← Chapters

အစ်ကိုကြီး မင်္ဂလာဘာ

Vol. 16 Ch. 214

အစ်ကိုကြီး မင်္ဂလာဘာ

Vol. 16 Ch. 214

“ငါ ကျင့်ကြံဆင့်တစ်ဆင့်တက်ပြီး ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံသောကျင့်ကြံသူဖြစ်လာမှ၊ ပိုပြီးအဆင့်မြင့်တဲ့ မီးတောက်စွမ်းအားတွေကို ကျင့်ကြံနိုင်ပြီးမှ ဒီနတ်ဆိုးသတ္တဝါကြီးရဲ့ပြိုင်ဘက် ဖြစ်လာနိုင်လိမ့်မယ်!”

သူ့ရှေ့မှ ဧရာမနတ်ဆိုးသတ္တဝါကြီးကို ကြည့်ရင်း ဟုန်ချန်ယဲ့သည် ခွန်အားကွာဟမှု ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသဖြင့် မျက်နှာပျက်ပျက်ဖြင့်သာ လက်ခံလိုက်ရတော့၏။

“အမ်၊ အစ်ကိုကြီးဟုန်၊ တိုက်ဆိုင်လိုက်တာ၊ ခင်ဗျားလည်း ဒီကို ရောက်နေတာပဲ” ရင်းနှီးသောအသံတစ်သံ အနီးနားမှ ထွက်ပေါ်လာသည်။ ဟုန်ချန်ယဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ လီဝူကျယ်တစ်ယောက် ရှက်ကိုးရှက်ကန်း ကို့ရို့ကားရား မျက်နှာအမူအရာဖြင့် နှုတ်ဆက်နေသည်အား တွေ့လိုက်ရသည်။

လီဝူကျယ်သည် နတ်ဆိုးသွေးဖြင့် လွှမ်းမိုးခံထားရသည့် အခြေအနေမှ နောက်ပိုင်းတွင် ဟုန်ချန်ယဲ့ က မညှာမတာ ရိုက်နှက်လိုက်သောကြောင့် စိတ်အစဥ်သည် များစွာ ကြည်လင်လာခဲ့ရ၏။ ထို့ကြောင့် သူသည် ဤနေရာတွင် တင်ပျဥ်ချိတ်ထိုင်ကာ အသိစိတ်၏ခွန်အားကို အားကိုး၍ လွှမ်းမိုးမှု ကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်ပင်။

ရလဒ်အနေဖြင့် သူ ပြန်ကောင်းလာပြီး မတ်တပ်ရပ်လိုက်သောအခါ ဟုန်ချန်ယဲ့လည်း ဤနေရာသို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။

ဟုန်ချန်ယဲ့သည် ဝက်ဝက်ကွဲအရှုံးကြောင့် စိတ်မကြည်မလင် ဖြစ်နေပြီးသားပင်။ လီဝူကျယ်ကို မြင်ပြီးနောက် လောလောလတ်လတ်ဖြစ်ပွားထားသော ပဋိပက္ခကို သတိရသွားပြီး မျက်နှာမည်းကြီးဖြင့် အေးစက်စွာ ပြောလိုက်သည်။ “ညီလေး လီ၊ မင်း အသိပြန်ဝင်ပြီထင်တယ်။ ခုနက ပြောခဲ့တဲ့စကားတွေရော မှတ်မိသေးလား?”

လီဝူကျယ်၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်။ သူ၏ နှာခေါင်းကို မနေတတ်စွာပွတ်လိုက်ပြီး အသက်မပါသောအပြုံးဖြင့် ပြန်ပြောလာသည်။ “ကျွန်တော့်ရဲ့ မှတ်ဉာဏ်အတွက် ရှက်ရွံ့မိပါတယ် အစ်ကိုကြီး။ ခုနက ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် တကယ် မမှတ်မိဘူးခင်ဗျာ၊ ကျွန်တော် ကိုယ်တိုင် ဘာပြောခဲ့လဲဆိုတာတွေကို ပိုပြီးတောင် မမှတ်မိဘူး။ တစ်ခုခု စော်ကားမိခဲ့ရင် ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါဦး”

နတ်ဆိုးသွေး၏ သက်ရောက်မှုကြောင့် သူစိတ်ရှုပ်ထွေးသွားခဲ့သည် မှန်သော်လည်း ပုံမှန်ပြန်ဖြစ်လာပြီးနောက်တွင် မှုန်ဝါးဝါးလောက်တော့ ပြန်လည်မှတ်မိ နိုင်ခဲ့သည်ပင်။

သို့သော် လီဝူကျယ်သည် ဒါကို လုံးဝ ဝန်ခံမည် မဟုတ်ပေ!

