← Chapters

မိသားစုတံဆိပ်

Vol. 11 Ch. 147

မိသားစုတံဆိပ်

Vol. 11 Ch. 147

နောက်နှစ်ရက်အကြာ ညနေခင်းတွင် ဆိုင်းလုခ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြောက်ဘက်မျှော်စင်မြို့ရှိ ရော့စ်ချိုင်းမိသားစုပိုင် စံအိမ်တွင် ကျင်းပမှာဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ လေလံပွဲသို့ မသွားခင်တွင် သူနှင့် ဝမ်ချုံးအတွက် မျက်နှာဖုံး ကျွမ်းရင်က အသင့်ပြင်ထားပေးသည်။

“အမရီ ဘာလို့လဲ။ ငါတို့ကလေလံပွဲသွားမှာလေ။ ဟောလိုးဝင်းပွဲသွားမှာမှ မဟုတ်တာ။ ဒါတွေက ဘာလုပ်ဖို့လဲ”

“သခင်လေးက ဒီလိုပွဲမျိုး ခုမှ ကြုံဖူးတာဖြစ်မယ်။ရော့စ်ချိုင်းမိသားစုရဲ့လေလံပွဲက သာမန်မဟုတ်ဘူးလေ။ နည်းနည်း တရားမဝင်ပစ္စည်းတွေလည်းပါတယ်။ အဲ့တာတွေကိုဝယ်မိရင်ပြသနာတက်ရော။ဒါကြောင့်မို့ သခင်လေးရဲ့ မျက်နှာကိုဖုံးပြီး လေလံပွဲကိုတက်တာက မဖြစ်မနေလုပ်ကိုလုပ်ရမဲ့ အရာပါ”

“တကယ်လား ငါတို့က ဘဏ်ဓားပြတိုက်ဖို့ သွားရမယ်ထင်လို့”

“ကူးရီ မင်းကရောဘယ်လိုလဲ။ မင်းအတွက် မျက်နှာဖုံးမပါဘူးလား”

“ငါ့အတွက် ဒါတွေမလိုပါဘူး” ဟု ကူးရီကပြုံးပြီးပြန်ဖြေသည်။ ရုတ်တရက်ဆိုသလို သူ့မျက်နှာပေါ် ကကြွက်သားများ အပြောင်းအလဲဖြစ်လာပြီးနောက် ကူးရီ၏ မျက်နှာသည် အက်ဒီဖန် အဖြစ်သို့ ပြောင်းလဲသွားသည်။

“အိုး မင်းဘယ်လိုလုပ်လိုက်တာလဲ”ဟု ဖန့်ကြွယ်ယွီက အလန့်တကြားထအော်သည်။ ထိုအစွမ်းနှင့်ဆို ကူးရီသည် ဘေဂျင်းအော်ပရာဖျော်ဖြေသူများ၏ နေရာကိုတောင်လုယူနိုင်သည်။

ဖန့်ကြွယ်ယွီ၏ ဘေးမှာရပ်နေသော ဝမ်ချုံးက ပိုပြီးအထူးအဆန်းဖြစ်ရသည်။ သူက အထက်တန်းလွှာမိသားစုမှာမွေးဖွားကြီးပြင်းလာသော်လည်း ထိုကဲ့သို့ စွမ်းအားရှင်မျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

“ညီလေးဖန့် မင်းသက်တော်စောင့်က ဘာ… ဘာကြီးလဲ” ဝမ်ချုံးက ကူးရီကို ညွှန်ပြရင်း အလန့်တကြားပြောသည်။

“မကြောက်ပါနဲ့။ ငါ့သက်တော်စောင့်မှာ ထူးခြားတဲ့ အစွမ်းလေးတွေရှိလို့ပါ။နောက်တော့ မင်းလည်း ကျင့်သားရလာမှာပါ”

ဖန့်ကြွယ်ယွီက ဝမ်ချုံးကို သူစိမ်းဟု မသတ်မှတ်ပေ။

“မင်းမျက်နှာကို ပြောင်းချင်သေးလား။ မင်းဒီပုံကြီးနဲ့အပြင်ထွက်ရင် မင်းဘေးနားမှာ ကောင်မလေးတွေ ဝိုင်းလာပြီး မင်းကိုယောကျာ်းလို့ ဝိုင်းခေါ်ကြမှာ မြင်ယောင်သေးတယ်” ဟု ဖန့်ကြွယ်ယွီက စနောက်သည်။

“သခင်လေး ဒီနေရာက တရုတ်ပြည်မှ မဟုတ်တာ။ ဒီနေရာမှာ ဘယ်သူကမှ အက်ဒီဖန်ကို သိမှာမဟုတ်ပါဘူး”

“အဲ့လိုဆိုရင်တောင်မှ မင်းပြောင်းသင့်တယ်။ ဘယ်သူမှ မမှတ်မိရင်တော့ ကောင်းတာပေါ့”

