← Chapters

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ

Vol. 54 Ch. 888

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ

Vol. 54 Ch. 888

မူးဝေလောက်အောင် ယိမ်းထိုးသွားပြီးနောက် ပုံရိပ်များက နေရာလွတစ်ခုဆီသို့ ရောက်လာကြသည်။ သူတို့က ဆုပ်ကိုင် မရသော စွမ်းအားဖြင့် ပစ်ထုတ်ခံလိုက်ရသည်။ လူတိုင်းတွင် ထူးခြားသော စွမ်းအားများ ရှိသည့်အတွက် အလျင်အမြန်ပင် မျှခြေညီအောင် ပြုလုပ်နိုင်ခဲ့သည်။

သူတို့အရှေ့တွင် ပတ်ဝန်းကျင် အသစ်တစ်ခု ရှိနေသည်။ လူတိုင်းက ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရောက်နေကြ၏။ အတိအကျ ပြောရလျှင် ကျွန်းတစ်ကျွန်း၏ အစွန်အဖျား၌ ဖြစ်လောက်သည်။ အဝေးတွင်လည်း ဆင်တူသော ကျွန်းများ ရှိနေပြီး လေထဲ၌ ပေါလောပေါ်နေကာ ကြားထဲ၌ မြူများ လွင့်ပျံနေလေသည်။

ထိုနေရာက မြေဆွဲအားလုံးဝနီးပါး မရှိသော ကျယ်ပြန့်သည့် နေရာလွတစ်ခု ဖြစ်သည်။‌ လေထဲမှ ဖော့ဂုဏ်သတ္တိမှာတော့ အတော်လေး ကြိးမားနေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ အလင်းရောင်က မှိန်နေကာ ကောင်းကင်ကလည်း မည်းမှောင် နေခဲ့သည်။ “နေ”က တိမ်တိုက်မည်းများဖြင့် လုံးဝ ဖုံးသွားသလို ခံစားချက်မျိုး ဖြစ်နေသည်။

အသေအချာပင် လူတိုင်းက ချစ်ချစ်တောက် အဖြူရောက်လမ်း မှတတဆင့် ပျောက်ဆုံးနယ်မြေမှ ထွက်လာနိုင်ခဲ့ကြ၏။

ယခင်(၁၃)ယောက်တွင် (၈)ယောက်သာ ကျန်တော့သည်။ သို့သော်လည်း ခီရက်ဇ်ဆာထံမှ အသက်ဓာတ်များ စုပ်ယူခြင်းကို ခံခဲ့ရသော နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက်အကြောင်း မည်သူမှ မပြောခဲ့ကြပေ။ ယခု ဤနေရာတွင် “ရှင်ကျန်ခြင်း”က အဓိကအကျဆုံး ဖြစ်လေသည်။ ထိုကဲ့သို့ ယာယီအဖွဲ့ကလည်း စိတ်ထဲမှ အကျိုးအမြတ်များနှင့်အတူ ဖွဲ့စည်းထားခြင်းပင်။

ယခုတွင် ထိုအဖွဲ့ကို ခီရက်ဇ်ဆာ ဖွဲ့စည်းရခြင်းမှာ တာဝန် ပြီးမြောက်နိုင်ချေကို တိုးမြင့်ရန်အတွက်သာမက အဖွဲ့သားများအား “စားစရာ”အဖြစ် ထားထားရန် ဖြစ်ကြောင်း အားလုံး သိသွားကြ၏။

အဖွဲ့သို့ ဝင်လာကြသူများကလည်း ပါးနပ်သောသူများ ဖြစ်ကြသည်။ ဥပမာ ပျောက်ဆုံးနယ်မြေ နောက်ဆုံးဖြစ်ရပ်၌ သူတို့ မပူးပေါင်းခဲ့လျှင် ခီရက်ဇ်ဆာ၏ သတ်ခြင်းကို ခံရပေလိမ့်မည်။ ချစ်ချစ်တောက် အဖြူရောင်လမ်းကို ဥပမာထားလိုက်ပါ။ ခီရက်ဇ်ဆာ မရှိလျှင် ထိုနတ်ဆိုးအရှင်သခင်များက ဖြတ်သွားနိုင်ရန်ပင် ခက်ခဲနေပြီး အသက်ရှင်နိုင်ခြင်းကပင် ပြဿနာကြီးတစ်ရပ် ဖြစ်နေနိုင်သည်။ အစွမ်းထက်ပုဂ္ဂိုလ်ကို မှီခိုခြင်းက အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက ခီရက်ဇ်ဆာနှင့် နတ်ဆိုး အရှင်သခင်များ၏ အကူအညီဖြင့် ရှေ့ဆက်သွားနေပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။ အခြေအနေပေးသည်နှင့် သူတို့က အချိန်မရွေး နောက်ကျောကို ဓားထိုးခံရနိုင်ချေရှိသော “အဖွဲ့”မှ သေချာပေါက် ထွက်သွားပေမည်။

