← Chapters

မြင့်မားလှတဲ့စျေး-ယူရိုသန်း ၅၀၀

Vol. 11 Ch. 152

မြင့်မားလှတဲ့စျေး-ယူရိုသန်း ၅၀၀

Vol. 11 Ch. 152

“ယူရိုသန်း၁၀၀”

အခန်း(၂)၏ ပိုင်ရှင်က ဖန့်ကြွယ်ယွီ၏ လေလံဆွဲမှုကို ဝင်ရောက်နှောင့်ယှက်သည့်ပုံရသည်။ ဥရောပ၏ မကောင်းမှု ဒုစရိုက်လောကကို ကြီးစိုးထားသူပီပီ သူ၏ အမြတ်ငွေ ကလည်း များပြားလှသည်။ ထို့ကြောင့် ယူရိုသန်း ၁၀၀ ဆိုသောပမာဏက သူ့အတွက် ဘာမှ မပြောပလောက်ပေ။

အက်တမ်၏ ကိုယ်ရေးအရာရှိက ခဏလေးအတွင်း ပြန်ရောက် လာပြီး သူစုံစမ်းခဲ့သောသတင်းကို ပြန်လည်မျှ ဝေသည်။ အခန်း (၁)မှာရှိသောလူက မည်သူမည်ဝါဆိုတာ အတိအကျ မသိခဲ့ကြောင်းနှင့် သေချာတာတစ်ခုကတော့ လာဒီးနစ် မိသားစုဝင်များမဟုတ်ကြောင်း ဆိုသည်။

ထိုအချက်ကဖြစ်နိုင်သည်။ လာဒီးနစ်မိသားစု၏ စီးပွါးရေး လုပ်ငန်းများက အာရှထိမကျယ်ပြန့်ပေ။ ထို့ကြောင့် တရုတ် လူမျိုးများနှင့်လည်း အဆက်အစပ်မရှိနိုင်ပေ။

အခန်း(၁)၏ ပိုင်ရှင် တရုတ်လူမျိုးက လာဒီးနစ်မိသားစုနှင့် မည်သို့မည်ပုံ ဆက်စပ်သနည်း။

သို့သော်ငြား လာဒီးနစ်မိသားစု၏ အခန်းကို ရသည် ဆိုကတည်းက ထိုတရုတ်လူမျိုးသည် ပေါ့သေးသေး အနေအထားမဟုတ်ကြောင်း အက်တမ်သဘောပေါက်သည်။

“တရုတ်စစ်တပ်များဖြစ်နေမလား”

နိုင်ငံအတော်များများက သူတို့၏ စစ်တပ်အရာရှိများကို စေလွှတ်ပြီး ရှားပါးပစ္စည်းများကို လေလံဆွဲခိုင်းကြသည်။ သို့သော် တရုတ်က ထိုအပိုင်းမှာ သိပ်ပြီး မထွန်းကားသေး သဖြင့် တရုတ်စစ်တပ်အရာရှိများ လာဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

တရုတ်နိုင်ငံက စိတ်ရှိသလို အနိုင်ကျင့်စော်ကားနိုင်သည့် နိုင်ငံတစ်ခုမဟုတ်တော့ပေ။ ထိုအတွက်ကြောင့်များ ရော့စ်ချိုင်းမိသားစုက သူတို့ကို နေရာပေးလေသလား မစဉ်းစားတတ်တော့ပေ။

သို့သော် အခန်း(၁)ပိုင်ရှင်၏ အသံက လူငယ်တစ်ဦး၏အသံ ဖြစ်ပြီးပိုက်ဆံကို စိတ်ရှိတိုင်းသုံးစွဲနေသည်။

သူက ပိုက်ဆံပြတ်လပ်သွားမှာ မစိုးရိမ်ဘူးလား။

အက်တမ်က အမှန်တော့ ထိုပန်းချီကားကို စိတ်မဝင်စားပေ။ သူက အခန်း(၁)က ပုဂ္ဂိုလ်၏ အနေအထားကိုစမ်းသပ်လို သဖြင့် လေလံဝင်ဆွဲရခြင်းဖြစ်သည်။

“ဒီလူက ငါနဲ့ ထိပ်တိုင်ရင်ဆိုင်ချင်တာလား”

