← Chapters

ကဲလိုက်ကြစို့

Vol. 16 Ch. 219

ကဲလိုက်ကြစို့

Vol. 16 Ch. 219

ကြားလိုက်ရသောသူအပေါင်း၏ မျက်နှာအမူအရာများမှာ အတော်လေးအမျိုးစုံစွာ ပြောင်းလဲသွားကြ၏။

သူတို့ရှေ့ တစ်ယောက်ယောက်က ဒီလိုမာန်တက်နေတဲ့ရုပ်နဲ့ စကားကြီးစကားကျယ်တွေလာပြောနေမယ်ဆိုရင် သေချာပေါက် သင်ခန်းစာတစ်ခုတော့ပေးဖြစ်အောင်ပေးမှာဆိုပေမဲ့၊ အင်း...ဒီလူဖြစ်နေတော့လည်း မေ့လိုက်ပါတော့လေ။

“ဆရာတူညီလေးယဲ့၊ မင်းက အရမ်းတော်တာပဲ! ပြန်လာလာခြင်းကို ငါတို့ကို ဒီလိုအံ့သြစေလိုက်ပြန်ပြီ!” ရှယိုနျန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အမှန်တော့ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် တစ်ချိန်လုံး စိုးရိမ်ပူပန်မှုများ ရင်ဝယ်ပိုက်ထားခဲ့ရသည်ပင်။ ရွှယ်ထျန်းဂိုဏ်းကို မရဏချောက်နက်တပ်မတော်မှ တစ်ချိန်ချိန်တွင် ကျူးကျော်ဝင်ရောက်နိုင်သွားမည်ကို သူအမြဲစိုးကြောက်ခဲ့ရ၏။ အဲ့ဒီအချိန်ကျရင် တစ်ဂိုဏ်းလုံး သေခြင်းတရားကို ရင်ဆိုင်ရတော့မည်ဖြစ်ကာ သူလည်း အချိန်ဆွဲထားရုံတစ်ခုသာတတ်နိုင်ကြောင်း သိနေခဲ့လေသည်။

ဒါပေမဲ့ အခုတော့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီ!

“မြန်မြန်၊ မြန်မြန်၊ မြန်မြန်၊ ဆရာတူညီလေးယဲ့ကို ဝင်ခွင့်ပြုလိုက်ပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း အပြင်လောကမှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ နားထောင်ဖို့ ငါတို့ မစောင့်နိုင်တော့ဘူး” ဓားဝှက်တောင်ထိပ်သခင်က ပြောလိုက်သည်။

တောင်ကာကွယ်ရေးအစီအရင်ကို ဖယ်ရှားလိုက်ပြီး ကင်းစောင့်ချထားသော ရွှယ်ထျန်းဂိုဏ်းသားများလည်း အတူ ပြန်လည်စုဝေးလာကြသည်။ ဂိုဏ်းတစ်ခုလုံး အားပေးသံများ မြည်ဟီးနေပြီး အကြီးအကဲများနှင့် တပည့်အပေါင်းပါ အလွန်အမင်း စိတ်လှုပ်ရှားနေကြကာ ကပ်ဆိုးမှ လွတ်မြောက်ပြီး ပျော်ရွှင်ဖွယ်ဘဝသစ်တစ်ခု ပြန်လည်စတင်ရသလို ခံစားနေကြရ၏။

ဘာပဲဖြစ်ဖြစ် ဒီအချိန်အတွင်း ရွှယ်ထျန်းဂိုဏ်းတွင်းမှာပဲ ကြောက်လန့်တကြား ပုန်းအောင်းနေရတဲ့ ခံစားချက်က တကယ်ကို မသက်သာလှသည်လေ!

အခုတော့ အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ရာ ရုတ်တရတ် ပေါ့ပါးလွတ်မြောက်သွားသော စိတ်နှလုံးတို့ကြောင့် ဝမ်းသာလုံးဆို့လျက် ငိုကြွေးသူက ငိုကြွေးကုန်ကြလေပြီ။ တောင်ထိပ်သခင်ယဲ့ က အရိုးမျိုးနွယ်ဘုရင်ကိုသတ်ပြီး ဟွမ်ကျိုးပြည်နယ်ကို ကယ်တင်ခဲ့သည် ဆိုသော သတင်းအား ကြားလိုက်ကြရသော် ထိုသူ့ကို ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားဟုသာ စွဲမြဲစွာမှတ်ယူလိုက်ကြပြီး သူတို့၏ မျက်လုံးအစုံစုံတွင် ရူးသွပ်သောလေးစားမှုအပေါင်းဖြင့် ပြည့်နှက်လာလေသည်။