ထိုနေရာက ဆာရီရယ်၏ “အချက်အလက်”ထဲမှ “ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ” ဖြစ်လောက်ပေသည်။ ဤနေရာတွင် အရေးအပါဆုံးဖြစ်သော ငွေသေတ္တာတည်ရှိရာ ဖရိုဖရဲဘုံသို့ သွားသော ဂိတ်တံခါး တည်ရှိသည်။ ထိုဂိတ်တံခါးကို တွေ့သည်နှင့် နောက်ဆုံးတည်နေရာကို ဝင်ရောက်ပြီး ငွေသေတ္တာကို ရှာဖွေကာ တာဝန်ပြီးမြောက်နိုင်ပြီ ဖြစ်သည်။

ဂိတ်တံခါး တည်နေရာက အတိအကျ မရှိပေ။ ဂိတ်တံခါးကို ဝင်ရောက်ရန်အတွက် “သော့” သို့မဟုတ် ဝင်‌ပေါက်ကို ရှာရမည် ဖြစ်သည်။ “သော့”က တစ်ဖနီဖြစ်ပြီး မိစ္ဆာမျက်ဆံ၏ စိတ်ဝိညာဉ် အမှတ်အသားထဲ၌ ဆာရီရယ်က တစ်ဖနီ၏ပုံကို ရှင်းရှင်းလင်းလင်း ပို့ထားပေးသည်။

ပျောက်ဆုံးနယ်မြေကဲ့သို့ မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ရှိနေကြသည်။ ၎င်းတို့က အသိစိတ် မရှိတော့သော အစွမ်းထက် ဝိညာဉ်များ ဖြစ်ကြပြီး မည်သည့် သက်ရှိသတ္တဝါကိုမဆို တိုက်ခိုက်ကြသည်။

ဆာရီရယ်၏ “အချက်အလက်”က ထိုမျှသာ ဖြစ်သည်။ အသေးစိတ် မှတ်တမ်းများ မရှိပေ။ နောက်ဆုံး ပန်းတိုင်ဖြစ်သော ဖရိုဖရဲဘုံကိုပင် မသိရပေ။

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်စားနေသော ထူးဆန်းသည့်စွမ်းအား မရှိသည့် အတွက်ကြောင့် သူတို့၏ စွမ်းအား ဆုံးရှုံးမှုက သာမန် အခြေအနေ ပြန်ရောက်သွားခဲ့သည်။ တစ်ခုတည်းသော ထူးထူးခြားခြား ခံစားရသည်မှာ “အေးစက်မှု” ဖြစ်သည်။ ထိုအရာက ပုံမှန် အပူချိန် နိမ့်ကျခြင်း မဟုတ်ဘဲ သူတို့၏ ဝိညာဉ်များကိုပင် တုန်လှုပ် စေနိုင်သော ကြောက်မက်ဖွယ်ရာ အေးစက်မှုပင်။

ထိုအေးစက်မှုက စွမ်းအားအဆင့်အလိုက် မပြောင်းလဲပေ။ စွမ်းအား ပိုကြိးလေလေ၊ အေးစက်မှုက ပိုမို အားကောင်း လာလေလေ ဖြစ်သည်။

ခီရက်ဇ်ဆာက ချန်လွေ့ကို ကြည့်ပြီး တစ်ခုခု လုပ်နိုင်သလား မေးနေဟန်တူသည်။ ချန်လွေ့ ပြန်မဖြေခင်မှာပင် သာ့စ်ဖီးက အရင်ဆုံး ခုန်ထွက်လာခဲ့သည်။

သာ့စ်ဖီးက အဖွဲ့ထဲရှိ နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ခုနက ခီရက်ဇ်ဆာ၏ စုပ်ယူခြင်းကို ခံခဲ့ရသော နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက် အကြောင်း တွေးမိသောအခါ သူက စိတ်ထဲ၌ ကြောက်လန့် သွားခဲ့ပြီး နောက်ထပ် ခံရသူ မဖြစ်ချင်ခဲ့ပေ။

“ဒါက....ကျုပ် ဒါကို ဖြေရှင်းနိုင်လောက်တယ်။ ကျုပ်က ဆမ်မြူရယ် မိသားစု မဟုတ်ပေမဲ့ သန္ဓေပြောင်း စိတ်ဝိညာဉ် ဝိညာဉ်ကို အသက်သွင်းနိုင်တဲ့ အထူး မီးပါရမီတစ်ခု ရှိတယ်။ ဒါက ဒီအေးစက်မှုရဲ့ ဝိပါက်ပဲ။” သာ့စ်ဖီးက သတိထားလျက် ပြောလိုက်သည်။ သူ၏ မျက်ခုံးကြားတွင် မျက်လုံးတစ်လုံး ထွက်ပေါ်လာ၏။ ထိုအရာက မိစ္ဆာမျက်လုံး ဖြစ်ပေသည်။ ၎င်းက အနီရောင်‌ ဖျော့ဖျော့ လင်းလက်လာပြီး ခန္ဓာကိုယ်က စတင်၍ အနီရောင် တောက်ပလာတော့သည်။ ထိုနေရာက တဖြည်းဖြည်း နွေးလာကြောင်း လူတိုင်း ခံစားလိုက်ရသည်။ အနီ‌ရောင် အလင်းက လူတိုင်းထံ ပျံ့နှံ့သွားခဲ့ပြိးနောက် ဝိညာဉ်ကို ထိုးဖောက်နေသော အေးစက်မှုက အတော်လေး လျော့ပါးသွားခဲ့သည်။

