← Chapters

အကိုလီကိုသတ်နိုင်မဲ့ အခွင့်အရေး

Vol. 11 Ch. 141

အကိုလီကိုသတ်နိုင်မဲ့ အခွင့်အရေး

Vol. 11 Ch. 141

ဂျီးနက်စ်၏ပြသနာများသည် နောက်ဆုံးမှာအဆုံးသတ်ခဲ့သည်။ ဖန့်ကြွယ်ယွီကလည်း ရေနံစျေးကို ယခင်အတိုင်းပြန်လည်ထားရှိပေးသည်။ ဂျီးနက်စ်ကိုစစ်ခုံရုံးသို့ တင်ပို့ပြီးနောက် သူ၏ ညီတော်မောင် ဂျတ်အား ဖန့်ကြွယ်ယွီပိုင်ဆိုင်သော စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်သည်။

ကူးရီ၏ ပြင်းထန်သောရိုက်ချက်က ဂျတ်၏ဦးနှောက်ကို အပြင်းအထန်ထိခိုက်မိစေသည့်ပုံပေါ်သည်။

ဖန့်ကြွယ်ယွီလည်း ဝမ်ချုံးနှင့်တွေ့ဆုံရန် ချိန်းဆိုထားသဖြင့် နန်းတော်ထဲမှ ထွက်ခဲ့သည်။

ဝမ်ချုံးက သူ့ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ထားသည်။

ဝမ်ချုံးဆီသို့ သွားရာလမ်းတွင် ဖန့်ကြွယ်ယွီက ကောရှင်းယွီအား ဖုန်းခေါ်ခဲ့သည်။သူက ကောရှင်းယွီအား စိတ်မပူပန်စေလိုသဖြင့် လေယာဉ်ပေါ်ရှိလိုင်းများပြတ်တောက်သွားခြင်းကြောင့် ဖုန်းကျသွားသည်ဟုလိမ်ပြောခဲ့သည်။

တစ်နာရီကြာဖုန်းပြောပြီးနောက် နောက်ဆုံးတွင် ဟနျိုမြို့သို့ ညနေ (၈)နာရီအချိန်တွင် ရောက်ရှိခဲ့သည်။ ဖန့်ကြွယ်ယွီစီးနင်းရန် လေယာဉ်တစ်စီးအား အနီးအနားရှိ နိုင်ငံတစ်နိုင်ငံမှ ကျွမ်းရီ မှာယူခဲ့သည်။ ထိုမှသာ မနက်ဖြန် မနက်တွင် ဖန့်ကြွယ်ယွီစီးနင်းရန် လေယာဉ်တစ်စီးအသင့်ရှိနေမည်။

သူနှင့်အတူလိုက်ပါလာသော လေယာဉ်အမှုထမ်းများသည် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကြောင့် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေကြသည်။ ဖန့်ကြွယ်ယွီကလည်း လဝက်နီးပါးလောက်ကြာဦးမည်ဖြစ်တာမို့ သူတို့ကိုလည်း အေးအေးဆေးဆေးအနားယူနိုင်ရန် ပိတ်ရက်ရှည်ပေးလိုက်သည်။

“မင်းကွာ..ဘယ်တွေသွားနေတာလဲ။ ဒီကို နှစ်နာရီ သုံးနာရီလောက် ရောက်ရမှာမဟုတ်လား။ ငါ ဖုန်းတွေခေါ်နေတာလည်းမကိုင်ဘူး။ ငါကတော့ မင်းကို လေဆိပ်မှာ အကြာကြီးစောင့်နေခဲ့ရတာကွ”ဟု ဝမ်ချုံးက ဒေါသတကြီးပြောဆိုသည်။

“ငါ့ကို အပြစ်တင်မစောပါနဲ့။ ငါက ဒီနိုင်ငံနယ်စပ်ကို ရောက်တဲ့အချိန်မှာ ငါတို့လေယာဉ်ကို တိုက်လေယာဉ်က ပစ်ချတာ။ ကံကောင်းလို့ ငါအသက်ရှင်နေလို့သာ မင်းနဲ့ခုချိန် ဒီနေရာမှာ ဒီလိုစကားပြောနိုင်တာ”

“တိုက်လေယာဉ်ဟုတ်လား။ မင်းနောက်နေပြန်ပါပြီ။ တိုက်လေယာဉ်က အကြောင်းအရင်းမရှိဘဲနဲ့ မင်းတို့လေယာဉ်ကို ပစ်ချမလား”

တိုက်လေယာဉ်ပစ်ချခံရသော်လည်းလေယာဉ်ကဘာမှမဖြစ်ဘဲ ဖန့်ကြွယ်ယွီက အသက်ရှင်လျက်ရောက်လာပုံက ယုံချင်စဖွယ်မရှိပေ။

“တကယ်ပြောတာကွ..ဂျီးနက်စ်ဆိုတဲ့မင်းသားက တော်ဝင်တပ်ဖွဲ့ကိုတောင်စေလွှတ်ပြီး ငါ့ကိုအပြတ်ရှင်းဖို့လုပ်သေးတာ”

