Zerathက လျှပ်စစ်ဓားကို အဆုံးအဆမဲ့ ထုတ်နိုင်တယ်
Vol. 11 Ch. 143
“ရေး ငါတို့နိုင်ပြီကွ” STTအဖွဲ့သားများက အားပါးတရ အားပေးကြသည်။ ပြိုင်ဘက်နှစ်ဦးကြားထဲက ပြိုင်ပွဲသည် အသင်းနှစ်ဖွဲ့ကြားပြိုင်ပွဲကဲ့သို့ပြင်းထန်သည်။ ကျင်းကျန့်ကျီ၏ အနိုင်ရမှုက ZZအသင်း၏ သိက္ခာကို အထိနာစေသည်။
ပြိုင်ပွဲမှာ အရှုံးအနိုင် နှစ်ခုပဲရှိသည်ဆိုတာသိသော်ငြား တကယ့်လက်တွေ့တွင် အရှုံးနှင့်ရင်ဆိုင်ရချိန်မှာ ZZအသင်းသားများက စိတ်ပျက်လက်ပျက်ဖြစ်ကြသည်။ ဝမ်အန်း၏ ရှုံးနိမ့်မှုက သူတို့၏ စိတ်ဓာတ်ပျက်ပြားစေသည်။
ရှေးခေတ်စစ်ပွဲများကဲ့သို့ပင် ခေါင်းဆောင်က အရှုံးနှင့်ရင်ဆိုင်ရချိန်တွင် ကျန်သည့်နောက်လိုက်များက မည်သည့်စိတ်နှင့် အနိုင်ရအောင် တိုက်နိုင်မည်နည်း။
“အားတော့နာပါတယ် နည်းပြဝမ်..E sportsလောကမှာ ငါတို့ STTအသင်းက ပိုပြီးတော်တယ်ဆိုတာ သိပြီလား”
“ကြည့်ရတာ ဒီနှစ်လည်း ငါတို့ပဲ ချန်ပီယံဖြစ်တော့မယ်တူပါတယ်”
“ကဲ ငါ့ကောင်တွေ သွားကြမယ်။ ဒီညအတွက် အစားအစာကောင်းကောင်းလေး စားကြစို့”
“မင်းတိုက်ကွက်တွေက သာမန်ပါပဲ” ထိုအချိန်တွင် ZZအသင်း၏ အခန်းထဲမှ အသံတစ်သံထွက်လာသည်။
ကျင့်ကျန့်ကျီက မျက်မှောင်ကြုံ့သွားသည်။ သူ့တိုက်ကွက်များကို ထိပ်တန်းအဆင့်ကစားသမားများက လေးစားလောက်သည်အထိ အမိုက်စားဖြစ်သည်။
ဘယ်သူကများ ထိုစကားကိုပြောရဲသနည်း။
သူက အသံလာရာဘက်ကိုတစ်ချက်ကြည့်သောအခါ အသက်(၂၀)အရွယ်လူငယ်လေးတစ်ဦးဖြစ်တာကို တွေ့ရသည်။ထိုကောင်လေးက ZZအသင်းသားဖြစ်ပုံရသော်လည်းအသင်းဂျာစီတော့ မဝတ်ထားပေ။
“မင်းက ဘယ်သူလဲ” ဟု ကျင်းကျန့်ကျီကမေးသည်။
“ငါက ZZအသင်းရဲ့ အရံကစားသမားပါ။water cooler နေရာမှာ ဝင်ကစားပေးတဲ့ကစားသမား” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“ဘာပြောတယ်” အကဲခတ်ကြည့်ပုံအရ ထိုကောင်လေးက အရံကစားသမားဖြစ်နိုင်သည်။
အရံကစားသမားသည် အသင်းအတွက် အရည်အချင်းသတ်မှတ်ချက်တွင် ဒုတိယနေရာမှာရှိသည်။အဓိကကစားသမားက ကျန်းမာရေး
သို့မဟုတ် ကိစ္စတစ်ခုခုကြောင့် ပြိုင်ပွဲမကစားနိုင်မှသာ အရံကစားသမားများက အစားထိုးဝင်ကစားကြရသည်။ သူတို့က ပြိုင်ပွဲကို ပုံမှန်မကစားရသဖြင့် လက်စွမ်းမထက်ကြပေ။
သူက ယခုလေးတွင် ZZအသင်း၏ နည်းပြကိုအနိုင်ယူပြပြီးသော်လည်း ထိုအသင်း၏
အရံကစားသမားက ထိုကဲ့သို့ပြောရဲသည်မှာ သည်းမခံနိုင်ပေ။
“မင်းလိုအရံကစားသမားကများ ငါ့တိုက်ကွက်တွေကို သာမန်ပဲလို့ ဘာကြောင့်ပြောရဲတာလဲ”