ခီရက်ဇ်ဆာ အသာလေး ခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ သာ့စ်ဖီးက အပေါ်ယံ၌ ရိုသေလေးစားပုံပြနေသော်လည်း စိတ်ထဲ၌ ဂုဏ်ယူနေခဲ့သည်။ ငါ့တန်ဖိုးကို ခီရက်ဇ်ဆာ အသိအမှတ် ပြုမယ်ဆိုရင် အသက်ရှင်နိုင်ချေက ကြီးကြီးမားမား တိုးတက် သွားမယ်။ အနည်းဆုံးတော့ ငါက အဖိုးတန်တဲ့ အချိန်တစ်ခုကို ရနိုင်ပြီးတော့ “ခံရသူ”ဖြစ်မယ့် အခြေအနေက နောက်ဆုတ် သွားပြီးတော့ လှူပ်ရှားဖို့အတွက် အခွင့်အရေး တစ်ခုကို စောင့်နေမယ်။

စူပါစနစ်က ကြောက်မက်ဖွယ်ရာ စွမ်းအားကို အရှိန်အဝါ အဖြစ် အလွယ်တကူ ဖြေရှင်းနိုင်ရာ ချန်လွေ့က ထိုအေးစက်မှုကို ဂရုမစိုက်ပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က ဖြေရှင်း ပေးချင်သည့်အတွက် အေးအေးဆေးဆေး ထိုင်နေရုံပင်။

“ကျွန်မတို့တွေ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေကို ‌ရောက်လာပြီ။ ခုနက ချစ်ချစ်တောက် အဖြူ‌ရောင်လမ်းကို ဖြတ်သွားတုန်းက လူတိုင်း စွမ်းအားအတော်များများ ကုန်ဆုံး ခဲ့ရတယ်။” ခီရက်ဇ်ဆာက ပြောလိုက်သည်။ “ဒီနေရာက အတော်လေး ကျယ်တယ်။ သော့ဖြစ်လာမယ့် မိန်းမက ဘယ်မှာ ရောက်နေလဲ ကျွန်မ မသိဘူး။ တခြားရန်သူတွေ ဘယ်မှာလဲဆိုတာ အသာထားဦး။ ဒီနေရာက အတော်လေး ကြမ်းတမ်းတယ်။ အကြာကြီး နေမယ်ဆိုရင် ကျွန်မတို့စွမ်းအားတွေ နောက်ဆုံးမှာ ကုန်သွားမှာပဲ။ အဲဒါကြောင့် တံခါးကိုကို မြန်မြန် ရှာရမယ်။ ဘာမှ မတွေ့ခဲ့ရင်တောင် ထွက်သွားလို့ ရနိုင်ရင်တောင် ဆာ-ဆာရီရယ်ရဲ့ အမျက်ကို ခံစားရလိမ့်မယ်။ အနီးအနားက အခြေအနေကို စုံစမ်းဖို့အတွက် လူနှစ်ယောက် လွှတ်ဖို့ အကြံပေးတယ်။ ကျန်တဲ့ သူတွေက ဒီမှာစောင့်နေရင်း အားဖြည့်နေမယ်။ ဘယ်လို သဘောရကြလဲ။”

“မဒမ်-ခီရက်ဇ်ဆာရဲ့ နည်းလမ်းက တကယ် ကောင်းပါတယ်။” သာ့စ်ဖီးက ပထမဆုံး သဘောတူလိုက်သည်။ အခြားသူများ ကလည်း မကန့်ကွက်ကြပေ။

ခီရက်ဇ်ဆာက ခေါင်းညိတ်လိုက်၏။ “ဒါဆိုရင် ဘယ်သူတွေ သွားစုံစမ်းမှာလဲ။”

သာ့စ်ဖီးက အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူက ချန်လွေ့ပင် ချန်လွေ့နှင့် နတ်ဆိုးအရှင်သခင်အဆင့် အမျိုးသမီး အန်ရီရယ်တို့ကို ကြည့်လိုက်“မိ”သည်။ သာ့စ်ဖီးနှင့် အန်ရီရယ်တို့က အားအနည်းဆုံး ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အကောင်းဆုံး အမြောက်စာများ ဖြစ်ကြပေသည်။ သို့သော်လည်း ယခုတွင် သာ့စ်ဖီးက တန်ဖိုးကို ပြသခဲ့လေပြီ။ ထိုအကြည့်က အန်ရီရယ်နှင့် ချန်လွေ့ကို ညွှန်းနေခြင်းနှင့် ညီမျှပေသည်။

