← Chapters

အခန်း (၂၁၂)

Vol. 16 Ch. 212

အခန်း (၂၁၂)

Vol. 16 Ch. 212

ဝှစ်။

ဟုန်ချန်ယဲ့သည် သူ၏ ခရမ်းရောင်မီးတောက် ဖီးနစ်အတောင်ပံများ ကို လှုပ်ခတ်လိုက်ရာ သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်သလို့ ဖျတ်ခနဲ ပြောင်းလဲပြီး ပျံသန်းထွက်ခွာသွားသည်။ ပြင်းထန်သော မီးတောက်များကို တစ်ချက်လှုပ်ရှားလိုက်ရာ ပူပြင်းသော လှိုင်းတွန့်များ လေထုထဲတွင် လှုပ်ခါပျံ့နှံ့လျက်။

“ကျား!” လီဝူကျယ်၏ မျက်နှာတွင် သွေးကြောပြာများ ဖောင်းကြွနေပြီး တောင့်တင်းသောလည်ပင်းကြီးကို မော့လျက် တစ်ချက်ကြွေးကြော်လိုက်သည်။ ချွန်ထက်သောသွားများကြားမှ တံတွေးများပင် ပန်းထွက်နေပြီး သူ၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသည်။ ရမ်းခါနေသော ဆံပင်နက်များဖြင့်ပေါင်းလိုက်သော် အမှန်ပင် စိတ်လွတ်သွားသော အရူးတစ်ယောက်နှယ်။

ဒုန်း ဒုန်း ဒုန်း။

နှစ်ဖက်စလုံး ပြင်းထန်သော တိုက်ပွဲကို ထပ်မံ ဆင်နွှဲကြပြန်သည်။

ကောင်းကင်ကြီးပြိုကျပြီး မြေကြီးများ ကွဲအက်သွားလေတော့မလား။ ဤမြင်ကွင်းသည် ကမ္ဘာကြီး၏ အဆုံးသတ်ပေလား။

“အစ်ကိုကြီး၊ အစ်ကိုကြီး၊ သူတို့အချင်းချင်း ဘာလို့ ရန်ဖြစ်နေကြတာလဲ?” ကျန်ညီအစ်ကိုငါးဦး ထိတ်လန့်တကြားဖြင့် စဥ်းစားရခက်နေကြပြီး တစ်ချိန်တည်းမှာပင် ဤ ပြင်းထန်သော ပြိုင်ဆိုင်မှုအဆင့် ကြောင့် ထိတ်လန့်တုန်လှုပ်နေကြရ၏။

အရမ်း ကြောက်စရာကောင်းတယ်!

ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတွေ အချင်းချင်းကိုမှ ဘာလို့ဒီလောက်ကွာခြားနေရတာပါလိမ့်။

ငါတို့ဘဝတွေများ ဆိုးရွားလိုက်တာ!

ဘာဇာ အသက်အောင့်ကာ တံတွေးမျိုချလိုက်ပြီးနောက် အသိပြန်ဝင်လာကာ ဒေါသတကြီး ပြောလာသည်။"ဒါ ဘာသဘောလဲ? ငါတို့ကို ချန်ထားခဲ့ပြီး သူတို့အချင်းချင်းလက်ရည်ယှဥ်နေကြတာ၊ ငါတို့ကဘောင်မဝင်ဘူးလား? ငါတို့ကို အထင်သေးနေတာလား? ငါတို့ အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦးက ဒီလို ရှက်ရွံ့ခြင်းမျိုး တစ်ခါမှ မခံစားခဲ့ရဖူးဘူး!"

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်!”

ဒုတိယအကြီးဆုံး ဘာဂျီက အံကြိတ်ကာ ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ အစစ်အမှန် ခွန်အားကို ထုတ်သုံးပြီး ဒီလူသားမျိုးနွယ်တွေ ပညာပြဖို့ လိုအပ်နေပြီထင်တယ်!”

