ဘုရားကို ပင့်ရတာလွယ်ပေမဲ့ပြန်ပို့ရခက်တယ်
Vol. 11 Ch. 139
သဲမုန်တိုင်းက ကန္တာရတခွင်တိုက်ခိုက်လာသဖြင့် အခြေအနေပိုမိုဆိုးရွာလာသည်။ လေယာဉ်က ထိခိုက်စီးမှုနှင့် ကြုံရသော်ငြား လေယာဉ်အတွင်းပိုင်းကတော့ခမ်းနားဆဲဖြစ်သည်။
လေယာဉ်အပြင်ဘက်တွင် စားစရာ သောက်စရာများတစ်ခုမှမရှိပေ။ ထို့ကြောင့် လေယာဉ်ဆီကို ပြန်ပြေးကာ ဆိုင်းလုခ်ဘုရင်၏ အလာကို ဝိုင်သောက်ရင်း စောင့်နေကြသည်။
သတိလစ်မေ့မြောနေသော စစ်သည်များကို မသတ်ပဲ အပြင်ဘက်တွင် ပစ်ထားခဲ့သည်။ ထိုအရာသည်လည်း အပြစ်ပေးမှုတစ်ဖြစ်သည်။
“နိုင်ငံတကာကယ်ဆယ်ရေးအဖွဲကို ဆက်သွယ်ဖို့မလိုတာ သေချာပါတယ်နော်။ ဒီ့ထက်ပို့ပြီးတိုက်ခိုက်ကြမှာ စိုးရိမ်မိတယ်။ ဥရောပကလည်း ဖရိုဖရဲဖြစ်ကုန်ကြတာ။ ငါတို့ကို ရန်သူလို့ထင်ပြီး ထပ်ပြီးတိုက်ခိုက်နေဦးမယ်”ဟု လေယာဉ်မှူးကပြောသည်။
“လေယာဉ်မှူး စိတ်ချပါ။ မကြာခင်မှာပဲ ဆိုင်းလုခ်နိုင်ငံဘုရင်ကိုယ်တိုင် ငါတို့ကိုလာကြိုလိမ့်မယ်။”ဆိုင်းလုခ်နိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်ပစ္စည်းများကို ဆော်ဒီနိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။ တကယ်တော့ သူ၏လက်ထဲမှာ ဆိုင်းလုခ်နိုင်ငံတစ်နိုင်ငံလုံးရှိနေသည်။
“သခင်လေး ဗီဒိယိုကော ခေါ်ခွင့်ရဖို့ တောင်းဆိုထားပါတယ် လက်ခံလိုက်ရမလား”
လေယာဉ်၏ ဆက်သွယ်ရေးစနစ်များ ပျက်စီးကြသော်လည်း သူတို့မှာ အရံပစ္စည်းဆိုတာရှိသည်။
“လက်ခံလိုက်လေ ဘယ်သူလဲ သိချင်လာပြီ”
တစ်ဖက်လူသည် တစ်ခေါင်းလုံးဆံပင်အဖြူနှင့် မုတ်ဆိတ်မွေးပင်ဖြူနေသော အသက်ကြီးကြီးပြဂ္ဂိုလ်တစ်ဦးဖြစ်နေသည်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
“မင်္ဂလာပါ..မစ္စတာ ဖန့်ကြွယ်ယွီလား ခင်ဗျာ”
ဆိုင်းလုခ်ဘုရင် (၁၇)က ရီဘန်းပြောသော လူကြီးမင်းဆိုသူသည် အသက် ၇၀ပတ်ချာလည်ဟု ထင်ခဲ့မိသည်။အသက် ၂၀အရွယ်မှာ ဘီလီယံနဲ့ချီပြီး ချမ်းသာနေသော သူဌေးဟု မထင်ခဲ့ပေ။
“ဟုတ်ပါတယ် ကျွန်တော်ဖန့်ကြွယ်ယွီပါ”
အဘိုးအိုကဘယ်သူဖြစ်မလဲဆိုတာ အကဲခပ်ပြီး သုံးသပ်နေသည်။
“မစ္စတာဖန့်။ ငါက ဆိုင်းလုခ်နိုင်ငံရဲ့ ဘုရင် ဝီလီယံ (၁၇)ပါ။ ငါ အခုလေးတင်ပဲ ဖြစ်ကြောင်းကုန်စင် သိခဲ့ရပါတယ်။ ကျွန်တော်တို့ကြား အထင်လွဲ…”
“အထင်လွဲတာ ဟုတ်လား” ဖန့်ကြွယ်ယွီက စကားဖြတ်ပြောသည်။
“မစ္စတာဝီလီယံ..မင်းသားဂျီးနက်စ်က ကျုပ်ကိုလှောင်ပြောင်တယ်။ ဒါ့အပြင် ငါ့ကိုသတ်ဖို့ လူတောင်လွှတ်ခဲ့သေးတာ။ အဲ့လောက်ထိလုပ်တာကို အထင်လွဲတာပါလို့ ပြောချင်သေးတာ”
