ငါ့ကို စိတ်ညစ်အောင်လုပ်ခဲ့တဲ့နောက်ဆုံးတစ်ယောက်ကအခုထိ စိတ်ကျန်းမာရေးဆေးရုံမှာပဲရှိသေးတယ်..
Vol. 11 Ch. 140
ဟယ်လီကော်ပတာအုပ်စုလိုက်ကြီးသည် ဆိုင်းလုခ်နိုင်ငံနယ်စပ်ရှိ ကန္တာရထဲကို ဆင်းသက်လာသည်။ ဟယ်လီကော်ပတာတိုင်းတွင် ဆိုင်းလုခ်နိုင်ငံတော်ဝင်မိသားစု၏ အမှတ်အသားလက္ခဏာဖြစ်သော အနီရောင်သင်္ကေတကို ယူဆောင်လာကြသည်။
ဘုရင်ဝီလီယံ (၁၇)သည် သက်တော်စောင့်များ ခြံရံလျက် ဟယ်လီကော်ပတာပေါ်မှ ဆင်းသက်လာသည်။ သူ၏ မျက်နှာပေါ်တွင် ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။ တော်ဝင်မိသားစုထဲမှာ ထိုကဲ့သို့ ပြသနာကောင်မျိုးပါလာပြီး သူတို့တစ်မိသားစုလုံးကို ဒုက္ခပေးလိမ့်မည်ဟု မည်သူက ထင်ကြမည်နည်း။
“ဝို..ဘာတွေဖြစ်ကုန်တာပါလိမ့်”
ဘုရင့်သက်တော်စောင့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက နေရာအနှံ့အပြားတစ်ချက်လိုက်ကြည့်သည်။ သတိလစ်မေ့မျောနေသောစစ်သည်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများနှင့် သံချပ်ကာယာဉ်များအားလုံး အလဲလဲအပြိုပြိုဖြစ်နေပုံကိုကြည့်ပြီး ဤနေရာတွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့သည်ဟု မှန်းဆနိုင်သည်။
သို့သော် သူတို့လက်ဝယ်ရရှိထားသော အချက်အလက်များအရ ဖန့်ကြွယ်ယွီနှင့်အဖွဲ့သည် မည်သည့်စစ်ဆင်ရေးနှင့်မှ မပတ်သက်သော သာမန်ခရီးသွားဧည့်သည်များဖြစ်ကြသည်။ သူတို့က ဘယ်လိုလုပ်ပြီး ဒီလိုအနေအထားထိရောက်အောင် ဖျက်ဆီးနိုင်မည်နည်း။ မီးလောင်ကျွမ်းနေသော အနေအထားများကိုကြည့်ပြီး အလွန်အဆင့်မြင့်သော လက်နက်ကိုသုံးထားသည်ဆိုတာ ခန့်မှန်းနိုင်သည်။
“အရှင်..ကျွန်တော်တို့တစ်ချက်လောက်သွားပြီး ကြည့်ကြမလား”
သက်တော်စောင့်အဖွဲ့ခေါင်းဆောင်သည် မင်းသားဂျတ်ထက် အဆင့်မြင့်သော SSအဆင့် စွမ်းအားရှင်တစ်ဦးဖြစ်သည်။ဆိုင်းလုခ်နိုင်ငံတစ်ခုလုံးမှာ SSSအဆင့် စွမ်းအားရှင်တစ်ဦးသာရှိပြီး ထိုလူသည် သမ္မတ၏ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
“သွားကြည့်ကြမယ်။ မတတ်နိုင်ဘူးလေ။ ရင်ဆိုင်ရတော့မှာပဲ”
ဟု ဆိုကာ ဘုရင် ဝီလီယံ(၁၇)က သက်ပြင်းချသည်။
သူတို့ရောက်ရှိလာမှုကို ကူးရီက အာရုံခံမိပြီး လေယာဉ်တံခါးကိုဖွင့်ကာ သူတို့အလာကို စောင့်နေသည်။
