← Chapters

ချစ်ချစ်တောက် အဖြူရောင်လမ်း

Vol. 54 Ch. 887

ချစ်ချစ်တောက် အဖြူရောင်လမ်း

Vol. 54 Ch. 887

ခီရက်ဇ်ဆာ ပြောခဲ့သည့်အတိုင်းပင် ယွမ်သလင်းကျောက်က အမှန်တကယ်ပင် အနည်းငယ် တူးဖော်ရ ခက်ခဲပေသည်။ ဥက္ကာပျံနှင့် တွယ်ဆက်နေသော အပိုင်းက အလွန်အမင်း အားကောင်းလှသည်။ ဥက္ကာပျံမှ ခွာထုတ်လိုက်သည်နှင့် ယွမ်သလင်းကျောက်၏ စွမ်းအင်နှင့် အရောင်တို့ တဖြည်းဖြည်း အားနည်းသွားကော နောက်ဆုံး၌ အသုံးမဝင်သော သလင်းကျောက် တစ်ခု ဖြစ်သွားခဲ့သည်။

ထူးဆန်းစွာပင် ယွမ်သလင်းကျောက်က ခီရက်ဇ်ဆာ၏ လက်ထဲသို့ ရောက်သောအခါ မူလအတိုင်း တဖြည်းဖြည်း ပြန်လည် အရောင်တောက်လာ၏။

ခီရက်ဇ်ဆာက တိုင်းပြည် အသက်ဓာတ် အနည်းငယ်ကို ၎င်းထဲသို့ ပေါင်းစပ်လိုက်ကြောင်း ချန်လွေ့ အာရုံခံမိပေသည်။ ယွမ်သလင်းကျောက် အရောင်မှိန်သွားတာ “မြုံ”သွားတဲ့ အခြေအနေမျိုး ဖြစ်လောက်တယ်။ ပြန်နိုးလာဖို့အတွက် တိုင်းပြည် အသက်ဓာတ်ကို အမှီပြုဖို့ လိုအပ်တယ်။ ဒါကြောင့် ရှေးအဂ္ဂိရတ် အဖွဲ့အစည်းက ယွမ်သလင်းကျောက်က အသက်ယွမ်အနေနဲ့ သတ်မှတ်ကြတာကိုး။

ယွမ်သလင်းကျောက်ကို ရပြီးနောက် ချန်လွေ့က ပစ္စည်း ကိရိယာ စင်တစ်စင်ထုတ်ကာ တိတ်ဆိတ်စေရန် အကြောင်း ပြချက်ဖြင့် မှော်စက်ဝိုင်းတစ်ခုကို အသက်သွင်းလိုက်၏။ လူတိုင်းက ဝေဝါးဝါး အရိပ်များကိုသာ မြင်နိုင်ပြီး အတွင်းထဲမှ တကယ့် လှုပ်ရှားမှုများကို မမြင်နိုင်ခဲ့ပေ။

ချန်လွေ့က ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြိး စူပါစနစ်၏ သန့်စင်ခြင်းအခန်းထဲသို့ ဝင်ရောက်ကာ အချိန်ဥပဒေသကို အသက်သွင်းလိုက်၏။ သူက [ ကြယ်စင်စုပိုင်နက် ] အသက်ဓာတ်ကို ယွမ်သလင်းကျောက် တစ်တုံးစီထံ ထည့်သွင်း ကြည့်သည်။ အသက်ဓာတ် ရရှိသွားသော ယွမ်သလင်းကျောက်က အသေအချာပင် အလျင်အမြန် အရောင်တောက်လာခဲ့သည်။ သူက ၎င်းတို့အား သိုလှောင်ဂိုဒေါင်ထဲ၌ သိမ်းထားလိုက်လေသည်။

နောက်တစ်ဆင့်မှာ တကယ့် ဖန်တီးခြင်း အလုပ် ဖြစ်၏။ ဝေဝါးခြင်း မှော်စက်ဝိုင်းကို ရုတ်သိမ်းပြီးနောက် လူတိုင်း၏ အရှေ့တွင် ထူးဆန်းသော ပစ္စည်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက် လာခဲ့သည်။

ယွမ်သလင်းကျောက်များ မြုပ်သွင်းထားသော အလွန် ရိုးရှင်းသည့် လက်ပတ်တစ်ခုက အထင်ကြီးစရာ မကောင်းပေ။ ထူးခြားသည်မှာ ထိုယွမ်သလင်းကျောက်က ထုတ်လွှတ်နေသော စွမ်းအားမှာ အလွန်အမင်း သန့်စင်ပြီး သာမန် ယွမ်သလင်းကျောက်ထက် များစွာ သာလွန်နေခြင်းပင်။ ထိုအရာက အဆင်တန်ဆာ၏ တိုးမြှင့် သက်ရောက်မှု ဖြစ်လောက်ပေသည်။

