့က တူလေးကို ကန်ထုတ်လိုက်ပြီး ဒေလီယာက တောင်းပန်စွာဖြင့် ပုခုံးတွန့်ပြလိုက်သည်။ “ဘယ်လိုပြောရမလဲ။ ကလိမ်ကကျစ်ကျတဲ့ ပစ္စည်း၊ ဇာတ်လိုက်ရောင်လျှံ၊ အမှား...အဲ.... ဘာလို့လဲ ဆိုတာ နားလည်စရာ မလိုပါဘူး။ ဒါက အတော်လေး အစွမ်းထက်တာကို သိရင်ရပြီ။”
[ကြယ်အဆင့် တိုးမြှင့်မှု] ၊ ကြယ်အပ်နှင်းခြင်းနှင့် လေ့ကျင့်ရေး ကွင်းပြင် စိတ်ပုံရိပ်တို့က သေရေးရှင်ရေး ဖြတ်သန်းခဲ့ကြသော မိတ်ဆွေများနှင့် ချစ်ရသော အမျိုးသမီးများ အတွက် အချိန်တုိ အတွင်း ပိုမို၍ အင်အားကြီးလာစေနိုင်သည်။ သူကလည်း တစ်ဖနီ ကိစ္စကို ယုံကြည်ချက်ရှိရှိနှင့် ဖြေရှင်းနိုင်ပေမည်။ အမှန်တကယ်၌ သူ့ကို တမင်ရှာစရာ မလိုအပ်ပေ။ ဆာရီရယ် ပြောသည့်အတိုင်း ဆိုလျှင် လှုပ်ရှားမှုတစ်ခုအတွက် ကန့်သတ်ချိန်က နီးကပ်လာနေပြီ ဖြစ်လေသည်။
ချန်လွေ့က စကားမဆုံးသေး ခင်မှာပင် ဘေးဖက်မှ ပျော်ရွှင်နေသော ချွဲကျိကောင်၏အသံ ထွက်ပေါ်လာ၏။ “အစစ်အမှန် ကြယ်တပ်မှူး။ တကယ့်ကို ခန့်ညားတယ် (တရုတ်ဘာသာ၌ အသံထွက်ချင်းတူ)။ ဆရာသခင် ချွဲကျိကောင်က တကယ် ချောမောလှပတယ်။ တကယ့်ကို ခန့်ညားတယ်။”
ချန်လွေ့နှင့် မိတ်ဆွေများ “.......”
အမှန်တကယ်၌ ထိုကဲ့သို့ ကြယ်အပ်နှင်းခြင်းတွင် အကြီးမားဆုံး အကျိုးအမြတ် ရရှိသူက ချန်လွေ့ကိုယ်တိုင်ပင် ဖြစ်လေသည်။ စူပါစနစ် တစ်ခုလုံး၏ နေအဖွဲ့အစည်းက နှစ်ဆကျော် ဖြစ်သွားပြီး အမျိုးမျိုးသော စွမ်းရည်များကိုလည်း တစ်ချိန်တည်း တိုးမြှင့်နိုင်လာသည်။ အရေးကြီးဆုံးမှာ ပျက်စီးခြင်း ဥပဒေသအပေါ် နားလည်မှု ပိုတိုးလာခြင်းပင်။ နဂိုက ဒွိဟဖြစ်စရာ များကလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။
ချန်လွေ့၏ လက်ရှိအဆင့်က အဆင့်ငယ်တိုင်း အတော်လေး ခက်ခဲနေပြီး ထိုကဲ့သို့ အရည်အသွေးနှင့် အရေအတွက် တဟုန်ထိုး တိုးတက်သွားခြင်းက မယုံနိုင်စရာပင်။ ယခုတွင် သူက သိုင်းပြိုင်ပွဲ၌ ရှိနေစဉ်ကထက် [ ဓူဝံကြယ်နီအသွင်ပြောင်းခြင်း ] စွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်လာသည်။