“ငါနဲ့ မင်းသားဂျီးနက်စ်ဖြစ်တဲ့ပြသနာက အသေးအဖွဲပါ။ ငါက သူသေချာတောင်းပန်မယ်ဆို ခွင့်လွှတ်ပေးမှာ။ သူ့ကို သတိတောင်ပေးခဲ့သေးတာ။ ပြောရမယ်ဆို ရေနံစျေးနှစ်ဆတက်တဲ့အတွက် ဘာမှ အကျိုးအမြတ်မရချင်နေပါ။ ငါက လေးစားသမှုကိုပဲ လိုချင်တာ”
“ဒါပေမဲ့ မင်သားဂျီးနက်စ်က ကြေးစားလူသတ်သမားငှါးပြီးတော့ သတ်ခိုင်းတယ်။ ဒါ့အပြင်သူက စွမ်းအားရှင်ကိုတောင် လွှတ်ပြီး လုပ်ကြံခိုင်းပါသေးတယ်”
“ဘယ်လို စွမ်းအားရှင်ကိုတောင် လွှတ်လိုက်သေးတယ်ပေါ့ ဟုတ်လား”
ဂျီးနက်စ်က ဘာကြောင့်များ ဒီလို မဆင်မခြင် လုပ်ရတာလဲ။ ဂျီးနက်စ်၏ ဖခင်ဖြစ်သူမှာတောင်မှ စွမ်းအားရှင်ကို သုံးပိုင်ခွင့်မရှိပေ။
“ကြည့် ဒါက သက်သေပဲ” ဖန့်ကြွယ်ယွီက မြေပြင်ပေါ်တွင် လူသေကောင်တစ်ဦးအလား လဲကျနေသော ဂျတ်ကိုညွှန်ပြသည်။
ထိုအချိန်မှာ ဝီလီယံသည် စိတ်ထဲမှနေပြီး ဂျီးနက်စ်ကို အကြိမ်ပေါင်းများစွာ ဆဲနေမိသည်။
မည်သူနဲ့ပဲ ကတောက်ကဆဖြစ်ဖြစ် ဖြေရှင်းနိုင်သည်။ သို့သော် ဆော်ဒီဘုရင်ကိုယ်တိုင်က လေးစားရသော လူကိုမှ ရန်သွားစခြင်းက ဂျီးနက်စ်၏ အမှားဖြစ်သည်။
“မစ္စတာဖန့် ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ မင်းသားဂျီးနက်စ်ကို ချက်ချင်းပဲ ထိန်းသိမ်းခိုင်းလိုက်ပါပြီ။ မစ္စတာဖန့်တို့ရဲ့ လုံခြုံရေးအတွက်လည်း လူလွှတ်ပေးပါ့မယ်။ ကျန်တာကို ဖြည်းဖြည်းချင်းဆက်ဆွေးနွေးကြတာပေါ့။ မစ္စတာဖန့်ရဲ့ဆုံးရှုံးမှုများအတွက် စိတ်ကျေနပ်တဲ့အထိ ပြန်လျော်ပေးပါ့မယ်”
“မင်းသားဂျီးနက်စ်ကို ငါရခဲ့တဲ့စိတ်ဒဏ်ရာအတွက် လျော်ကြေးပေးပြီး လူသိရှင်ကြားတောင်းပန်ပေးဖို့ ပြောခဲ့ပါတယ်။ အဲ့လိုဆို ရေနံစျေးကိုချက်ချင်းပြင်ပေးမယ်ဆိုပြီး ညှိပေးခဲ့တယ်။ အဲ့တာကို သူက ငါတို့ကို တိုက်လေယာဉ်တွေသုံးပြီး ဒီမှာချုံခိုတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ သူ့ကြောင့်မို့ ဒေါ်လာဘီလီယံနဲ့ချီပြီးတန်တဲ့ လေယာဉ်ကြီးကို ဆုံးရှုံးခဲ့ရပါတယ်”
“ဒါက..” သူသာ ဖန့်ကြွယ်ယွီနေရာမှာဆို ဂျီးနက်စ်သေချာပေါက်လွတ်လမ်းမရှိတော့ပေ။ ဘီလီယံနှင့် ချီသော လေယာဉ်ပျက်စီးဆုံးရှုံးမှုအတွက် ဖန့်ကြွယ်ယွီခံစားနေရမည်ကို ကိုယ်ချင်းစာမိသည်။
“စိတ်လျှော့ပါ မစ္စတာဖန့်ရဲ့ ဆုံးရှုံးမှုအတွက် အပြည့်အဝတာဝန်ယူပါ့မယ်။ မစ္စတာဂျီးနက်စ်ကိုလည်း ထိန်းသိမ်းခိုင်းလိုက်ပါပြီခင်ဗျ”
“မရဘူးလေ” ဆိုင်းလုခ်နိုင်ငံကို ဂိမ်းပွဲကြည့်ရန်လာသော်လည်း တိုက်ခိုက်ခံခဲ့ရသည်။ ထိုကိစ္စကို ဒီလောက်နှင့် အဆုံးမသတ်နိုင်ပေ။