ဖန့်ကြွယ်ယွီက အက်တမ်၏ အတွေးများအားလုံးကို မသိနိုင် ပေ။

သို့သော် သူက ဆုံးဖြတ်ချက်တစ်ခုကိုတော့ ချထားသည်။ ဤလေလံပွဲတွင် အက်တမ်က မည်သည့်ပစ္စည်းကိုမှ မဝယ်နိုင်အောင် သူက ရှိသမျှပိုက်ဆံကို အကုန်ပုံအောပြီး သုံးပစ်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

“ယူရိုသန်း၂၀၀”

သူက တချက်လေးမှ မစဉ်းစားဘဲ ပါးစပ်ထဲရှိသမျှ နံပါတ်ကို အော်လိုက်သည်။

“ဘာ!! သူက နှစ်ဆတိုးပေးတာ။ ရူးနေလား ဒီကောင်”

“သူဒီလောက် ပိုက်ဆံအများကြီးပေးတယ်ဆိုတာ ဒီလေလံပွဲ မှာ ပြသနာရှာချင်တာလားလို့တောင် ငါသံသယဖြစ်လာပြီ”

“ပွဲစီစဉ်သူ..အခန်း(၁)ကလူရဲ့ ပိုင်ဆိုင်မှုကို စစ်ကြည့်ပေးဖို့ တောင်းဆိုပါတယ်”

တစ်ခါတိုးလျှင် ယူရို (၁၀)သန်းတိုးပေးခြင်းအား လက်ခံနိုင် သည်။ သို့သော် တစ်ချက်တည်းနှင့် သန်း (၁၀၀) တိုးခြင်းအား မည်သူမှ လိုက်မမှီတော့ပေ။ ထို့ကြောင့် ပိုင်ဆိုင်မှုစစ်ဆေးခြင်း က အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

“ငါ့ ပိုင်ဆိုင်မှုကို စစ်ဆေးမယ်ဟုတ်လား”

သူ့မှာပိုင်ဆိုင်မှုမည်မျှရှိကြောင်း လေလံပွဲကိုတက်ရောက်လာ သော လူများက သိပါက ပါးစပ် အဟောင်းသား ဖြစ်ကုန် တော့မည်။

“မစ္စတာဖန့်..ဒီကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်ပါ” ဟု မစ္စတာကော့တ်က ဆိုသည်။

သူတို့လာဒီးနစ်မိသားစု၏ပိုင်ဆိုင်မှုမှာ များပြားသော်ငြား ထိုပမာဏသည်ဖန့်ကြွယ်ယွီ ပိုင်ဆိုင်မှု၏ တစ်စိတ်တစ်ပိုင်း မြူမှုန်ပမာဏလောက်သာရှိသည်။

ထိုအကြောင်းအရာကို သေချာမသိဘဲနှင့် ဖန့်ကြွယ်ယွီ၏ ပိုင်ဆိုင်မှုကို စစ်ဆေးဖို့ တောင်းဆိုရဲသည်။

ဒီလူတွေက ရူးများရူးနေသလား။

ကော့တ်က ဖုန်းနံပါတ်တစ်ခုကိုချက်ချင်းဆက်ပြီး ပြောလိုက် သည်။ တခဏအကြာမှာ စင်ပေါ်မှာရပ်နေသော စကားလက် က တစ်စုံတစ်ရာသောသတင်းကိုရသွားပုံရသည်။ ထို့နောက်သူမက တစ်ဖက်အဖွဲ့ဆီ စကားခဏကြာ ပြန်ပြော ပြီးနောက် သူမ၏ အလုပ်ကိုဆက်လုပ်သည်။

“လူကြီးမင်းများရှင့်..ပွဲစီစဉ်သူများက လူကြီးမင်းတို့ တောင်းဆိုချက်အတိုင်း အခန်း(၁)က လူကြီးမင်းရဲ့ ပိုင်ဆိုင်မှု ကို စစ်ဆေးပြီးပါပြီရှင့်။အခန်း(၁) ပိုင်ရှင်က သန်း ၂၀၀ ပမာဏ ကို ချက်ချင်းပေးချေနိုင်ပါတယ်။ ဒါကြောင့် အများကြီးစိတ်မပူပါနဲ့ရှင့်”