“တောင်ထိပ်သခင်ယဲ့၊ ကျွန်မတို့ ရှင့်ကို ချစ်တယ်!!” ဂိုဏ်းမှ အသားဖြူဖြူ လှပသွယ်လျသော တပည့်မအ‌ချောလေးတစ်အုပ် ပြေးထွက်လာပြီး ယဲ့ကျွင်းလင်အား စိတ်ရောကိုယ်ပါ အော်ဟစ်အားပေးလာကြ၏။

ယဲ့ကျွင်းလင်း ပြုံးဖြီးဖြီးနှင့် နားထောင်ပီတိဖြာနေရင်း အော်သံများကြား အမျိုးသားသံသြသြကြီးများပါ ပါဝင်လာသည်ကို ကြားလိုက်ရတော့ အပြုံးကတဖြည်းဖြည်း ပြန်လည်ပျယ်ပြယ်သွားလေသည်။

မြူခိုးတောင်ထိပ် သို့ ပြန်ရောက်သောအခါ။

တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နေရာက အပြောင်းအလဲသိပ်မရှိလှပေ။ မူလပုံစံအတိုင်း သေချာဂရုတစိုက် ထိန်းသိမ်းထားသလိုမျိုး အရာမယွင်းတည်ရှိ၏။

“မင်းမရှိတုန်း ဒီနေရာကိုသေချာထိန်းသိမ်းထားတာလေ” ရှယိုနျန်က ပြောလိုက်သည်။

“ဒါဆို ဒါ ဆရာသခင် နေခဲ့တဲ့နေရာ‌ပေါ့” လီဝူကျယ် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူ့ရင်ထဲတွင် လေးစားမှုများ အလိုလို ပေါ်ပေါက် လာသည်။ ဆရာသခင်သည် ဤတောင်ထိပ်တွင် ဉာဏ်အလင်းပွင့်လန်းထွန်းတောက်ခဲ့ပြီး ဤနေရာတွင်ပင် ကြိုးစားပမ်းစား ကျင့်ကြံခဲ့သောကြောင့် နောက်ဆုံးတော့ သူတို့အားလုံး အားကိုးချစ်ခင်ရသည့် ဆရာသခင်တစ်ပါး ဖြစ်လာနိုင်ခဲ့သည်မဟုတ်လော။

ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ “အခု မင်းတို့အားလုံး ရောက်နေပြီဆိုတော့ အတူတူ ထမင်းစားကြမလား?”

“ကောင်းပြီ!”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ယဲ့ကျွင်းလင် လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်ထားသော ပါဝင်ပစ္စည်းအချို့ကို သိုလှောင်ခန်းမှ ထုတ်ယူလိုက်သည်။ ပါဝင်ပစ္စည်းများမှာ အလွန်လတ်ဆတ်စွာ ထိန်းသိမ်းခံထားရ၏။

“ရှောင်ရှီး၊ မင်းလက်ထဲအပ်လိုက်မယ်နော်!”

“ရှုရှုလက်ထဲသာ အပ်လိုက်ပါနော်!”

ပုရှောင်ရှီး အလွန်ပျော်ရွှင်နေပြီး သူမ၏ အရည်အချင်းများကို ထုတ်ပြဖို့တက်ကြွနေကာ လူတိုင်းကို သူမ၏ ချက်ပြုတ်နည်းစွမ်းရည်ဖြင့် ဆွဲဆောင်သိမ်းသွင်းဖို့ရန် ပြင်ဆင်လိုက်သည်။

ယဲ့ကျွင်းလင် အဖွဲ့ထဲတွင် ပုန်းအောင်းနေသော မှိုခေါင်းပါဆယ်ကျော်သက်လေးအား စဉ်းစားဟန်ဖြင့် ကြည့်ကာ အနည်းငယ် ချောင်းဟန့်လိုက်ပြီး ဆိုသည်။ “ရှောင်ဟေး၊ မင်းကို ဒုက္ခပေးရပါဦးမယ်”

မှိုခေါင်းဆယ်ကျော်သက်လေး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။

တကယ်ပဲ အဖွဲ့ထဲမှာ ဒါက သူ့ရဲ့ အကြီးမားဆုံး အသုံးဝင်မှုလား?