မေးစရာ ရှိသည်မှာ ထိုကဲ့သို့ အဆင်တန်တာက ထို ကြောက်မက်ဖွယ်ရာအားကို ခုခံနိုင်မည်လား ဆိုသည်ပင်။

လူတိုင်း၏ မျက်လုံးများက မယုံကြည်နိုင်သော အမူအရာများ ပြသနေကြသည်။ ခီရက်ဇ်ဆာ၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအားက ချန်လွေ့ကို အသေမှတ်ထားပြီး အချိန်မရွေး သတ်ပစ်ရန် ပြင်ဆင် ထားခဲ့သည်။ ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူက လှည့်စားခံရလျှင် ဂုဏ်သိက္ခာကို မည်သည့်နေရာ သွားထားရ မည်နည်း။

ချန်လွေ့က တည်ငြိမ်နေပြီး လက်ပတ်တစ်ခု ထုတ်ယူကာ လက်ပေါ်တွင် ပတ်လိုက်သည်။ လက်ပတ်က တောက်ပသော အလင်းစက်ဝိုင်းတစ်ခု ရုတ်တရက် တောက်ပလာပြီး အလင်းက သူခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားပုံရသည်။

ခီရက်ဇ်ဆာက မျက်မှောင်ကြုတ်ပြီး လက်ပတ်ကို ဝတ်လိုက်၏။ အလင်းစက်ဝိုင်း ပေါ်ထွက်လာပြိးနောက် မူလက စွမ်းအားနှစ်ဆ ကုန်ဆုံးခြင်းက အသေအချာပင် အတော်လေး အားလျော့ သွားကြောင်း ခံစားလိုက်မိသည်။ ထို့အပြင် အလင်းစက်ဝိုင်းများ ကြားထဲ၌ အားကောင်းသော ပဲ့တင်သံတစ်ခုလည်း ရှိနေကာ ထူးဆန်းသော အားများ၏ တိုက်စားးမှုကို အဆက်မပြတ် ပယ်ဖျက်ပေးနေသော အကွင်းတစ်ခုကို ဖြစ်နေစေသည်။ လူများလေလေ အကွင်းက ပိုအားကောင်းလေလေ ဖြစ်သည်။ ထိုအရာက တိုက်စားမှုအင်အားကို ခုခံနိုင်သော ဧရာမ ပိုက်ကွန် တစ်ခုကဲ့သို့ ဖြစ်နေသည်။ ယိုစိမ့်မှု အနည်းငယ် ရှိသော်လည်း ယခင်ကထက် အများကြီး ပိုသာနေလေသည်။

“လက်ပတ်မှာ မြှုပ်ထားတဲ့ ယွမ်သလင်းကျောက် အထူး ကိရိယာတစ်ခုနဲ့ ဖိနှိပ်ထားတဲ့ ပြင်းအားမြင့် ယွမ်သလင်းကျောက်ပဲ။ ခုနက ယွမ်သလင်းကျောက် အကုန်လုံး သုံးလိုက်ပြီ။ ဒီမှော်စက်ဝိုင်း သက်ရောက်မှုကို ခင်ဗျားတို့ မြင်ကြမှာပါ။ တစ်ခုတည်းသော အားနည်းချက်က ယွမ်သလင်းကျောက်တွေ ကုန်ခမ်းနိုင်တာပဲ။ ကုန်သွားတာနဲ့ အသစ် ထပ်ထည့်ရမယ်။ အဲဒါကြောင့် လမ်းတစ်လျှောက်မှာ ယွမ်သလင်းကျောက်တွေ တွေ့မယ်ဆိုရင် ဆက်ပြီးတော့ ဆုတောင်းရမယ်။ များလေ ပိုကောင်းလေပဲ။”

နောက်ဆုံးစကားက အသေအချာပင် ခီရက်ဇ်ဆာကို ပြောနေခြင်း ဖြစ်သည်။ ခီရက်ဇ်ဆာ၏ သံသယများက လုံးဝ မကွယ်ပျောက်သွားသေးသော်လည်း ရွှေ့ပြောင်း မှော်စက်ဝိုင်း သက်ရောက်မှုက သူ့မျက်လုံး အရှေ့တွင် ရှိနေသည့်အတွက် ယုံကြည်လိုက်ရသည်။ “ရစ်ချက်”က ထင်ထားတာထက် ပိုပြီး အသုံးဝင်နေမယ်လို့ မထင်ခဲ့ဘူး။ သူက မှော်စက်ဝိုင်းနဲ့ ယန္တရား ပညာမှာ တကယ် ကျွမ်းကျင်တယ်။ ဒါက တကယ်ပဲ ကျူးကျော်လာတဲ့ ထူးဆန်းတဲ့ စွမ်းအားနဲ့ ခွန်အား ဆုံးရှုံးမှုကို တကယ် ပြေလျှော့ပေးနိုင်တယ်။

ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုး၌ အသုံးဝင်ခြင်းက ပို၍ကြာကြာ အသက်ရှင်နိုင်ခြင်းနှင့် ညီမျှပေသည်။ မယ်ဒူဆာက သတ်ဖြတ်ချင်စိတ်ကို ဘေးဖဘ်ထားလိုက်ပြီး ချန်လွေ့ကို ပို၍ အရေးပါသော အကြည့်ဖြင့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယွမ်သလင်းကျောက်များက သူ ထည့်သွင်းလိုက်သော တိုင်းပြည်အသက်ဓာတ် မရှိလျှင် အလကားသာ ဖြစ်ပေသည်။ ထို့ကြောင့် ထိုတိုင်းပြည်အဆင့် ကောင်ကလေးက လှည့်ကွက်များ ပြုလုပ်မည်ကို သူ မစိုးရိမ်ပေ။

ကံဆိုးစွာပင် ခီရက်ဇ်ဆာက ထို“တိုင်းပြည်”အဆင့်ကလေး၌ သူ့ထက် မရေမတွက်နိုင်အောင် ပိုမိုအားကောင်‌းသော တိုင်းပြည် အသက်ဓာတ်နှင့် ယုံကြည်မှုစွမ်းအား ရှိနေကြောင်း မသိခဲ့ပေ။

“အဖွဲ့”အင်အားကို အမှီပြုပြီး ချန်လွေ့က လက်ထဲ၌ ယွမ်သလင်းကျောက်များ ပိုပို၍ ရလာခဲ့သည်။ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း အသက်သသင်းကျောက်ကို အဆင့်မြှင့်ရန် ဖြစ်စေ၊ ဂိမ်းခလုတ်အတွက် ဗဟိုချက်သလင်းကျောက်များ ထုတ်လုပ်ရန် ဖြစ်စေ လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။ ရွှေ့ပြောင်း မှော်စက်ဝိုင်း၏ ကုန်ကျမှုကို စဉ်းစားရင်း ချန်လွေ့က ခီရက်ဇ်ဆာ၏ “စေတနာ”ကို မငြင်းပယ်ဘဲ ယွမ်သလင်းကျောက်များကို ဆက်လက်၍ သိမ်းဆည်းထားတော့သည်။

ပျောက်ဆုံးနယ်မြေက နေမရှိ လမရှိသော အဆုံးမဲ့ ဖြစ်၏။ လုံးဝ တိတ်ဆိတ်နေသည်။ အချိန်ကိရိယာများအရ လူတိုင်းက ၃ရက် အပြည့် ပျံသန်းနေခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့က ဆာရီရယ်၏ “အချက်အလက်”ထဲမှ ဖော်ပြထားသော ထွက်ပေါက် “ချစ်ချစ်တောက် အဖြူရောင်လမ်း”ကို ရှာမတွေ့သေးပေ။

၃ရက်သာ ရှိသေးသော်လည်း ထိုနေရာမှာ ပတ်ဝန်းကျင်က ခန့်မှန်း၍ မရနိုင်ဘဲ အန္တရာယ်များ အချိန်မရွေး ဖြစ်လာနိုင်၏။ သူတို့တွင် ချန်လွေ့၏ မှော်အဆင်တန်ဆာ ရှိသည့်တိုင် အကာအကွယ် စွမ်းအားကို ထိန်းသိမ်းထားပြီး အမြင့်မားဆုံး သတိထားနေရသည်။ ယွမ်သလင်းကျောက်အကြောင်း မေးခဲ့သော နတ်ဆိုးအရှင်သခင်အဆင့် ခလိုအီက ပင်ပန်းလွန်းသွားပြီး ခြေထောက်အောက်မှ မူမမှန်မှုကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် သူက ဥက္ကာပျံနှင့်အတူ ပေါက်ကွဲထွက်ပြီး ပြာဖြစ်သွားခဲ့သည်။ [အသစ်ပြန်ဖြစ်ခြင်း] စွမ်းရည်ဖြင့်ပင် အကူအညီ မဖြစ်ခဲ့ပေ။ ယခုတွင် အဖွဲ့ထဲ၌ ၁၂ယောက်သာ ကျန်တော့သည်။

ရှေ့တွင် မီးခိုးရောင် တိမ်တိုက်တစ်ခု ပေါ်ထွက်လာပြီး တဖြည်းဖြည်း ကြီးလာဟန်တူသည်။ ချန်လွေ့က ၎င်းက သုံးလေးခေါက် ဖျတ်ခနဲ ကြည့်လိုက်ပြီး သူ၏အမြင်က ထူးခြားသော စွမ်းအားတစ်ခုကြောင့် ရှုံ့တွသွားကြောင်း ခံစားလိုက်မိသည်။

