← Chapters

ငါ့မှာ OCD ရှိတယ်

Vol. 11 Ch. 149

ငါ့မှာ OCD ရှိတယ်

Vol. 11 Ch. 149

“ဒါက VIPအခန်းလား မဆိုးပါဘူး။”

လေလံပွဲကို လူကုံထံအသိုင်းအဝိုင်းကသာ လာတက်ကြသဖြင့် vipနေရာမပြောနှင့်။ သာမန်ထိုင်ခုံများတောင်မှ ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်လှပေသည်။

လေလံပွဲကျင်းပရာခန်းမသည် စက်ဝိုင်းပုံနေရာကြီးဖြစ်ပြီး အလယ်တည့်တည့်စင်မြင့်ထက်တွင် လေလံဆွဲ မည့်ပစ္စည်းကို ပြသထားသည်။ ထိုနေရာ၏ ပတ်လည်တွင် သာမန်ထိုင်ခုံနေရာများရှိပြီး လေးဘက်လေးတန်နံရံများတွင် အခန်းငယ်လေးများ အသီးသီးရှိနေကြသည်။ ထိုအခန်းလေးများတွင် VIP ဧည့်သည်များရှိနေကြသည်။ ဖန့်ကြွယ်ယွီတို့ အဖွဲ့က အကောင်းဆုံးအခန်းတွင် နေရာရသည်။

ချမ်းသာကြွယ်ဝသည့် အသိုင်းအဝိုင်းမှဆင်းသက်လာသူ ဝမ်ချုံးက သူ့ဖခင် ဝမ်လင်းနှင့် အတူ လေလံပွဲများစွာကို တက်ဖူးသော်လည်း ဤမျှလောက် ခမ်းနားကြီးကျယ်သော လေလံပွဲကို မတွေ့ဖူးပေ။

ထိုခန်းမကြီးထဲတွင် အဆင့်မြင့်ကိရိယာမျိုးစုံကို တပ်ဆင်ထားသည်။ တက်ရောက်လာသူများ၏ သရုပ်မှန်ကိုဖုံးကွယ်ရန် ခန်းမထဲတွင် မည်သည့်ဝန်ထမ်းမှမရှိပေ။ သို့သော် နည်းပညာနှင့် အခြားသော ဝန်ဆောင်မှုများအတွက် စက်ရုပ်များကို ထားရှိပေးသည်။

အခန်းတစ်ခုချင်းစီကို တစ်ဖက်ကသာ ထိုးဖောက်မြင်နိုင်သော အဆင့်မြင့်မှန်များတပ်ဆင်ထားသည်။ အခန်းတွင်းမှ လူက အခန်းပြင်ပက အရာများကို မြင်နိုင်သည်။ တခြားအခန်းထဲတွင် မီးရောင်မှိန်ပျပျ ကိုမြင်နေရသဖြင့် ဧည့်သည်များ နေရာယူပြီးဖြစ်ကြောင်း ဖန့်ကြွယ်ယွီ မှန်းဆမိသည်။

ဖန့်ကြွယ်ယွီတို့က ပွဲခင်းထဲကိုနောက်ကျမှရောက်လာကြသည်။ သူတို့ရောက်ပြီး မကြာခင်မှာပင် လေလံပွဲစတင်တော့သည်။

သို့သော် လူအားလုံးလိုလိုက မျက်နှာဖုံးစွပ်ထားကြသဖြင့် ထူးဆန်းသော အငွေ့အသက်ရနေသည်။

“ဟေ့ သူလာပြီ”

လျှောက်လမ်းသည် လေလံဆွဲသည့် စင်မြင့်ထက်မှ အခန်းတစ်ခန်းကို ချိတ်ဆက်ထားသည်။ အလွန်လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက စင်မြင့်ပေါ်သို့ တက်လာသည်။