ကြယ်အပ်နှင်းခြင်း စင်မြင့်ပေါ်တွင် အရောင်စုံ အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး တန်းစီးသွားခဲ့သည်။ ခရမ်းရောင် အလင်းတန်းက ကြယ်အပ်နှင်းခြင်း စစ်မြင်နှင့် အနီးဆုံးဖြစ်ပြီး ကြယ်ကိုယ်လုပ်တော်၊ အပြာရောင်များက ကြယ်တပ်မှူး၊ အစိမ်းရောင်များက ကြယ်ဗိုလ်ချုပ်များကို ကိုယ်စားပြုခြင်း ဖြစ်လောက်ပေသည်။ ကြယ်တပည့်နှင့် ကြယ်အစေခံများ၏ အလင်းတန်းများကတော့ အဖြူရောင် ဖြစ်၏။
အလင်းတန်က အလျင်အမြန် စတင်ပြောင်းလာပြီး ခရမ်းရောင် အလင်းတန်းက ဖောက်ထွင်းမြင်ရသော ဇိုလာပုံစံ ရုပ်ထုအဖြစ် စုစည်းသွားခဲ့သည်။ ထိုအရာက တကယ့်လူအတိုင်းပင် ဖြစ်နေသော်လည်း အမူအရာက အတော် လေးနက်နေ၏။ အပြာရောင်အလင်းတန်းက ကြက်သွန်နီပုံစံ ဖြစ်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ ကတ်သရင်းက ထိုနေရာတွင် ရှိမနေသည့်အတွက်ကြောင့် ကြယ်တပ်မှူးကို ကိုယ်စားပြုသော အလင်းတန်းက မပြောင်းလဲသွားခဲ့ပေ။ ကျန်ရှိသော အသီနာ၊ ပါ့ဂ်လီအို နှင့် အခြားသူတို့၏ ပုံရိပ်များကလည်း သက်ဆိုင်ရာ အလင်းတန်းများတွင် ပေါ်ထွက် လာခဲ့သည်။ မရွေးချယ်ရသေးသော ကြယ်ရာထူးများက ကွက်လပ် ဖြစ်နေ၏။
ထိုကဲ့သို့ ရုတ်ခြည်းပြောင်းလဲမှုကြောင့် လူတိုင်းက ကိုယ်ပိုင် “ရုပ်ထုများ”အပေါ်သို့ အံံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။ ဒိုဒိုက ပြုံးနေသော ကြက်သွန်နီကို သေချာကြည့်နေပြီး လက်နှစ်ချောင်းထောင်ကာ အားလုံးကို တစ်ပုံစံတည်း ပြုံးပြလိုက်၏။
ထိုပုံရိပ်က အလွန်အမင်း အားကောင်းသော ယုံကြည်မှု စွမ်းအား ပါဝင်ကြောင်း ချန်လွေ့ သေသေချာချာ ခံစားမိနေသည်။ သူ၏ အတွေးများက ဇိုလာ၏ ရုပ်ထုထံသို့ ရောက်ရှိသွားသောအခါ စိတ်ထဲ၌ သက်ဆိုင်ရာ စာသားများ ပေါ်ထွက်လာခဲ့သည်။
အစစ်အမှန် ကြယ်ကိုယ်လုပ်တော် - ဇိုလာ
ဧကရာဇ် အဟန့်အတား - ပယ်ဖျက်ထား (ပြန်အသုံးပြုနိုင်)
ကိုးကွယ်မှု - ပယ်ဖျက်ထား (ပြန်အသုံးပြုနိုင်)
ယုံကြည်မှုကွင်းဆက် - လက်ရှိအခြေအနေ (ချိန်ညှိ၍ရ)
