← Chapters

အရုဏ်ဦး

Vol. 54 Ch. 884

အရုဏ်ဦး

Vol. 54 Ch. 884

ခရမ်းရောင်‌ဖျော့‌ဖျော့ကောင်းကင်ထဲ၌ ပြန့်ကျဲနေသော ကြယ် အလင်းရောင်များ ရှိနေကြ၏။ လနှစ်စင်း၏ အရောင်ကလည်း မှိန်ပျလုနီးပါး ဖြစ်နေပြီး နေရာတိုင်း၌ နက်မှောင်နေခဲ့သည်။ အေးစက်သော လေထဲရှိ သစ်ရွက်များကလည်း အနည်းငယ် လှုပ်ရှားနေကြပြီး တရှဲရှဲ အသံမြည်နေ၏။

ချန်လွေ့ မျက်လုံဖွင့်လိုက်သည်နှင့် ငြိမ်သက်နေသော ကောင်းကင်ကို မြင်လိုက်ရသည်။

ထိုကဲ့သို့ “တိတ်ဆိတ်သော” ခံစားချက်က ဘေးနားမှ အိပ်ပျော်နေသော အမျိုးသမီးကဲ့သို့ပင် ဖြစ်နေ၏။

နန်းတော်ကြယ်ကြည့် အဆောက်အအုံက အရိပ်နက် အင်ပါယာ၌ အမြင့်ဆုံး အဆောက်အံုံ ဖြစ်ပြီး အသံတိတ် ကြယ်စက်ဝိုင်းများအပါအဝင် အမျိုးမျိုးသော‌ မှော်စက်ဝိုင်းများနှင့် ဝိုင်းရံထားလေသည်။ ထိုအရာများ မရှိသည့်တိုင် ကြယ်ကြည့် အဆောက်အအုံသို့ ဧကရီအရှင်မ သွားတိုင်း သူ့ကို နှောင့်ယှက်သူ လုံးဝ မရှိသလောက်ပင်။

ဝန်ကြီးများအပါအဝင် အစောင့်များက ဧကရီအရှင်မသည် ကြယ်ကြည့် အဆောက်အအုံ၌ တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ် နေရသည်ကို သဘောကျကြောင်း သိကြသည်။ နတ်ဆိုးဘုံ တစ်ခုလုံးကို သက်ရောက်စေနိုင်သော ဆုံးဖြတ်ချက် အများအပြားကို ထိုနေရာ၌ ချမှတ်ခဲ့သည်ဟု ပြောကြလေသည်။ ဥပမာ သွေးရောင် အင်ပါယာနှင့် ပူးပေါင်းပြီး ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ် သန်းခေါင်နေ၏ ကြယ်ကြွေတမန် အင်ပါယာကို တိုက်ခိုက်ခြင်း ကဲ့သို့ပင်။ ထိုနေရာက အရိပ်နက်အင်ပါယာ ဦးမော့မှုအတွက် အလှည့်အပြောင်းနေရာဟု သတ်မှတ်၍ ရနိုင်ပေငသည်။

သို့သော်လည်း ယခုတစ်ခေါက်တွင် ဧကရီအရှင်မ၏ “တိတ်ဆိတ်သော အချိန်”က ယောက်ျားတစ်ယောက်၏ လက်မောင်းထဲ၌ တစ်ညတာ ကုန်ဆုံးခြင်း ဖြစ်နေမည်ဟု မည်သူမှ စိတ်ကူးထားကြမည် မဟုတ်ပေ။

ချန်လွေ့ကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။ အစက ၎င်းမှာ “ဖောက်ပြန်ခြင်း” သို့မဟုတ် ချိန်းတွေ့ခြင်း ဖြစ်သော်လည်း သူနှင့် ကတ်သရင်းတို့က နေ့လယ်မှ ညဉ့်နက်သည်အထိ စကားများ ပြောနေခဲ့ကြသည်။ အလယ်ပိုင်းတွင် စားဖိုမှူးမှ ဂီတပညာရှင် အဖြစ် ပြောင်းလဲသွားသော်လည်း သူတို့က အိပ်ပျော်သည်အထိ “အရေးကြီး” ကိစ္စများ မပြုလုပ်ခဲ့ကြပေ။