ရော့စ်ချိုင်းမိသားစုက ပန်းချီကား၏အမြင့်ဆုံးတန်ဖိုးကို သန်း (၁၈၀) ဟု ခန့်မှန်းထားသည်။ သို့သော် ဖန့်ကြွယ်ယွီပေးသော ပမာဏက ခန့်မှန်းပမာဏထက် သန်း (၂၀) ပိုများနေသည်။

“တရုတ်တွေက ဒီလောက်တောင် ချမ်းသာကြတာလား” ပွဲခင်းထဲမှာရှိနေသော လူအချင်းချင်း တီတိုးပြောဆိုကြ သည်။

“အင်း..တရုတ်မှာ သူဌေးတွေ တဖြည်းဖြည်းပေါလာပုံရတယ်။ အခန်း (၁)ထဲက လူက တရုတ်သူဌေးတွေထဲက တစ်ဦးဖြစ်လောက်တယ်”

“ဒါနဲ့စကားမစပ် လွန်ခဲ့တဲ့ နှစ်နှစ်က လေလံပွဲကို မှတ်မိကြသေးလား”

ထိုအကြောင်းကို စကားစလိုက်သောအခါ အားလုံး၏ အမူအရာက ချက်ချင်းပျက်သွားသည်။

“ဟမ် သူပဲလား။ ဖြစ်နိုင်ပါ့မလား”

“သူသာဒီကိုရောက်နေမယ်ဆို ငါတို့ ဒီပွဲမှာ ဘာလို့ရှိဖို့လိုဦးမှာလဲ။ ဒီ ပွဲက သူ့အတွက်ပဲဖြစ်နေပြီလေ”

လွန်ခဲ့သော နှစ်နှစ်ဆီက ဖန့်ဟွိုက်တက်ခဲ့သော လေလံပွဲကို တက်ရောက်ခဲ့သော လူအများစုက စိတ်ထဲမကြည်မသာ ဖြစ်လာကြသည်။

ထိုလူ၏ ပိုင်ဆိုင်မှုက မှန်းဆမရနိုင်ပေ။ သူက လေလံပွဲမှာ အကြမ်းဖျဉ်း ဒေါ်လာ ဘီလီယံ (၈၀)လောက် သုံးခဲ့သည်ဟု ဆိုကြသည်။

“သန်း ၂၀၀ထက် ပိုပေးမဲ့လူရှိပါသေးလားရှင့်” ထိုသန်း၂၀၀ဟူသော ပမာဏကို စကားလက်၏စိတ်ထဲ အလွန်အမင်းကျေနပ်နေသည်။ ထိုပမာဏထက်ပိုပြီး ပေးနိုင်သော လူမရှိဘူးဟု ထင်မိသည်။

“တစ်ကြိမ်”

“နှစ်ကြိမ်”

“ခဏလေး..ငါ သန်း (၂၅၀)ပေးမယ်” အခန်း (၂)ပိုင်ရှင်က စျေးမြှင့်ပေးလိုက်သည်။

“သန်း ၃၀၀” ဖန့်ကြွယ်ယွီက ပြိုင်ဘက်ကို မကြောက်ပေ။ သူက မပြိုင်ဆိုင်ရမည်ကိုသာ ကြောက်လန့်နေမိသည်။

အက်တမ်က ပန်းချီကားကို သဘောမကျပေ။ သို့သော် ဖန့်ကြွယ်ယွီက ထိုပန်းချီကားကို လွယ်လွယ်ကူကူနှင့် လေလံအောင်မည့်အဖြစ်ကို ခွင့်မပြုနိုင်ပေ။

ပိုက်ဆံနည်းနည်းပိုသုံးလိုက်ရုံဖြင့် ဖန့်ကြွယ်ယွီကို သင်ခန်းစာကောင်းကောင်းပေးနိုင်မည်။

ဖန့်ကြွယ်ယွီအတွက် ပိုက်ဆံပိုသုံးလေလေ သဘောကျ လေလေဟူသော အဖြစ်ကို အက်တမ်က မသိပေ။ အက်တမ်၏ လုပ်ရပ်များက ဖန့်ကြွယ်ယွီအား ပိုက်ဆံပိုသုံး စေသည်။ ထိုအဖြစ်မှန်ကိုသိပါက အက်တမ်က ဒေါသပိုထွက်လာပေလိမ့်မည်။