အန်ရီရယ်ကို ဖယ်ထားလျှင် “ရစ်ချက်”က မှော်စက်ဝိုင်း၌ အတော်လေး ထူးချွန်သည်။ သူ့ကို သာ့စ်ဖီးက အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ကြောင်း ခံစားမိနေသည်။ ငါ့စွမ်းအားက သူ့ထက် အားနည်းပေမဲ့ ခီရက်ဇ်ဆာက လက်သီးအမာဆုံးနဲ့ ရှိနေမှာ သေချာတယ်။ ငါက ခီရက်ဇ်ဆာ၏ ပေါင်းကို တင်းတင်း ဖက်ထားလိုက်ရုံပဲ။ ဒါဆိုရင် “ရစ်ချက်”ကို အာခံမိမှာ စိုးရိမ်ဖို့ မလိုတော့ပေ။

ခီရက်ဇ်ဆာက သာ့စ်ဖီ၏ ရည်ရွယ်ချက်ကို သဘော‌ပေါက် သော်လည်း ဘာမှမပြောခဲ့ပေ။ တစ်စုံတစ်ယောက် ဦးဆောင်သည်ကို မြင်သည့်အခါ ကျန်သောသူများကလည်း အန်ရီရယ်နှင့် ချန်လွေ့တို့ထံ မျက်လုံးများ ရောက်သွားကြ၏။

“ရစ်ချက်။ ဒါဆို မင်းနဲ့ အန်ရီရယ်ပေါ့။ မင်းတို့နှစ်ယောက် နှစ်လမ်းသွားလိုက်။” ခီရက်ဇ်ဆာက မေးခွန်းထုတ်မရသော လေသံဖြင့် ပြောလိုက်သည်။ သူက လက်ဖျောက်တီးလိုက်ရာ အပြာရောင် အလင်းတန်းနှစ်ခုက ချန်လွေ့နှင့် အန်ရီရယ်တို့ထံ ပျံသန်းသွားကြပြီး သူတို့အရှေ့တွင် လွင့်ပျံနေခဲ့သည်။ ၎င်းတို့က ထူးဆန်းသော သင်္ကေတနှစ်ခု ဖြစ်ပေသည်။

“ဒီနေရာလွတ် စွမ်းအားက အတော်လေး အားကောင်းတယ်။ မှော်မြေပုံလိုမျိုး ပစ္စည်းတွေကိုလည်း သုံးမရဘူး။ အမှတ်အသား နှစ်ခုက ငါ့ရဲ့ တိုင်းပြည်စွမ်းအား စုစည်းထားတာ။ လမ်းပျောက်ရင် ဒီနေရာကို လမ်းပြပေးနိုင်တယ်။ ပြန်ရောက်ရင် အသုံးဝင်ဆုံး သတင်းကို ငါကြားချင်တယ်။” ခီရက်ဇ်ဆာ၏ နောက်ဆုံးစကားက ခြိမ်းခြောက်မှု အငွေ့အသက် ပါဝင်နေသည်။ ထိုသင်္ကေတတွင် ထောက်လှမ်းသောလုပ်ဆောင်ချက်လည်း ပါရှိရပေမည်။

ချန်လွေ့ ခဏ တွေးလိုက်သည်။ သင်္ကေတကို ဆုပ်ကိုင် ပြီးနောက် ၎င်းက ချက်ချင်းပင် ကွေးနေသော အမှတ် တစ်ခုအဖြစ် ပြောင်းလဲသွားကာ လက်ဝါးထဲ မြုပ်ဝင်သွား၏။ အန်ရီရယ်ကလည်း တွန့်ဆုတ်ရင်း အမှတ်ကို လက်ခံလိုက်သည်။

တဖြည်းဖြည်း ဝေးကွာသွားသော ချန်လွေ့နှင့် အန်ရီရယ် တို့၏ ပုံရိပ်ကို ကြည့်နေရင်း သာ့စ်ဖီး၏ မျက်လုံးထဲ၌ အားရဝမ်းသာသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

ခီရက်ဇ်ဆာ၏ စွမ်းအားက လာလာရီယာထက် အနည်းငယ် သာသော်လည်း ချန်လွေ့က လက်ရှိစွမ်းအားက သိုင်းပြိုင်ပွဲ၌ ရှိစဉ်ကထက် များစွာ သာလွန်နေသည်။ အထူးသဖြင့် ကြယ်အပ်နှင်းခြင်း တိုးမြှင့်မှုကို လက်ခံပြီးနောက် သူက ဓူဝံကြယ်နီ ဧကရာဇ်နှင့် ဥပဒေသကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ရာ [ ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း ] စွမ်းအားကလည်း ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ သူက ခီရက်ဇ်ဆာကို အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် ဘာမှကြောက်နေစရာ မရှိပေ။

ချန်လွေ့က ကိုယ်ပိုင်အကြံအစည်များ ရှိနေသည့် အတွက်ကြောင့် စုံစမ်းရန် တာဝန်ကို လက်ခံလိုက်သည်။ သူက လမ်းတလျှောက် ပျံသန်းသွားလိုက်ပြီး လူတိုင်း၏ မမြင်ကွယ်ရာ ရောက်သွားကြောင်း အတည်ပြုပြိးနောက်တွင် အင်္ကျီထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်၏။ ထိုအရာ လက်စွပ် ချိတ်ထားသော ဆွဲကြိုးတစ်ကုံး ဖြစ်၏။