လွန်ခဲ့သော တစ်လက ကတ်သရင်းသည် [ကြယ်အဆင့် တိုးမြှင့်မှု] စွမ်းအားကို ရရှိခဲ့သည်။ ထိုတွေ့ဆုံခြင်း၏ အဓိက ရည်ရွယ်ချက်က ကြယ်အပ်နှင်းခြင်း ဖြစ်သည်။ သော်သော်က မေမေအတွက် “ကြယ်တပ်မှူး” ရရှိသွားခဲ့ပြီး ကတ်သရင်းက တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ရာ အစစ်အမှန် ကြယ်ရာထူး ဖြစ်သွားခဲ့၏။

မိမိဘေးနားတွင် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး ကလေး တစ်ယောက်ကဲ့သို့ ငြိမ်းချမ်းသော မျက်နှာ ရှိနေသည့် ထိပ်တန်း မိန်းမလှကို ကြည့်နေရင်း ချန်လွေ့၏ နှလုံးသားထဲ၌ အလွန့်အလွန် ပျော်ရွှင်သော ခံစားချက်က တိတ်တဆိတ် ပျံ့နှံ့သွားတော့သည်။

သူက ထုံနေသောလက်မောင်းကို စွမ်းအား လည်ပတ်စေကာ ပြေလျော့လိုက်ပြီး ခေါင်းမော့လိုက်ကာ ကောင်းကင်မှ ကြယ်များကို ကြည့်နေလိုက်သည်။ ခံစားချက်များ ပို၍ပို၍ ငြိမ်းအေးသွားကြောင်း ချန်လွေ့ ခံစားလိုက်ရ၏။

ရက်စက်သော စစ်ပွဲ၊ သေရေးရှင်းရေး ကပ်ဘေး၊ လေးလံသော ဝန်ထုတ်ဝန်ပိုးများ မရှိဘဲ သူချစ်ြမတ်နိုးသော အမျိုးသမီးကို ပွေ့ဖက်ကာ ကြယ်ကောင်းကိုကင်ကို တိတ်တိတ်လေးကြည့်ရင်း အတူတူ အသက်ကြီးသွားခြင်း။ ထိုအရာက သူ ကြိုးပမး်နေသော ပန်းတိုင်နှင့် အိပ်မက်မက်ခဲ့ရသော သဘဝလည်း ဖြစ်သည်။

ရုတ်တရက် ချန်လွေ့၏ ဝိညာဉ်ထဲတွင် ထူးထူးဆန်းဆန်း တနုံ့နုံ့ ခံစားလိုက်ရပြီး အမှောင်ထုထဲ၌ မှိန်ပျောက်တော့မည့် မီးတောက်တစ်ခုက ရုတ်တရက် တောက်ပသွားခဲ့သည်။ သူ၏ ဝိညာဉ်တစ်ခုလုံး ပူလောင်သွား၏။

မီးတောက်က တဖြည်းဖြည်းနှင့် အလွန်ကြီးမားသော မျက်လုံး တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ထုတ်လွှတ်နေသော ဖိအားက အလွန်အမင်း ထင်ရှားလှပေသည်။

“”မိစ္ဆာမျက်ဆံ မှော်သေင်္ကတ”ရဲ့ ကောင်းချီးပေးခံရတဲ့ သူတွေ...” ဧရာမ မျက်လုံးက မွန်းကြပ်စေသော အသံတစ်ခု ပြလုပ်လိုက်ပြိး စကားလုံးတုိင်းက ဝိညာဉ်ကို တုန်ခါသွားစေ၏။ “ကတိတည်ဖို့ အချိန်ရောက်ပြီ။”

ဆာရီရယ် !!

ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ ရောက်လာသင့်တာ အရာတော့ နောက်ဆုံး ရောက်လာပြီ။ ဆာရီရယ်ရဲ့ လေသံကို ကြည့်ရတာက မိစ္ဆာမျက်ဆံ မှော်သင်္ကေတ ကောင်းချီးပေး ခံရတဲ့သူက ငါတစ်ယောက်တည်း မဟုတ်လောက်ဘူး။

“မိစ္ဆာမျက်ဆံက ညွှန်ပြတဲ့ နေရာကိုမှာ စုဝေဖို့ အချိန် ၁၀ရက် ရမယ်။ ပြီ‌းတော့ ငါ့ရဲ့ အမိန့်ကို စောင့်နေ။ ကတိဖျက်တဲ့သူ၊ အချိန် လွန်သွားတဲ့သူက ချိပ်ပိတ်ကျိန်စာထဲမှာ လုံးဝ ချေမှုန်းခံရမယ်။”

၁၀ရက်အတွင်း ငါ အဲဒီကို မရောက်ရင် ချေမှုန်းခံရမှာလား။

အမှန်တကယ်၌ [ အထူးစိစစ်မှု ] စွမ်းအားဖြင့် ပေါင်းစပ် ပြီးနောက် မိစ္ဆာမျက်ဆံက ချန်လွေ့၏ တကယ့်စွမ်းအား ဖြစ်လာခဲ့ လေပြီ။ သူလိုချင်လျှင် ဆာရီရယ်၏ ချိပ်ပိတ်ခြင်းကို အချိန်မရွေး ပယ်ဖျက်နိုင်ပေသည်။ သို့သော်လည်း သူက ဆာရီရယ်အရှေ့တွင် အက်ဂ်ယော၏ နာမည်ကို ဖော်ပြခဲ့လေသည်။ အကယ်၍ ချိပ်ပိတ်ကို အလောတကြီး ဖယ်ရှားလိုက်မည်ဆိုလျှင် ဆာရီရန် သတိထားမိသွားသည်နှင့် လက်စားချလျှင် လူအများအပြားကို ထိခိုက်စေပေလိမ့်မည်။

ထို့အပြင် ရိုင်ဇန် အပ်ထားသော အလုပ်ကလည်း နတ်ဆိုးဘုံ တစ်ခုလုံး၏ ငြိမ်းချမ်းရေ၊ ကံကြမ္မာတို့နှင့် ဆက်နွှယ်နေပေသည်။ ဟုတ်ပြီ။ ငါက အဲဒီလောက် မမြင့်မြတ်ပေမဲ့ အနည်းဆုံးတော့ ဒါက ငါ့အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ သက်ဆိုင်နေတယ်။ အဲဒါကြောင့် လျို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေကို ငါ သွားရမယ်။

လျို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေ၊ ငွေသေတ္တာ၊ တစ်ဖနီ၊ ဆာရီရယ်၊ စေတန်၊ ကျန်တဲ့ ကောင်းချီးပေး ခံရတဲ့သူတွေ.....

ဆာရီရယ်ရဲ့ ထိန်းချုပ်မှုကနေ လုံးဝ ရုန်းထွက်ပြီးတော့ တစ်ဖနီကို ပြန်ခေါ်သွားမယ်။ ပြီးတော့ အဲဒီငွေသေတ္တာကလည်း....

ထိုအကြောင်းကို စဉ်းစားနေရင်း ဆာရီရယ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သံလိုက်အိမ်မြှောင်တစ်မျိုးကဲ့သို့ ဆင်တူသော အရာတစ်ခုကို မိစ္ဆာမျက်ဆံထဲ၌ ခံစားလိုက်ရသည်။ သူ၏ တည်နေရာနှင့် ခရီးပန်းတိုင်၏ တည်နေရာကို သတ်မှတ်ထားသော အလင်းစက်နှစ်ခု ပေါ်ထွက်လာ၏။

ထူးဆန်းစွာပင် သူ့ကို ကိုယ်စားပြုသော အနီစက်က ပန်းတိုင်ကို ကိုယ်စားပြုသော အစိမ်းစက်နှင့် ထပ်လုနီးပါး ဖြစ်နေခြင်းပင်။ ဒါဆို ဆာရီရယ်ပြောတဲ့ လူစုမယ့်နေရာက အရိပ်နက်အင်ပါယာ နားမှာ‌‌ပေါ့။

