ငါတို့ပိုင်တဲ့ပစ္စည်းကို ပိုက်ဆံပေးပြီး ပြန်ဝယ်ဖို့မလိုဘူး။
Vol. 11 Ch. 145
ဖန့်ကြွယ်ယွီပို့ပေးလိုက်သော ကစားကွက်ဗျူဟာကိုတွေ့ပြီးနောက် ZZအသင်းသားများသည် ထမင်းစားဖို့တောင် မေ့နေကြသည်။ ဝမ်အန်းက ဦးဆောင်ပြီး အစည်းအဝေးခန်းထဲခေါ်သွားကာ အကြိတ်အနယ်ဆွေးနွေးကြသည်။
“ညီလေးဖန့်..မင်းနည်းလမ်းကသေချာလား”
“စိတ်မပူပါနဲ့။ STTအသင်းက မညစ်ပတ်ဘူး။ ငါတို့အင်တာနက်ကိုမဖြတ်ဘူး။ သန့်သန့်ရှင်းရှင်းကစားမယ်ဆို ငါတို့သေချာပေါက်နိုင် ကိုနိုင်စေရမယ်” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“အင်း ငါတို့အသင်းရဲ့ ပါဝါလိုင်းတွေကို သေချာစောင့်ကြည့်ဖို့လူငှါးရမယ်” ဟု ဝမ်အန်းက အရွှန်းဖောက်သည်။
“အဲ့လိုကိစ္စမျိုးကရှိဖူးတယ်။ သူတို့ကပလပ်ကြိုးကိုဆွဲဖြုတ်ပစ်ရင် ငါတို့လည်း ဘာမှမတတ်နိုင်ဘူးလေ”
“ငါတို့အသင်းကို ဖိုင်နယ်ပွဲကျရင်အားပေးဖို့ ကျင်းကျန့်ကျီက မိန်းကလေးလို ဝတ်စားလာတာကို ကြည့်ရချည်သေးရဲ့”
“ဝိုး ဝိုး တော်ကြပါတော့ကွာ။ ငါ့မျက်လုံးထဲ အဲ့ပုံကြီးကို မြင်ယောင်နေပြီ”
“ဒါနဲ့ နောက်ပွဲစဖို့ ဘယ်လောက်လိုသေးလဲ။ ဒီအနီးအနားမှာ ပျော်လို့ရမဲ့ တစ်ခုခုလောက်မရှိဘူးလား” ဒီတစ်ကြိမ်က ဖန့်ကြွယ်ယွီအနေဖြင့် ဥရောပကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ သူက အင်္ဂလန်မှာ ရက်ပေါင်းများစွာနေဖူးသော်လည်း ပွဲအခမ်းအနားများသာတက်နေရပြီး ဟိုဟိုဒီဒီလျှောက်လည်ဖို့ အချိန်မရခဲ့ပေ။
“ရှိတာပေါ့။ မင်းအတွက် အထူးစပါယ်ရှယ်စီစဉ်ထားပေးတယ်” ဟု ဆိုကာ ဝမ်ချုံးက အိတ်ကပ်ထဲမှ ဖိတ်စာနှစ်စောင်ကို ထုတ်လိုက်သည်။
ရွှေနှင့် ရိုက်နှိပ်ထားသောဖိတ်စာကိုကြည့်ပြီး တန်ကြေးမြင့်သည်ဆိုတာ သိလိုက်ရသည်။ဖိတ်စာဖိတ်ကြားသူ၏ အဆင့်အတန်းက တော်ရုံတန်ရုံမဟုတ်ဘူးဆိုတာ မှန်းဆနိုင်သည်။
“ဒါကဘာလဲ”
“သီးသန့်လေလံပွဲဖိတ်စာပေါ့။ အမှန်က ငါ့အဖေကိုဖိတ်တာ။ သူက ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေနဲ့ မအားလို့ ငါ့ကိုပေးလိုက်တာ” ဟုဆိုကာ ဝမ်ချုံးက ဖိတ်စာတစ်စောင်ကို သူ့အားလှမ်းပေးသည်။
“ရော့စ်ချိုင်းမိသားစု”
ဖိတ်စာပေါ်က လက်မှတ်ကိုဖန့်ကြွယ်ယွီ သတိထားမိသည်။ ထိုနာမည်ကြားရုံနှင့် လူအများစုက သိကြသည်။ ရော့စ်ချိုင်းမိသားစုသည် ဥရောပတွင် အာဏာရှိသည်။ ဘီလီယံနာများဖြစ်တာမို့ ဥရောပတွင် စီးပွါးရေးငြိမ်သက်စေရန် ထိန်းချုပ်ပေးနိုင်ကြသည်။