မန်မွန်တော်ဝင်မိသားစု၏ အဆောင်ပစ္စည်း ဖြစ်သော သွေးရောင်လက်စွပ်ပင်။

အမျက်ဘုရင် ချပ်ကာကဲ့သို့ မဟုတ်ဘဲ ချန်လွေ့က သွေးရောင် လက်စွပ်ပေါ်တွင် [ အထူးစိစစ်မှု ] မပြုလုပ်ခဲ့ပေ။ ထိုအရာက တစ်ဖနီထံ ပေးရမည့်အရာဖြစ်သည့်အတွက် သူက သွေးရောင် လက်စွပ်၏ အထူးဂုဏ်သတ္တိများကို မသုံးနိုင်သော်လည်း တစ်ခု သုံး၍ ရနိုင်၏။ ထိုအရာက “သော့”ဖြစ်သော တစ်ဖနီကို ရှာဖွေရန် ဖြစ်လေသည်။

ကံကောင်းစွာပင် အခြားသော အဆောင်ပစ္စည်း(၇)ခုကဲ့သို့ မဟုတ်ဘဲ သွေးရောင်လက်စွပ်က အရွယ်အစားသေးကာ အထူးစိစစ်မှု မလိုအပ်ဘဲ အလွယ်တကူ သယ်ဆောင်နိုင်လေသည်။ ချန်လွေ့က လက်စွပ်ကို တိုးမြှင့်ပေးနိုင်သော ဆွဲကြိုးတစ်ခုကို အထူး ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ရိုင်ဇန်သင်ထားပေးသော နည်းလမ်းဖြင့် သွေးရောင် လက်စွပ်ကို အသက်သွင်းပြီးနောက် လက်စွပ်ပေါ်တွင် နီညိုရောင် အလင်းအလွှာပါး တစ်ခုက ထွက်ပေါ်လာသည်။ ချန်လွေ့က သုံးလေးခေါက် စမ်းကြည့်လိုက်ရာ လက်စွပ်ထဲမှ သတိထား မမိလုနီးပါး ဖြစ်နေသော အလင်းရောင် လက်ခနဲ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ချန်လွေ့၏ မယုံနိုင်စရာ အာရုံခံ စွမ်းအား ကြောင့်သာ မဟုတ်လျှင် ၎င်းကို သိနိုင်ရန် မဖြစ်နိုင်ပေ။

တစ်ဖနီက တကယ်ပဲ ဒီကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေဆီ ရောက်လာခဲ့တာပဲ။

ချန်လွေ့ စိတ်အားတက်ကြွသွားခဲ့သည်။ သူက လက်စွပ်၏ ပြောင်းလဲမှုများကို အာရုံခံရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး လက်စွပ်မှ အသိပေးသည့်အတိုင်း ရှေ့ဆက် ပျံသန်းသွား၏။ အဖွဲ့နှင့် စုံစမ်းရန် တာဝန်များက သူ၏စိတ်ထဲ၌ လုံးဝ မရှိပေ။ နတ်ဘုရားတစ်ပိုင်းအဆင့် အမှတ်အသားကိုမူ ဖယ်ရှားရန် အနည်းငယ် ပြဿနာ တက်နိုင်သော်လည်း မဖြစ်နိုင်သည် မဟုတ်ပေ။

သွေးရောင်လက်စွပ်က ယေဘုယျ ဦးတည်ဘက်ကိုသာ ညွှန်ပြပေးနိုင်၏။ အချိန်အတော်ကြာ ပျံသန်းပြီးနောက် လက်စွပ်မှ တလက်လက် ဖြစ်နေသော ပြင်းအားက အနည်းငယ် ပြောင်းလဲသွားကာ တစ်ဖနီက အဝေးသို့ ရောက်သွားကြောင်း ပြသနေပေသည်။

ပျောက်ဆုံးနယ်မြေမှာကဲ့သို့ နေရာတိုင်း အန္တရာယ်များ ပေါက်ကွဲထွက်နေခြင်း မဟုတ်ဘဲ ထို ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌ အရိုးထဲစိမ့်အောင် အေးစက်ပြီး အသက်မဲ့သော ခံစားချက်မျိုး ပေးခြင်းကလွဲပြီး အန္တရာယ်များများစားစား ရှိနေဟန်မတူပေ။

ချန်လွေ့ သွားနေစဉ် ရှေ့တွင်ရှိသော မိုးပျံကျွန်းအစွန်ရှိ မြူနှင်းဖြူတစ်ခုက အလွန်လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ အနီးကပ် ကြည့်လိုက်ရာ ထို “အဖြူရောင်မြူ”က မျက်လုံးထဲ၌ အစိမ်းရောင် တောက်ပနေသော တစ္ဆေကဲ့သို့ အရာဖြစ်နေလေသည်။ ၎င်းတို့တွင် လက်သည်းများ ရှိကြပြိး ခန္ဓာကိုယ်အောက်ပိုင်း မရှိကြပေ။ ၎င်းတို့က အော်သံနှင့် ဆင်တူသော ကြက်သီးထစရာ အော်သံမျိုး ပြုလုပ်တတတ်လေသည်။

