ငါတို့အိမ်က ရေချိုးခန်းထဲမှာတောင် အဲ့လိုပန်းချီကားရှိတယ်
Vol. 11 Ch. 151
“မိုက်ရိုင်းချက်ကွာ”
တဖက်အခန်းမှာရှိနေသောလူက ထိုသို့ပြန်လည်တုံ့ပြန်ပြီးနောက် ဘာမှပြန်မပြောနိုင်တော့ပေ။ အမှန်တော့ ဖန့်ကြွယ်ယွီသည် လေလံပွဲစည်းမျဉ်းစည်းကမ်းတစ်ခုကိုမှ ချိုးဖောက်ခြင်းမရှိပေ။
လေလံပွဲတွင် စျေးအမြင့်ဆုံးပေးနိုင်သူက လေလံအောင်သည်ဆိုသော စည်းမျဉ်းသာရှိသည်။ အဓိက ပြသနာမှာ သူသည် ပစ္စည်းတိုင်းကို လေလံအောင်နေခြင်းဖြစ်သည်။
အခန်းနံပါတ်(၂)က လူသည် ခပ်ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူက ဆံပင်ကို သေသပ်စွာ ဖြီးလိမ်းထားပြီး လက်ကြားထဲတွင် စီးကရက်တစ်လိပ်ကို ညှပ်ထားကာ အတွေးကမ္ဘာထဲနစ်မျောနေသည်။ သူ့မျက်နှာအမူအရာကိုကြည့်ပြီး ဒေါသထွက်နေသည်ဆိုတာ သိနိုင်သည်။
“အခန်းနံပါတ်(၁)မှာဘယ်သူရှိတာလဲ” ဟု မေးသည်။
“ဆရာ အခန်း(၁)ကို များသောအားဖြင့် လာဒီးနစ်မိသားစုအတွက်ပဲ ပြင်ပေးတာပါ”
“လာဒီးနစ်မိသားစုာဟုတ်လား” ထိုစကားကိုကြားသောအခါ သူ့မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြစိတ်များ အတိုင်းသားပေါ်လာတော့သည်။
အခန်း (၂)ထဲက လူ၏နာမည်မှာ အက်တမ်ဖြစ်သည်။ သူ့ကို မကောင်းမှုဒုစရိုက်လောကမှာ ကျင်လည်သူတိုင်း သိကြသည်။ ထို့ကြောင့် အက်တမ်သည် ဥရောပရှိ စီးပွါးရေးနှင့် နိုင်ငံရေးဘက်တွင် ဩဇာတိက္ကမကြီး မားသူဟုဆိုနိုင်သည်။ သူ၏ အာဏာက ရော့စ်ချိုင်းမိသားစုနှင့် အနေအထားတူသည်။ ဥရောပတွင် သူမထိရဲသော မိသားစုမှာ လာဒီးနစ်မိသားစုသာရှိသည်။
ဒါဆို သူတို့က ဘယ်လောက်တောင် အာဏာရှိတာလဲဟု မေးစရာရှိလာမည်။
ဥရောပအသိုင်းအဝိုင်းကြားတွင် ပြောနေကျစကားတစ်ခွန်းရှိသည်။
“သူတို့က ခေါင်းတစ်ချက်ညိမ့်လိုက်ရုံနှင့် ဥရောပနိုင်ငံတွေမှာရှိတဲ့ ခေါင်းဆောင်တွေကို ချက်ချင်းဖြုတ်ပစ်နိုင်တယ်”ဟူသော စကားဖြစ်သည်။
ထိုအရာကလုပ်ကြံလီဆယ်ပြီးချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