“မစ္စတာဝီလီယံ တကယ်တော့ ဒီကိုလာတယ်ဆိုတာ အရေးကြီးစီးပွါးရေးကိစ္စတစ်ခုကြောင့်ပါ။ ဒီလိုမျိုးဖြစ်သွားတော့ ငါ့ပါတနာဘက်ကနေ အတူတွဲလုပ်မဲ့ လုပ်ငန်းအားလုံးဖျက်ပစ်လိုက်တယ်။
အဲ့ဆုံးရှုံးမှုတွေကိုရော ဘယ်လိုလုပ်ပေးမှာလဲ”
“ငါတို့ဘက်ကမှားတာမို့ စိတ်ကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်” ဝီလီယံ (၁၇) က အကုန်သဘောတူသည်။
သူက ဖန့်ကြွယ်ယွီ ဒေါသပြေစေရန် နည်းလမ်းပေါင်းစုံကြိုးပမ်းရမည်။ သို့တည်းမဟုတ်ပါက ဆိုင်းလုခ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍလည်း ဒုက္ခရောက်ပေလိမ့်မည်။
“ဒါတင်မကသေးဘူး ခင်ဗျားတို့နိုင်ငံက အပြုအမူတွေက တကယ့်ကို စိတ်ဒဏ်ရာဖြစ်စေတာပဲ။ အဲ့အတွက် လျော်ကြေးတောင်းတာဖြစ်သင့်တယ်မဟုတ်လား”
“တောင်းသင့်ပါတယ်။ လျော်ကြေးကို ဘယ်လိုပုံစံနဲ့လိုချင်လဲဆိုတာသာ ပြောပါ”
“ဂျီးနက်စ်ဆီကတော့ ယူရို၂ဘီလီယံတောင်းတာ..အင်း။ ယူရို ငါးဘီလီယံဆိုရလား”
ထိုပမာဏက ဆိုင်းလုခ်ဘုရင်အတွက် မများပေ။ မင်းသားဂျီးနက်စ်၏ တစ်မိသားစုလုံးပိုင်သော ဥစ္စာဓနများ ကုန်စေရုံသက်သက်သာဖြစ်သည်။
“ငါးဘီလီယံ ဟွတ်ဟွတ်”
တစ်ခါမှပင်မကြားဖူးသော စိတ်ဒဏ်ရာလျော်ကြေးကို ယူရိုငါးဘီလီယံတောင်းနေသည်။
“မစ္စတာဖန့် နည်းနည်းလေးများ မများနေဘူးလား”
“မစ္စတာ ဝီလီယံ..ငါဆို ပိုင်ဆိုင်မှုတွေ ငါ့ဘဝတွေ အကုန် ဆုံးရှုံးကုန်တာလေ။ ငါ့ဘဝက ငါးဘီလီယံတောင် တန်ကြေးမရှိဘူးလို့ ဆိုလိုချင်တာလား။ တရုတ်ပြည်မှာဆို ယွမ် ဘီလီယံ ၃၀ကို ငါ မျက်တောင်တစ်ချက်မခတ်ဘဲ လှူပစ်ခဲ့တာ ကြိုက်တဲ့သူကို မေးလို့ရတယ်”
“ ဒါမှမဟုတ် မစ္စတာ ဝီလီယံက ဆိုင်းလုခ်နိုင်ငံကို တင်သွင်းနေတဲ့ သဘာဝဓာတ်ငွေ့နဲ့ တွင်းထွက်ပစ္စည်းတွေကိုပါ စျေးတက်စေချင်တာလား”
“ဟုတ်ပါပြီ ယူရို ငါးဘီလီယံ ပေးပါ့မယ်။ ပေးပါ့မယ်ဗျာ”မင်းသားဂျီးနက်စ်ကြောင့်ဖြစ်သော ပြသနာမို့ သူတို့မိသားစုကိုယ်တိုင်ရှင်းပေးရမည်။
“မစ္စတာဖန့် ခဏလောက်စောင့်ပေးပါဦး။ မင်းတို့ကိုလာကြိုနေပြီ။ ခဏနေရောက်တော့မယ်”
“အာ သေစမ်းကွာ” ဖုန်းချသွားပြီးနောက် ဖန့်ကြွယ်ယွီက သူ့နဖူးကို သူ့ဘာသာပြန်ရိုက်သည်။
“ငါဘာလို့ ပိုက်ဆံတောင်းနေတာပါလိမ့်။ ငါ့ပိုင်ဆိုင်မှုတောင်ကုန်ဖို့ မနည်းသုံးနေရတာ။ အခု ငါးဘီလီယံက ပိုလာပြန်ပြီ။ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ”
“စိတ်ညစ်ပါတယ်။ ခေါင်းနောက်ရဦးမယ်”