“ဒါဆိုရင် အဲဒီ လှုပ်ရှားမှုကို သုံးလိုက်ကြစို့” ဘာဇာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင်။

ကျန်ကျင့်ကြံသူများလည်း အံ့အားသင့်နေကြပြီး သူတို့၏ မျက်နှာများတွင် တုန်လှုပ်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ “ဒါ၊ ဒါ ဘာဖြစ်နေတာလဲ? အဲဒီနှစ်ယောက်က အရှင်ယဲ့ရဲ့ တပည့်တွေနဲ့ တူသလိုပဲ!”

“ဟုတ်တယ်၊ ဘာလို့ သူတို့အချင်းချင်း ရန်ဖြစ်နေကြတာလဲ?”

“သူတို့က ဆရာသခင်ဆီက မျက်နှာသာပေးခံရဖို့ ယှဉ်ပြိုင်နေကြတာလား!”

...

ခွင်းဖန်းပေါ်မှ ပုရှောင်ရှီးက စိတ်ပူပန်စွာ အော်ဟစ်လိုက်သည။ “ရပ်! ရပ်! မတိုက်ကြနဲ့တော့လေ! ကျေးဇူးပြုပြီး တော်ကြပါတော့!”

“ဆရာတူအစ်ကိုကြီးဟုန်၊ ဆရာတူမောင်လေးလီ၊ စိတ်ငြိမ်ငြိမ်ထားကြပါ! ရှုရှု စားကောင်းတာတွေ တစ်ဝကြီးချက်ကျွေးမယ်လေ!”

ဆရာသခင်ဖြစ်သူမှာလည်း ထိုင်ခေါ်ပေါ်တွင် မှီထိုင်ရင်း နို့လက်ဖက်ရည်ကို အားရပါးရ စုပ်သောက်လိုက်ပြီး အဝေးတွင် တိုက်ခိုက်နေသူများကို မြင်သော် အကြီးအကျယ်ဆွံ့အသွားရ၏။ “နင့်မေကလွှား၊ ဘာတွေ ဖြစ်နေတာလဲ၊ ဘယ်လိုလုပ်ပြီး သူတို့နှစ်ယောက်က ရန်ဖြစ်နေကြတာလဲ?”

ယဲ့ကျွင်းလင်၏ မူလရည်ရွယ်ချက်မှာ သူထရမှာပျင်းရိသောကြောင့် သူ၏ တပည့်များကို မရဏချောက်နက်တပ်မတော်အား ကိုယ်စားရင်ဆိုင်စေရန် ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ အခြေအနေသည် ဤသို့ သွေဖယ်သွားခဲ့သည်ပင်။

“ဟင်? ဒါက...” ယဲ့ကျွင်းလင် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး မှီထိုင်ရာမှ မတ်မတ် ထိုင်လိုက်မိသည်။

ထိုအချိန်တွင်။

အခြေအနေတစ်ခုလုံး ပြောင်းလဲသွားသည်။

အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦးသည် ပူးပေါင်းလက်သင်္ကေတတစ်ခုကို စတင်ပြုလုပ်နေကြပြီး နက်နဲသော အရှိန်အဝါများ ထုတ်လွှတ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ တောက်ပသော ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ဦးခေါင်းမှ ခြေဖျားအထိ ခန္ဓာကိုယ်တစ်ခုလုံး စတင်အက်ကွဲလာကြတော့၏။

“အဆင်သင့်ဖြစ်ကြပြီလား?”

“အစ်ကိုကြီး၊ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ!”

“ကောင်းပြီ၊ ဒါဆိုရင်...”

ဘာဇာ အော်ဟစ်လိုက်သည်– “ငါက ဦးခေါင်းကို ဖွဲ့စည်းမယ်!!”

ဝှစ်ခနဲဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး ပျံသန်းထွက်ခွာသွားကာ လေထုထဲတွင်ပင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမဦးခေါင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ကျန်ရှိသော ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ နှင့် ဆဋ္ဌမ ညီငယ်များလည်း ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပြေးဝင်သွားသည်။ ခိုင်မာပြတ်သားသော အော်ဟစ်ကြွေးကြော်သံများ တစ်ခုပြီးတစ်ခု ကောင်းကင်ထက်မှ ပဲ့တင်ထပ်လာ၏။

“ငါက ကိုယ်ထည်ကို ဖွဲ့စည်းမယ်!”