ခီရက်ဇ်ဆာ၏ အမြင်က အကောင်းဆုံးဖြစ်ပြီး မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ “အဲဒါ အာကာသ မုန်တိုင်းပဲ။ မြန်မြန် နောက်ဆုတ်ကြ။”

လူတိုင်း ထိတ်လန့်သွားကြသည်။ “တဖြည်းဖြည်း” ကြီးလာသော တိမ်တိုက်က အမှန်တကယ်၌ မြန်နှုန်းမြင့် လှုပ်ရှားနေသော အလွန်ကြီးမားသည့် မုန်တိုင်းတစ်ခု ဖြစ်နေသည်။ ထိုလောကက အပြင်ဘောကနှင့် အတူပေ။ သဘာဝ စွမ်းအားနှင့် ဆင်တူသော အာကာသ မုန်တိုင်းကို ရင်ဆိုင်ရာ၌ အထူး အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပင် အချိန်မရွေး သေသွားနိုင်၏။ အကောင်းဆံုးနည်လမ်းမှာ နောက်ဆုတ်ပြီး ၎င်းကို ရှောင်တိမ်းရန်ပင်။

သူတို့အုပ်စုက အလျင်အမြန်ပင် အစွမ်းကုန် ရေပြင်ညီအလိုက် ပျံသန်းသွားပြီး မုန်တိုင်းကို ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း အလွန်ကြီးမားသော မုန်တိုင်း၏ အမြန်နှုန်းက အလွန်အမင်း စိုးရိမ်စရာ ကောင်းလှသည်။ အးလုံးက အစွန်အဖျားဆီသို့ မပျံသန်းနိုင်ခင်မှာပင် မုန်တိုင်းက ရှောင်တိမ်း မရဘဲ ချဉ်းကပ်လာ‌တော့သည်။

ထင်ထားသလို ဝါးမျိုခြင်းစွမ်းအား မဟုတ်ဘဲ ထိုမုန်တိုင်းက အမှန်တကယ် အပြင်သို့ ပေါက်ကွဲထွက်လာသည်။ မရေမတွက် နိုင်သော ဥက္ကာပျံများ၊ အရာများက ရေပန်းကဲ့သို့ပင် ဒလဟော ထွက်လာတော့သည်။ အတော်များများက မီးတောက်ကဲ့သို့ မြင့်မားသော အပူရှိန်များ ရှိနေကြပြီး ဥက္ကာပျံကဲ့သို့ပင် မီးခိုးတန်း အရှည်ကြီး ဖြစ်စေခဲ့သည်။

မှော်အဆန်တန်ဆာမှ ပြုလုပ်ထားသော အကာအကွယ် ပိုက်ကွန်က မုန်တိုင်း၏ ကြီးမားလှသော စွမ်းအား‌ကြောင့် စုတ်ပြဲ သွားခဲ့ပြီး ဆုပ်ကိုင်မရသောအားက လူတိုင်းက အပြင်သို့ လွင့်သွားစေသည်။

ဇိုလာ အနိုင်ယူခဲ့ဖူးသော နတ်ဆိုးအရှင်သခင်အဆင့် သာ့စ်ဖီးက အချွန်တစ်ခု နံရိုးထဲ စိုက်ဝင်သွားခြင်းကြောင့် နာကျင်မှု တစ်ခု ခံစားလိုက်ရသည်။ ချက်ချင်းပင် သူက အကြိမ်များစွာ စိုက်ဝင်ခြင်း ခံလိုက်ရပြီး အားနည်းသောနေရာများကို ကာကွယ် ထားသည့် ချပ်ကာသည်ပင် ဖောက်ထွင်းလုနီးပါး ဖြစ်သွားတော့၏။

မုန်တိုင်းထဲမှ ပေါက်ကွဲထွက်လာသော အရာများက အရှိန်အရ အလွန်ကြောက်စရာကောင်းပြီး အဆက်မပြတ် ပစ်ခတ်နိုင်သော အမြောက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ဖုန်မှုန့် တစ်ခုကပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုအောက်တွင် ကြောက်မက်ဖွယ်ရာ ထိခိုက်မှု ဖြစ်စေနိုင်ပေသည်။

သာ့စ်ဖီးက မှော်ပညာ ကျွမ်းကျင်သော်လည်း သူ၏ ခန္ဓာကိုယ် မာကြောမှုက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူက အကာအကွယ် မှော်ပညာကိုပင် အသက်သွင်းခဲ့သော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကို ခုခံနိုင်ရုံလေးသာ ရှိနေသေးသည်။