“ဟုတ်ကဲ့ပါ သခင်လေး” ကူးရီ၏ မျက်နှာပေါ်ကကြွက်သားများ တဖန်ပြန်လည်တွန့်လာပြီးနောက် လူအုပ်ကြားထဲတွင် မမှတ်မိနိုင်လောက်သော သာမန်ရုပ်ရည်အသွင်ပြောင်းလဲသွားပြန်သည်။

“မိုက်တယ်ကွာ”

“အကယ်၍ ငါက ဒီတစ်ကြိမ်မှာ ခွေးဦးခေါင်းကို လေလံအောင်ခဲ့မယ်ဆို ပထမအဆင့်ပြီးမဲ့နှုန်း မြင့်တက်လာမယ်မဟုတ်လား။ ဒါဆို ဒီလိုမျိုး ရုပ်ပြောင်းရုပ်လွှဲပညာကို ငါ့ဘာသာလုပ်နိုင်တော့မှာပေါ့”

သူက ပြန်ပေးဆွဲဂိုဏ်းထံမှ ကလေးများကိုကယ်တင်ပေးခြင်းနှင့် ပရဟိတအဖွဲ့များကို ငွေလှူဒါန်းခြင်းကြောင့် ပထမအဆင့်ကို ရာခိုင်နှုန်းတော်တော်များများကို ပြီးမြောက်ခဲ့သည်။ ခုတစ်ကြိမ်မှာ နိုင်ငံ၏ ရတနာပစ္စည်းကို လေလံအောင်ခဲ့ပါက သူကပထမအဆင့်ကို တိုက်ရိုက်ပြီးမြောက်နိုင်မည် မဟုတ်ပါလော။

“ဒါနဲ့ ဘယ်ရမလဲ။ဒါပေမဲ့ လေလံပွဲမှာ အများကြီးသုံးပြရင်တော့ပထမအဆင့် ပြီးမြောက် သွားမှာ”ဟု ရှောင်းရီက ဖြေသည်။

“ဟုတ်ပြီကွ။ ငါ စူပါမားကတ်မှာစျေးဝယ်နေသလိုမျိုးလုပ်ရမယ်။ တွေ့ရာမြင်ရာအကုန်ဝယ်မယ်။ ပိုက်ဆံကုန်ဖို့က ပိုအရေးကြီးတယ်”

“သခင်လေး အားလုံးအဆင်သင့်ဖြစ်ပါပြီ။သခင်လေးနဲ့ မစ္စတာဝမ်တို့ သွားနိုင်ပါပြီ” ကျွမ်းရီက သူတို့သွားရေးလာရေးအတွက် အဆင်သင့်စီစဉ်ထားပေးသည်။

လာဒီးနစ်မိသားစုသည် ဒီမြို့မှာ လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်တာမို့ ကားတစ်စီးစီစဉ်ပေးသည်မှာ အလွယ်လေးဖြစ်သည်။

ဆယ်ကီလိုမီတာအကွာမှာရှိသော လေဆိပ်တွင် ဟယ်လီကော်ပတာတစ်စီးက အသင့်စောင့်နေသည်။

“ညီလေးဖန့် ငါတို့လေးယောက်ပဲမလား။ ဟယ်လီကော်ပတာလိုလို့လား” ဝမ်ချုံးက လေဆိပ်ရှိ ဟယ်လီကော် ပတာကြီးကို တအံ့တဩကြည့်နေသည်။သူတို့လေးယောက်မဆိုထားနှငိ့ တပ်စိတ်တစ်စိတ်လောက်ကို ထိုယာဉ်က သယ်ဆောင်နိုင်သည်။

“ငါလည်း မသိဘူးလေ အဲ့ကိစ္စကို ငါစီစဉ်တာမှ မဟုတ်တာ။”ဟု ဆိုကာ ဖန့်ကြွယ်ယွီက ကျွမ်းရီကို တစ်ချက် လှမ်းကြည့်သည်။

“သခင်လေး ကျွန်မလည်းမသိဘူး။ သခင်လေးတို့သွားရေးလာရေးအတွက် ဟယ်လီကော် ပတာတစ်စီးလွှတ်ပေးပါဆိုပြီး လာဒီးနစ်မိသားစုကို တောင်းဆိုလိုက်တာ။ ဒီလောက်ကြီးမယ်လို့ မထင်ထားမိတာအမှန်ပါ”

“ဝိုး ငါက ကိုယ့်ကိုယ်ကို ချမ်းသာလှပြီထင်နေတာ။ ငါမင်းကိုအမီလိုက်နိုင်ဖို့ အတော်လိုသေးတာပါလား” ဝမ်ချုံးက ဓာတ်ပုံကို မသိမသာရိုက်ယူပြီး ဝီဘိုတွင် တင်ဖို့ရေးနေသည်။

ဟယ်လီကော်ပတာထဲတွင် နာမည်ကြီးအနုပညာရှင်များ၏ပန်းချီကားချပ်များစွာကို ချိတ်ဆွဲထားသည်။ အလယ်တွင် ဓာတ်ပုံတစ်ပုံကိုချိတ်ဆွဲထားသည်။

“အမရီ..ဒါကဘယ်သူလဲ”