သို့သော် ရော့စ်ချိုင်းမိသားစုထက် အာဏာရော ဥစ္စာဓနရော သာလွန်နေသော ဆော်ဒီမိသားစုတောင်မှ ဖန့်မိသားစု၏ လောင်းရိပ်အောက်မှမလွတ်နိုင်ပေ။
ရော့စ်ချိုင်းမိသားစုက ပိုက်ဆံချမ်းသာပြီး အာဏာကြီးသော်လည်း ဖန့််မိသားစု၏ ခုနှစ်ပုံတစ်ပုံဖြစ်သော ပိုင်ဆိုင်မှုများကို စီမံကွပ်ကဲနေသော လာဒီးနစ်မိသားစုနှင့် ယှဉ်ပါက ဘာမှ မဆိုသာပေ။
သို့သော်ငြား ဝမ်ချုံးနှင့် တခြားမိသားစုအတွက် ရော့စ်ချိုင်းမိသားစုက ဩဇာအာဏာရှိသည်ဟုဆိုနိုင်သည်။ ရော့စ်ချိုင်းမိသားစုသည် ဥရောပနိုင်ငံရေးနှင့် စီးပွါးရေးအရာတွင် ဩဇာတိက္ကမကြီးမားသည်။
ထိုလေလံပွဲအတွက် ရော့စ်ချိုင်းမိသားစုသည် ပွဲစီစဉ်သူများဖြစ်ကြသည်။ရောင်းချသူအများစုက အမည်မဖော်လိုကြပေ။ သူတို့ရောင်းချသော ပစ္စည်းများက ဥပဒေနှင့် မလွတ်မကင်းဖြစ်တာမို့ အမည်ဖော်ပါက ဒုက္ခအတိရောက်ကြမည်။
“သွားဖို့စိတ်ဝင်စားလား။ ပစ္စည်းကောင်းလေးတွေ လေလံဆွဲမယ်ကြားတယ်။ နာမည်ကြီးပန်းချီကားတွေ မေ့ပစ်လိုက်တော့။ အဲ့ထက်ကောင်းတဲ့ ပစ္စည်းတွေမှ တစ်ပုံကြီးပဲကွာ။ မင်းသေချာပေါက် သဘောကျမှာကွ”
“ဘာတွေပါလို့လဲ”
“ရာသီခွင်တိရစ္ဆာန်ဦးခေါင်းတွေထဲကတစ်ခုဖြစ်တဲ့ ခွေးဦးခေါင်းလို ပစ္စည်းမျိုးပါတယ်”
“အို” ထိုပစ္စည်းက သူ၏အာရုံကို ဖမ်းစားလိုက်နိုင်သည်။ ဟိုးယခင်တုန်းက ပျောက်ဆုံးနေပြီး ယနေ့ထက်တိုင်မတွေ့သေးသော ရတနာများတွင် ထိုပစ္စည်းလည်းအပါအဝင်ဖြစ်သည်။
“ရှောင်းရီ..ငါ့အဖေနဲ့အဘိုးက ဘာလို့ မရှာကြတာလဲ။ သူတို့အစွမ်းနဲ့ဆို တွေ့ဖို့ မခဲယဉ်းဘူးမလား”
“အဲ့ပစ္စည်းတွေက ဘယ်နေရာမှာလဲဆိုတာ အရင်ဆုံးသိဖို့လိုသေးတယ်မဟုတ်လား”
“ဂြိုဟ်တုနည်းပညာတွေ အင်တာနက်တွေဆိုတာ ပေါ်တာမကြာသေးဘူးမဟုတ်လား။ ငါက မင်းတို့ကမ္ဘာမြေပေါ်က ရှိရှိသမျှ အရာတွေကို ရှာနိုင်တယ်ဆိုပေမဲ့ ဆန်မပါဘဲ ထမင်းချက်လို့တော့မရဘူးလေ”
“ဒါဆို တခြားပျောက်ဆုံးနေတဲ့ တိရစ္ဆာန်ဦးခေါင်းတွေက ဘယ်မှာလဲဆိုတာ မင်းရှာနိုင်လား”
“အင်း တစ်ခုတော့မရှာနိုင်ဘူး။ ပိုင်ရှင်အလီလီပြောင်းရင်းနဲ့ ကြားထဲမှာ ပျောက်သွားတာဖြစ်ရမယ်။ ဒါပေမဲ့ မခက်ပါဘူး။ တကမ္ဘာလုံးကို ပတ်ကြီးကြည့်နိုင်မယ့်ဒရုန်းတစ်လုံးရှိရင်ရပြီ”
“အဲ့နည်းပညာက သုံးလို့ရပြီလား”
“ခုလက်ရှိအနေအထားနဲ့ဆိုရပါတယ်။ ငါကူညီမယ်လေ”