သူက ထိုအကြောင်း မတွေးနိုင်ခင်မှာပင် ဆာရီရယ်၏ ပုံရိပ်က သူ၏ ဝိညာဉ်ထဲမှ တဖြည်းဖြည်း မှိန်ပျလာပြီး မျက်စိ တစ်မှိတ် အတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ချန်လွေ့က ခဏ စဉ်းစားလိုက်ပြီးနောက် အတွေးများကို ပြန်ရုတ်သိမ်းလိုက်သည်။ ကပ်ဘေးဖြစ်ဖြစ် ကောင်းချီးပေးခဲ့ရာပဲ ဖြစ်ဖြစ်၊ ဒါက ရှောင်လို့ မရဘူး။ အခု ငါက ဒီအကြောင်း ဘာမှ မသိသေးဘူး။ အဲဒါကြောင့် မီးစင်ကြည့်ကရမှာပဲ။

ရုတ်တရက် သူက တစ်ခုခုကို အာရုံခံမိလိုက်သည်။ သူက ခေါင်းကို လှည့်လိုက်ရာ ကြယ်များထက် တောက်ပပြီး သူ့ကို ကြည့်နေသော ကောင်းကင်ထက် ပိုတိတ်ဆိတ်သော မျက်လုံး တစ်စုံကို မြင်လိုက်ရ၏။

ချန်လွေ့က တောင်းပန်စွာဖြင့် ပြောလိုက်သည်။ “မင်း ကိုယ်ကို နိုးသွားအောင် လုပ်လိုက်မိတာလား။”

ကတ်သရင်း၏ မျက်လုံးများက ပို၍ပင် ညင်သာသွားခဲ့ပြီး အသာလေး ခေါင်းခါလိုက်သည်။ “အရုဏ်တက်တော့မယ်။”

“အင်း...” ချန်လွေ့က ကတ်သရင်း၏ ဆံနွယ်များက အသာလေး ပွတ်သပ်လိုက်သည်။ ကတ်သရင်း၏ ဆံပင်က ရှည်လျားပြီး နူးညံ့လေသည်။ ပုံမှန်အားဖြင့် ၎င်းကို ခေါင်းပေါ်တွင် ကျစ်ထားသော်လည်း ဖြည်လိုက်သောအခါ ရေတံခွန်တစ်ခုကဲ့သို့ ဖြစ်နေ၏။

ကတ်သရင်းက ကောင်းကင်ကို မော့ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အရုဏ်မတက်ခင် အမှောင်ထု။ ဒီအမှောင်ထုက တိတ်ဆိတ်ပြီးတော့ အေးစက်တယ်။ ဒါပေမဲ့ ဒါက နေ့သစ်တစ်နေ့ ဖြစ်လာတော့မယ့် ပြန်လည်မွေးဖွားသလို ခံစားမျက်မျိုးနဲ့ ပိုတူနေတယ်။ အမှောင်ထုကနေ အလင်း၊ အသက်ဓာတ် ပြီးတော့ နောက်ဆုံး အမှောင်ထုဆီ ပြန်ရောက်သွားတယ်။ ဒီလိုနဲ့ ပတ်ချာလည်နေတယ်။ ဒီလို....အမှောင်ထုမျိုးကို ရှင် သဘောကျလား။”

ချန်လွေ့က ကတ်သရင်းကို ဘေးဖက်မှ စိုက်ကြည့်နေခဲ့သည်။ မြင်နိုင်မှုက နိမ့်ပါးသော်လည်း သူ၏အမြင်ဖြင့် ထိုအကွာအဝေးမှပင် ပြီးပြည့်စုံသော မျက်နှာကို သေသေချာချာ မြင်နိုင်ပေသည်။ ဒါက ငါ့မိန်းမပဲ။ လူတိုင်းအရှေ့မှာ “နောက်ဆုံးတော့ ရှင့်ကို ပိုင်ဆိုင်ပြီ”လို့ ပြောခဲ့တဲ့ အမျိုးသမီး။

ကျွန်မတို့ တဖြည်းဖြည်း ဝေးသွားမှာကို အမြဲတမ်း ကြောက်နေခဲ့တာ။ အချိန်ရဲ့ စမ်းသပ်ချက်ကို ကျွန်မ မတောင့်ခံ နိုင်တော့မှာ ကြောက်ခဲ့တာ။ ပြီးတော့ ရှင့်ရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုရောပေါ့....