ထိုအမျိုးသမီးကို မြင်ဖူးသလိုလိုရှိနေကြသည်။

“ဝိုး စကားလက် ပါလား” ဟု ဝမ်ချုံးက အလန့်တကြားထအော်သည်။

လေလံပွဲ၏ အစီအစဉ်တင်ဆက်သူသည် စကားလက် ဖြစ်သည်။သူမက အနက်ရောင်ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ အလှကပေါ်လွင်နေသည်။

“သူက Avengers ဇာတ်ကားရိုက်နေရမှာမဟုတ်လား။သူက ဘာလို့ ဒီမှာ အစီအစဉ်တင်ဆက်သူလာလုပ်တာလဲ…ဪ ဟုတ်သားပဲ ဇာတ်ကားက ပြီးသွားပြီပဲ”

“သခင်လေး ဒါက ပုံမှန်လိုပါပဲ။ အဆင့်တန်းမြင့်တဲ့ လေလံပွဲတွေက အစီအစဉ်တင်ဆက်သူအဖြစ်နဲ့ နာမည်ကြီးမင်းသမီးတွေကို ငှါးကြတယ်။ ဒီပွဲအတွက်ဆို စကားလက်က ဒေါ်လာ ၁၀သန်းလောက် အစီအစဉ်တင်ဆက်သူကြေးရတယ်”

“ဝိုး တစ်ရက်တည်းနဲ့ ၁၀သန်းပေးတယ်။ သူတို့အတွက် ငွေဆိုတာ ဘာမှမဟုတ်ပါလား”

“တော်စမ်းကွာ” ဝမ်ချုံးက ဖန့်ကြွယ်ယွီကို ကြည့်ပြီး “မင်းက ပိုက်ဆံအကြောင်းပြောရတယ်ရှိသေး။ ဒီပွဲမှာ မင်းအများဆုံးသုံးမှာပဲလေ”

“ဟား ဟား” ဖန့်ကြွယ်ယွီက အားပါးတရရယ်မောသည်။

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ဒီနေ့လေလံပွဲမှာ အစီအစဉ်တင်ဆက်သူအနေနဲ့ ဆောင်ရွက်ပေးသွားမဲ့ စကားလက်ပဲဖြစ်ပါတယ်”

လေလံပွဲတက်လာသူများက သောင်းသောင်းဖျဖျ ကြိုဆိုပြီး လက်ခုပ်ဩဘာတီးကြသည်။ ဘီလီယံနာများ၏ စိတ်ထဲတွင် စကားလက်သည် နတ်ဘုရားတစ်ဦးအလား လှပသည်။ သူမ၏ တည်ရှိမှုက ပွဲကိုပိုပြီး အသက်ဝင်စေသည်။

“ပွဲမစခင် နှစ်ရက်အလိုထဲက ခင်းကျင်းပြသထားတာမို့ ဒီနေ့လေလံပွဲမှာ လေလံဆွဲမဲ့ ပစ္စည်းအမျိုးအမည်ပေါင်း ၇၂မျိုးရှိတာ အားလုံးသိကြမယ်ထင်ပါတယ်။ တချို့ တန်ဖိုးကြီးပစ္စည်းများကိုတော့ ကြိုတင်ပြသခွင့် မရှိတဲ့အပေါ် နားလည်ပေးကြပါရှင်”

“ဒီပစ္စည်းတွေကို နံပါတ်နဲ့ခွဲထားတာမဟုတ်လား” ဖန့်ကြွယ်ယွီက တွေးတောနေမိသည်။

“အားလုံးလည်း စောင့်ဆိုင်းနေရတာကြာပြီဆိုတော့ ပထမဆုံးပစ္စည်းလေးကိုမြန်မြန်လေးပြလိုက်ပါ့မယ်။ ကဲ

နံပါတ် ၅၇၁၅ Patek Philippe နာရီပဲဖြစ်ပါတယ်”

