စုစည်းခြင်း၊ ငွေသေတ္တာပစ်မှတ်
Vol. 54 Ch. 885
ဝတ်ရုံနှင့် ချန်လွေ့က မြို့ဂိတ်တံခါးမှ အရိပ်နက်အင်ပါယာ အပြင်ဘက် ဆင်ခြေဖုံးရှိ တောင်တစ်တောင်ဖြစ်သော မျက်နှာမည်းတောင်ဆီသို့ အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာသည်။ အနီးအနားရှိ မြေနေရာက အတော်လေး ရှုပ်ထွေးနေပြီး မရင်းနှီးသူများက လမ်းပျောက်သွားနိုင်ပြီး ထိုနေရာမှ ထွက်သွားရန် အဝေးကြီး ကွေ့ပတ်သွားရပေမည်။
ကောင်းကင်ကို မော့ကြည့်လိုက်ရာ မနက်ခင်း ရောက်နေပြီ ဖြစ်သော်လည်း မှိန်ပျနေသေးသည်။ ကောင်းကင်တစ်ခုလုံးက အရုဏ်ဦးသဖွယ် မီးခိုးရောင် ဖြစ်နေ၏။
ထိုအရာက ချန်လွေ့အား လွန်ခဲ့သော အပတ်မှ ကြယ်ကြည့် အဆောက်အအုံ၌ ကတ်သရင်းနှင့် ချစ်ဇောဟုန်ပြင်းပြခဲ့သော အရုဏ်ဦးကို သတိရသွားစေခဲ့သည်။ နတ်ဆိုးဘုံ၏ ထိပ်တန်း ပညာရှိ မိန်းမလှက သူ့အား အမျိုးမျိုးသော ရှက်စရာပုံစံများဖြင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့လေသည်။
အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှ အမျိုးသမီးများ ကဲ့သို့ပင် ဧကရီအရှင်မ၏ နှလုံးသားထဲ၌ ယောက်ျားနှင့် မိန်းမကြားမှ အချစ်သည် သဘာဝအကျဆုံး အရာဖြစ်ပြီး စိတ်ဆန္ဒက ခံစားချက်များ ပေါင်းစည်းခြင်းနှင့် အပြောင်းအလဲဖြစ်ခြင်း ဖြစ်လေသည်။ ထို့အပြင် လင်မယား သို့မဟုတ် ချစ်သူများအကြား တရင်းတနှီး ဆက်ခံခြင်းက ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှု အတွက်သာ ဖြစ်သည်။ အခြားသူများက မည်သူမှ မပြောနိုင်ပေ။ ထို့ကြောင့် အဟန့်အတား၊ အတားအဆီးများ မရှိပေ။ “တောင်းဆိုချက်”အချို့က ကတ်သရင်းကို ရှက်စေခဲ့သော်လည်း သူက နောက်ဆုံး၌ မထိန်းချုပ်ထားတော့ဘဲ ချန်လွေ့ထံ အရာအားလုံးကို ပုံအပ်လိုက်တော့သည်။
ထိုအရာက “ရမ္မက်”ဟူသော အက်စ်မိုဒက်စ် တော်ဝင် မိသားစု ဖြစ်ပေသည်။ ရမ္မက် တော်ဝင်မိသားစုမှ အမျိုးသမီးတိုင်းက အိပ်ယာပေါ်တွင် သေချာပေါက် အလှပဂေး ဖြစ်လေသည်။ နတ်ဆိုးဘုံ ထိပ်တိန်း မိန်းမလှအတွက်မူ ပြောစရာပင် မလိုပေ။ ထိုကဲ့သို့ အခြေအနေမျိုးက သူ အချစ်ရဆုံး ယောက်ျားကိုသာ ပေးလေသည်။ အခြားသူများ အရှေ့တွင် သူက ဉာဏ်ပညာ ကြီးမားပြီး လေးစားရသည့် အေးစက်စက် ဧကရီတစ်ပါး ဖြစ်နေဆဲပင်။
သူတို့နှစ်ယောက် အရုဏ်တက်မှ မနက်ခင်းအထိ အလုပ်များ နေခဲ့သည်။ ညနေခင်း ရောက်မှသာ ချန်လွေ့က နိုးလာခဲ့သည်။ သူက နန်းတော်တွင် ဆက်မနေတော့ဘဲ ကတ်သရင်းကို နှုတ်ဆက်စကား ဆိုလိုက်၏။
“ကျွန်မ၊ သော်သော်နဲ့ သူတို့အတွက် ကိုယ့်ကိုယ်ကိုယ် သေချာ ကာကွယ်ပေးပါ။ ရှင်ပြန်လာတာကို ကျွန်မ စောင့်နေမယ်။”
ပျော်ရွှင်မှု တစ်ညတာက တိုတောင်းသော်လည်း ကတ်သရင်းက သူ့ကို မတားခဲ့ပေ။ သူက အကြောင်းရင်းကို မမေးခဲ့ဘဲ ချန်လွေ့ကို နမ်းကာ ထိုစကားနှစ်ခွန်းကိုသာ ပြောခဲ့လေသည်။