“ငါက ညာလက်ကို ဖွဲ့စည်းမယ်!”

“ငါက ဘယ်လက်ကို ဖွဲ့စည်းမယ်!”

“ငါက ညာခြေထောက်ကို ဖွဲ့စည်းမယ်!”

“ငါက ဘယ်ခြေထောက်ကို ဖွဲ့စည်းမယ်!”

ဝှစ် ဝှစ် ဝှစ် ~

မဟာနေမင်းကြီးကဲ့သို့ တောက်ပသော အလင်းတန်းများနှင့်အတူ နတ်ဆိုးနတ်ဘုရားတစ်ဆူကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပုံပေါ်လာပြီး ကောင်းကင်ထက် မားမားမတ်မတ်ရပ်တည်နေသည်။

(မျက်လုံးထဲမမြင်တဲ့လူတွေအတွက် ပါဝါရိန်းဂျားကားထဲကလို ပါဝါရိန်းဂျားစက်ရုပ်ကြီးကိုသာ မြင်ယောင်ကြည့်လိုက်ကြပါ)

၎င်းနှင့် နှိုင်းယှဉ်လျှင် ရှေ့တွင် မရဏချောက်နက်တပ်မတော် ဖွဲ့စည်းထားသော ရုပ်တုကြီးများမှာ ပုရွက်ဆိတ်များလေးကဲ့သို့ပင် သေးငယ်နေပုံရ၏။

ဤ ဧရာမသတ္တဝါကြီးသည် အရွယ်အစားအားဖြင့် မီတာ ၅၀၀,၀၀၀ အထိ ရှည်လျားကြီးမားပြီး ခမ်းနားသော တောင်တန်းများနှင့် စီးဆင်းနေသော မြစ်မင်းများပင် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများ လောက်အထိ သေးငယ်သွားရသည်ပင်။ ၎င်း၏ ကျင့်ကြံမှုအရှိန်အဝါသည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အထွဋ်အထိပ်သို့တိုင် ရောက်ရှိနေပြီ ဖြစ်သည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး ပြိုကျပြီး နေနှင့်လ သေဆုံးသွားမည်လားဟု ထင်မှတ်မှားရသည်အထိ။

အရာအားလုံးကို ဖိနှိပ်နှိမ်နင်းနိုင်မည့် စွမ်းအားရှင်တစ်ပါးကဲ့သို့။

“ဒါ၊ ဒါ၊ ဒါ၊ ဒါ...” အိုးရန်ဖုန့်နှင့် အခြားသူများ၏ ဦးရေပြားများ ထုံကျင်သွားပြီး အာခေါင်များခြောက်သွေကာ တုန်လှုပ်မှုအပြည့်ဖြင့် စကားပင်ကောင်းကောင်းမပြောနိုင်ကြတော့။

မိုင်ပေါင်းတစ်ရာ အကွာတွင် ကျောက်လင်အာ သည် ဝေ့ပြည်ထောင်မှ ထွက်ခွာပြီး တိုက်ပွဲကိုကူညီရန် အလျင်အမြန် ပြေးလာခဲ့သည်။ ဝေ့ပြည်ထောင်ကို မရဏချောက်နက်တပ်ဖွဲ့တစ်စုက သိမ်းပိုက်ထားသောကြောင့် သူမ ရောက်ရှိပြီးနောက် ထိုတပ်ဖွဲ့ကိုရှင်းလင်းလိုက်ပြီး နန်းတော်သို့သွားကာ အခြေအနေကို စစ်ဆေးကြည့်သော် သူမ၏ ခမည်းတော်၊ မယ်တော်နှင့် ကျန်မိဖုရားများအား လျှို့ဝှက်ခန်းထဲတွင် လုံခြုံစွာ ရှာဖွေတွေ့ရှိခဲ့လေ၏။

သူမ၏ ဆွေမျိုးများ ဘေးကင်းသည်ကို မြင်သောအခါ ကျောက်လင်အာ စိတ်သက်သာရာရသွားပြီး ကျောက်နက်တောင်ကြားသို့ တစ်ဖန်သွားရောက်ကာ စစ်ချီတပ်နှင့် ပူးပေါင်းဖို့စီစဥ်ခဲ့သည်။

“ဟယ်၊ အဲဒါ ဘာကြီးလဲ?!”