ကျန်ရှိသောသူများကလည်း အဆင့်အလိုက် ခုခံနေရသည်။ နှိုင်းယှဉ်ရလျှင် အထူးအစွမ်းထက်ပုဂ္ဂိုလ်များက အနည်းငယ် ပိုသာနေသည်။ ချန်လွေ့၏ ခန္ဓာကိုယ်က အလွန်အမင်း သန်မာပြီး ခိုင်မာသည့်အပြင် စူပါစနစ်၏ အလိုအလျောက် စွမ်းရည်များလည်း ရှိနေကော ဆန်းကြယ်ကျောက်စိမ်းချပ်ကာ မဝတ်လျှင်ပင် သာမန် လွင့်စင်မှုများက သူ့အရေပြားကိုပင် ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

ချန်လွေ့က အလွန်ကြီးမားသော ဥက္ကာပျံကို ရှောင်တိမ်းရင် ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်သည်။ “‌ပေါက်ကွဲထွက်သော” မုန်တိုင်း၏ ပထမဆုံးအမြင်က “တွင်းဖြူ” တစ်ခုပင်။

တွင်းဖြူက အပြင်ဘက်နေရာလွတ်မှ စိတ်ကူးယဉ် အပေါက်တစ်ခုဖြစ်ပြီး အတွင်းထဲမှ စွမ်းအင်များ၊ ကြယ်များနှင့် အခြားသော အာကာသအရာများ ထွက်ပေါ်ကာ ပေါက်ကွဲထွက် လာတတ်လေသည်။ အားလုံး-ဝါးမျိုသော တွင်းနက်များနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ ထိုမုန်တိုင်းက တွင်းဖြူများ၏ နိယာမနှင့် ဆင်တူသော အားစက်ကွင်းတစ်ခု ဖြစ်လောက်သည်။

ဆာရီရယ်၏ အချက်အလက်များက ဖော်ပြထားသော ချစ်ချစ်တောက် အဖြူရောင်လမ်းကို ချန်လွေ့ ရုတ်တရက် သတိ ရလိုက်သည်။ သူက မိစ္ဆာမျက်ဆံ စွမ်းအားကို အသုံးပြုပြီး မုန်တိုင်းကို ကြည့်လိုက်သည်။ အသေအချာပင် အဖြူရောင် အလင်းစက်များကို ရေးရေးလေး မြင်လိုက်ရပြီး ထိုအရာများက ထွက်လာသောအရာများ၏ အရင်းမြစ် ဖြစ်လောက်ပေသည်။ သူက စကားပြောရန် ပြင်လိုက်စဉ် ခီရက်ဇ်ဆာ၏အသံက သူ့စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ “ချစ်ချစ်တောက် အဖြူရောင်လမ်းပဲ။”

ပျောက်ဆုံးနယ်မြေကနေ ထွက်ပေါက်ဖြစ်တဲ့ ချစ်ချစ်တောက် အဖြူရောင်လမ်း။ လူတိုင်းက စိတ်အားတက်ကြွသွားပြီး ခီရက်ဇ်ဆာ ဆက်ပြောသည်ကို ကြားလိုက်ရသည်။ “ချစ်ချစ်တောက် အဖြူရောင်လမ်းက မုန်တိုင်းအလယ်မှာ ရှိတယ်။ စွမ်းအားအကုန်သုံးပြိးတော့ မုန်တိုင်းထဲကို အမြန်သွားကြ။”

အားလုံးက တပြိုင်နက်တည်း တုံ့ပြန်ကြပြီး စွမ်းအားများ လည်ပတ်စေကာ မုန်တိုင်းထံသို့ အပြေးသွားတော့သည်။

မုန်တိုင်း၏ တွန်းကန်သော အင်အားက အတော်လေး ထူးဆန်းလှပြီး အားနည်းသော သူများက အနားမကပ် နိုင်ခင်မှာပင် လွင့်ထွက်သွားကြသည်။ သို့သော်လည်း သူတို့က မထွက်နိုင်လျှင် မည်သည့်အန္တရာယ်မှ မကြုံရလျှင်ပင် အနှေးနှင့်အမြန် အင်အား ကုန်သွားပြီး ပျောက်ဆုံးနယ်မြေမှ ထူးဆန်းသော အားများကြောင့် ချေမှုန်းခံရမည် ဖြစ်သောကြောင့် စွမ်းအားများကို မဖုံးကွယ်ထားဘဲ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်သွားကြလေသည်။

ချန်လွေ့က ခီရက်ဇ်ဆာပြီးလျှင် မုန်တိုင်းထဲသို့ ရှေ့ဆက် သွားနေသော ဒုတိယမြောက် ဖြစ်သည်။ မုန်တိုင်းက အပြင်ကထက် အတော်လေး ကြီးမားနေပြီး အရာမျိုးစုံက ထွက်လာနေသည်။ သီးခြား နေရာလွတ်ငယ် တစ်ခုသဖွယ် ဖြစ်နေသည်။ ရှေ့မှ အလင်းစက်များလည်း ထင်ရှားလာခဲ့ပြီး လွင့်စင်လာသည်များက လျင်မြန်သော အလင်းတန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့ ဗဟိုချက်သို့ နီးကပ်လာလေလေ၊ လွင့်စင်လာသည်များ၏ အရှိန်နှင့် အင်အားက ပိုမိုကြောက်စရာ ကောင်းလာလေလေ ဖြစ်နေသည်။