ချန်လွေ့က စိတ်ထဲ၌ ဆာရီရယ်၏ ခေါ်ဆိုမှုကို အာရုံခံမိ လိုက်စဉ်တွင် မယုံနိုင်စရာ အမြင်ရှိသော ဧကရီက ချန်လွေ့ ဖော်ပြသော မူမမှန်ခြင်းမှ တစ်စုံတစ်ခုကို ခန့်မှန်းမိပြီးသား ဖြစ်လေသည်။
ဟုတ်တယ်။ ငါ့မှာ သော်သော်ရယ်၊ သူရယ်၊ သူတို့ရယ် ရှိတယ်။ ရှေ့ကလမ်းမှာ ဘာလဲရှိရှိ၊ ငါ သေချာပေါက် ပြန်လာခဲ့မယ်။
နောက်ပိုင်းအပတ်တွင် ချန်လွေ့က ကောင်မလေးများ မစိုးရိမ်စေရန် အတွက် အမှောင်နတ်ဆိုးမှတဆင့် အမှောင်လထံ သတင်းပေးပို့ခဲ့သည်။ သူက ကိုယ်တိုင် ပြန်မသွားဘဲ ကတ်သရင်း၏ “ကြယ်အပ်နှင်းခြင်း”မှ အကျိုးအမြတ်များကို ချေဖျက်ပြီး ဥပဒေသအပါအဝင် ဓူဝံကြယ်နီဧကရာဇ်၏ လျို့ဝှက် ဆန်းကြယ်မှုများကို နားလည်သဘောပေါက်ရန် စူပါစနစ်ထဲ၌ လေ့ကျင့်နေခဲ့သည်။ ယခုတွင် ကြယ်အပ်နှင်းခြင်း၌ ကြယ်အစေခံ၊ ကြယ်တပည့်များ ရှိနေသေးသော်လည်း ညီတူမျှတူ ကွင်းဆက်က ကုန်သွားလေပြီ။ ပြောရမည်ဆိုလျှင် နောက်တစ်ဆင့်သို့ မရောက်ခင် ချန်လွေ့က ကျန်ရှိသော နေရာများကို အစေခံ-သခင် သို့မဟုတ် လက်အောက်ခံ-သခင် စာချုပ် ချုပ်ပြီးမှသာ ကြယ်အပ်နှင်းခြင်း ပြုလုပ်နိုင်ပေတော့မည်။
တိမ်တိုက်များက မိုးခြိမ်းသံများ ညံနေပြီး မိုးကြီးကြီး ရွာပေတော့မည်။
သူ မသိလိုက်ခင်မှာပင် မျက်နှာမည်းတောင်က သူ့အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ထိုတောင်က သိပ်မကြီးလှသော်လည်း တောင်နှင့် ဆက်နွှယ်နေသော အရွက်မည်း သစ်တောက အနည်းငယ် ကြက်သီးထစရာ ကောင်းပေသည်။ အရိပ်နက် အင်ပါယာက အလွန်ပင် ကြွယ်ဝလှပေသည်။ အပြင်ဘက် ဆင်ခြေဖုံးတွင်ပင် လူအများအပြား ရှိနေကြသည်။ သို့သော်လည်း ယနေ့တွင် ရာသီဥတု မကောင်းဘဲ မိုးကလည်း ရွာတော့မည် ဖြစ်ရာ လူအများအပြားက အပြေး ပြန်နေကြသည်။
ချန်လွေ့က မိစ္ဆာမျက်ဆံ ပြထားသော နေရာအတိုင်း တောအုပ်ထဲသို့ တစ်လှမ်းချင်း သွားနေခဲ့သည်။
ဆာရီရယ် ပေးထားသော အချိန်အကန့်အသတ်က ၁၀ရက် ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးရက်မှ အရောက် သွားမည့်အစား ချန်လွေ့က စောစောသွားရန် ရွေးချယ်ခဲ့သည်။ သူက မည်သည်ကိုမှ နားမလည်သော လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူ၏ တကယ့်ပန်းတိုင်မှာ ငွေသေတ္တာသာမက တစ်ဖနီလည်း ဖြစ်သည်။ ထိုစီမံကိန်းက အလွန်အမင်း အန္တရာယ် များနိုင်ပေသည်။ ဆာရီရယ်က သူ့တစ်ယောက်တည်းကို မဆင့်ခေါ်ခဲ့ပေ။ “အဖော်များ”က သူ့ကို အချိန်မရွေး နောက်ကျောကို ဓားနှင့် ထိုးနိုင်သည်။ ကြိုတင် လေ့လာ ကြည့်ခြင်းက အကျိုးရှိပေသည်။
သစ်တောထဲ၌ မိုးရွာလာတော့သည်။ မိုးစက်များက ချန်လွေ့၏ ဝတ်ရုံပေါ်သို့ ကျလာသောအခါ ချော်နိုင်သော တစ်ခုခုနှင့် ထိသွား သကဲ့သို့ပင် ချော်ထွက်သွားခဲ့လေသည်။