လက်နက်ပေးကမ်းမှု - ကြယ်နီဥပဒေသ ဝိညာဉ်လက်နက် (ဖယ်ရှား၍ရ)
ကြယ်အခြေအနေ - မရှိ။
မှတ်ချက် - ကြယ်အပ်နှင်းခြင်း စင်မြင့်တွင် ဆက်နေရမည်။ (၆)မိနစ်။
ချန်လွေ့က သဘောပေါက်သော အမူအရာတစ်ခု ပြသလိုက်၏။ ဒါက ဓူဝံကြယ်နီဧကရာဇ်ကို အဆင့်တက်သွားသော ကြယ်အပ်နှင်းခြင်းမှာ ပြောင်းလဲမှုတွေ ဖြစ်သွားတာ ဖြစ်မယ်။ ဒီရုပ်ထုတွေက ကြယ်အပ်နှင်းခြင်းရဲ့ ဂုဏ်သတ္တိတွေကို နာမည်တတ်ထားတာ အပြင်ကို ထိန်းချုပ်သူကလည်း အဲဒါကို အချိန်မရွေး ပယ်ဖျက်နိုင်တယ်။ ဒါပေမဲ့ အဲဒါတွေက ထူးခြားတဲ့ အချက်အလက်ကိုလည်း ပြနေတယ်။ ဥပမာ ကြယ်အပ်နှင်းခြင်း စင်မြင့်မှာ နေတဲ့အချိန်မျိုးပေါ့။ ဒါပေမဲ့ ဒီရုပ်ထုတွေမှာ တခြား လုပ်ဆောင်ချက်တွေ ရှိတဲ့ပုံမပေါ်ဘူး။
ထိုအခိုက်တွင် ဒိုဒိုက ရုပ်ထုကို စပ်စုချင်စိတ်ဖြင့် ထိလိုက်မိ၏။ သူ့တစ်ကိုယ်လုံးက အလင်းတန်း တစ်ခုအဖြစ် ပြောင်းသွားကာ ရုပ်ထု၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
ရုတ်တရက် ရုပ်ထုက အပြာရောင်အလင်းများ တောက်ပသွားပြီး ချက်ချင်းပင် အသက်ဓာတ်များ ပြည့်နှက် သွားဟန်တူသည်။ ထိုအပြောင်းအလဲကို အားလုံးကို ထိတ်လန့် သွားစေခဲ့သည်။ ချန်လွေ့၏ အတွေးများ အနည်းငယ် ပြောင်းလဲသွားပြီး သူက ဒိုဒို ရုပ်ထုမှ အချက်အလက်ကို မြင်လိုက်ရသည်။
အစစ်အမှန် ကြယ်တပ်မှူး - ဒိုဒို
ဧကရာဇ် အဟန့်အတား - ပယ်ဖျက်ထား (ပြန်အသုံးပြုနိုင်)
ကိုးကွယ်မှု - ပယ်ဖျက်ထား (ပြန်အသုံးပြုနိုင်)
ယုံကြည်မှုကွင်းဆက် - လက်ရှိအခြေအနေ (ချိန်ညှိ၍ရ)
လက်နက်ပေးကမ်းမှု - ကြယ်နီဥပဒေသ ဝိညာဉ်လက်နက် (ဖယ်ရှား၍ရ)
ကြယ်အခြေအနေ - ပေါင်းစည်းခြင်း(လက်ရှိ (၃)နာရီ ကျန်ရှိသေး၊ ရုတ်သိမ်း၍ရနိုင် )
မှတ်ချက်။ ။ ကြယ်အပ်နှင်းခြင်း စင်မြင့်တွင် ဆက်နေနေရန် အချိန် - (၃)နာရီ။
နဂို ၆မိနစ်က ၃နာရီတောင် ဖြစ်သွားတာလား။ ဒါက “ပေါင်းစည်းခြင်း”ကြယ် အခြေအနေလား။ ချန်လွေ့က ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူက ဒိုဒို၏ ပေါင်းစည်းခြင်း အခြေအနေကို ချက်ချင်း ပြန်မရုတ်သိမ်းခဲ့ပေ။ အတွေးတစ်ချက် ဖြင့် အားလုံးက အိမ်ထဲသို့ ပြန်ရောက်သွားကြသည်။