ယခင်တိုက်ပွဲများ၌ ချန်လွေ့က တွင်းနက်နှင့် ဆင်တူသော [ကြယ်ဝါးမျိုခြင်း]ကို အကြိမ်များစွာ အသုံးပြုခဲ့သည်။ အထူးသဖြင့် ပျက်စီးခြင်းမှ အခြေခံလာသော အသူရာကလည်း တွင်းနက်နှင့် ကိုယ်တိုင် ပေါင်းစပ်ကာ ကြီးမားသောစွမ်းအားကို ထုတ်လွှတ် နိုင်ပေသည်။ သူ့ရှေ့မှ “တွင်းဖြူ”က ချန်လွေ့ကို ဆန့်ကျင်ဘက် ခံစားချက်တစ်ခု ပေးနေခဲ့သည်။ ထိုအရာက “ပျက်စီးခြင်း” မဟုတ်ဘဲ “ဖန်တီးခြင်း” ကဲ့သို့ပင်။

ချန်လွေ့က အသူရာကို လုံးဝ အနိုင်ယူခဲ့စဉ်က ဖန်တီးခြင်း နားလည်သ‌ဘောပေါက်ခြင်းကို အသုံးချခဲ့သည်။ ပျက်စီးခြင်းက အဆုံးစွန်အထိကို ရောက်သွားပြီးနောက် ဘဝအသစ် ပြန်စပြီ။ ဒီခံစားချက်က အတော်လေး သိမ်မွေ့တယ်။ ငါချစ်ရတဲ့ မိန်းမကို ပွေ့ဖက်နေတဲ့ ညတုန်းက မြင်ခဲ့သလိုပဲ....အရုဏ်ဦး....

နိမိတ်မကောင်းသော အန္တရာယ်က ချန်လွေ့က ချက်ချင်းပင် သတိပြန်ဝင်လာစေခဲ့သည်။ သူ၏အရှေ့တွင် အလင်းရောင်များ လက်ခနဲ ပေါ်ထွက်လာသည်။ သူက ရုတ်တရက် မျက်နှာပေါ်တွင် အပူရှိန် တစ်ခုကို ခံစားလိုက်ရပြီး သွေးများစီးကျလာခဲ့သည်။ ဆိုလိုသည်က သူ၏ခန္ဓာကိုယ်မှာ တိုက်ခိုက်မှုကို ဆက်လက်၍ မခုခံနိုင်တော့ခြင်းပင်။

ထို့နောက် ချက်ချင်းမှာပင် ပိုမို အန္တရာယ်များသော နိမိတ်ဆိုးများက စိတ်ထဲ၌ လှိမ့်တက်လာခဲ့သည်။ ချန်လွေ့က ချက်ချင်းပင် လက်သီးဖြင့် ထိုးလိုက်ရာ ရှေ့မှ ၅မီတာခန့် မြင့်မားသော ဥက္ကာပျံကို ကြေမွစေခဲ့သည်။ အပိုင်းအစများက နောက်ဘက်သို့ လျှပ်စီးများသဖွယ် လွင့်ပျံသွားခဲ့ပြီး အပိုင်းအစ အတော်များများက ချန်လွေ့၏ခန္ဓာကိုယ်ကို ထိသွားကာ ဒဏ်ရာ ပိုရစေခဲ့သည်။ ထိုအရာက သူ၏တုံ့ပြန်မှု မြန်ဆန်ခဲ့၍သာ ဖြစ်၏။ သို့မဟုတ်ပါက ထိုကဲ့သို့ အရှိန်၌ ထိသွားသည်နှင့် ဒဏ်ရာ အပြင်းအထန် ရသွားပေလိမ့်မည်။

ချန်လွေ့က သတိလက်လွတ် မနေရဲပေ။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ခုခံမှု ဒိုင်းကာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ့လက်က ဓားပံုစံ ဖြစ်သွားပြီး အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာကာ မျဉ်းကွေးများ တစ်ခုပြီးတစ်ခု ဖြစ်စေခဲ့ပြီး အဆက်မပြတ် ခုတ်ပိုင်းလိုက်၏။ အားသုံးခြင်းက အတော်လေး ပါးနပ်လှသည်။ တစ်တန်းတည်း တိုက်ခိုက်ခြင်း မဟုတ်ဘဲ အားလမ်းကြောင်းက ထောင့်ဖြတ်အတိုင်း လမ်းကြောင်းပြောင်း သွားခဲ့သည်။ ချဉ်းကပ်လာသော အရာများမှာလည်း အချို့က ကြေမွကာ အချို့က နောက်သို့ ပြန်လွင့်သွားခဲ့ကြသည်။