နိုင်ငံရေးသမားတစ်ဦးသည် သူ့နေရာတည်မြဲရန် ငွေကြေးအထောက်အပံ့ လိုအပ်သည်။ ထိုအချက်ကြောင့်ပင် လာဒီးနစ်မိသားစု၏ အထောက်အပံ့နှင့် မကင်းကွာကြပေ။ နိုင်ငံ့ခေါင်းဆောင်များက လာဒီးနစ်မိသားစု၏ ရုပ်သေးရုပ်သဖွယ်ဖြစ်လာကြသည်။ဒါတင်မကသေးဘဲ လာဒီးနစ်မိသားစု၏ ဩဇာအာဏာက တစ်စတစ်စ
ပိုမိုပြီးကြီးထွားလာသည်။
“ဒါဆို လာဒီးနစ်မိသားစုဝင်တွေ ဒီပွဲကိုလာကြတယ်ပေါ့”
အက်တမ်၏ မျက်နှာ ချက်ချင်းပျက်သွားသည်။ လာဒီးနစ်မိသားစုသာရှိနေပါက သူဒီနေ့လက်ဗလာနှင့် အိမ်ပြန်ရတော့မည်။
“သူတို့က ဒီလိုလေလံပွဲတွေကို စိတ်ဝင်စားလို့လား”
“ဆရာ ကျွန်တော်ကြားတာတော့ လာဒီးနစ်မိသားစုက ဒီပွဲကိုမတက်ဖူးဆိုလားလို့။ ကြည့်ရတာ အခန်း (၁)ရဲ့ ပိုင်ရှင်က တခြားတစ်ယောက်များဖြစ်နေမလား”
“ဟမ်” အက်တမ်တစ်ယောက် မတွေးတတ်အောင်ဖြစ်ရသည်။
အကယ်၍ လာဒီးနစ်မိသားစုက ပွဲကိုမတက်ပါက သူတို့နေရာကို တခြားတစ်ယောက်အား
ရော့စ်ချိုင်းမိသားစုက ထိုင်ခွင့်ပေးမည်မဟုတ်ပေ။
“ကဲ သွားပြီး စုံစမ်းကြည့်။အကယ်၍ လာဒီးနစ်မိသားစုဝင်ထဲက တစ်ယောက်ယောက်သာဆို လက်ဆောင်ဝယ်သွားပြီး ငါ့ကိုယ်စားတောင်းပန်ခဲ့..အကယ်၍ မဟုတ်ဘူးဆိုရင်တော့ ….အင်း”
“ဟုတ်ကဲ့ နားလည်ပါပြီ ဆရာ”
“ဟာ..နေ့တိုင်း ပြသနာကောင်တွေနဲ့တိုးနေရတာကွာ” ဖန့်ကြွယ်ယွီက ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်လဲချသည်။
နောက်ထပ်ပြသမည့် လေလံပစ္စည်းများက စျေးမြင့်လာတော့မည်။ ယခုအချိန်ထိ သူက ယူရို သန်း၂၀၊၃၀ သာ သုံးရသေးသည်။ ထို့ကြောင့် သူသုံးပစ်ချင်သော ပမာဏနှင့် အလှမ်းကွာသည်ဟု ဆိုနိုင်သည်။
“စိတ်အနှောင့်အယှက်လေးဖြစ်ခဲ့ရမယ်ဆို တောင်းပန်ပါတယ်။ နောက်ပြမည့်ပစ္စည်းက အားလုံး စိတ်ဝင်တစား စောင့်နေကြမဲ့ အရာဆိုတာ ယုံကြည်ပါတယ်” စကားလက်က လက်ဖျောက်တီးလိုက်သောအခါ လှပသောပန်းချီကားတစ်ချက်ကို လေလံဆွဲသည့် စင်မြင့်ပေါ်သို့ ယူလာကြသည်။
“ဒါက နာမည်ကြီး အီတလီပန်းချီဆရာရက်ဖယ်ရဲ့ “အပျိုစင်တစ်ဦးနှင့် လက်ဆက်ခြင်း” ပန်းချီကားပဲဖြစ်ပါတယ်။”
“ဝိုး” ပရိတ်သက်များက အံ့ဩတကြီးဖြစ်နေကြသည်။