ချန်လွေ့က ပြုံးလိုက်ပြီး စကားတစ်ခွန်းကို တိုးတိုးလေး ‌ပြောလိုက်၏။ “သဘောကျပါတယ်။”

ကတ်သရင်းက ထိုစကားမှ ပါဝင်သော အဓိပ္ပာယ်နှင့် ခံစားချက်များကို ကြားလိုက်ရပြီး ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ တစ်နေ့ ငါ့ကို လူတွေ သစ္စာဖောက်သွားတဲ့အခါ၊ အရာရှိတွေ ငါ့ကို သစ္စာဖောက်သွားတဲ့အခါ၊ တလောကလုံးက ငါ့ကို ဆန့်ကျင်နေတဲ့အခါ ဒီလူက ငါ့ဘေးနားမှာ ရပ်တည်နေပေးမှာ၊ ဟုတ်တယ်မလား။

သူကိုယ်တိုင် ပြောခဲ့တဲ့အတိုင်း တက်မက်စိတ်ကြောင့် အသိဉာဏ် ဆုံးရှုံးသွားတဲ့ “ငတုံး”တစ်ယောက်ပေါ့။

သို့သော်လည်း ထိုအရာက သူ၏ နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် နိုင်ခဲ့သည်။

တစ်နေ့တွင် သူက ပုခုံးပေါ်တွင် ဝန်ထုတ်ဝန်ပိုးကို ထမ်းထားစရာ မလိုသောအချိန်တွင် သူတို့နှစ်ယောက် အမှန်တကယ် ရှိနေသင့်သော နေရာသို့ ခေါ်သွားပြီး ပျော်‌ပျော်ရွှင်ရွှင် နေသွားမည့်အကြောင်း ချန်လွေ့က ပြောခဲ့ဖူးလေသည်။

အဲဒီနေ့ ရောက်လာမှာပါ။ ဟုတ်တယ်မလား။

အဲဒါက ဘဝအသစ်ကို မွေးဖွားပေးတဲ့ အရုဏ်ဦး လိုမျိုးပဲ။ အဲဒီမတိုင်ခင် မှောင်မည်းနေပေမဲ့ သူက ငါနဲ့အတူ ရှိနေတယ်။ ရှေ့ဆက်တာပဲဖြစ်ဖြစ်၊ နောက်ဆုတ်တာပဲဖြစ်ဖြစ်၊ အောင်မြင်မြင်၊ ကျရှုံးရှုံး၊ ငါ နောင်တမရဘူး။

ကတ်သရင်း၏ နှလုံးသားက အနာဂတ်အတွက် ရုတ်တရက် မျှော်လင့်ချက်များ ပြည့်နှက်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ။” ‌ဘေးနားမှ စိုးရိမ်သော အသံတစ်သံ ထွက်လာခဲ့သည်။

“ဘာမှ မဟုတ်ပါဘူး။ ခုနက ရှင့်ပုံစံက နည်းနည်း ဆွဲဆောင်မှု ရှိလို့ပါ။ ကျွန်မ နိုးလာတုန်းက ရှင် ကောင်းကင်ကို စိုက်ကြည့် နေတာလေ။”

“အတော်လေး ခန့်ညားတာလား။ ချောမောလှပတာလား။” ချန်လွေ့က ချွဲကျိကောင်၏ သိပ်မကြာခင်က စကားလုံးဖြစ်သည့် “တကယ်ခန့်ညားတယ်” ဟူသည်ကို တွေးလိုက်မိပြီး ဆာရီရယ် ဆင့်ခေါ်ခြင်းကြောင်း ဖြစ်နေခဲ့သော တင်းမာမှုများ တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။

“မဟုတ်ဘူး။ အတော်လေး ချစ်စရာကောင်းတာ။” ကတ်သရင်းက နှုတ်ခမ်းကို စူလိုက်ပြီး ပြုံးလိုက်သည်။

ချန်လွေ့က ခဏတာ ပြောစရာ မဲ့သွားခဲ့သည်။ “ဒီစကားလုံးက ယောက်ျားတစ်ယော်ကို ဖော်ပြဖို့ မသင့်တော်ဘူး။”