ထိုအချိန် လူအုပ်ကြီးက ဗဟိုချက်နှင့် အတော်လေး နီးကပ်နေပြီ ဖြစ်သည်။ တွန်းကန်အားက တဖြည်းဖြည်း ပြင်းထန်လာပြီး ရှေ့မှ အဖြူ‌ရောင် အလင်းစက်က အလျင်အမြန် ကြီးမားလာခဲ့သည်။ အသေအချာပင် ထိုအရာက ထွက်ပေါက် တစ်ခုနှင့် ဆင်တူသော စက်ဝိုင်းပုံစံ အလင်းတံခါး - ချစ်ချစ်တောက် အဖြူရောင်လမ်းပင် ဖြစ်လေသည်။

ဘလန်ကို အမည်ရှိ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်က အချိန်မီ မရှောင်နိုင်ခဲ့ဘဲ အမြန်လှုပ်ရှားနေသော ဥက္ကာပျံနှင့် ထိသွားကာ တစ်ကိုယ်လုံး စုတ်ပြတ်သွားတော့သည်။ သူက မသေသွားပေ။ ထို့ကြောင့် သူက စွမ်းအားအကုန်လုံးကို လည်ပတ်စေလိုက်ပြီး ဆာရီရယ် ပေးထားသော [အသစ်ပြန်ဖြစ်ခြင်း] စွမ်းအားကို အဆုံးစွန်အထိ အသုံးပြုလိုက်၏။ သို့သော်လည်း သက်ရောက်မှုက ကြီးမားလွန်းလှသည့် အတွက်ကြောင့် ခန္ဓာကိုယ် စတင်ကုသသည်နှင့် တစ်စစီဖြစ်ခြင်းက ပိုမိုမြန်ဆန်နေလေသည်။ အဆုံးတွင် သူက အပိုင်းပိုင်း ဖြစ်ကာ လွင့်ထွက်သွားတော့သည်......

မနီးမဝေးမှ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်လည်း ကံမကောင်းလှပေ။ သူ့ခေါင်းက ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် ပျံသန်းနေသော လက်ပြတ်တစ်ခုဖြင့် ထိသွားခဲ့သည်။ မျက်လုံးများ အပြင်းအထန် နာကျင်သွားခဲ့ပြီး ခဏလောက် မမြင်နိုင်တော့ပေ။ အနည်းငယ် သတိလွတ်သွားသည်နှင့် သူ၏ရင်ဘတ်ကို ခပ်ထက်ထက် အရာတစ်ခုက စိုက်ဝင်သွားခဲ့သည်။ အကူအညီ အော်တောင်းသံ ထွက်လာနေရင်း လမ်းတဝက်မှာပင် အကျိုးအပဲ့ အများအပြားက သူ့ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားတော့သည်။ သူက အင်အားမရှိတော့ဘဲ လွင့်ထွက်သွားကာ မုန်တိုင်းထဲမှ မပျံထွက်နိုင်ခင်မှာပင် မှုန့်မှုန့်ညက်ညက် ဖြစ်သွားလေသည်။

ထိုအချိန် အဖွဲ့ထဲတွင် (၁၀)ယောက်သာ ကျန်တော့သည်။ အများစုက ဒဏ်ရာ အပြင်းအထန် ရနေကြပြီး အထူးသဖြင့် အင်အားဆုံးရှုံးမှုက အတော်လေး ကြီးမားပေသည်။ တွန်းအားက ပြင်းထန်လွန်းလှသည့်အတွက်ကြောင့် လူတိုင်းက တိုက်ခိုက်မှုကို ရှောင်တိမ်းရာ၌ပင် အားတင်နေရသည်။ ခီရက်ဇ်ဆာ အပါအဝင် သူတို့က ရှေ့ဆက် မပျံသွားနိုင်ကြတော့ပေ။

“တွန်းကန်အားမှာ ဟာကွက်တစ်ခု ဖြစ်အောင် ဖန်တီးမှ ဖြစ်မယ်။ မဟုတ်ရင် အလင်းတံခါးဆီ ဝင်နိုင်မှာ မဟုတ်ဘူး။” နောက်ဘက်၌ ခီရက်ဇ်ဆာ၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးက အားကောင်းသော စွမ်းအားကို စုစည်းနေပြီး သူ၏အသံက လူတိုင်း၏ စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ “ကျွန်မရဲ့ တိုင်းပြည်ကို အသက်သွင်းဖို့အတွက် အချိန်နည်းနည်း လိုတယ်။ ရှင်တို့အားလုံး အခုပဲ အစွမ်းထက်ဆုံး တိုက်ခိုက်မှုတွေ သုံးကြတော့။”