ဒါက ဆာရီရယ်ရဲ့ အချက်အလက်ထဲ၌ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေပဲ ဖြစ်ရမယ်။ ရာနဲ့ချီ ရှိနေတာပဲ။

၎င်းတို့က အတော်လေး မြန်လှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် [ သရုပ်ခွဲမျက်လုံး ] က ဝိညာဉ် (ခြေသလုံးအိမ်တိုင် ဝိညာဉ်) ဟု မျိုးနွယ်ယ်ကို ဖော်ပြပြီး (၅)ယောက်က တိုင်းပြည်အဆင့် ‌ရောက်ရှိနေပြီ ဖြစ်သည်။ အစွမ်းအထက်ဆုံးက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး ကျန်ရှိသော အရာများက နတ်ဆိုးအရှင်သခင်အဆင့်များ ဖြစ်ကြပေသည်။

ထိုကဲ့သို့ စွမ်းအားမျိုးက နတ်ဆိုးဘုံ၌ဖြစ်စေ၊ လူသား လောက၌ဖြစ်စေ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဖြစ်ပေသည်။

[အထူးစိစစ်မှု]က ခြေသလုံးအိမ်တိုင် ဝိညာဉ်များတွင် ထာဝရ ရှင်သန်နိုင်သော ခန္ဓာကိုယ်၊ တိုက်စားမှုနှင့် အသက်ဝါးမျိုခြင်း ဟူသော အထူးဂုဏ်သတ္တိ (၃)မျိုးရှိကြောင်း ပြသသည်။

ချန်လွေ့တွင် စဉ်းစားရန်ပင် အချိန်မရပေ။ သူက [ အရှိန်အဝါ ဓားသွားဖြင့် ] ခုတ်ပိုင်းလိုက်၏။ တိုင်းပြည်အဆင့် အလတ်ပိုင်း ဝိညာဉ်က နှစ်ပိုင်း ပြတ်သွားတော့သည်။ သို့သော်လည်း ပြတ်သွားသော ဝိညာဉ်က အလျင်အမြန်ပင် တစ်ချိန်တည်းနီးပါး မူလပုံစံ ပြန်ဖြစ်သွား၏။ ချန်လွေ့က စိတ်ဝိညာဉ်ထဲ ကျူးကျော် ဝင်ရောက်လာသည့် ထူးဆန်းသော စွမ်းအားတစ်ခုကို အာရုံခံမိသည့်အခါ ကြက်သီးထမိသွားခဲ့သော်လည်း ၎င်းကို စူပါစနစ်က အလျင်အမြန် ဖြေရှင်းပေးလိုက်သည်။

ဓားချီစွမ်းအင်က ခြေသလုံးအိမ်တိုင် ဝိညာဉ်ကို ထိသွားတာနဲ့ ငါက တိုက်စားခံရပြီးတော့ စိတ်ဝိညာဉ် ကျူးကျော်တာကို ခံလိုက်ရတယ်။ ကြည့်ရတာ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေရဲ့ အထူးဂုဏ်သတ္တိတွေက တကယ် ကြောက်စရာကောင်းတဲ့ ပုံပဲ။

ဆာရီရယ်၏ အချက်အလက်အရ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက အသိစိတ် ဆုံးရှုံးသွားကြသော အင်အားကြီး ဝိညာဉ်များ ဖြစ်ပေသည်။ သူတို့က ရန်သူကို မှတ်ထားလိုက် သည်နှင့် ရန်သူမသေမချင်း လက်မလျှော့ဘဲ ဆက်လက် တိုက်ခိုက်ကြသည်။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များက အကြောက်တရား ဟူသော အရာ မရှိသလို အဖော်များ သေဆုံးသွားခြင်းကြောင့်လည်း ရပ်တန့်မည် မဟုတ်ပေ။ ထိုအစား သူတို့က အဘက်ဘက်မှ ပို၍ပင် အမြန်ရောက်လာကြသည်။ ချန်လွေ့က ချက်ချင်းပင် [ အစစ်အမှန် ပျက်စီးခြင်း အရှိန်အဝါ တိုက်ခိုက်မှု ] ကို အသုံးပြုလိုက်ရာ အနီးအနားရှိ ဝိညာဉ်များအားလုံးက မရေမတွက်နိုင်သော အပိုင်းအစများ ဖြစ်သွားခဲ့သည်။ တိုင်းပြည်အဆင့် (၅)ကောင်က အခြေအနေ ပိုကောင်းနေသော်လည်း သူတို့က အပိုင်းပိုင်း ဖြစ်သွားသေးသည်။

သို့ရာတွင် ထိုကဲ့သို့ နေရာပြန့်အစွမ်းမျိုး အသုံးပြုခြင်းက ချန်လွေ့၏ စိတ်ဝိညာဉ်ကို မ‌ရေမတွက်နိုင်သော “တန်ပြန်မှုများ”ဖြင့် တိုက်စားခံရစေသည်။ စူပါစနစ်က ၎င်းကို အချိန်မီ ဖြေရှင်း ပေးခဲ့သည့်တိုင် ချန်လွေ့က မူးဝေသွားသေးသည်။ ပို၍ဆိုးသည်မှာ နတ်ဆိုးအရှင်သခင်အဆင့်များ အပါအဝင် ထိုဝိညာဉ်များက ပြန်လည်ပေါင်းစပ်လာခဲ့ခြင်းပင်.