“ဒါဆို မင်းဘယ်လိုလုပ်ပြီး သေဘေးကလွတ်လာခဲ့တာလဲ”

“သိပ်တော့မလွယ်ပါဘူး။ တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကို ရှင်းပစ်ခဲ့ရတာပေါ့။ မင်းကိုပြောပြရင် ယုံမှာမဟုတ်ဘူး။ ဆိုင်းလုခ်နိုင်ငံ ဘုရင်ကိုယ်တိုင်ငါ့ကို လာကြိုပြီး သူ့နန်းတော်မှာ စားပွဲနဲ့ ခမ်းခမ်းနားနားဧည့်ခံသေးတာ”

“ကဲပါ ဟုတ်ပါပြီ ဟုတ်ပါပြီ”

ဖန့်ကြွယ်ယွီ၏ ပုံစံက ဒုက္ခရောက်ခဲ့သည့်ပုံဖြစ်တာမို့ သူလည်း ဆက်ပြီး

မငြင်းလိုတော့ပေ။

“ကဲ လာ။ မင်းကို ZZအဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးရဦးမယ်”

ဝမ်ချုံးက သူ၏ e-sports အဖွဲ့သားများအတွက် သိပ်မကျဉ်းမကျယ်လွန်းသော ဟိုတယ်ကို ငှါးရမ်းပေးသည်။ အသင်းသားများအားလုံးရောက်နေကြပြီး နောက်ပြိုင်ပွဲတွင် ကြုံတွေ့ရမည့်ပြိုင်ဘက်ကိုအကဲခတ်နေသည်။

“မင်းတို့ကို အရေးကြီးပုဂ္ဂိုလ်တစ်ဦးနဲ့မိတ်ဆက်ပေးရဦးမယ်”

ဝမ်ချုံး၏ စကားဆုံးသည်နှင့်အဖွဲ့သားများနှင့် နည်းပြများသည် သူတို့၏ အာရုံကို ကွန်ပျူတာဆီမှ လွှဲလိုက်ကြသည်။

“ဝိုး ဥက္ကဌဖန့်ပါလား။ ဟျောင့်တွေ မင်းတို့လုပ်လက်စအလုပ်တွေ ပစ်ချထားလိုက်တော့” အစွန်ဆုံးနေရာမှာ ထိုင်နေသော ကစားသမားတစ်ဦးက လှမ်းအော်သည်။

“ဘုရားရေ..ဥက္ကဌဖန့်ကို ဘယ်လိုလုပ်ပြီး ခေါ်လာနိုင်တာလဲ။ ဖိုင်နယ်ပွဲမှာ တစ်ခုခုလုပ်ဖို့ ကြံစည်နေတာမလား”

“ငါတို့ချန်ပီယံဆုရရင် ဆုကြေးငွေ ယွမ်ငါးသန်းနဲ့ လေယာဉ်လက်မှတ်ရမယ်ဆိုတာ အမှန်ပဲလား”

“ငါက ဥက္ကဌရဲ့ ပရိတ်သက်ပါ။ ကျိန်ဆိုကျိန်ရဲပါတယ်”

ZZ အဖွဲ့ထဲတွင် အသက်ကြီးဆုံးပုဂ္ဂိုလ်မှာ ၂၃နှစ်သာရှိသေးသည်။ကစားသမားအားလုံးက ဝမ်ချုံးနှင့် ရင်းရင်းနှီးနှီးရှိကြသည်။

“အားလုံးပဲ မင်္ဂလာပါ” ဟု ဖန့်ကြွယ်ယွီက နှုတ်ဆက်သည်။

“ငါကလည်း မင်းတို့ပရိတ်သက်ပါ။ ဟိုးရာသီတွေထဲက မင်းတို့ပွဲတွေကို မလွတ်တမ်းအားပေးခဲ့တာပါ။ဒီနှစ်မှာ တရုတ်နိုင်ငံဂုဏ်ဆောင်ပေးဖို့ ZZတစ်သင်းပဲကျန်တော့တာမို့ မင်းတို့ကိုလာအားပေးတာပါ”

ဖန့်ကြွယ်ယွီက ဂိမ်းကို အထူးခုံမင်သည်။ တက္ကသိုလ်ကျောင်းသားများအတွက် ဂိမ်းက ဂိမ်းဆိုတာထက် သူတို့၏ ငယ်ရွယ်နုပျိုမှုနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များဖြစ်ကြသည်။

“ဥက္ကဌက ငါတို့သူဌေးလိုတော့ ကပ်စေးမနဲဘူးမလား။ညစာကိုကောင်းကောင်းကျွေးမယ်လို့ သူဌေးဝမ်က ကတိပေးထားပေမဲ့ ဒီည ညစာကို ခေါက်ဆွဲပြုတ်ပဲစားလိုက်ရလို့ ဗိုက်ဆာနေတာ။ ဥက္ကဌဖန့်က အားပေးဖို့ လာတာဆိုတော့ ဒီလိုမျိုးလက်ဗလာနဲ့လာလို့ရမလား”