“ဘုရင် ဝီလီယံ..ကျွန်တော့်သခင်လေးက ခင်ဗျားတို့ကို စောင့်နေတာပါ”
ကူးရီက သက်တော်စောင့်အဖွဲ့ခေါင်းဆောင်ကို တစ်ချက်လှမ်းကြည့်သည်။
ထိုအချိန်မှာ ကူးရီ၏ အစွမ်းသည် သူ့ထက်သာလွန်နေသည်ဆိုတာ ဘုရင့်သက်တော်စောင့်ခေါင်းဆောင်က ခံစားမိလိုက်သည်။ ထိုအရာသည် သူ့ကိုမလိုအပ်ဘဲနှင့် မည်သည့်အရာကိုမှ မလုပ်ပါနှင့်ဟု ကူးရီက အချက်ပြသည့်သဘောဆိုတာ သဘောပေါက်လိုက်သည်။
“မစ္စတာဖန့်တို့နားနေဖို့နေရာကိုခေါ်သွားပေးဖို့ ကျွန်တော်တို့ဘုရင်ကြီးက ဟယ်လီကော်ပတာစီစဉ်ထားပါတယ်ခင်ဗျာ”ဟု ဘုရင်၏ ဘေးနားမှာရပ်နေသော ဝန်ကြီးတစ်ပါးက ပြောသည်။
တော်ဝင်မိသားစုများ စီးနင်းလေ့ရှိသော ဟယ်လီကော်ပတာ အစုလိုက်ကိုစေလွှတ်လိုက်ခြင်းအားကြည့်ခြင်းအားဖြင့် ဘုရင် ဝီလီယံ (၁၇) ၏ ဖန့်ကြွယ်ယွီအပေါ် အလေးထားမှုအားမြင်နိုင်သည်။
“ဘုရင်ကြီးခင်ဗျာ..မင်းသားဂျီးနက်စ်ကဘယ်မှာလဲ။သူ လာမယ်လို့ထင်နေတာ” ဂျီးနက်စ်ကို မမြင်ရသည့်အတွက် ဖန့်ကြွယ်ယွီ အနည်းငယ်စိတ်ပျက်သွားသည်။
“မစ္စတာဖန့်..ဂျီးနက်စ်ဆိုတဲ့ လူဆိုးကောင်ကို သူ့အဖေဂီရာက ဖမ်းထားပြီး နန်းတော်ထဲမှာ ထိန်းသိမ်းပြီးဖြစ်ပါတယ်”
“အို မြန်လှချည်လား”
“ဒီကောင်က မစ္စတာဖန့်ကိုတိုက်ခိုက်ဖို့ သူ့သဘောဆန္ဒအတိုင်း တော်ဝင်တပ်ဖွဲ့ကို လွှတ်ခဲ့တဲ့လုပ်ရပ်က တော်ဝင်မိသားစုရဲ့စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံ့ဥပဒေများနဲ့ ဆန့်ကျင်နေပါတယ်။ ဒါကြောင့်မို့ သူ့ဖခင်က သူ့ဆီက တော်ဝင်မင်းသားဆိုတဲ့ ဘွဲ့ကိုပြန်ရုပ်သိမ်းပြီး ငါကိုယ်တိုင်လည်း သူ့ကို တော်ဝင်မိသားစုမျိုးနွယ်ထဲက ဖယ်လိုက်ပါပြီ။ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံယူဖို့ သူ့ကိုစစ်ခုံရုံးတင်မှာပါ”
“စိတ်ဒဏ်ရာလျော်ကြေးအတွက် မစ္စတာဖန့်တောင်းတဲ့ပမာဏက များလွန်းတာမို့ တော်ဝင်မိသားစုတစ်ခုလုံးမှာရှိတဲ့ငွေသားကို စုလိုက်လျှင်တောင် ပြည့်မီဖို့ ခဲယဉ်းပါတယ်” ဟု ဘုရင်ကြီးဝီလီယံက အခက်တွေ့နေသည့် လေသံဖြင့်ပြောသည်။
“အဲ့လျော်ကြေးကို ပစ္စည်းဥစ္စာနဲ့ ရောပြီး လျော်ကြေးပေးမယ်ဆိုရင်ရော အဆင်ပြေမလားခင်ဗျာ”
ဆိုင်းလုခ်နိုင်ငံ၏ ဝန်ကြီးတစ်ပါးက လျော်ကြေးအတွက် ငွေသားအစားထိုးပေးလျော်မည့် အ