ယနေ့ခေတ် ကျင့်ကြံရေးလောကမှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ဖိအားလည်း အလွန်များ၏။ သူ့အနေဖြင် ပွင့်ပွင့်လင်းလင်း အရူးထဖို့ အခွင့်အရေးအများကြီးမရှိပေ!

ဟုန်ချန်ယဲ့သည် လီဝူကျယ်၏ မျက်နှာကို စူးစိုက်ကြည့်နေပြီး မလုံမလဲဟန် တွေ့ရလောက်မလားဟု ရှာဖွေရန် ကြိုးစားသည်။ လီဝူကျယ်သည် တစ်ဖက်လူ၏လေဆာမျက်လုံးအောက်တွင် အနည်းငယ် အပြစ်ရှိသလို ခံစားလာရပြီး ချက်ချင်း ခေါင်းလှည့်ကာ ဧရာမနတ်ဆိုးသတ္တဝါကြီး ကို ကြည့်လိုက်ပြီး အလွန်အကျွံ အံ့ဩစွာ အော်ဟစ်လိုက်၏။ “ဒါ ဒါ ဘာကြီးလဲ? အစ်ကိုကြီးဟုန်၊ ခင်ဗျား ဒီကောင်ကြီးက ဒီအထိရောက်အောင် ရိုက်လွှတ်လိုက်တာလား?”

အနာပေါ်ဆားဖြူးတဲ့နေရာမှာ ပါရမီပါတာပဲ။

ဟုန်ချန်ယဲ့၏ မျက်နှာ ပိုမည်းသွားသည်။ “ဟုတ်တယ်၊ အရမ်း အံ့ဩစရာကောင်းလို့လား?”

လီဝူကျယ်က လုပ်ရယ်ရယ်မောလိုက်သည်။ “အစ်ကိုကြီးဟုန်က အရမ်း စွမ်းအားကြီးတာပဲကို၊ တမင်အနိုင်ပေးလိုက်တာမလား၊ ဟဲဟဲ"

ဟုန်ချန်ယဲ့သည် လူရိုက်ချင်သောစိတ်ကို မနည်း ထိန်းချုပ်လိုက်ရ၏။ စကားပြောတော်တော်ကောင်းသားပဲ။ နောက်လည်းများများ ပိုပြောနိုင်ပါစေ။

ရုတ်တရက် လီဝူကျယ်သည် တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ “မကောင်းဘူး၊ အဲဒီ နတ်ဆိုးကြီးက ဆရာသခင်တို့နားကို ရောက်သွားပြီ! တိုက်ခိုက်တော့မယ် ထင်တယ်!”

ဟုန်ချန်ယဲ့ မျက်တောင်မခတ် စူးစိုက်ကြည့်နေသည်။ ဤဧရာမ နတ်ဆိုးသတ္တဝါကြီးကို ထိုသူ မည်သို့ ရင်ဆိုင်မည်နည်း? သူ တကယ် မြင်ချင်လှသည်။

ကာကွယ်မှုစွမ်းရည်အနေဖြင့် ၎င်းသည် ကျင့်ကြံဆင့်တူ အချင်းချင်းကြား မည်သူမျှ မနိုင်နိုင်သော အခြေအနေနီးပါးအထိ မြင့်တက်နေပြီး ခွန်အားပိုင်းကမူ အကာအကွယ်ထက်ပင် ပိုမိုသာလွန်သည်။ မိုင်ပေါင်း ကိုးသောင်းရှိသော မြစ်များနှင့် တောင်တန်းများကိုပင် လှုပ်ခါနိုင်စွမ်းရှိသည်။ ဤကဲ့သို့သော တည်ရှိမှုတွင် အားနည်းချက်ဟူ၍ ရှာမတွေ့နိုင်လောက်သည်အထိ။

“ဆရာသခင်၊ ဆရာသခင်၊ သူ ဒီကိုရောက်လာပြီ!” ပုရှောင်ရှီး ကြောက်လန့်တကြား တုန်ယင်နေပြီး သူ၏ အမွေးထူထူ ကြွက်မျက်နှာလေးမှာ မျက်ကလဲဆန်ပြာဖြစ်လို့နေသည်။

ခွင်းဖန်းသည် သူ့ဆီ လျှောက်လှမ်းလာ ဧရာမသတ္တဝါကြီးကို ကြည့်ရင်း အလွန် စိတ်မချမ်းမသာ ဖြစ်လျက်ရှိ၏။ သခင်သာ ဆက်ရပ်နေဖို့ အမိန့်မပေးခဲ့လျှင် သူအစောကတည်းက လှည့်ထွက်ပြန်ပြေးပြီးလောက်ပြီ။

“ယဲ့ကျွင်းလင်၊ မင်း တကယ်ပဲ အရမ်း မာနကြီးနေတာပဲ! မင်းရဲ့ တပည့်နှစ်ယောက်လောက်နဲ့ ငါတို့ကို နှိမ်နင်းနိုင်မယ်လို့ တကယ်ကြီးယုံကြည်နေတာလား?”