မယ်ဒီလူ၏ လက်မောင်းထဲ၌ ရှိနေသော မစ်-သော်သော်က ပျံသန်းလာပြီး ချန်လွေ့၏ လက်မောင်းထဲသို့ ဆင်းသက်လိုက်၏။ “ဖေဖေ။ ဒေါ်လေး အသီနာ။ ခုနက အားလုံး ရုပ်သေး ကစားနည်း ကစားနေကြတာလား။ ဘာလို့ တစ်ယောက်မှ မလှုပ်ကြတာလဲ။ သော်သော်လည်း ကစားချင်တယ်။”
ခုနက ကြယ်အပ်နှင်းခြင်း စင်မြင့်ထဲကို ရောက်သွားတာ လူတိုင်းရဲ့ အသိစိတ်ဆိုတာ အသေအချာပဲ။ အဲဒါကို ဝိညာဉ်လို့ ခေါ်ရမယ်ထင်တယ်။
ချန်လွေ့က လှည့်ပတ် ကြည့်လိုက်သည်။ “သော်သော်။ ဖေဖေ့ကို အမှန်အတိုင်းပြောနော်။ ဒိုဒို ဘယ်မှာလဲ။”
“ဒိုဒိုက....” မစ်-သော်သော်က မျက်လုံးများကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေပြီး ဘယ်ညာ ကြည့်လိုက်သည်။ “ဟမ်။ ခုနက သူ ဒီမှာပဲ ရှိနေတယ်လေ။”
အထင်အမြင်တစ်ခု အမှန်ဖြစ်လာကြောင်း ချန်လွေ့ ခံစားလိုက် မိပြီး နှလုံးခုံန်သံ အနည်းငယ် မြန်လာခဲ့သည်။ ကျန်တဲ့ လူတိုင်းက ကြယ်အပ်နှင်းခြင်း စင်မြင်ကနေ ထွက်သွားတော့ အသိစိတ်က တကယ့်လက်တွေ့ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ သော်သော်ရဲ့ ခန္ဓာကိုယ်က “ပေါင်းစည်းခြင်း” ကြယ်အခြေနေမှာ ပျောက်ကွယ် သွားခဲ့တယ်။
ဧကန္တ....
ချန်လွေ့က ချက်ချင်းပင် ကြယ်အပ်နှင်းခြင်း စင်မြင်သို့ သွားလိုက်ရာ အခြားသူများ၏ ရုပ်ထုများအားလုံး ရှိနေသေးကြောင်း မြင်လိုက်ရသည်။ ဒိုဒိုတစ်ခုသာ ပေါင်းစည်းသော အခြေအနေ၌ ရှိနေသေးသည်။ ထို့နောက် သူက စူပါစနစ်ထဲမှ ထွက်ပြီး သော်သော်ကို အသီနာ ကမ်းပေးကာ [ကြယ်ဂိတ်]ကို အသက်သွင်းလိုက်၏။
လက်ရှိ [ကြယ်ဂိတ်]က ကြယ်အမှတ်(၄)နေရာအထိ တိုးသွားပြီး အမှတ်ချနိုင်သော အချိန်ကလည်း ၃နှစ်မှ ၁၀နှစ်အထိ ပြောင်းလဲသွားခဲ့သည်။
ချန်လွေ့ သွားနေသော နေရာမှာ ရေကန်ပြာတောင်ခြေရှိ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းမှ ကြယ်အမှတ်ထံ ဖြစ်သည်။ သူက ကြယ်မြို့ဆီ ချက်ချင်း ရောက်သွားသည့်အခါ ဒိုဒိုက ကြယ်အပ်နှင်းခြင်း စင်မြင့်၏ ပေါင်းစည်းခြင်း အခြေအနေ၌သာ ရှိနေသေးကြောင်း တွေ့ရှိသွားခဲ့သည်။