ရက်ဖယ်ဟူသော နာမည်နှင့် မည်သူမှ မစိမ်းပေ။ သူ့လက်ရာပန်းချီကားများက တန်ဖိုးမြင့်မားသည်။ သူ့ပန်းချီကား အများစုကို ပြတိုက်များမှာသာ မြင်တွေ့ရပြီး ကိုယ်ပိုင်ပန်းချီကားအဖြစ် စုဆောင်းနိုင်မှုက ရှားပါးလှသည်။
ထိုပန်းချီကားကို မြင်လိုက်ချိန်တွင် ကြေးကြီးကြီးပေးပြီး လေလံဆွဲကြတော့မည်ဆိုတာ အသေအချာပင်ဖြစ်သည်။
“၄၁ သန်း”
“၄၃ သန်း”
“၄၄ သန်း”
ထိုကဲ့သို့ အဖိုးတန်ပန်းချီကားတစ်ချပ်ကို ဝယ်ယူစုဆောင်းလိုသူက ဒုနှင့်ဒေးဖြစ်သည်။ ထိုပန်းချီကားကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ငှါ ရှိသမျှ အကုန်ထုခွဲရောင်းချမည့်လူများတောင်ရှိသည်။
“ဒီပန်းချီကားရဲ့ အပိတ်စျေးက သန်း ၁၀၀ကျော်လောက်မယ်” ဟု ဝမ်ချုံးက ခန့်မှန်းသည်။
“မင်းက ဒါတွေလည်း သိတာပဲလား”
“တစ်ခါတုန်းက လေလံပွဲတစ်ခုမှာ ရက်ဖယ်ရဲ့ ပန်းချီကားကို ဒေါ်လာ သန်း ၁၈၀နဲ့ လေလံအောင်တာ ငါတို့သားအဖတွေတွေ့ဖူးတယ်။ ဒီပန်းချီကားက နည်းနည်းသေးတော့ စျေးကအဲ့လောက်ထိတော့ မမြင့်လောက်ဘူး”
ဝမ်ချုံးပြောတာမှန်နေသည်။ စျေးက ချက်ချင်းဆိုသလို ယူရိုသန်း ၈၀ကျော်သွားသည်။ ဆက်ပြီး တဖြည်းဖြည်းနှင့် စျေးမြှင့်နေဆဲဖြစ်သည်။ ပန်းချီကားစုဆောင်းသူများကထိုပန်းချီကားကို လိုချင်သဖြင့် အချင်းများမလိုလိုတောင် ဖြစ်နေကြသည်။
“နေပါဦး။ ဒီပန်းချီကားကို တစ်နေရာရာမှာမြင်ဖူးသလိုလိုပဲ”
“ပေါက်ကရတွေကွာ။ မင်း ဖတ်စာအုပ်ထဲမှာမြင်ဖူးတာနေမှာပေါ့။ ဘာလို့ အထူးအဆန်းလုပ်နေတာလဲ”ဟု ဝမ်ချုံးက ပြန်ပြောသည်။
“မဟုတ်ဘူး။ တကယ့်ပန်းချီကားကို အပြင်မှာတွေ့ဖူးတာ”
ဖန့်ကြွယ်ယွီက နဖူးကို အသံမြည်အောင်ရိုက်ရင်း “ ဟုတ်ပြီ။ဒီပန်းချီကားနဲ့ တစ်ထပ်တည်းတူတဲ့ ပန်ချီကားတစ်ချပ်ကို ရေချိုးခန်းထဲမှာ ချိတ်ဆွဲထားတာ”
သူ၏ အိမ်မှာ ပန်းချီကားတွေအပြည့်ရှိသော်လည်း ဖန့်ကြွယ်ယွီက ထိုပန်းချီကားများကို စိတ်မဝင်စားသလို အနုပညာမျက်စိဖြင့်လည်း မကြည့်တတ်ပေ။
သို့သော် သူက ပန်းချီကားတစ်ချပ်ကိုတော့ ကောင်းကောင်းကြီးမှတ်မိနေသည်။
သူရေချိုးခန်းဝင်တိုင်း ထိုပန်းချီကားကို မြင်လိုက်ရချိန်တွင် အင်အားအများကြီး ရလိုက်သလို ခံစားမိသည်။