“ဒါနဲ့ ရှင်နဲ့ တော်တော်လေး လိုက်ဖက်တာ။” ကတ်သရင်း၏ မျက်လုံးများ လှုပ်ရှားသွားပြီး ငြိမ်သက်နေသော မျက်လုံးများထဲ၌ အနည်းငယ် မြူးနေကာ ချန်လွေ့ ကြောင်တောင်တောင် ဖြစ်သွား၏။

“အခုတော့ ဒါကို ချီးမွမ်းတယ်လို့ပဲ သတ်မှတ်လိုက်မယ်။ ခန့်ညားတယ်။ ချောမောလှပတယ်။ ပြီးတော့ နည်းနည်းလေး ချစ်စရာ ကောင်းတယ်ပေါ့။”

“ဟွန့်။ ရှင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယစ်မူးနေတဲ့အဆင့်က စကားချိုချို ပြောတာတွေကို‌တောင် လိုက်မှီတော့မယ်။” ကတ်သရင်းက ဘေးဖက်ကို မှီလိုက်ပြီး ချန်လွေ့၏ ပုခုံးပေါ်သို့ ခေါင်းတင်လိုက်ကာ ခြေထောက်တစ်ဖက်၏ ချန်လွေ့၏ ခန္ဓာပေါ်သို့သို့ ရောက်နေခဲ့သည်။ ဧကရီ အရှင်မက ထိုခံစားချက်ကို ခံစားနေ၏။ မည်သည်ကိုမှ ကာကွယ်ရန် မလိုအပ်သော ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှု။

“ဒါနဲ့ အင်ပါယာ(၃)ခု မဟာမိတ်အတွက် ပြင်ဆင်စရာတွေက ပြီးလုနီးပါး ဖြစ်သွားပြီးတော့ လူတွေရဲ့ မျှော်လင့်ချက်တွေကလည်း အတော်လေး မြင့်မားနေတယ်။ အဲဒါက အဲဒီ ဇနီးလောင်း၊ သွေးရောင်အင်ပါယာ ဧကရီလောင်းကို ရှင် ဘယ်တော့ ပြန်ခေါ်လာ နိုင်မလဲဆိုတာ မူတည်တယ်။”

ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “နောက်ဆုံး စကားရဲ့လေသံက ဧကရီအရှင်မလည်း မိန်းမတစ်ယောက်ပဲ ဆိုတာ ခံစားရစေတယ်။”

ဧကရီအရှင်မက ဘေးဖက်သို့ ခေါင်းလှည့်ပြီး စိတ်ဝင်တစား မေးလိုက်သည်။ “ရှင်ပြောနေတဲ့ ဧကရီအရှင်မဆိုတာ ဘယ်သူလဲ။”

ချန်လွေ့က ရုတ်တရက် ပြောစရာမဲ့သွားခဲ့သည်။ သူက စကားချိုချိုများကြောင့် တစ်ခါတရံ ပြောစရာမဲ့သွားခဲ့သော နောက်ထပ် ဧကရီ အရှင်မတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ အမှန်တကယ်၌ ကတ်သရင်း ပြောသည်မှာ မှန်ပေသည်။ နတ်ဆိုးဘုံ၏ သားမက်တွင် ဧကရီ အရှင်မ “အလောင်းအလျာ” တစ်ယောက် ရှိနေသေးသည်။

“ရှင်က နည်းနည်းလေး လက်မခံချင်တဲ့ပုံပဲ။”

“လက်ခံပါတယ်။ လက်ခံပါတယ်။”

“တကယ် လက်ခံတာလား။ ရှင်က ဘာကိုမှ အခွင့်အရေး မယူဘဲနဲ့ ပြန်သွားတော့မလို့လား။” ဧကရီ အရှင်မကို မျက်လုံးများကို ကစားလိုက်ပြီး မျက်လုံးထောင့်နား၌ အစေခံမလေး၏ ဖြားလောင်းသော ပါရမီနှင့် မဒမ်-ဒေါ်လေး၏ စွဲလမ်းစေမှုတို့နှင့် ကွဲပြားနေသည့် ညှို့ငင်သော အငွေ့အသက်က ပြသလိုက်၏။ ထိုအရာက လူအများကို နှလုံးခုန် ရပ်သွားစေ နိုင်သော သဘာဝ ဆွဲဆောင်မှုတစ်မျိုး ဖြစ်ပေသည်။