ထိုတွေ့ရှိမှုက ချန်လွေ့ကို အံ့အားသင့်သွားခဲ့သည်။ အတွေးအချို့ တွေးပြီးနောက် သူက [ ကြယ်ဂိတ် ]ကို ဖွင့်လိုက် ပြန်သည်။ ယခုတစ်ခေါက် သူက A- အဆင့် နေရာလွတ်ကို စမ်းသပ်ချင်ခဲ့သည်။ စနစ်က “ယုံကြည်မှုသလင်းကျောက် ၁၀သိန်း လိုအပ်သည်”ဟု သတိပေးလာရာ ချန်လွေ့က ချက်ချင်းပင် အတည်ပြုလိုက်၏။
မြင်ကွင်းများ ပြောင်းလဲသွားပြန်သည်။ မုန်တိုင်းကျွန်း၏ ရင်းနှီးသော မြင်ကွင်းများကို ကြည့်ရင်း ချန်လွေ့က ခံစားချက်များ ထိန်းချုပ်ကာ ဒိုဒို၏ ပေါင်းစည်းခြင်း အခြေအနေကို ပယ်ဖျက် လိုက်၏။ ဒိုဒို၏ပုံရိပ်က ချက်ချင်းပင် သူ့ဘေးနား၌ ပေါ်ထွက်လာပြီး ကြောက်လန့်နေသော ပုံစံဖြင့် မျက်လုံးကို အုပ်ထားနေလေသည်။
ထိုအချိန် ကြယ်အပ်နှင်းခြင်း စင်မြင့်က အချက်အလက် ပြသလာသည်။
အစစ်အမှန် ကြယ်တပ်မှူး - ဒိုဒို
ဧကရာဇ် အဟန့်အတား - ပယ်ဖျက်ထား (ပြန်အသုံးပြုနိုင်)
ကိုးကွယ်မှု - ပယ်ဖျက်ထား (ပြန်အသုံးပြုနိုင်)
ယုံကြည်မှုကွင်းဆက် - လက်ရှိအခြေအနေ (ချိန်ညှိ၍ရ)
လက်နက်ပေးကမ်းမှု - ကြယ်နီဥပဒေသ ဝိညာဉ်လက်နက် (ဖယ်ရှား၍ရ)
ကြယ်အခြေအနေ - မရှိ။ မှတ်ချက် - ကြယ်ပေါင်းစည်းခြင်း ပယ်ဖျက်ပြီးနောက် နောက်တစ်ကြိမ် ပေါင်းစည်းရန် ၂၄နာရီ စောင့်ဆိုင်းရမည်။
“ဟားဟား။” ချန်လွေ့က ရပ်လိုက်မိသည်။ သေချာပြီ။
ဒိုဒိုက သခင်ဖြစ်သူ၏ ရယ်သံကို ကြားလိုက်သောအခါ အန္တရာယ် မရှိတော့သကဲ့သို့ပင် စိတ်အေးသွားခဲ့သည်။ ၎င်းက မျက်လုံးများကို ဖံုးအုပ်ထားသော လက်များကို ဖယ်လိုက်ပြီး ကောင်းကင်မှ တလက်လက် နေရောင်ကို ကြည့်ကာ မေးလိုက်၏။ “သခင်။ ဒိုဒို ခုနက အိပ်ပျော်သွားသလိုပဲ။ ဒါက ဘယ်မှာလဲ။”
“ဒါက အတော်လေးကောင်းတဲ့ နေရာတစ်ခုပဲ။” ချန်လွေ့က စိတ်ထဲ၌ ပျော်ရွှင်စွာဖြင့် သုံးလေးခေါက် ရယ်လိုက်သည်။ တခြားသူတွေကို မခေါ်သွားနိုင်တဲ့ [ ကြယ်ဂိတ် ] အားနည်းချက်က ငါ့ရဲ့ အကြီးမားဆုံး နောင်တရစရာပဲ။ အခုတော့ သိသွားပြီ။