တိုင်းပြည်အဆင့်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် သတ္တဝါကိုတောင် မသတ်နိုင်ဘူးလား။

ထိုအရာက ချန်လွေ့အား ဒိုဒို၏ မသေနိုင်သော ခန္ဓာကိုယ်ကို သတိရသွားစေပြီး ပို၍ပင် ဒုက္ခရောက်သလို ခံစားလာရသည်။

သူက မသေမျိုးများကို ထိခိုက်မှု နှစ်ဆ ဖြစ်စေသည့် မိုးခြိန်းသံကို ဝတ်ထားခဲ့သော်လည်း ခြေသလုံးအိမ်တိုင် ဝိညာဉ်များက သာမန်မသေမျိုးများ မဟုတ်ကြပုံရသည်။ ထို့ကြောင် သက်ရောက်မှုက သိပ်ပြီး မသိသာလှပေ။

စိတ်ဝိညာဉ်စွမ်အား....တိုက်စားမှု.... ချန်လွေ့က အမြန်‌ တွေးလိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် ချပ်ကာအပြည့် ပေါ်ထွက်လာ၏။ မည်းနက်နေသော ချပ်ကာက ရှေး‌ဟောင်း အငွေ့အသက်တစ်ခုကို ဖော်ပြနေသည်။ ခေါင်းစွပ်၊ ဖိနပ်နှင့် လက်ပတ် အပြည့်အစုံ ရှိနေ၏။

ထိုအရာက အမျက်ဘုရင်ချပ်ကာပင်။

၎င်းကို ကတ်သရင်းက ဆမ်မြူရယ် တော်ဝင်မိသားစုထံမှ “အကန့်အသတ်မရှိ ငှားရမ်းထားခြင်း” ဖြစ်လေသည်။ ထိုအရာက ကလေးအမေ၏ စိတ်ရင်းလည်း ဖြစ်ပေသည်။ ထို့ကြောင့် ချန်လွေ့က မငြင်းခဲ့ပေ။ အဆောင်ပစ္စည်း (၇)ခုထဲက တစ်ခု ဖြစ်သည့်အလျောက် ၎င်းကို ဆမ်မြူရယ် တော်ဝင်မိသားစုကသာ အသက်သွင်းနိုင်သည်။ သို့သော်လည်း စူပါစနစ်၏ [အထူးစိစစ်မှု] နှင့် ရင်ဆိုင်ရသောအခါ အမျက်ဘုရင်ချပ်ကာလည်း ဒူးထောက် လိုက်ရသည်။ ယခုတွင် အမျက်ဘုရင်ချပ်ကာက ချန်လွေ့၏ ၄ခုမြောက် (အတိအကျဆိုလျှင် ၃ခု တစ်ပိုင်း) အဆောင်ပစ္စည်း ဖြစ်လာခဲ့လေပြီ။

အမျက်ဘုရင်ချပ်ကာက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် မှော်ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးနိုင်ပြီး ဝိညာဉ်ကို ကာကွယ်နိုင်ကာ စိတ်ဝိညာဉ် တိုက်စားမှုကို ပြီးစေနိုင်သည်။ အလိုလို ပြန်ကောင်းနိုင်သည်။ သူက တစ်စုံတစ်ယောက်အား အချိန်အကန့်အသတ် တစ်ခုအတွင်း အမျက်ဘုရင်ချပ်ကာ၏ ဝိသေသလက္ခဏာတဝက်ရှိနိုင်သော “ဝိညာဉ်ချပ်ကာ”ကိုလည်း ကောင်းချီးပေးနိုင်ငသည်။

သူက “အဆောင်ပစ္စည်း-ယောင်”အဆင့် စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်နိုင်သော်လည်း အမျက်ဘုရင် ချပ်ကာ၏ အကာအကွယ် စွမ်းရည်က အတော်လေး မယုံနိုင်စရာ ကောင်းနေပြီ ဖြစ်သည်။ ၎င်းက အဆောင်ပစ္စည်း-ယောင်များ ဖြစ်ကြသော အရှင်သခင်ချပ်ကာနှင့် ဆန်းကြယ် ကျောက်စိမ်း ချပ်ကာတို့ထက် များစွာ သာလွန်ပေသည်။