မိန်းမလှလေးတစ်ဦးက သေတ္တာတစ်လုံးကို စင်မြင့်ထက်ကိုသယ်ဆောင်လာသည်။

“ဒီနာရီကို Patek Philippeက သူတို့ရဲ့ ၁၇နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်ထားတာပါ။ ဒီနာရီကို ထုတ်နိုင်ဖို့ နာရီပေါင်း ၁၀၀,၀၀၀ယူရပြီး တစ်ကမ္ဘာလုံးမှာ ရှစ်လုံးပဲ အကန့်အသတ်နဲ့ထုတ်ထားတာပါ။ကျန်တဲ့ ၇လုံးကစျေးကွက်ထဲမှာရောင်းပြီးပါပြီ ဒီတစ်လုံးပဲကျန်တောတ့ာပါ။” ဟု စကားလက်က နာရီနှင့်ပတ်သက်ပြီး ရှင်းပြသည်။

“ဒီနာရီက စုဆောင်းထားမယ်ဆို တန်ဖိုးတက်လာမှာ။ ညီလေးဖန့် မင်းစိတ်ဝင်စားလား”ဟု ဝမ်ချုံးကမေးသည်။

“မင်ကြိုက်တယ်မလား။ ကြိုက်တယ်ဆို ယူလေ။ မင်းနဲ့ယှဉ်ပြီး မလုပါဘူး” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။

“ရပါတယ်။ ဒါက မင်းရဲ့ ပထမဆုံးလေလံပွဲ မဟုတ်လား။ ပုံမှန်လေလံပွဲတွေမှာဆို ပထမဆုံးရောင်းတဲ့ပစ္စည်းက တစ်ပွဲလုံးရဲ့ အသက်ပဲ။ စျေးလည်းကြီးတယ်။ ငါ့မှာ ပိုက်ဆံအဲ့လောက်အများကြီးလည်း မပါဘူးလေ။ ဒီနာရီအတွက်နဲ့ ပိုက်ဆံအများကြီး မသုံးနိုင်ဘူး”

“ဟုတ်ပါပြီ။ မင်းတစ်ခုခု ကြိုက်တာတွေ့ရင် ငါ့ကိုကြိုပြောလေ။ မင်းမယူဘူးဆိုမှ ငါအားလုံးကို ဝယ်ပစ်မယ်။ ဟုတ်ပြီလား”

“ဘယ်လို ဘယ်လို မင်းက ပစ္စည်းအားလုံးကို ဝယ်မယ် ဟုတ်လား”

“ဟုတ်တယ် လေလံဆွဲသမျှ ပစ္စည်းတိုင်းကို ဝယ်မှာ။ ငါ့အတွက် အသုံးမလိုလျှင်တောင်မှ သူများကို လက်ဆောင်ပေးတာဖြစ်ဖြစ် ဒါမှမဟုတ် ငါ့သားသမီးတွေအတွက်လည်း စုဆောင်းထားလို့ရတာပေါ့”

“မင်း ရူးနေလား။ ဒါက စူပါမားကတ်ထဲမှာ လက်ကျန်ဖြတ် လျှော့စျေးနဲ့ရောင်းတာမှ မဟုတ်တာ။ မင်းက အားလုံးဝယ်ပစ်မယ်ဆို တခြားလူတွေက ဘယ်လိုလုပ်တော့မလဲ”

“လေလံပွဲမှာ ပစ္စည်းအားလုံး မဝယ်ရဘူးလို့ စည်းကမ်းထုတ်ထားတာ ရှိလို့လား”ဟု ဖန့်ကြွယ်ယွီက ထေ့ငေါ့ပြီး ပြန်မေးသည်။

“အင်း မရှိပါဘူး” ဖန့်ကြွယ်ယွီ ၏ အနေအထားနှင့်ဆို ပစ္စည်းအားလုံးဝယ်နိုင်သည်ဆိုတာ ဝမ်ချုံးသိသည်။