“ဪ သာမန်အနေအထားမို့ သာမန်လို့ပြောတာပေါ့။ ငါတို့နည်းပြက သိပ်ပြီး အားမထုတ်ထားလို့ပါ။ သူသာ ရေကုန်ရေခမ်းကစားမယ်ဆို ခင်ဗျားအရည်အချင်းတွေထုတ်ပြလို့တောင်ရမှာ မဟုတ်ဘူး”
“မင်းကိုယ်မင်းတော်တယ်ထင်နေရင် ငါ့ကိုပြစမ်းပါဦး” ထိုအရံကစားသမားက ထိုင်ခုံတွင် ထိုင်နေရတာကြာပြီမို့ သူ၏ အစွမ်းကိုထုတ်ပြနိုင်မည့်အနေအထားကို ရချင်သဖြင့် ထိုကဲ့သို့ပြောခြင်းဖြစ်မည်ဟုဝမ်အန်းတွေးမိသည်။
ကျင်းကျန့်ကျီက ဝမ်အန်းကိုတောင် အသာလေးအနိုင်ယူပြတာမို့ ထိုအသင်း၏ အရံကစားသမားက သူ့ကိုအနိုင်ယူနိုင်မည်ဟု လုံးဝမထင်ထားပေ။
“ကောင်းပြီလေ..တစ်ပွဲလောက်နွှဲကြတာပေါ့”
“ညီလေးဖန့်ဘာတွေလျှောက်လုပ်နေတာလဲ။ငါတို့အသင်း အလှောင်ခံရတာ တော်လောက်ပြီလေ” ဝမ်ချုံးက ပြောနေရင်း ဒေါသထွက်လာသည်။သူက ဖန့်ကြွယ်ယွီနှင့် ဂိမ်းအတူဆော့ဖူးသည်။ ဖန့်ကြွယ်ယွီ၏ အရည်အချင်းက ပလက်တီနမ်အဆင့်သည် အမြင့်ဆုံးဖြစ်သည်။ ကျင်းကျန့်ကျီမပြောနှင့်။ ဒီမှာရှိနေသော ကစားသမားတိုင်းက သူ့ကိုအနိုင်ယူနိုင်သည်။
“စိတ်လျှော့ပါ အကိုဝမ်..မင်း ငါ့ကို မယုံဘူးလား”
“ငါ မင်းအစွမ်းကိုသိပါတယ်။ ဓားတစ်ချောင်းရှိရုံနဲ့ မင်းအရာအားလုံးကို အနိုင်မရနိုင်ဘူး”
“ဟာ မင်းငါ့ကိုဘာလို့ အဲ့လိုမြင်နေတာလဲ။မင်းမျက်လုံးထဲမှာငါကအဲ့လောက်တောင် အဖြစ်မရှိဘူးလား။ ငါက ဆရာတစ်ယောက်ဆီကနေသင်နေတာကွ။ ကျင်းကျန့်ကျီက ငါ့ကိုတစ်ခါလောက်အသာစီးရရင်တောင် ငါအရှုံးပေးပစ်မယ်”
“ဆရာ..ဟုတ်လား။ မင်းဆရာက ဘယ်သူလဲ”
E-sports လောကမှာ လူရှေ့သူရှေ့ သိပ်မထွက်သော်လည်း ဂိမ်းအကြောင်းကို လုံးစေ့ပတ်စေ့နားလည်သော ဂိမ်းဆရာကြီးများရှိသည်။ကျင်းကျန့်ကျီကိုလည်း ထိုဆရာကြီးများကပင် ဂိမ်းနည်းပြလောကနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
“ငါ့ဆရာကို မင်းတို့သိမှာမဟုတ်ပါဘူး။မင်း ဆော့ဖို့ သဘောတူလား မတူဘူးလား တဲ့တိုးပြော။ ဝေ့လည်ကြောင်ပတ်မလုပ်နဲ့တော့” ဟု ဖန့်ကြွယ်ယွီက စိတ်မရှည်သည့်လေသံဖြင့်ပြောသည်။
“မင်းလို အရံကစားသမားကထွက်လာလို့ ZZအသင်းက သွေးပျက်နေလောက်ပြီ။ မင်း ကစားမှာမလား။ ကဲ ကစားကြစို့။ မင်းကြိုက်တဲ့ ဟီးရိုးကိုရွေးလေ။ ငါက မင်းကိုဘယ်လိုဆော့ရမယ်ဆိုတာ သင်ပေးရတာပေါ့”
“ကဲပါ မင်းကစားချင်တယ်ဆို ကစားလေ” ဝမ်ချုံးလည်း မတတ်သာတော့ပေ။ ဖန့်ကြွယ်ယွီ၏ တိုက်ကွက်များက သူ့ကို အလဲထိုးကောင်းထိုးနိုင်မည်ဟု မျှော်လင့်ရတော့မည်။