“ငှားရမ်းသော”အချိန်ကမူ နတ်ဆိုးဒိုင်းကဲ့သို့ပင် ဖယ်ရှားရန် ယာယီမဖြစ်နိုင်ပေ။ သို့သော်လည်း နောက်ပိုင်းတွင် နည်းလမ်း တစ်ခုခု ရှိလာနိုင်ကြောင်း ချန်လွေ့ ယုံကြည်နေသည်။ သူက ကတ်သရင်းအား လေးစားယုံကြည်ခံရမှုကိုလည်း ဆုံးရှုံးအောင် ပြုလုပ်မည် မဟုတ်ပေ။ အရိပ်နက်ဝတ်ရုံကို ငှားရမ်းမည့် ဧကရီ အရှင်မ၏ စေတနာကိုလည်း ချန်လွေ့က ကလေးအမေကို မလှည့်စားချင်သည့်အတွက် ငြင်းပယ်ခဲ့လေသည်။

အမျက်ဘုရင်ချပ်ကာကို ဝတ်လိုက်သည်နှင့် စိတ်ရှုပ်စရာ စိတ်ဝိညာဉ် တိုက်စားမှုများ အစအနမကျန် ပျောက်ကွယ်သွား၏။ သို့သော်လည်း ယခုတွင် ချန်လွေ့က ပြန်လည်စုစည်းလာသော ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ဝိုင်းရံခြင်းကို ခံနေရသည်။ အဝေးမှ ကြည့်လျှင် အလွှာများ ရစ်ပတ်နေသော ချည်မျှင်လုံး တ်စလုံးက အဆက်မပြတ် တွန့်လိမ်နေသကဲ့သို့ပင်။

ရုတ်တရက် ချည်မျှင်လုံးက တွန့်လိမ်ပြီး တစ်စစီ ဖြစ်သွားခဲ့၏။

မြင်ကွင်းထဲ၌ ဓားတစ်လက် ပေါ်ထွက်လာသည်။ ဓား၏ ကိုယ်ထည်က အဖြူရောင် ဖြစ်နေပြီး ထူးဆန်းသော အမှတ်အသား နှစ်ခုကို ထွင်းထားလေသည်။

၎င်းမှာ ကြယ်ကြွေတမန်ဓားပင်။

အဆောင်ပစ္စည်း (၇)မျိုးထဲမှ (၁)မျိုးဖြစ်သော ကြယ်ကြွေတမန်ဓားက ရန်သူ၏ ဝိညာဉ်ကို ခုတ်ပိုင်းနိုင်သော အစွမ်းအထက်ဆုံး အထူးဂုဏ်သတ္တိ ဖြစ်သည့် [ဝိညာဉ် လောင်မြိုက်ခြင်း] ရှိလေသည်။

[ဝိညာဉ်လောင်မြိုက်ခြင်း] ဂုဏ်သတ္တိက အမှန်တကယ်ပင် သက်ရောက်မှု ရှိပေသည်။ ခုတ်ပိုင်းခံရသော ခြေသလုံးအိမ်တိုင် ဝိညာဉ်များက အသစ်ပြန်ဖြစ်ရန် စွမ်းရည်များ နိမ့်ကျသွားခဲ့သည်။ သုံးလေးချက် ဆက်တိုက်ခုတ်ပြီးနောက် ဝိညာဉ်များက အမှုန်အဖြစ် ပျောက်ကွယ်သွားတော့သည်။

တိုင်းပြည်အဆင့် ကနဦးပိုင်း ခြေသလုံးအိမ်တိုင် ဝိညာဉ်ကို ခေါင်းဖြတ်ပြီးနောက် ချန်လွေ့က စိတ်ဝိညာဉ်စွမ်းအားက အနည်းငယ် တိုးတက်လာကြောင်း ခံစားလိုက်ရသည်။ ထိုအရာက [ဝိညာဉ်လောင်မြိုက်ခြင်း]၏ နောက်ဆုံး အကျိုးသက်ရောက်မှု တစ်ခုဖြစ်သော ရန်သူ၏ အသွေးအသားကို ကိုယ်ပိုင်အဖြစ် ဝါးမြိုခြင်း ဖြစ်ကြောင်း သူ သဘော‌ပေါက်လိုက်သည်။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များတွင် အသွေးအသား မရှိသော်လည်း မသေမျိုးသတ္တဝါများကို ကျော်လွန်သော အင်အားကြီး ဝိညာဉ်များ ရှိနေသည့်အတွက် ကြီးမားသော တိုးမြှင့်မှု တစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ ဝါးမျိုနိုင်သော်လည်း အတော်လေး အထင်ကြီးစရာကောင်းနေပြီ ဖြစ်သည်။

ရုတ်တရက် ချန်လွေ့က စိတ်အားတက်ကြွသွားသည်။ ကြယ်ကြွေတမန်ဓားကို ကိုင်ဆွဲကာ ထက်မြက်သော ချီစွမ်းအင်များ ပြည့်နှက်နေသော ဓားအလင်းရောင် အလွှာများဖြင့် ထာဝရ ရှင်သန်နိုင်သော ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို အမှုန်အဖြစ် ပြောင်းလိုက်တော့သည်။

All Chapters