အဝေးမှ တောင်နံဘေးတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုသူက အနီရင့်ရောင် အပေါ်ဝတ်ရုံရှည် ဝတ်ထားသော ထိပ်ပြောင်ပြောင်နှင့် အကောင်ကြီးကြီး အမျိုးသားတစ်ယောက် ဖြစ်သည်။ ထိုထိပ်ပြောင် သွားနေသော လမ်းကြောင်းက မိမိနှင့် အတူတူဖြစ်ကြောင်း မြင်သောအခါ ချန်လွေ့ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။
ချန်လွေ့၏ အတွေး လှုပ်ရှားသွားခဲ့ပြီး အကာအဝေး တစ်ခု ထိန်းထားကာ နောက်မှ လိုက်သွားလိုက်သည်။ ထိုသူက တစ်ခုခုကို အာရုံခံလိုက်မိပြီး နောက်ကို ပြန်လှည့်ကြည့် လိုက်သည်။ အပြာရောင် ညာမျက်လုံးက ချက်ချင်းပင် အနက်ရောင် ပြောင်းသွားခဲ့သည်။ ထိုအချိန် အနီးအနားရှိ မိုးက ချန်လွေ့ထံ အမြန်ရောက်လာလေသည်။
ဝင်လာသောမိုးက လွှမ်းမိုးသော စွမ်းအားရှိသည့် အလွန်ကြီးမားသော ဖောက်ထွင်း မြင်ရသည့် လက်သီးတစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။ ရှောင်တိမ်းနိုင်ဟန်မတူသော ချန်လွေ့ကို တည့်တည့် ထိသွားခဲ့သည်။
ထင်ထားသကဲ့သို့ ပေါက်ကွဲခြင်းမှာ အပိုင်းပိုင်း ဖြစ်ခြင်းများ ရှိမနေဘဲ လက်သီးက ချန်လွေ့အရှေ့ ၄မီတာခန့်တွင် ရပ်သွား ခဲ့သည်။ ၎င်းက အမှန်တကယ်ပင် အရည်အခြေအနေမှ အစိုင်အခဲ ဖြစ်သွားကာ ထူးဆန်းသော နည်းလမ်းတစ်ခုဖြင့် အေးခဲ သွားလေသည်။ ထို့နောက်တွင် အလွန်ကြီးမားသော လက်သီးက အလျင်အမြန်ပင် အမှုန်အဖြစ်ပြောင်းလဲကာ ပျောက်ကွယ် သွားတော့သည်။
ထိပ်ပြောင်က မျက်လုံးကျုံ့လိုက်ပြီး နာကျင်မှု တစ်ခုခုကို ခံစားလိုက်ရဟန်တူသည်။ ချန်လွေ့၏ အမူအရာက ပုံမှန်သာ ဖြစ်နေပြီး ထိပ်ပြောင်းကို အသာလေး ကြည့်လိုက်သည်။
တတိယလူတစ်ယောက်သာ ရှိနေမည်ဆိုလျှင် သူတို့က အလွန်ဆုံး ထူးဆန်းသည့် စိတ်ဝိညာဉ် လှုပ်ရှားမှုများကိုသာ ခံစားမိနိုင်ပြီး လက်သီး၊ အေးခဲမှုနှင့် မည်သည့် မူမမှန်သော မိုးကိုမှ မြင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုအခိုက်အတန့်၌ ၎င်း စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခု ဖြစ်နေ၍ပင်။
ချန်လွေ့က [ ဆောင်းပိုင်နက် ] ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ပျက်စီးခြင်း ဥပဒေသကို ထပ်မံ နားလည်ပြီးနောက် [ဆောင်းပိုင်နက်] စွမ်းအားက နှစ်ဆတိုးသွားပြီး ပို၍ ဆန်းသစ် သွားခဲ့သည်။ ၎င်းက ရန်သူကို တိုက်ခိုက်ရာတွင် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ တခဏ တိုက်ခိုက်မှုအတွင်း ချန်လွေ့က အသေအချာပင် အသာစီး ရရှိခဲ့သည်။ အကွာအဝေးကြောင့် [သရုပ်ခွဲမျက်လုံး]က ထိုသူ၏ စွမ်းအားကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့သော်လည်း ထိပ်ပြောင်နှင့်လူက အနည်းဆုံး တိုင်းပြည်အဆင့် ဖြစ်ကြောင်း ချန်လွေ့ ခံစားမိနိုင်သည်။ ပိုအရေးကြီးသည်မှာ သူက ရန်သူ၏ စိတ်ဝိညာဉ်စွမ်းအားထဲ၌ မိစ္ဆာမျက်ဆံ၏ ထူးခြားသော စွမ်းအားကို ရေးရေးလေး အာရုံခံမိနေခြင်းပင်။