“မင်းတို့အဲ့တာကို ပြန်ပြောရဲ ပြောကြည့်စမ်း”

သူက ကပ်စေးနဲတာမဟုတ်ပေ။ ဒေသအစားအစားများက သူတို့အတွက် ခံတွင်းမတွေ့မည်ကို စိုးရိမ်သဖြင့် အားလုံးစားနိုင်ရန်ခေါက်ဆွဲပြုတ်စီစဉ်ပေးခြင်းဖြစ်သည်။

ဝမ်ချုံးက ခြိမ်းခြောက်ပြီးနောက် အားလုံးလည်း ပါးစပ်ပိတ်ကုန်ကြသည်။

“ဝမ်ချုံး မင်းအဲ့လိုတော့မလုပ်နဲ့လေ။ သူတို့က အစားကောင်းကောင်းမစားရရင် ပြိုင်ပွဲဘယ်လိုပြိုင်မလဲ။ ကဲ ဒီည ဒကာခံမယ်။ မင်းတို့ကြိုက်တာစားကြ”

“ဖန့် မင်းသူတို့ကိုအလိုမလိုက်နဲ့။ အလိုလိုက်တိုင်းမကောင်းဘူးကွ”

“ဟာ ဒါတော့ဘယ်ဖြစ်မလဲ။ သူတို့က မနေ့တုန်းက ပြိုင်ဘက်အသင်းကိုအလဲထိုးနိုင်ခဲ့တယ်လေ။အဲ့အတွက် အောင်ပွဲလေးတော့ ခံသင့်တာပေါ့ကွာ။ပြီးတော့ ခုမှ ကိုးနာရီပဲရှိသေးတာ။ ပြိုင်ဘက်အသင်းကိုလေ့လာတာ အချိန်အကြာကြီးမလိုပါဘူး”

“ဟုတ်ပါတယ် ဥက္ကဌဖန့်..”

“ကဲ ကဲ ဟုတ်ပြီ။ မင်းတို့ နောက်ပွဲမှာဘယ်လိုဆော့မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ဒီညတော့ ညစာကောင်းကောင်းလိုက်ကျွေးမယ်”

ဝမ်ချုံးလည်း မငြင်းဆန်နိုင်တော့ဘဲ လက်ခံလိုက်ရတော့သည်။

“ရေး”အားကစားသမားများထံမှ တစ်ပြိုင်တည်းဆိုသလို အသံများထွက်ပေါ်လာသည်။

သူတို့က ပစ္စည်းများကို သိမ်းဆည်းပြီး အမြန်အဆန်ထွက်လာကြသည်။ ဆိုင်ကိုရောက်သောအခါ တွေ့ဖူးနေကျလူများနှင့်ဆုံကြပြန်သည်။

ကိုရီးယားမှ STT အဖွဲ့သည် ချန်ပီယံပွဲ၏ ရှစ်နှစ်တာသက်တမ်းတွင် ခြောက်ကြိမ်တိုင်တိုင် ဗိုလ်စွဲထားနိုင်သည်။ တရုတ်အသင်းက ကိုရီးယားအသင်းနှင့် အကြိမ်ကြိမ် ဆုံသော်လည်း တစ်ကြိမ်မှ အနိုင်မရဖူးပေ။

STT အသင်းကလည်း လေ့ကျင့်ရေးပြီးသည့်နောက် ညစာထွက်စားချိန်တွင် သူတို့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ရသည်။

“မတွေ့ရတာကြာပြီနော် နည်းပြဂင်”ဟု တရုတ်အသင်းနည်းပြ ဝမ်အန်းက နှုတ်ဆက်သည်။

ကျင်းကျန့်ကျီက မဲ့ပြုံးပြုံးကာ” နည်းပြဝမ် ဒီနှစ်လည်း လက်ဗလာနဲ့အိမ်ပြန်မှာပဲမလား”

နည်းပြဝမ်နှင့် ကျင်းကျန့်ကျီသည် ပြိုင်ဘက်များဖြစ်ကြသည်။ ဝမ်အန်းက ကျင်းကျန့်ကျီကို တစ်ခါမှ အနိုင်မရဖူးပေ။

“ဒါက လီ မလား” ဖန့်ကြွယ်ယွီက ဝမ်ချုံးကိုမေးသည်။

လီဆိုသည်မှာ ကိုရီးယား STTအသင်း၏ ကစားသမား လီဂွမ်ဟီဖြစ်သည်။လီဂွမ်ဟီသည် ကမ္ဘာကျော်ကစားသမားတစ်ဦးဖြစ်သည်။

“ဘာဖြစ်လို့လဲ” ဟု ဝမ်ချုံးကပြန်မေးသည်။

ဖန့်ကြွယ်ယွီက နံရံမှာ ထောင်ထားသော တံမြက်စည်းကို ဆွဲယူရင်း “ဒါက လီ ဆိုတဲ့ကောင်ကို ရှင်းနိုင်မဲ့အခွင့်အရေးပဲ”

All Chapters