ငါ အန္တရာယ် တစ်ခုခု ကြုံမယ်ဆိုရင် အန္တရာယ်ကနေ ရှောင်တိမ်းဖို့အတွက် ကြယ်အပ်နှင်းခြင်း စင်မြင်ထဲကို ကွင်းဆက် ချိတ်ဆက်ထားတဲ့သူတွေ ထည့်လို့ရတယ်။ ပြီးတော့ ဇိုလာကို လူသားလောကဆီ အလွယ်တကူ ခေါ်သွားပြီးတော့ နဂါးတောင်ကြားက ယောက္ခမနဲ့ ယောက္ခထီးတို့ကို သွားတွေ့လို့ ရနိုင်မယ်။ ငါ့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို လူသားလောကဆီ ခရီးထွက်ဖို့ ခေါ်သွားလို့တောင် ရတယ်။
“မ...မကောင်းဆိုးဝါးတွေ...” ဒိုဒိုက အနီးအနားတွင် ရုတ်တရက် ပေါ်လာသော အလွန်ကြီးမားသည့် ပုံရိပ်များကို လက်ညှိုးထိုးပြလိုက်သည်။ နေပါဦး။ အဲဒါက ကြယ်မြို့က သခင် လုပ်ထားတဲ့ လက်အောက်ခံ တိုင်တွေနဲ့တူသလိုပဲ။ ဟုတ်တယ်။ သူတို့က သခင်ကိုတောင် ဦးညွှတ်နေကြတယ်။ ဒါပေမဲ့...ဒီနေရာက ရေကန်ပြာတောင်ခြေလည်း မဟုတ်သလိုပဲ။
တိုင်တန်ခေါင်းဆောင် အိုးရှင်းနက်စ် ထိုရယ်သံကြောင်း သတိထားမိသွားသော်လည်း အနားကပ်လာသောအခါ ချန်လွေ့၏ စိတ်ဝိညာဉ် အမှတ်အသား အငွေ့အသက်ကို အာရုံခံမိပြီး အလျင်အမြန် ဦးညွှတ်လိုက်လေသည်။ “သခင်...”
ချန်လွေ့က သူထွက်သွားပြီးနောက် မုန်တိုင်းကျွန်း စမ်းသပ်မှုက နဂါးများနှင့် နဂါးစီးနင်းသူ (၂)သုတ်ကို ကြိုဆိုခဲ့ကြောင်း အိုးရှင်းနက်စ်ထံမှ သိခဲ့သည်။ ဧရာမကောင်များ၊ လေဒြပ်စင်ကောင် များနှင့် မည်သည့် ပြဿနာမှ မဟုတ်ခဲ့ဘဲ လေ့ကျင့်ရေး သက်ရောက်မှုကလည်း အတော်လေး အလားအလာ ရှိပေသည်။
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီးနောက် အိုးရှင်းနက်စ်နှင့် ဒိုဒိုတို့ကို စကားအနည်းငယ် ရှင်းပြလိုက်သည်။ သူက ဒိုဒိုအား ကျောက်မျက်တစ်ခုကို ဆုလာဒ် အနေဖြင့် ပေးခဲ့ပြီး သူကြိုက်သော စားစရာအပုံလိုက် ချန်ထားပေးခဲ့သည်။
“ဒိုဒို။ ဒီမှာပဲ နေနေ။ ဘယ်ကိုမှ လျှောက်မသွားနဲ့။ တစ်ရက်နေရင် ငါမင်းကို လာပြန်ခေါ်မယ်။”
“သခင်။ တကယ့်ကို ခန့်ညားတယ်။ ဒိုဒို...တကယ့် ခန့်ညားတယ်။”
နောက်မှ စိတ်လှုပ်ရှားနေသော ချွဲကျိကောင်အသံကို နားထောင်ရင်း ချန်လွေ့က သဘောပေါက်သော အပြုံးမျိုး ပြသလိုက်၏။