ပြိုင်ဘက်က ရန်စခဲ့သော်လည်း ချန်လွေ့က ထိုကဲ့သို့ အသုံးမဝင်သော တိုက်ပွဲတွင် ခွန်အား မဖြုန်းချင်ပေ။ ထို့ကြောင့် သူက အနိုင်ရလာဒ်နောက် မလိုက်ခဲ့ပေ။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး မိစ္ဆာမျက်ဆံ အငွေ့အသက်ကို တမင်တကာ ထုတ်ပြကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ “ဆာ။ ခင်ဗျား တစ်ခုခု အထင်လွဲနေပြီ ထင်တယ်။ ကျုပ်တို့ ခရီးပန်းတိုင်က အတူတူ ဖြစ်လောက်တယ်။”
ပုံမှန် ခြေလှမ်းများ ကဲ့သို့ပင် ချန်လွေ့က ထိပ်ပြောင်ပြောင် ယောက်ျားအရှေ့သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် ရောက်လာ ခဲ့သည်။ ထိပ်ပြောင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အဆုံးတွင် မလှုပ်ရှားခဲ့ပေ။ သူက ချန်လွေ့ပေါ်မှ မိစ္ဆာမျက်ဆံ အငွေ့အသက်ကို အာရုံခံမိသွားသောအခါ သဘောပေါက် သွားခဲ့သည်။ “အိုး။ တောင်းပန်ပါတယ်။”
[ သရုပ်ခွဲမျက်လုံး ] က ထိပ်ပြောင်၏ အချက်အလျက်များကို ချက်ချင်း ပြသလိုက်သည်။
မျိုးနွယ် - လီဗျာသန်တော်ဝင်မိသားစု
စွမ်းအားအကဲဖြတ်မှု - A (SS-)
ခန္ဓာအမျိုးအစား - A (SS-)
ခွန်အား - A (SS)
စိတ်ဝိညာဉ် - A (SS)
အမြန်နှုန်း - A (SS-)
[ ဂုဏ်သတ္တိ ] - ရေဂုဏ်သတ္တိ။ ဝါးမျိုခြင်း ခန္ဓာအမျိုးအစား။
အန္တရာယ်အဆင့် - သာမန်။
ဒီထိပ်ပြောင်က လီဗျာသန် တော်ဝင်မိသားစုက တိုင်းပြည် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ပဲ။ ဒါပေမဲ့ လီဗျာသန် တော်ဝင် မိသားစုက ဘာကိုမှ မဆိုလိုဘူး။ တော်ဝင်မိသားစုက တော်ဝင်မိသားစုနဲ့ သာမန်တော်ဝင်မိသားစု ဆိုပြီးတော့ ခွဲခြားထားတာ ရှိတိယ်။ ကြယ်ကြွေတမန်အင်ပါယာရဲ့ သာမန် တော်ဝင်မိသားစုထဲမှာ တော်ဝင်မိသားစုက ၁% ပဲ ရှိတယ်။ ထိပ်ပြောင်က သီးခြားနေတဲ့ အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လောက်တယ်။ ဘရော့ခ်မိသားစုနဲ့ သွေးမြေကျ အဖွဲ့အစည်းနဲ့ မဆိုင်လောက်ဘူး။ သူက ထင်ယောင်မှားနတ်ဆိုးအင်ပါယာ ရှိနေသေးတုန်းက သီးခြားနေလိုက်တာ ဖြစ်နိုင်တယ်။
သေချာတာကတော့ အထူးအစွမ်းထက်ပုဂ္ဂိုလ် စွမ်းအားအထိ ရောက်အောင် လေ့ကျင့်ထားတဲ့သူက သာမန်တော့ မဟုတ်ဘူး။ ဒီထိပ်ပြောင်က အရင် ခန့်မှန်းမိထားတာ ရှိလောက်တယ်။ ဒါပေမဲ့ သူက မတုံ့ဆိုင်းဘဲ တိုက်ခိုက်ခဲ့တယ်။ အခု “သဘောပေါက်” သွားတဲ့ အမူအရာက ဟန်ဆောင်တာပဲ ဖြစ်လောက်တယ်။ တောင်းပန်တာကတောင် ငါ့စွမ်းအားက ထင်ရှားနေလို့ပဲ။ မဟုတ်ရင် သူက ဆက်မတိုက်ခိုက်ရင်တောင် ဒီလို ဖြစ်နေမှာ မဟုတ်ဘူး။
ထိုအကြောင်း တွေးပြီးနောက် ချန်လွေ့က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ “ရစ်ချက် ပါ။”
ထိပ်ပြောင်ကလည်း မိတ်ဆက်လိုက်သည်။
“ချူအီရို...”