“ကြည့် ဒိတစ်ခု မဟုတ်လား” ဖန့်ကြွယ်ယွီက သူ၏ ဖုန်းထဲမှာ ရိုက်ထားသောပုံကို ထုတ်ပြသည်။ ဖုန်းထဲက ပုံနှင့် လေလံဆွဲနေသော ပန်းချီကားက တစ်ထပ်တည်းဖြစ်သည်။
“မဖြစ်နိုင်တာ..မင်းဆီက ပန်းချီကားက အတုလား။ ဒီတစ်ခုက အတုလား”
“သခင်လေး..ရော့စ်ချိုင်းမိသားစုက အရမ်းစနစ်ကျတာ။ သူတို့ဆီမှာ ပစ္စည်းအစစ်အမှန်ဟုတ်မဟုတ်ဆိုတာ အတည်ပြုတဲ့ အဖွဲ့လေးရှိတယ်။ လေလံပွဲမှာရောင်းတဲ့ဟာတွေက အတုမဖြစ်နိုင်ပါဘူး”
“ဒါဆို ငါ့အိမ်ကဟာက အတုပေါ့”
“အင်း အာ့လည်း မဖြစ်နိုင်ပါဘူး။ ပန်းချီကားနှစ်ချပ်လုံးက အစစ်တွေဖြစ်မယ်”
“မင်းက ဘာကိုဆိုလိုတာလဲ”
“တကယ်တော့ ဒီပန်းချီကားက အတူတူပဲ။ ရေးဆွဲတဲ့လူပဲ မတူတာ။ ပန်းချီက တစ်ချက်ကို ရက်ဖယ်က ရေးဆွဲပြီး နောက်တစ်ချက်ကို မင်းရဲ့ ဘိုးဘေး ဖန့်မြောင်က ရေးဆွဲခဲ့တာ”
“မင်းက ဘာကိုဆိုလိုတာလဲ။ ငါနားမလည်ဘူး”
“ဖန့်မြောင်က စီးပွါးရေးသမားစစ်စစ်မဟုတ်ဘူး။သူကခရီးထွက်တာတို့ ပုံဆွဲတာတို့ ဝါသနာပါတယိ။ဒီ ပန်းချီကားကို ၁၅၀၄ခုနှစ်မှာ သူရေးဆွဲခဲ့တာ။အဲ့အချိန်တုန်းကရက်ဖယ်က သူ့တပည့်တစ်ဦးပေါ့။ အခုလေလံဆွဲနေတဲ့ ပန်းချီးကားက ဖန့်မြောင်ရဲ့ ပန်းချီကားကို တုပပြီး ရက်ဖယ်က ရေးဆွဲခဲ့တာ”
“သူ့ဘိုးဘေးတွေက ပန်းချီဆရာတွေလား” ဝမ်ချုံးက ဘာမှနားမလည်နိုင်တော့ပေ။
သူနားကြားမမှားဘူးဆို ရက်ဖယ်က ဖန့်ကြွယ်ယွီဘိုးဘေးတစ်ဦး၏တပည့်ဟု ကျွမ်းရီက အခိုင်အမာဆိုနေသည်။
“ဟမ် ဘာတွေမျာထူးဆန်းလို့လဲ” ဖန့်ကြွယ်ယွီက ပြန်မေးသည်။
“ပန်းချီဆရာတင်မကဘူး။တယောပညာရှင်၊ စန္ဒရားပညာရှင်တွေတောင် ငါတို့ မိသားစုထဲမှာရှိသေးတယ်။ဘာများ အထူးအဆန်းလုပ်နေတာလဲ”
“သန်း ၉၀” ဖန့်ကြွယ်ယွီက လေလံဆွဲသည်။
“သူပါလာပြန်ပြီ”
“မဖြစ်ဘူး။ ပန်းချီကားက သူ့လက်ထဲရောက်သွားတော့မယ်”
“ဘုရားရေ ဒီလူက ပိုက်ဆံပေါလှချည်လား”
“မင်းအိမ်မှာရှိနေပြီးသားလေ ဘာလို့ ထပ်ဝယ်နေမှာလဲ”
“ပန်းချီကားက တစ်ချပ်ပဲရှိတာ။ ငါ့အိမ်မှာ ရေချိုးခန်းတွေမှအများကြီး။ မင်းမသိပါဘူး။ ဒီပန်းချီကားထဲမှာ မမြင်နိုင်တဲ့ အင်အားတွေရှိတယ်။ ဒီတစ်ချပ်ကိုလည်း နောက်ရေချိုးခန်းထဲမှာချိတ်ထားဦးမယ်”