“မင်း စျေးပိုပေးရဲသေးလား”

အက်တမ်က ပြုံးလိုက်ပြီး “သန်း ၃၅၀”ဟု ပြောလိုက်သည်။

“သန်း ၄၀၀”

“သန်း ၄၅၀”

“သန်း ၅၀၀”

“သန်း ၅၀၀ထိ တက်သွားပြီ။ စျေးမြင့်လိုက်တာ”

“သူက ပိုက်ဆံဘယ်လောက်တောင်ပိုင်တာလဲ။ တကယ့်ကို စိတ်ကြိုက်ဝယ်ယူနိုင်တာလား”

ဖန့်ကြွယ်ယွီက အက်တမ်၏ စိတ်ရင်းကိုရှင်းရှင်းလင်းလင်းသိလာသည်။ သူကပိုက်ဆံပိုပြီး သုံးချင်သော်လည်း သူ့ကို အရူးတစ်ယောက်လို ကမူးရူးထိုး ပိုက်ဆံသုံးသည့်လူဟု မထင်မြင်လိုပေ။

“ကော့တ်..အခန်း (၂)ကလူက ဘယ်သူလဲ” ဟု ဖန့်ကြွယ်ယွီကမေးသည်။

“အက်တမ်ပါ။ ဥရောပမှာရှိတဲ့ မကောင်းတဲ့ဒုစရိုက်လောက အကြီးအကဲတစ်ဦးဖြစ်ပါတယ်”

ဖန့်ကြွယ်ယွီက ဒေါသထွက်နေတာကို ကော့တ်က သတိထား မိသည်။

“မစ္စတာဖန့်..ကျွန်တော်တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ကိုသတိပေးလိုက်ရမလား”

အက်တမ်က အာဏာရှိသော်လည်း လာဒီးနစ်မိသားစုနှင့် ယှဉ်ပါက ဘာမှမဟုတ်တော့ပေ။

“ရပါတယ်။ သူ့ဘက်က ဘယ်လိုနည်းလမ်းတွေထုတ်သုံးလာမလဲဆိုတာ တစ်ချက် ကြည့်ကြသေးတာပေါ့”

သူနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးပမ်းသူများ၏ အဆုံးသတ်ကမလှပကြောင်း အက်တမ်ကို သိစေလိုသည်။

ပန်းချီကားကို သန်း၅၀၀နှင့် အပြီးသတ် လေလံအောင်သွား တော့သည်။စကားလက်က ကော်မရှင်ကြေးအနေဖြင့် ၃၂သန်းရလာခဲ့ပြီဖြစ်သည်။

“ဒီပန်းချီကားကို လက်ဝယ်ပိုင်ဆိုင်သွားတဲ့အခန်း (၁)ပိုင်ရှင်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါတယ်ရှင့်”

“ကဲ နောက်ထပ်လေလံတင်မဲ့ ပစ္စည်းကို ဖိတ်ခေါ်လိုက်ရအောင်”

နောက်ထပ်လေလံတင်မည့်ပစ္စည်းသည် ငွေရောင်ခွေးခေါင်း ရုပ်ထုဖြစ်သည်။တရုတ်ပြည်ဘက်က သူဌေးများ မျှော်လင့်စောင့်စားနေသော ပစ္စည်းရောက်ရှိလာပြီဖြစ်သည်။

“ဘယ်လောက်ပဲပေးရပေးရ ဒီပစ္စည်းကိုရအောင်ဝယ်ပစ်မယ်”

ဖန့်ကြွယ်ယွီက လက်သီးကို ကျစ်ကျစ်ပါနေအောင် ဆုပ်ထား သည်။ ထိုရုပ်ထုသည် အနုပညာလက်ရာသပ် သပ် မဟုတ်ပေ။ ထိုရုပ်ထုသည် ငွေကြေးနှင့် အဖိုးမဖြတ်နိုင်ဘဲ တရုတ်ပြည်၏ ဂုဏ်သိက္ခာဟု တင်စားခေါ်ဆိုထိုက်သည်။

စာစဉ်ပြီး၏

All Chapters