ချန်လွေ့ တုံ့ပြန်လိုက်သောအခါ နွေးထွေးသော အငွေ့အသက်က သူ့အငွေ့အသက်နှင့် ပေါင်းစည်းသွားကြောင်း ခံစားလိုက်ရသည်။ နီရဲရဲ နှုတ်ခမ်းက သူနှုတ်ခမ်းပေါ်သို့ ညင်သာစွာ ဖိကပ်လာသည့်အတွက် ဧကရီအရှင်မနှင့် သူ့အကြားက အကွာအဝေး လုံးဝ မရှိတော့ပေ။

ထိုအရာက အလွန်ကို သဘာဝဆန်သည့် လုပ်ရပ်ပင် ဖြစ်၏။

နွေးထွးသော နှုတ်ခမ်းနှင့် လျှာတို့က လိမ်ယှက်နေရင်း ချန်လွေ့၏ လုံးနီးပါး အေးချမ်းသောစိတ်က ဧကရီ အရှင်မ၏ အထိအတွေ့နှင့်အတူ နိုးကြွလာတော့သည်။ ကတ်သရင်း၏ နူးညံ့သော ဆံနွယ်ပေါ်တွင် ရပ်တန့်သွားသော သူ၏လက်ကလည်း လည်ပင်းနှင့် ကျောပြင်‌ပေါ်သို့ ရောက်လာကာ ချောမွေ့သော ကျောပြင်ကို ညင်သာစွာ ပွတ်သပ်နေလိုက်သည်။

ကတ်သရင်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လှိမ့်လိုက်ပြီး ချန်လွေ့အပေါ်သို့ လုံးဝ ‌ရောက်သွားခဲ့သည်။ သူ၏ တိမ်တိုက်သဖွယ် အနက်ရောင် ဆံနွယ်များကို ဖြည်ချလိုက်၏။ မို့မောက်နေသော အရာနှစ်ခုက ချန်လွေ့၏ ရင်ဘတ်ကို ဖိချလိုက်သည်။ မစ်-သော်သော်ကို နို့တိုက်ခဲ့သည့်တိုင် ရင်သားများက အနည်းငယ်မှ မလျော့ကျသွားခဲ့ပေ။ ချန်လွေ့၏ အမြင်၌ ၎င်းတို့က ပို၍ပင် ဖွံ့ဖြိုးပြီး တောင့်တင်းလာခဲ့သည်။

မြတ်မြတ်နိုးနိုး ချစ်ရသော ယောက်ျားဖြစ်သူ အရှေ့တွင် ရင့်ကျက်သော ခန္ဓာကိုယ်က ဖုံးကွယ်စရာ၊ ဖိနှိပ်ထားစရာ မလိုအပ်ပေ။ စုစည်းထားသော လွမ်းဆွတ်တမ်းတခြင်းများနှင့် အချစ်စိတ်များက ခံစားချက်များထဲ၌ ပေါင်းစည်းသွားခဲ့ပြီး အထိန်းအချုပ်မရှိ ပွင့်လန်းသွားတော့သည်။

ထိုအရာက သူ့တစ်ယောက်တည်းအတွက်သာ ပွင့်လန်းခြင်း ဖြစ်လေသည်။

ကြယ်များက တဖြည်းဖြည်း မှိန်သွားပြီး ကောင်းကင်က အဝါရောင်နှင့် မီးခိုးရောင် တဖြည်းဖြည်း ‌ပြောင်းသွား၏။ မြေပြင်က နက်မှောင်နေဆဲ ဖြစ်သော်လည်း တိတ်ဆိတ်သော ခံစားချက်က ပျောက်ကွယ်သွားခဲ့ပြီး အရုဏ်မတက်ခင် ဘဝစည်းချက်က အစားထိုးသွားတော့သည်။

နေ့သစ်တစ်နေ့ စတင်ပေတော့မည်။

All Chapters