“ဪ ဒါက လာဒီးနစ်မိသားစုရဲ့ ပထမဆုံးခေါင်းဆောင်ပါ။

တကယ်တော့ လာဒီးနစ်မိသားစုအကြောင်း သိပ်ပြီးတော့ မသိပါဘူး။ သူတို့မိသားစုလည်း အများကြီးရုန်းကန်ခဲ့ရတယ်။ ဒီလူကြီးနာမည်က ဂျရတ်လာဒီးနစ်။ သူက ပြသနာတွေအားလုံးပြီးတဲ့နောက် လာဒီးနစ်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သူပေါ့”

“ပိုင်ရှင် ..ဒါက ပိုင်ရှင့်ဘိုးဘေး ဖန့်ယန်က မွေးစားထားတယ်ဆိုပြီး တစ်ခါပြောဖူးတဲ့ လာဒီးနစ် မိသားစုရဲ့ သားပါ”

“ဪ သိပြီ။ တကယ့်လူချောပါလား”

“ဖန့်ယန်က သူ့ကို စွမ်းအားရှင်ဖြစ်နိုင်မဲ့ အရာတွေသင်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့ သူ့မျိုးရိုးဗီဇတွေပြောင်းလဲပြီး ဒီလောက်ထိ ချောမောလာတာပါ”

“ဒီသင်္ကေတကဘာများလဲ”

သူက အနီးကပ်ကြည့်သောအခါ တြိဂံပေါင်းများစွာခြံရံထားသော စက်ဝိုင်းတစ်ခုကို တွေ့ရသည်။ထိုသင်္ကေတသည် နေရောင်ခြည်များဖြာထွက်နေပုံနှင့်တူသည်။

“ဪ ဒါလား။ ဖန့်မိသားစုရဲ့ သင်္ကေတပါ။ဒီသင်္ကေတကို ဖန့်မိသားစုလက်အောက်မှာ အလုပ်လုပ်တဲ့ မိသားစုတိုင်းအသုံးပြုရပါတယ်။ ဖန့်မိသားစုရဲ့ဘိုးဘေးတစ်ဦးက ကိုယ်တိုင် ထုဆစ်ခဲ့တာပါ။

အဓိပ္ပါယ်က “နေရောင်ခြည်လို တလက်လက်တောက်ပခြင်း” လို့ သိရပါတယ်”

“ဒါပေမဲ့ ငါဒါကို တစ်နေရာရာမှာမြင်ဖူးနေသလိုပဲ” ဖန့်ကြွယ်ယွီက သေချာစဉ်းစားကြည့်သောအခါ သူ့မှတ်ဥာဏ်ထဲတွင် အဆောက်အဦးအကြီးကြီးတစ်လုံးပေါ်လာသည်။

“ဟုတ်ပြီ သိပြီ။ရှေးခေတ်ဘေဘီလုံမြို့ရဲ့ မြို့တော်ဥယျာဉ်ခန်းမထဲမှာ ဒီအမှတ်အသားရှိတယ်။ ငါတို့မိသားစုက ဘေဘီလုံကလူတွေနဲ့လည်း အဆက်အသွယ်ရှိခဲ့တာပဲလား”

“ဟား ဟုတ်ပါ့။ ဖန့်မိသားစုက အဲ့အချိန်တုန်းက ဘေဘီလုံက လူတွေကို ခေတ်မီဗဟုသုတတွေ ကိုလက်ဆင့်ကမ်းပေးခဲ့တာ”

“ဟုတ်လှချည်လား”

“တိုးတက်တဲ့နည်းပညာနောက်ကို အတွေးအခေါ်တွေက မလိုက်နိုင်တော့ အဆင်မပြေပါဘူးလေ။ အဲ့လိုခေတ်မျိုးကို ဖြတ်ကျော်ဖို့ဆိုတာ မလွယ်ဘူး”

“ဟုတ်ပါတယ်”

“ပြောရဦးမယ်။ အီဂျစ်လူမျိုးတွေနဲ့အိန္ဒိယလူမျိုးတွေကိုလည်း ဖန့်မိသားစုကပညာတွေ ဖြန့်ဝေပေးခဲ့တာ။ သူတို့က ဟိုးအရင်ကတည်းက ဖန့်မိသားစုနဲ့ အဆက်အသွယ်ရှိတာ။ဖန့်မိသားစုကိုဆို နတ်ဘုရားလိုကိုးကွယ်ကြတာ”

“မင်း Sphinxနတ်ရုပ်ကိုသိလား”

“သိတာပေါ့”

“အဲ့တာက ပိုင်ရှင့်ဘိုးဘေး ဖန့်ရှုကို မှီငြမ်းပြီး စိတ်ကူးနဲ့ပုံဖော်ထားတာ”

“သူတို့က မိစ္ဆာတွေလားကွာ ဟားဟား”

“Sphinx ဖြစ်ပေါ်လာပုံရဲ့ မူရင်းက ငါ့ဘိုးဘေးဆိုတာသာ သိကြရင် ရှေးဟောင်းသုတေသနပညာရှင်တွေ ဒေါသပုန်ထကုန်ကြမလားပဲ”

All Chapters