ထိုကဲ့သို့ နာမည်မျိုးက နာမည်ဝှက်တစ်ခုသာ ဖြစ်သည်။ သူတို့နှစ်ယောက် အတူတကွ အပြန်အလည် နားလည်စွာဖြင့် လမ်းလျှောက်သွားနေကြသည်။
သူတို့က ပန်းတိုင်ကို ညွှန်ပြထားသော အလင်းစက်များနှင့် နီးစပ်သွားသောအခါ ရှေ့တွင် အမှန်တကယ်ပင် ကျောက်နံရံ တစ်ခု ရှိနေခဲ့သည်။ ဝင်ပေါက် မရှိပေ။ ချန်လွေ့က ထိုအရာမှာ မှော်စက်ဝိုင်း၊ ပုံရိပ်ယောင် မဟုတ်ဘဲ တကယ့် ကျောက်နံရံ ဖြစ်ကြောင်း ခံစားမိနေသည်။
ချန်လွေ့ မတုံ့ပြန်သည်ကို မြင်သောအခါ ချူအီရိုက ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။ ညာမျက်လုံးက ငွေရောင် ဖြစ်သွားကာ ကျောက်နံရံက ရုတ်တရက် ရေလှိုင်းတွန့်များ ဖြစ်လာသည်။ ထိုရေလှိုင်းတွန့်များကို ချူအီရိုကို ရစ်ပတ်ပြီးနောက် ပျောက်ကွယ် သွားတော့သည်။
ငွေရောင် ညာမျက်လုံးက မိစ္ဆာမျက်ဆံ စွမ်းအားကို ထုတ်လွှတ် နေကြောင်း ချန်လွေ့ သေသေချာချာ ခံစားမိသည်။ မိစ္ဆာမျက်ဆံက “နိုင်ငံကူးလက်မှတ်”ကဲ့သို့ ဖြစ်ပုံရသည်။ သူက ချက်ချင်းပင် ချူအီရိုကို အတုခိုးလိုက်ပြီး မိစ္ဆာမျက်ဆံက သူ၏ မျက်လုံး နှစ်လုံးထဲတွင် ပေါ်ထွက်လာခဲ့သည်။
အသေအချာပင် ကျောက်နံရံကလည်း တူညီသော ပြောင်းလဲမှု ဖြစ်သွားခဲ့ပြီး လှိုင်းတွန့်များက အလျင်အမြန်ပင် ချန်လွေ့ကို ရစ်ပတ်ကာ ပျောက်ကွယ်သွားခဲ့သည်။
တယ်လီပို့ကဲ့သို့ ခံစားချက် ပြီးနောက်တွင် ချန်လွေ့က စွန့်ပစ်ခံထားရသော ဘုရားကျောင်းတစ်ခု ဖြစ်ဟန်တူသော အလွန်ကြီးမားသည့် အဆောက်အုံတစ်ခုထဲသို့ ရောက်ရှိ သွားခဲ့သည်။ ကြွင်းကျန်နေသော အစအနများက တစ်ခုခုကို မြင်တွေ့နိုင်ပေသည်။ ဥပမာ နံရံပေါ်မှ အလွန်ကြီးမားသော မျက်လုံး တစ်လုံးရှိသည့် ရေးရေးလေး မြင်နေရသော အရုပ်စာက ဆာရီရယ်နှင့် ဆက်နွှယ်နေလောက်သည်။
ထိုအရုပ်စာကို တစ်နေရာရာတွင် မြင်ဖူးကြောင်း ချန်လွေ့ ရုတ်တရက် ခံစားမိလိုက်သည်။ ဟုတ်တယ်။ ထရီဗန်တီမှာပဲ။
ထရီဗန်တီက ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အပျက်အစီး နယ်မြေ ဖြစ်သည်။ သူက ထိုစဉ်က ရန်သူ ဖြစ်နေသေးသော အစ်ဇဘယ်လာ၏ လှည့်စားခြင်းကြောင့် ထိုနေရာသို့ ရောက်ရှိသွားခဲ့ပြီး မြေအောက်မှ မိစ္ဆာမျက်လုံးဘုရင်ကြောင့် သေလုမတတ် ဖြစ်သွားခဲ့သော ရိုမန်ကို ကယ်တင်ခဲ့လေသည်။
ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ အရိပ်လေပြည် အင်ပါယာက မရှိတော့တာ ကြာပြီ။ ဆာရီရယ်နဲ့ ဘယ်ဖီဂေါ တော်ဝင်မိသားစု ဒါမှမဟုတ် မိစ္ဆာမျက်လုံးဘုရင်ကြားမှာ ပတ်သက်မှုတစ်ခုခု ရှိနေမလား မသိဘူး။