“ဒါဆို ဒီနာရီရဲ့ ကြမ်းခင်းစျေးက ယူရိုသုံးသန်းဖြစ်ပါတယ်။ တစ်ခါတိုးရင် ယူရိုတစ်သိန်း အနည်းဆုံး တိုးပေးရပါမယ်။လေလံစတင်ဆွဲနိုင်ပါပြီရှင်”

“၃.၁သန်း”

“၃.၂ သန်း”

“၃.၅ သန်း”

လေလံခေါ်စျေးက တဖြည်းဖြည်းမြင့်တက်လာသည်မှာ ယူရိုလေးသန်းနား ရောက်လာသည်။ တခြားလေလံပွဲများတွင် ထိုနာရီကို ယွမ် ၄၆သန်းဖြင့် လေလံအောင်ဖူးသည်။ ဤလေလံပွဲအနေအထားနှင့်ဆို ထိုပမာဏ ထက်ပိုများနိုင်သည်။

ယူရိုငါးသန်းနားကပ်သွားချိန်တွင် တဖြည်းဖြည်းနှင့် လေလံဆွဲနှုန်းရော လေလံဆွဲမည့်သူရော နည်းပါးလာသည်။

“ယူရို ၆သန်း” ဖန့်ကြွယ်ယွီက ၆သန်းဟူသော ဂဏန်းကို နှိပ်လိုက်ချိန်တွင် vip အခန်းပြင်ပရှိ LEDပေါ်တွင်

ပေါ်လာသည်။

“၆.၁သန်း”

တစ်ယောက်ယောက်ကလည်းသူနှင့် အပြိုင် စျေးမြှင့်သည်။ တန်ဖိုးက မြင့်လာပြီဆိုသော်လည်း အထိမ်းအမှတ်အနေဖြင့် ထုတ်ထားသော နာရီအတွက်ဆို တန်သည်ဟု သတ်မှတ်နိုင်သည်။

“ယူရို ၇သန်း” ဖန့်ကြွယ်ယွီက ယူရိုကိုးသိန်းကျော် စျေးမြှင့်ပေးလိုက်သည်။

“၇.၁ သန်း”

“၈သန်း”

“ဒီကောင်က ရူးနေတာလား ဒါမှမဟုတ် အရမ်းချမ်းသာလို့လား”

Vipအခန်းထဲမှာ ထိုင်သော လူများက ထိုကဲ့သို့ လေလံဆွဲလေ့မရှိပေ။

“သူရူးနေတာပဲဖြစ်မယ်။ ဒီလောက်ပမာဏအများကြီးကို ဘယ်သူက တိုးပေးလို့လဲ။ သူက လေလံဘယ်လိုဆွဲရလဲဆိုတာသိရော သိရဲ့လား”

“မသိပါဘူးကွာ။ သူ့အတွက် ဒီလောက်ပမာဏက ဘာမှမဟုတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”

“ညီလေးဖန့် ဒီလိုလေလံဆွဲရင် မင်းအရှုံးပေါ်လိမ့်မယ်။ တစ်ဖက်က ၇.၅သန်းပဲ အများဆုံးပေးနိုင်မယ်ထင်လျှင် ယူရို ၅သိန်းလောက်ပဲတိုးလေကွာ” ဝမ်ချုံးက သူ့ကို အကြံပေးသည်။

“ဒီနာရီကို ၈သန်းနဲ့ ဝယ်ရင် ရှုံးမလား”

“မရှုံးပါဘူး။ နာရီအတွက် အမြင့်ဆုံးစျေးက အဲ့လောက်ပဲရှိတယ်။ အဲ့ထက်မြင့်မယ်ဆို မတန်တော့ဘူး”

“အင်း ဟုတ်ပါပြီ” ဖန့်ကြွယ်ယွီက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း “ ငါက တစ်ခုခုဆို ပြည့်ပြည့်ဝဝဖြစ်မှကြိုက်တာ။ ကိန်းပြည့်မဟုတ်ဘူးဆို စိတ်ထဲတစ်ခုခုလိုနေသလိုကြီး” ဟု ပြောသည်။

All Chapters