“စတုတ္ထညီလေး၊ မင်းရဲ့ ခက်ခဲတဲ့အားထုတ်မှုအတွက် ကျေးဇူးတင်တယ်ကွာ” လီဝူကျယ်က အလေးအနက်မျက်နှာထားဖြင့် မှိုလေး၏ပခုံးကို အားပေးသလိုပုတ်ပေးလိုက်သည်။

မှိုခေါင်းလေးခမျာ ငိုချင်ပေမယ့် မျက်ရည်ကျမလာ။ ကြည့်ရတာ ဒီလူတွေကို အရင်ဘဝကအကြွေးတင်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

မတတ်နိုင်ဘူး။

အခုဆို သူက ဓားပြသင်္ဘောပေါ် ဒုတ်ဒုတ်ထိရောက်နေပြီ။ သူများအိမ်မှာလည်း နေနေရသေးတယ်။ သူ မလုပ်ချင်ရင်တောင် ငြင်းလို့မရဘူးလေ။ ဒါ့အပြင် သူ မဆင်မခြင် ဆန့်ကျင်မိရင် မှိုနဲ့ ကြက်စွပ်ပြုတ် လုပ်ခံရမှာကိုလည်း ကြောက်ရသေးတာကိုး။

စွပ်ပြုတ်ပဲ အပြုတ်ခံလိုက်တာပေါ့လေ။ ဘာမှ လုပ်စရာမရှိတုန်း အပျင်းပြေရေချိုးသလိုပဲ သဘောထားလိုက်တော့!

ဤသို့ဖြင့် မှိုဆံပင်နှင့် ဆယ်ကျော်သက်ကောင်လေးဟာ သူ့ရဲ့ မူလပုံစံကို ပြောင်းလဲလိုက်ပြီး ဝမ်းနည်းဒေါသများ ပြည့်နှက်နေသော မျက်နှာငယ်လေးနှင့် အိုးမည်းကြီးထဲ ခုန်ဆင်းသွားရလေ၏။

“ရှောင်ဟုန်၊ အတိုင်းအတာကို ဂရုစိုက်နော်”

“ဟုတ်!”

ဟုန်ချန်ယဲ့လည်း ခပ်ပေါ့ပေါ့မလုပ်ရဲ‌တော့ဘဲ မီးလျှံများကို ကျွမ်းကျင်စွာ ထိန်းချုပ်ကာ အိုးအောက်ခြေကို အပူပေးသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အိုးထဲမှ မှိုစွပ်ပြုတ်မွှေးရနံ့ ထွက်ပေါ်လာကာ လူတိုင်းကို မထိန်းနိုင်စွာ သွားရည်ကျစေ၏။

“ဒါက ထိပ်တန်းအရည်အသွေးရှိတဲ့ ဆေးဘုရင်ပဲ။ ဒါနဲ့ ပြုလုပ်ထားတဲ့ စွပ်ပြုတ်ကိုတောင် တစ်ငုံလေးသောက်ရဖို့တောင် အထင်ကရ ပုဂ္ဂိုလ်ကြီးများစွာ အလုအယက် တိုက်ပွဲဝင်ကြလောက်တယ်။ ဒီနေ့ဒီအချိန်မှာ ငါတို့ ဒီမှိုစွပ်ပြုတ်ကို မြည်းစမ်းခွင့်ရမယ်လို့ တစ်ခါမှမမျှော်လင့်ခဲ့ဘူး။ ဆရာတူညီလေးယဲ့၊ ဒီလို တပည့်ရှိနေတာ တကယ်ကို တန်ဖိုးရှိတာပဲ!” ရှယိုနျန် လက်မထောင်ပြလိုက်သည်။

ယဲ့ကျွင်းလင် ပြုံးပြီး ပြောလိုက်သည်။ “အစ်ကိုကြီးတို့ သူ လုပ်တဲ့စွပ်ပြုတ်ကို မကြာခဏ သောက်ရင် ဒေါင်းတောင် ဖီးနစ် ဖြစ်သွားနိုင်ပြီး သာမန်လူသားတွေလည်း မသေမျိုး ဖြစ်လာနိုင်တဲ့ အစွမ်းသတ္တိရှိနိုင်တယ်။ တစ်ခွက်ထက်ပိုသောက်ချင်လည်း ရတယ်နော်။ သူ ဒီမှာရှိနေသရွေ့ မှိုဟင်းရည်လည်း ဆက်တိုက်ရနေမှာ။ ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းဟာ နောင်တစ်ချိန်ဆိုရင် မသေမျိုးလောကဆီကူးတဲ့တံခါးတစ်ချပ်တောင် ဖြစ်လာနိုင်တယ်!”