ကျောက်လင်အာ ရပ်တန့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားမှုတစ်ခု ဖြစ်ပေါ်လာသည်။

အဝေးကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ပုံရိပ်ကြီးတစ်ခု တည်ရှိနေပြီး တိမ်များမြူများဖြင့် ဖုံးအုပ်ထားကာ မကောင်းဆိုးဝါးအရှိန်အဝါများအား အားကုန် ထုတ်လွှတ်နေ၏။

အရွယ်အစားသည်ကား အမှန်ပင် အလွန်ကြီးမားလှ၏။ ကြီးမားလွန်းသောကြောင့် အဝေးတွင်ရှိသော ကျောက်လင်အာပင် ထိုသတ္တဝါကြီး မိုးထိမတတ် မတ်မတ်ရပ်နေပြီး အရပ်လေးမျက်နှာကို မာန်အပြည့်ဖြင့် ရှုစားနေသည်အား မြင်တွေ့နိုင်ပေသည်။

“မင်းတို့နှစ်ယောက်၊ ရန်ဖြစ်လို့ ပြီးပြီလား?”

အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦး ပေါင်းစည်းထားသော ဧရာမသတ္တဝါကြီးတွင် အကြီးဆုံးအစ်ကို ဘာဇာက ဦးခေါင်းကို ထိန်းချုပ်ထားပြီး အသံထွက်လာရာ မှော်စွမ်းအင်များ စီးဆင်းနေသည့် ခမ်းနားသော အသံသည် နားထဲသို့ စီးဝင်လာပြီး လူအများကို တုန်ချိကြောက်လန့်သွားစေနိုင်၏။

“ဟင်?”

ဟုန်ချန်ယဲ့သည် လီဝူကျယ်ကို တစ်ချက်ရိုက်လိုက်ရင်း သူ့ရှေ့တွင် ဤဧရာမသတ္တဝါကြီး မတ်မတ်ရပ်နေသည်အား မြင်တွေ့လိုက်ရသည်။ နေကဲ့သို့သော မျက်လုံးနှစ်လုံးမှ နတ်ဆိုးစိမ်းမီးများ လောင်ကျွမ်းနေပြီး သူတို့ကို အေးစက်စွာ အပေါ်စီးမှ ငုံ့ကြည့်နေသည်။

ဟုန်ချန်ယဲ့၏ ခိုင်မာသောနှလုံးသားပင်လျှင် အန္တရာယ်ခံစားမှုဖြင့် ပြည့်နှက်သွားပြီး သူ၏ မျက်လုံးများ ချက်ချင်း လေးနက်တည်ကြည်လာသည်။

တစ်ဖက်တွင်။

ခွင်းဖန်းသည် အလွန် စိတ်မချမ်းမသာ ဖြစ်နေပြီး သူ၏ မျက်လုံးများလည်း ပြူးကျယ်နေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် မိမိထက် ပိုကြီးသော တည်ရှိမှုမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသောကြောင့်ပင်။

“ဝိုး!” ပုရှောင်ရှီးက သတ္တဝါကြီး တစ်ဆုံးမော့ကြည့်ကာ အံ့သြတကြီးအော်ဟစ်လိုက်သည်။

ယဲ့ကျွင်းလင်လည်း အံ့ဩသွားရသည်ပင်။ “စိတ်ဝင်စားစရာကောင်းတယ်၊ အရမ်း စိတ်ဝင်စားစရာကောင်းတာပဲ”

အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦး ပေါင်းစည်းပြီးနောက် သူတို့၏ အရှိန်အဝါသည် ယခင်တစ်ခေါက်က လေပေါ်ဘုရားကျောင်း သူတော်စင်သုံးဦး၏ အရှိန်အဝါထက် မနိမ့်ကျလှပေ။

တစ်နည်းအားဖြင့် ၎င်းသည် ပို၍ပင် အားကြီးသေးသည်!

All Chapters