ကျင်းကျန့်ကျီက ခါတိုင်းလိုပင် Zerathဟီးရိုးကို ရွေးပြီး ဖန့်ကြွယ်ယွီက ဟီးရိုး Teemoကိုရွေးသည်။ Teemoကို ရွေးသည့်အတွက် လူအားလုံးက တအံ့တဩဖြစ်ကုန်ကြသည်။
“ကောင်လေးရေ..ကျွမ်းကျင်တယ်ဆိုတာဘယ်လိုလဲဆိုတာ ပြရချည်သေးရဲ့”
ကျင်းကျန့်ကျီက စတင်ပြီးတိုက်ခိုက်သည့်အကွက်ကို ဖန့်ကြွယ်ယွီက ပညာသားပါပါ ရှောင်တိမ်းနိုင်သည်။
“တိုက်ဆိုင်တာပဲဖြစ်မှာပါ” တိုက်ကွက်တစ်ခုကို ပထမအကြိမ်ရှောင်နိုင်သည်မှာ တိုက်ဆိုင်မှုဖြစ်ပြီး ဒုတိယအကြိမ်ရှောင်လွှဲနိုင်သည်မှာ ကံကောင်းမှုဖြစ်သည်။သို့သော် တတိယအကြိမ်၊စတုတ္ထအကြိမ်ရှောင် နိုင်ခြင်းက အရည်အချင်းကြောင့်ဖြစ်သည်။
ကျင်းကျန့်ကျီက သူ့စွမ်းအင်တစ်ဝက်လောက်ကို သုံးပြီးသော်လည်း ဖန့်ကြွယ်ယွီကို တစ်ချက်လေးတောင် မတိုက်ခိုက်နိုင်သေးပေ။ သူက သေချာချိန်ရွယ်ပြီး ဖန့်ကြွယ်ယွီကိုတိုက်ခိုက်သော်လည်း မရပေ။ ဖန့်ကြွယ်ယွီ ဘက်ကလည်း သေချာချိန်ရွယ်တိုက်ခိုက်သည်။ တစ်ခါတိုက်ပြီးတစ်ခါနေရာပြန်ယူသဖြင့် ကျင်းကျန့်ကျီတောင် မျက်စိလည်လာသည်။
“ဒီကောင်လေးက ဘာလို့ဒီလောက်တော်နေရတာလဲ”
ဝမ်အန်းက မယုံကြည်နိုင်အောင်ဖြစ်နေမိသည်။ ပရော်ဖက်ရှင်နယ်ကစားသမားများလည်း မြင်နေရသည့်အကွက်များကို မယုံနိုင်ပေ။ ထိုအရည်အချင်းမျိုးက ဟီးရိုးနှင့်အလွန်အကျွမ်းတဝင်ရှိမှသာ ထုတ်သုံးနိုင်သည်။
သူက ဤမျှလောက် တော်နေရခြင်းမှာ ရှောင်းရီ၏ ကျေးဇူးကြောင့်ဆိုတာ ဖန့်ကြွယ်ယွီပဲသိသည်။ရှောင်းရီက ကျင်းကျန့်ကျီ၏ အကွက်များကိုကြိုတင်ခန့်မှန်းနိုင်သဖြင့် ဖန့်ကြွယ်ယွီက အေးအေးဆေးဆေးဖြစ်နေရခြင်းဖြစ်သည်။
“သူက ဘာလို့ အကွက်တိုင်းကိုရှောင်နိုင်ရတာလဲ”ကျင်းကျန့်ကျီတစ်ယောက် ဇောချွေးများပျံလာသည်။ သူက စိတ်လှုပ်ရှားလာလေလေ minionsများကို လွတ်လေလေဖြစ်သည်။ တဖြည်းဖြည်းနှင့် သူသည် ဖန့်ကြွယ်ယွီ၏ နောက်ကို ရောက်သွားတော့သည်။
ကျင်းကျန့်ကျီက သေချာစဉ်းစားကြည့်သောအခါ ဟီးရိုးနှစ်ကောင်ကြားက အားက အလွန်ကွာဟနေသည်။ ဖန့်ကြွယ်ယွီ၏ နောက်ဆုံးတိုက်ကွက်က minion အကောင်ရေကိုးဆယ်ကျော်သွားချိန်တွင် သူသွေးပျက်လာသည်။
“ဟေ့။ ငါဘယ်နှခေါက်ပြောရဦးမလဲ။ Zerathကိုသုံးမယ်ဆို မင်းမှာStatikk နဲ့ အဆုံးအစမဲ့တိုက်ခိုက်စွမ်းကို အရင်ရအောင်လုပ်ရမှာ။ ဘာလို့နားမထောင်တာလဲ” ဖန့်ကြွယ်ယွီက နောက်ဆုံးလက်ကျန်minionကိုသတ်ပြီးနောက် ကျင်းကျန့်ဟီကို အောင်နိုင်သူအပြုံးဖြင့် ပြုံးပြသည်။