ဒါပေမဲ့ အခုအချိန် ဒါကို စဉ်းစားလို့ ဘာမှ အဓိပ္ပာယ် မရှိဘူး။ ချန်လွေ့က ထိုနေရာမှ လူအများအပြားကို အာရုံစိုက်လိုက်၏။
ချူအီရိုအပြင် နောက်ထပ်(၅)ယောက် ရောက်လာသည်။ ယောက်ျား (၄)ယောက်နှင့် မိန်းမတစ်ယောက်။
အမျိုးသမီးက အစွမ်းထက်ဆုံး ဖြစ်ကြောင်း [သရုပ်ခွဲမျက်လုံး] က ပြသသည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့် အလတ်ပိုင်းကို ရောက်နေပြီးတော့ သူ့စွမ်းအားက လာလာရီယာထက်တောင် သာတယ်။ ဒီမိန်းမက အေးစက်ပြီးတော့ လှပပသည်။ သာမန် နတ်ဆိုးတွေနဲ့ ကွဲပြားပြီးတော့ စိတ်လှုပ်ရှားစေနိုင်တဲ့ ခန္ဓာကိုယ် ရှိတယ်။ သူက သန္ဓေပြောင်း မယ်ဒူဆာ တစ်ယောက်ပဲ။
ပြောရမယ်ဆိုရင် သာမန်မယ်ဒူဆာတွေရဲ့ အကန့်အသတ်က နတ်ဆိုးဧကရာဇ်အဆင့်ပဲ။ နတ်ဆိုးအရှင်သခင်အဆင့် ရောက်နိုင်တဲ့ သန္ဓေပြောင်း သွေးမျိုးဆက် နည်းနည်းတော့ ရှိတယ်။ အထူးအဆင့်ကို ဝင်ရောက်နိုင်တဲ့ သူတွေကိုတော့ “ဒဏ္ဍာရီလာ” လို့ပဲ သတ်မှတ်လို့ ရနိုင်မယ်။
ချန်လွေ့၏ စိတ်လှုပ်ရှားနေမှုက မယ်ဒူဆာကို သတိထား မိသွားစေခဲ့သည်။ ထိုအမျိုးသမီးက ချန်လွေ့ကို အေးစက်စက်နှင့် ကြည့်လိုက်ရာ သူ့ကိုလွှမ်းမိုးသွားသော မရဏစ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။ သူက ချက်ချင်းပင် “မသေချင်နဲ့”ဟူသော စကားမျိုး ကြားလိုက်ရဟန်တူသည်။ သူက တိတ်တဆိတ် လက်မထောက်ပြပြီး အကြည့်လွှဲလိုက်၏။
ချန်လွေ့က သူ၏အကြည့်မှ အလွယ်တကူ ရုန်းထွက် နိုင်သည်ကို မြင်သောအခါ မယ်ဒူဆာက အနည်းငယ် အံ့အားသင့် သွားသော်လည်း သူက ဆက်လက် မတိုက်ခိုက်ခဲ့ပေ။ သူက သရော်ပြုံး ပြုံးပြီး လျစ်လျူရှုထားလိုက်၏။
ယောက်ျား(၄)ယောက်တွင် တစ်ယောက်က တိုင်းပြည်အဆင့် ထိပ်သီးပိုင်း၊ တစ်ယောက်က တိုင်းပြည်အဆင့် ကနဦးပိုင်းနှင့် အခြားနှစ်ယောက်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတို့ ဖြစ်ကြပြီး တိုင်းပြည်ဖန်တီးနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ရောက်လာကြသူအားလုံးမှာ ဆာရီရယ်၏ “မိစ္ဆာမျက်ဆံ မှော်သင်္ကေတ”ဖြင့် ထိန်းချုပ်ခံထားရကြောင်း လူတိုင်းက သိကြသည်။ ထိုစီမံကိန်း၏ “အဖွဲ့ဝင်များ” ဖြစ်ကြသည့်အတွက် ပြဿနာများ မဖြစ်ကြေပေ။