ခမ်းနားပြီး ဟိန်းထွက်နေသောအသံသည် ကောင်းကင်ကိုးထပ်သို့တိုင် ပဲ့တင်ထပ်ကာ ကျယ်ပြန့်သော တိမ်တိုက်များအား ခွဲထုတ်ချေဖျက်နိုင်သည်အထိ။

နေမင်းကဲ့သို့ စူးရှတောက်သော ထိုမျက်လုံးများမှ ထူးဆန်းအံ့ဖွယ် အစိမ်းရောင် နတ်ဆိုးအလင်းများ ထွက်ပေါ်နေပြီး စိုက်ကြည့်ခံရသူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်ခြောက်ခြားစေသည်။

ဝှစ်!

နတ်ဆိုးစိမ်းအလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ဆံဖြူလူငယ်ကို ဝန်းရံလိုက်သည်။

“အခု၊ မင်းအလှည့်ရောက်ပြီ!!”

ဘာဇာ အော်ဟစ်လိုက်သည်။

သူ့ကိုရှာတွေ့သွားသည်ကိုမြင်သော် ယဲ့ကျွင်းလင် မတတ်သာစွာ ထရပ်လိုက်ရတော့၏။ “မင်း အလျင်လိုနေတာ ငါသိပါတယ်၊ အေးဆေးပေါ့ကွာ၊ ခဏ”

ထို့နောက် သူသည် ခါးကိုဟိုဘက်ဒီဘက်လှည့်ပြီး အကြောဆန့်ပြလာသည်။

ဘာဇာသည် တစ်ဖက်လူ၏ အပြုအမူကို နားမလည်နိုင်စွာ ငေးကြည့်နေ၏။ ဒါ ဘာသဘောလဲ? သူတို့ ညီအစ်ကိုခြောက်ယောက်ကို အထင်အမြင်သေးနေတာလား?!

ဘာဇာ ထိုသူ့ကို ချက်ချင်းရိုက်ချချင်မိသော်ငြား သူ၏ ပင်ကိုအသိစိတ်က ဤပုဂ္ဂိုလ်သည် အန္တရာယ်များကြောင်း မရေမရာ သတိပေးနေသလိုလိုပင်။

အကြောဆန့်ခြင်းလုပ်ငန်းကို အပြီးသတ်ပြီးနောက် ယဲ့ကျွင်းလင်သည် ရှေ့တည့်တည့်သို့ ကြည့်လိုက်ပြီး ရယ်သွမ်းသွေးလာသည်။ “မင်း အခု တိုက်ခိုက်ရာမှာ ပြိုင်စံရှားဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတယ်မဟုတ်လား?"

“မဟုတ်ရင်ရော?” ဘာဇာက အထက်စီးဆန်ဆန် ပြန်မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် ထိုလူသတ်နတ်ဘုရားဆိုသူမှာ ဖုန်မှုန့်တစ်စက်နှင့်မခြားပေ။

ယဲ့ကျွင်းလင်က လက်ချောင်းများကို မြှောက်လိုက်သည်။ “မာနကြီးလို့ရတုန်း အဝကြီးထားလိုက်နော်၊ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ မင်း ဒူးထောက်ပြီး သနားခံရတော့မှာမလို့!”

ထိုစကားကိုကြားသော်။

ဘာဇာ ဦးစွာ အံ့အားသင့်သွားပြီးနောက် အလွန်တရာ ဒေါသထွက်သွားသည်။

ဒီ လူသားကောင်က တကယ်ပဲ မာနအကြီးလွန်နေတာ!

သူ သည်းမခံနိုင်စွာ လက်သီးဖြင့် ထိုးနှက်တော့မည့်အချိန်တွင် သူ့ရှေ့မှ ဖုန်မှုန့်ကဲ့သို့ သေးငယ်သော ပုံရိပ်သည် ခွင်းဖန်းပေါ်မှ ခုန်ချလိုက်သည်အား မြင်တွေ့လိုက်ရ၏။

"ကောင်းကင်၊ ဆင်မင်း၊ မြေကြီးနှင့်တကွ စီရင်ချက်ချခြင်း!”

All Chapters