“ကောင်းလိုက်တဲ့အကြံဉာဏ်!” ရှယိုနျန် သူ့ပေါင်သူ ရိုက်ချလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ပါးစပ်ပိတ်လို့တောင်မရတော့။

ကျန်တောင်ထိပ်သခင်များ၏ မျက်လုံးတွေလည်း လင်းလက်နေပြီး အိုးမည်းကြီးထဲမှ မဟာမှိုဘုရင်ကြီးကို မျက်စိမလွှဲတမ်းစိုက်ကြည့်ကာ တံတွေးမျိုချလိုက်ကြသည်။ မသေမျိုး ဖြစ်လိုသည့် စိတ်အားထက်သန်မှုက အရင်ကထက်ပိုပြီး ပြင်းပြလာခဲ့သည်ပင်။

မဟာမှိုဘုရင်မှာ ရေအပူနှင့်အသားကျဖို့ ရုန်းကန်နေရဆဲအချိန်တွင် အဆုံးမရှိသောမှိုဟင်းရည်စကားဝိုင်းအား ကြားလိုက်ရသော် မေ့လဲမလိုတောင်ဖြစ်သွားရ၏။

သူ နောင်တရလိုက်တာ!

သူကတော့ သူ့ရဲ့ သက်သာသလိုပျော်မွေ့နေတဲ့ ဘဝထဲကခုန်ထွက်ပြီး စွန့်စားခန်းအသစ်အဆန်းတွေကို ရင်ဆိုင်ရတော့မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ရလဒ်ကတော့ အိုးမည်းကြီးထဲခုန်ဆင်းပြီး နေ့တိုင်း‌ရေချိုးနေရတာပါပဲ!

ထို့နောက် ယဲ့ကျွင်းလင်သည် ရွှယ်ထျန်းဂိုဏ်းမှ ထွက်ခွာပြီးနောက် သူမြင်တွေ့ကြားသိခဲ့ရသည်များကို ပြန်လည်ပြောပြသည်။ ရှယိုနျန်နှင့် အခြားသူများ စိတ်ဝင်တစားဖြင့် တိတ်ဆိတ်စွာ နားထောင်နေကြပြီး ရွှယ်မိသားစု၏ မွေးနေ့ပွဲ၊ မဟာကျိုးပြည်ထောင်မှ ထူးဆန်းအံ့သြဖွယ်ရာ အဖြစ်အပျက်များ၊ နဂါးတံခါးဧည့်ရိပ်သာမှ မြွေအကတို့အကြောင်း ကြားသောအခါ ရံဖန်ရံခါ ရယ်မောကြပြီး လေပေါ်ဝိဇ္ဇာကျောင်း ကံကြမ္မာကို ကြားသိရသောအခါ သက်ပြင်းချမိကြသည်။

“ဆရာတူညီလေးယဲ့၊ မင်း တကယ်ပဲ အံ့သြစရာကောင်းတဲ့ တစ်နှစ်ကျော်အချိန်ကာလကို ပိုင်ဆိုင်ခဲ့တာပဲ” ဓားဝှက်တောင်ထိပ်သခင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “မင်းရဲ့ ဘဝက ငါ့ရဲ့ စွန့်စားခန်းအိပ်မက်ပဲ!”

“ဆရာတူမောင်လေးယဲ့၊ လေပေါ်ဝိဇ္ဇာ‌ကျောင်း ပျက်စီးသွားပြီး ကျင့်ထူပြည်ထောင်ရဲ့ နန်းတော်ကို ဖျက်ဆီးခဲ့တာက မင်း လုပ်တာ မဟုတ်ဘူးဆိုရင် ဘယ်သူက နောက်ကွယ်က ကြိုးကိုင်နေတာများလဲ?” ကောင်းကင်ရနံ့ တောင်ထိပ်သခင်မကဒေါသတကြီး ပြောလိုက်သည်– “သူတို့က မင်းကို နာမည်ဖျက်ဖို့ကြိုးစားနေတာ အရှင်းကြီးပဲလေ!”

ယဲ့ကျွင်းလင် ခေါင်းကို အသာခါယမ်းလိုက်သည်။ “နောက်ကွယ်ကနေ မီးမွှေးနေတဲ့ ကြိုးကိုင်သူတွေ သေချာပေါက်ရှိတာပေါ့။ ဒီမီးက တောမီးလို ပိုပြီးလောင်ကျွမ်းပျံ့နှံ့လာဖို့သာရှိတော့တယ်။ လူတိုင်းကို အပူဟပ်စေမဲ့မီးပါပဲ”

“နေဦး၊ မင်းပြောသလိုဆို မရဏချောက်နက်သတ္တဝါတွေက ကြယ်တံခါး အတွက် စစ်ပွဲ ဆင်နွှဲနေတယ်ဆိုတော့ ငါတို့ ရွှယ်ထျန်းဂိုဏ်းမှာလည်း အဲလိုမျိုးတံခါးတစ်ချပ် ရှိနေလောက်မလား?” ရှယိုနျန် ဝင်ပြောလိုက်သည်။

All Chapters