ချန်လွေ့က မိတ်ဖွဲ့ စကားပြောရန် အလျင်မလိုခဲ့ပေ။ သူက ချူအီရိုကို ခေါင်းညိတ်ပြပြီး ထောင့်တစ်နေရာတွင် သွားထိုင် နေလိုက်သည်။
ထို့နောက် လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့သည်။ ချန်လွေ့ အပါအဝင် အားလုံးပေါက် ၁၃ယောက် ရှိနေပြီ ဖြစ်သည်။
ထို(၂)ရက်အတွင်း စကားပြောဆိုပြီးနောက် ချန်လွေ့က မယ်ဒူဆာနာမည်က ခီရက်ဆာဖြစ်ပြီး သူ၏လက်ရှိ စွမ်းအားက အားလုံးထဲတွင် အမြင့်ဆုံးဖြစ်ကြောင်း သိသွားခဲ့သည်။ ချန်လွေ့မှ လွဲ၍ တိုင်းပြည်အဆင့် ရောက်နေကြသော အခြား(၄)ယောက်မှာ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းဖြစ်သော ပါတို၊ တိုင်းပြည်အဆင့် အလတ်ပိုင်းဖြစ်သော ချူအီရိုနှင့် တိုင်းပြည်အဆင့် ကနဦးပိုင်း ဖြစ်ကြသော ဆာရာနှင့် မာတွန်တို့ ဖြစ်ကြ၏။
ကျန်ရှိသူများက နတ်တဆိုးအရှင်သခင်အဆင့်များ ဖြစ်ကြပြီး တစ်ယောက်က ချန်လွေ့၏ “အသိဟောင်း”ဖြစ်သည်။ နတ်ဆိုးဘံု သိုင်းပြိုင်ပွဲ၌ ဇိုလာ၏ အနိုင်ယူခြင်း ခံခဲ့ရပြီး ရူးရူးမိုက်မိုက်နှင့် အချစ်ကို ထုတ်ဖော်လိုက်ပြီးနောက် အနိုင်ကျင့် ခံခဲ့ရသော မှော်ပညာရှင် သာ့စ်ဖီးပင်။
သို့သော်လည်း သာ့စ်ဖီးက ချန်လွေ့၏ လက်ရှိမျက်နှာကို မမှတ်မိပေ။ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားသာ ရှိသော သာမန်မျက်နှာနှင့်လူက နတ်ဆိုးဘုံကို တုန်လှုပ်စေနိုင်ခဲ့သော ဇိုလာ၏ “ချစ်သူ”ဖြစ်လိမ့်မည်ဟု သူ မသိခဲ့ပေ။
သူတို့က သာမန်အစွမ်းထက်ပုဂ္ဂိုလ်များ မဟုတ်ကြဘဲ သူတို့၏ ပါရမီများ စွမ်းရည်များက ထိုလျို့ဝှက်ဆန်းကြယ်သော နေရာကို သွားရန် သင့်တော်လောက်ပေသည်။ ဆာရီရယ်က အချိန် အကြာကြီး ကတည်းက ပြင်ဆင်ထားခဲ့ပုံရသည်။
နောက်ဆုံး (၁၀)ရက် အခိုက်အတန့်တွင် ဘုရားကျောင်း အလယ်၌ ရုတ်တရက် တောက်ပလာခဲ့ပြီး ပတ်ပတ်လည်မှ မြူများ အငွေ့အပျံသွားခဲ့သည်။ ထိုမြူက လူတိုင်း၏ ခုခံမှုကို ခြွင်းချက်မရှိ ဖောက်ထွင်းသွားခဲ့သည်။ ခဏ ကြာပြီးနောက် ၎င်းက တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ထူးဆန်းသည်က ထိုမြူတွင် အဆိပ်များ၊ ထိခိုက်စေသော သက်ရောက်မှုများ မရှိခဲ့ခြင်းပင်။ လူတိုင်းက ခန္ဓာကိုယ်နှင့် ဝိညာဉ်များ တစ်နည်းနည်းဖြင့် ဆေးကြောခံလိုက်ရသလို ခံစား လိုက်ရပြီး သူတို့၏ ခန္ဓာအမျိုးအစားက အထူးစွမ်းအား တမျိုးမျိုးဖြင့် ကောင်းချီးပေးခြင်း ခံလိုက်ရသလို ဖြစ်သွားသည်။ သူတို့အားလုံး ရုတ်တရက် စိတ်တက်ကြွလာခဲ့သည်။