“ကောင်းပြီလေ အဲ့ကိစ္စနောက်မှလုပ်ကြမယ်။ ခုတော့ ခွေးခေါင်းကိုရဖို့လုံးပမ်းလိုက်ဦးမယ်”
ဖန့်ကြွယ်ယွီကို ဖိတ်စာကိုဖွင့်ဖောက်လိုက်သည်။ အထဲတွင် လေလံဆွဲမည့်ပစ္စည်းစာရင်းကိုရေးထားသည်။ ထိုစာရင်းထဲတွင် ခွေးဦးခေါင်းသည်တစ်ခုအပါအဝင်ဖြစ်သည်။
လေလံဆွဲမည့်ပစ္စည်းစာရင်းတွင် ပီကာဆိုနှင့် ဒါဗင်ချီ၏ လက်ရာပန်းချီကားများနှင့် ရုပ်ထုများစွာပါဝင်သည်။ ထိုပစ္စည်းများအတွက်ကြမ်းခင်းစျေးသည် မနည်းမနောပင်ဖြစ်သည်။
“ဒါကဘာတွေလဲ”ဖိတ်စာ၏ တခြားတစ်ဖက်ကိုလှန်ကြည့်ချိန်တွင် ထူးဆန်းသော ရုပ်ပုံများကို တွေ့ရသည်။ အင်္ဂလိပ်စာလုံးတစ်ပိုင်းတစနှင့် ပုံများကိုမြင်ရသည်မှာ တစ်စုံတစ်ရာကို ညွှန်ပြသည့်ဟန်ပေါ်သည်။
“ဒါကဘာလဲ”
“မသိဘူးလေ။ ငါလည်း အခုမှမြင်ဖူးတာ။ ဝက်ဘ်ဆိုက် (website) အသေးစားလေးပဲနေမှာပါ ဟား”ဟု ဝမ်ချုံးက အရွှန်းဖောက်ပြန်သည်။
“နာမည်သာမကြီးတာ ခေါ်ထားတဲ့ကြမ်းခင်းစျေးက ဒေါ်လာသန်း၂၀၀ကနေစတာ အခုမှပဲမြင်ဖူးတော့တယ်”
“ဘာဖြစ်လဲ။ ငါဆို ဒေါ်လာသန်း၂၀၀ယူလာမယ်။ အဲ့တာက အသက်ရှည်စျေးဆိုလျှင်တောင် ငါကြည့်လို့ရတာပေါ့”
“ဟား မင်းကိုယ်မင်း ချင်ရှီဟွမ်လို့ထင်နေလား”
ဖန့်ကြွယ်ယွီအတွက် မသေမျိုးဆိုသော အရာက မခက်ပေ။ သူ့ဖခင်ဖန့်ဟွိုက်ကဲ့သို့အစွမ်းထက်ပါက နှစ်တစ်ထောင်နေဖို့ မခက်ပေ။
“ အဲ့ကိစ္စနောက်မှပြောကြမယ်။အကိုဝမ် အဲ့ပစ္စည်းတွေ ကျွန်တော်ပြန်ရချင်တယ်ဗျာ”
“ငါလည်း အဲ့တာကိုတွေးနေတာ။ငါ့အဖေက ဒီတစ်ခေါက်ပိုက်ဆံအများကြီးပေးလိုက်တာ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်အဲ့ပစ္စည်းတွေကို ရအောင်ယူခဲ့ဖို့ မှာလိုက်တာ”
“ဟို တိရစ္ဆာန်ဦးခေါင်းက အများကြီးတန်ကြေးရှိလား”
“အင်း မနှစ်က နဂါးဦးခေါင်းက လေလံဆွဲတဲ့ထဲပါလာတယ်။ တရုတ်ပြည်က အမည်မဖော်လိုတဲ့ ဝယ်လက်က ဒေါ်လာ ၁၅သန်းနဲ့ဝယ်တယ်။ ခုချိန်ဆို သန်း၂၀လောက်တန်ရောပေါ့”
“အဲ့ပစ္စည်းအဲ့လောက်တန်တယ်ထင်လား”
“တစ်ယောက်ယောက်က မင်းပစ္စည်းကိုခိုးပြီး ပြန်လာ
ရောင်းရင်ရော”
“အင်း လွယ်တယ်မထင်နဲ့။ ဒါက သာမန်လေလံပွဲမဟုတ်ဘူးလေ။ လုံခြုံရေးကလည်း ကြပ်တယ်”
“ဟာ ငါအဲ့လောက် မတုံးပါဘူးကွာ။ဒီခွေးဦးခေါင်းရဲ့ မူလပိုင်ရှင်ကဘယ်သူလဲဆိုတာရှာမယ်။ ရောင်းတဲ့သူက ခိုးခဲ့တာပေါ်လွင်တယ်ဆို တန်ရာတန်ကြေးပြန်တောင်းရမယ်”
ဖန့်ကြွယ်ယွီက ခုံကို ထုလိုက်ရင်း “ဒါကငါတို့ပစ္စည်းကွ။ ဘာပိုက်ဆံမှပေးစရာမလိုဘူး”ဟု ဆိုသည်။