ယခုတွင် စဉ်းစားစရာ အချိန် အများကြီး မရှိပေ။ လူတိုင်းက ခဏ တုံ့ဆိုင်းသွားပြီးနောက် အလင်းအမျိုးမျိုးက ရှေ့ကို တိုက်ခိုက်လိုက်ကြသည်။ သို့‌သော်လည်း ချစ်ချစ်တောက် အဖြူရောင်လမ်း၏ ဗဟိုချက် တွန်းကန်အားက အလွန်အမင်း အင်အားကြီးလှသည်။ တိုက်ခိုက်မှုမှ ထုတ်လွှတ်သော အလင်းရောင်များသည်ပင် အလင်းတံခါးအနားသို့ ကပ်သွားသော အခါ တွန့်လိမ်သွားကြ၏။

သို့သော်လည်း ထိုအချိန်၌ ထုတ်လွှတ်ခဲ့သော တုံ့ပြန်မှုအားက ခီရက်ဇ်ဆာကို အချိန်လုံလုံလောက်လောက် ပေးနိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အပေါက်အများအပြား ရှိနေသော ဝတ်ရုံက ဖြန့်ကျက်သွားခဲ့ပြီး မဆုံးမရှိ ရှည်လျားသော ဆံပင်အဖြစ် ပြောင်းသွားကာ နေရာလွတ်နှင့် ပေါင်းစပ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးက ရုတ်တရက် မှိန်သွားသည်။

ဒဏ်ရာအပြင်းအထန်ဆုံး ရရှိသွားကြသော နတ်ဆိုး အရှင်သခင်အဆင့်နှစ်ယောက်က ရုတ်တရက် တုန်ခါသွားကြပြီး အသွေးအသားများ အလျင်အမြန် စုပ်ယူခံလိုက်ရသလိုပင် ခန္ဓာကိုယ်များက အလျင်အမြန် ခြောက်သွေ့သွားခဲ့သည်။ အမြင်ကောင်းသူအချို့က ၎င်းတို့၏ ခန္ဓာကိုယ်မှ မြွေကဲ့သို့ ဆံပင်များ ဆုတ်ခွာသွားကြောင်းကို မြင်ခဲ့ရသည်။

နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက်၏ အသက်ဓာတ်ကို ခီရက်ဇ်ဆာ စုပ်ယူခဲ့သည်မှာ အသေအချာပင်။

တစ်ချိန်တည်းမှာပင် ခီရက်ဇ်ဆာ၏ အသက် အငွေ့အသက်က ရုတ်တရက် ပိုမိုအားကောင်းလာခဲ့ပြီး မျက်လုံးများကလည်း မြွေမျက်လုံးကဲ့သို့ ဒေါင်လိုက်ပုံစံ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က ထူးဆန်းသော အလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်ပြီး ရှေ့သို့ ပျံ့နှံ့သွားခဲ့သည်။ အလင်းဖြတ်သွားတိုင်း “တွင်းဖြူ”မှ ထုတ်လွှတ်သော အလင်းရောင်များ အလျင်အမြန် မှိန်ကျသွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ခီရက်ဇ်ဆာနှင့် ကျန်သောသူများမှ လွဲ၍ အရာအားလုံးက အနက် မီးခိုးရောင်အဖြစ် ပြောင်းလဲပြီး အစိုင်အခဲ ဖြစ်သွားတော့သည်။

ထိုကြောက်မက်ဖွယ်ရာ [ ကျောက်ဖြစ်ခြင်း ] ပါရမီက သက်ရှိနှင့် သာမန်အရာများကို ဦးတည်ထားရုံသာမက နေရာလွတ် တစ်ခုလုံးသည်ပင် အစိုင်အခဲ ဖြစ်သွားတော့သည်။

ထိုကဲ့သို့ တဒင်္ဂ တန့်နေသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လူတိုင်းက ချက်ချင်းပင် ချစ်ချစ်တောက် အဖြူရောင်လမ်းဆီ အမြန်ဝင်သွားလိုက်ကြပြီး ခဏအကြာတွင် အဖြူရောင်အလင်းတံခါးထဲသို့ ပျောက်ကွယ်သွားကြလေသည်။

ထို့နောက် ချက်ချင်းနီးပါးပင် အစိုင်အခဲ ဖြစ်သွားသော အနက် မီးခိုးရောင်များ ပေါက်ကွဲထွက်သွားကာ မရေမတွက် နိုင်သော အမြန်ရွေ့လျားနေကြသည့် အဖြူရောင်အလင်းများက နေရာလွတ် တစ်ခုလုံးကို ပြည့်နှက်သွားတော့သည်။ အလင်းရောင်၏ ကြီးမားလှသော သက်ရောက်မှုအောက်တွင် နေရာလွတ်ထဲ၌ တန့်နေကာ အစိုင်အခဲဖြစ်သွားကြသော အလောင်းနှစ်ခုက တစ်စစီ ဖြစ်သွားတော့သည်။

All Chapters