ပစ္စည်းစာရင်းကို ထုတ်ပြသည်။ ပစ္စည်းအများစုသည် မင်းသားဂီရာ၏ အမည်နှင့် လုပ်ကိုင်နေသော လုပ်ငန်းများဖြစ်ကြသည်။ ကျန်သည့် ပစ္စည်းများက အခြားသောတော်ဝင်မိသားစုများ ပိုင်ဆိုင်သည့်အရာများဖြစ်ကြသည်။ အားလုံးပေါင်းလိုက်မည်ဆို ငါးဘီလီယံတန်ကြေးရှိသည်။
ဘုရင်ကြီး ဝီလီယံသည် အလွန်ပါးနပ်သည်ဟု ဆိုရမည်။ သူ့အနေနှင့် ရှယ်ယာအနည်းငယ်ကို ဖန့်ကြွယ်ယွီကို လွှဲပြောင်းပေးလိုက်သော်လည်း ရှယ်ယာအများစုက တော်ဝင်မိသားစု၏ လက်ဝယ်တွင် ဟန်မပျက် ကျန်ရှိခဲ့သည်။
သူတို့မသိသေးသည်မှာ ထိုရှယ်ယာများ၏ အတော်အသင့်ပမာဏသည် ဖန့်ကြွယ်ယွီ၏ လက်ဝယ်တွင်ကျန်ရှိနေသည်ဆိုသောအချက်ဖြစ်သည်။ လျော်ကြေးအနေနှင့် ထပ်မံရရှိသော ပမာဏကို ပေါင်းထည့်ပါက ဖန့်ကြွယ်ယွီသည် အကြီးမားဆုံးရှယ်ယာရှင်တစ်ဦးဖြစ်လာသည်။ ဘုရင်ကြီး ဝီလီယံ၏ အကွက်ကျကျတွက်ချက်ထားမှုက ထင်ထားသလိုမဖြစ်လာပေ။
ထိခိုက်ပျက်စီးသွားသော လေယာဉ်ပျံပြင်ဆင်နိုင်ဖို့ ဝီလီယံက အပြည့်အဝတာဝန်ယူပေးသည်။ ထိုလေယာဉ်ပျံသည် ဒေါ်လာသန်းနှင့်ချီပြီးတန်ကြေးရှိသည်။ ထို့အပြင် လေယာဉ်ကိုယ်ထည်အတွင်းပိုင်း ပြင်ဆင်မှုစရိတ်များကို ပေါင်းထည့်ပါက တန်ဖိုးပိုမြင့်သွားပေလိမ့်မည်။ ကံကောင်းသည်မှာလေယာဉ်၏ ပျက်စီးမှုအစိတ်အပိုင်းများကို ပြင်လို့ရနေခြင်းဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဆိုင်းလုခ်နိုင်ငံတွင် လေယာဉ်ပြုပြင်ပေးနိုင်သော စက်ရုံအကြီးစားတစ်ခုရှိသဖြင့် လိုအပ်သောကုန်ကြမ်းပစ္စည်းများဝယ်ရုံဖြင့် ပြန်လည်ပြုပြင်ပေးနိုင်သည်။
ဝီလီယံသည် ဖန့်ကြွယ်ယွီတို့အား ဆိုင်းလုခ်နိုင်ငံရှိနန်းတော်ဆီ ခေါ်သွားပြီး
အထူးဧည့်သည်တော်ကဲ့သို့ ဧည့်ဝတ်ကျေပွန်ကြသည်။ ယခုမှသာ လေယာဉ်မှူးနှင့်တကွ အမှုထမ်းများလည်း
ဖန့်ကြွယ်ယွီ၏ စကားမှန်သည်ဆိုတာ သိကြတော့သည်။ ဖန့်ကြွယ်ယွီပြောထားသလိုပင် ဝီလီယံကိုယ်တိုင် သူတို့ကိုလာရောက်ခေါ်ဆောင်ရုံသာမက နန်းတော်ထဲတွင် ခမ်းခမ်းနားနားတည်ခင်းဧည့်ခံပေးသည်။
“ဟား ကပ္ပတိန်လျှို ငါပြောတယ်မဟုတ်လား။ ဒီနိုင်ငံက ငါ့ကိုမဆန့်ကျင်ရဲပါဘူးလို့”
“မစ္စတာဖန့်ရဲ့ ဩဇာအာဏာကတော့ တကယ့်အံ့မခန်းပါပဲဗျာ” ထိုအချိန်တွင် လေယာဉ်မှူးလျှိုတောင်မှ ဖန့်ကြွယ်ယွီ၏ အာဏာပြင်းထန်မှုကို လက်ခံလိုက်ရသည်။ နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ကတောင်မှ တလေးတစားခရီးဦးလာကြိုပြီး ဧည့်ခံရသည့်အဖြစ်မဟုတ်ပါလော။