တလက်လက် အလင်းရောင်က အလွန်ကြီးမားသော မျက်လုံး တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ထိတ်လန့်ဖွယ် ဖိအားများ ထုတ်လွှတ်နေခဲ့သည်။ ၎င်းက သွေးရောင်အင်ပါယာ စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာတွင် ချန်လွေ့ မြင်တွေ့ခဲ့ရသော ဆာရီရယ် ဖြစ်လေသည်။ သို့သော်လည်း ၎င်းက စိတ်ပုံရိပ် တစ်ခုဆိုသည်မှာ အသေအချာပင်။
ဆာရီရယ်၏အသံ ထွက်ပေါ်လာ၏။ “ကောင်းချီးပေးခဲ့ရတဲ့ သူတွေ။ ကတိအတိုင်း မင်းတို့ရောက်လာတာကို ငါ ဝမ်းသာပါတယ်။ ခုနက ကုသစွမ်းအားက မိစ္ဆာမျက်ဆံ စွမ်းအားကို တိုးမြင့်ပေးတယ်။ မင်းတို့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ထဲက ပုန်းကွယ်နေတဲ့ ဒဏ်ရာတွေ ကုသတာ မြန်ဆန်ပြီးတော့ မင်းတို့ကို အကောင်းဆုံး အခြေအနေ ရောက်စေနိုင်တယ်။ ငါ မင်းကို [အသစ်ပြန်ဖြစ်ခြင်း] အချိန်(၃)လ ပေးအပ်ထားတယ်။”
“ကတိတည်တဲ့သူက ဆုလာဒ်တွေ ရပြီးတော့ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီကိုရောက်လာဖို့ ကျရှုံးခဲ့တဲ့ သူတွေက သစ္စာဖောက်အဖြစ် သတ်မှတ်ပြီးတော့ ချေမှုန်းခံရမယ်။”
အားလုံးက တညီတညာတည်း ဦးညွှတ်လိုက်ကြပြီး စိတ်ထဲ၌ သေသေချာချာ သိနေခဲ့ကြသည်။ ဆာရီရယ်မှာ ဆုလာဒ်နဲ့ အပြစ်ဒဏ် ကွာခြားချက်က ရှင်းလင်းနေတာပဲ။ ခုနက လူတိုင်းရဲ့ ခုခံမှုကို လျစ်လျူရှုခဲ့တဲ့ မြူနှင်း “ဆုလာဒ်”က တကယ်တော့ အဟန့်အတား ရည်ရွယ်ချက်နဲ့ “မင်းတို့ရဲ့ သေရေးရှင်ရေးက ငါ့လက်ထဲမှာပဲ”လို့ ပြသနေတာပဲ။
“ဒီတစ်ခေါက် မင်းတို့မှာ ပန်းတိုင် တစ်ခုပဲ ရှိတယ်။ အဲဒါက ငွေသေတ္တာကို ရဖို့အတွက် ဘာမဆို လုပ်ဖို့ပဲ။”
ငွေသေတ္တာနှင့် တစ်ဖနီတို့၏ ပုံရိပ်များက လူတိုင်း၏ စိတ်ထဲ၌ တချိန်တည်းမှာပင် ပေါ်ထွက်လာပြီး သက်ဆိုင်ရာ “အချက်အလက်” အများအပြားကို မိစ္ဆာမျက်ဆံမှတဆင့် ကူးပြောင်းပေးလိုက်သည်။ မိစ္ဆာမျက်ဆံက ဆာရီရယ်၏ ကြားခံနှင့် ညီမျှပုံရသည်။
“ငွေသေတ္တာ ရတဲ့သူ ဒါမှမဟုတ် ငွေသေတ္တာနဲ့ ထွက်လာတဲ့ သူတိုင်းက ဆုလာဒ် အလျှံပယ်နဲ့ လုံးဝ လွတ်လပ်မှုကို ရရှိမယ်။”
“အခု ငါမင်းတို့ကို သွားရမယ့်နေရာဆီ ပို့ပေးမယ်။ သေချာ မှတ်ထား။ ကျရှုံးမယ်ဆိုရင် သေတာနဲ့ အတူတူပဲ။”
ထိုသို့ပြောပြီးနောက် ဆာရီရယ်၏ မျက်လုံးများ တောက်ပ သွားခဲ့ပြီး ဘုရားကျောင်းအလယ်တွင် အလင်းတံခါးတစ်ခု ပေါ်ထွက်လာတော့သည်။