“မစ္စတာဖန့် ဟိုလူမိုက်ကိုခေါ်လာခဲ့ပါပြီ”
နာရီဝက်အကြာတွင် ဘုရင်ဝီလီယံသည် လူငယ်တစ်ဦးကိုခေါ်လာပြီး ပြန်လည်ရောက်ရှိလာသည်။ စစ်တပ်ကတောင် ဖန့်ကြွယ်ယွီကိုမရှင်းပစ်နိုင်တာမို့ ဂျီးနက်စ်လည်း လက်လျှော့လိုက်တော့သည်။
ကိုယ်ကျိုးအတွက် နန်းတော်အစောင့်အကြပ်များကို အသုံးပြုသည့်အတွက် သူ့ကို စစ်ခုံရုံးက ဖမ်းဝရမ်းထုတ်ထားသည်။သူကထွက်ပြေးလို့ရသော်လည်း ရှေ့လျှောက်ကြုံတွေ့ရမည့် အကျိုးဆက်ကို စဉ်းစားကြည့်သောအခါ အဖမ်းခံလိုက်တော့သည်။ ထို့ကြောင့် သူ၏ဖခင် ဂီရာကိုယ်တိုင် နန်းတော်ထဲသို့ ဆင့်ခေါ်လာသည်။
ဂျီးနက်စ်က ဖန့်ကြွယ်ယွီကို တစ်စစီဖြစ်အောင်လုပ်ပစ်ချင်သောစိတ်များနှင့်အမုန်းမီးများ တောက်လောင်နေသည်။ သူက မင်းသားဟူသော ဘွဲ့ကို ဆုံးရှုံးရုံသာမက သူ့ဘဝတစ်စိတ်တစ်ပိုင်းကို အကျဉ်းထောင်ထဲတွင် ကုန်ဆုံးရတော့မည်။
“မင်းသားဂျီးနက်စ်..ငါတို့ ထပ်ပြီးဆုံကြပြန်ပြီနော်” ဂျီးနက်စ်၏ အမုန်းမီးများတောက်လောင်နေသော အကြည့်ကို ဖန့်ကြွယ်ယွီက မသိကျိုးကျွံပြုရင်း ဂျီးနက်စ်အနားကိုကပ်ကာ “ငါမင်းကို အခွင့်အရေးတွေပေးတာပဲ။ မင်းမှ အသုံးမချတတ်ခဲ့တာလေ။ တဖြည်းဖြည်းနဲ့ မင်းက မိုက်ရူးရဲပိုဆန်လာတယ်” ဟု ပြောသည်။
“ငါ့ကို ပမာမခန့်လုပ်တဲ့သူတွေရဲ့ နိဂုံးက ဘာလဲဆိုတာ မင်း သိလား”
“ဟား တချို့က ထောင်ကျကုန်တယ်။ တချို့က ဘဝပျက်ကုန်ကြတယ်။ ငါနဲ့ ပြသနာတက်ခဲ့တဲ့ နောက်ဆုံးတစ်ယောက်က အခုထိ စိတ်ကျန်းမာရေးဆေးရုံမှာပဲရှိသေးတယ်”
“မင်းကတော့ထင်မှာပဲ။ မိန်းမတစ်ယောက်အတွက်နဲ့များ ဒီလောက်ထိလုပ်ဖို့လိုသလားဆိုပြီးတွေးမိမှာပဲ”
ဂျီးနက်စ်က သူ့ကိုစိုက်ကြည့်သည်။
“သေချာနားထောင်..မင်း ငါ့ကို စော်ကားလို့ရတယ်။ ငါက မင်းဆီကနေ တောင်းပန်တာကို ခခယယတောင်းခံနေရမဲ့ လူမျိုးမဟုတ်ဘူး။ဒါပေမဲ့ မင်းက တရုတ်နိုင်ငံ နဲ့ လူမျိုးကိုပါ စော်ကားမော်ကားပြောဆိုတယ်။ ငါက ဘာမှမကျွမ်းကျင်ပေမဲ့ ငွေအင်အားရှိတယ်။ ပိုက်ဆံက အရာရာကို ဖြေရှင်းလို့ရနေသရွေ့ ငါဘာကိုမှမမှုဘူး။ ငါတို့ကို မလေးမစားဆက်ဆံလာလျှင်တော့ ထိုက်သင့်တဲ့အလျော်အစားပေးရမယ်မှတ်ထား”