← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

"သူ ခိုးကူးနေတာ"

ကောင်လေးက ကျယ်လောင်စွာ အော်လိုက်သည်။ မှော်ဆရာ ဂယ်မန်က သူ့ကို လျစ်လျူရှုတာကို မြင်တော့ အားပါးတရ ခုန်လိုက်ပြီး သူ့မျက်နှာက ဒေါသဖြင့် နီရဲနေသည်။

"ကောင်းပြီ။ ခင်ဗျားတို့ ဒီကိစ္စကို ဂရုမစိုက်ဘူးပေါ့။ ကျွန်တော် ကျွန်တော့်အဘိုးကို ပြောပြမယ်။ ခင်ဗျားတို့ မှော်ဆရာမျှော်စင်က ဒီနှစ် စစ်ဆေးမှုကို အောင်ချင်သေးတာလား"

ဒီကောင်လေးက ဘယ်သူပါလိမ့်။ ဒီလို ပြောရဲဆိုရဲပုံစံနဲ့ သူက ဒုတိယမျိုးဆက် မှော်ဆရာလားမဟုတ်ဘူး တတိယမျိုးဆက်တောင် ဖြစ်နိုင်တယ်။

ဂါရက် မြန်မြန် ကိုင်းညွတ်ပြီး ကျောပိုးအိတ်ထဲက စာရွက်အားလုံးကို ထုတ်ယူလိုက်သည်။ အနည်းငယ် သပ်ရပ်အောင် လုပ်ပြီးမှ လှမ်းပေးလိုက်သည်။ မှော်ဆရာ ဂယ်မန်က တစ်ရွက်ချင်းစီ လှန်ကြည့်ပြီး ရုတ်တရက် နှာမှုတ်လိုက်ပြီး စာရွက်တွေကို ဂါရက်ရှေ့မှာ ဝုန်းခနဲ ပစ်ချလိုက်သည်။

"မင်းကို စုစည်းခိုင်းတာ ဒါပဲ စုစည်းထားတာလား"

"ဪ... ဟမ်"

ဘယ်တုန်းက ကျွန်တော့်ကို ကူးခိုင်းလို့လဲ။

ဂါရက် အံ့အားသင့်သွားသည်။ ဒါပေမဲ့ မှော်ဆရာ၏ စကားများက သူ့ကို လျှို့ဝှက်စာအုပ်ကူးခြင်း၏ တာဝန်ကနေ ကင်းလွတ်စေချင်သည်မှာ ရှင်းရှင်းလင်းလင်းပင်။

ဂါရက်က မိုက်မဲ့သည့်သူ မဟုတ်သည့်အတွက် ချက်ချင်း တောင်းပန်လိုက်သည်။

"ကျွန်တော် ဂရုမစိုက်မိလို့ပါဗျာ"

"အက္ခရာ အကြီးအသေးတောင် ခွဲခြားမထားဘူး။ အက္ခရာစဉ်က ရှုပ်ထွေးနေတယ်။ ပြန်လုပ်"

"ဪ... ဟုတ်ကဲ့"

ဂါရက် အပျော်ကြီးပျော်ပြီး အလျင်အမြန် သဘောတူလိုက်သည်။ မှော်ဆရာက သူ့ကို ထပ်မံ ဂရုမစိုက်တော့ဘဲ လက်နောက်ပစ်ပြီး ထွက်သွားသည်။ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးတော့ ဒုတိယ အမိန့်ကို ချမှတ်လိုက်သည်။

"စာအုပ်နှစ်အုပ် ကူး တစ်အုပ်ကို မင်းအတွက် ထား။ တစ်လခွဲအတွင်း အပ်ရမယ်"

"ဟုတ်ကဲ့"

ဂါရက်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

သူ အခု စာအုပ်တွေ ကူးလို့ရပြီ။ ပွင့်ပွင့်လင်းလင်းကိုလုပ်လို့ရပြီ။ အံ့မခန်းပဲ…

အဘိဓာန်တွေက တကယ်ကို အသုံးဝင်တာပဲ။

မည်သည့် ဘာသာစကားသစ်ကိုမဆို သင်ယူသူတိုင်း အဘိဓာန်၏ ဆွဲဆောင်မှုကို မခံနိုင်ကြဘူးဟု ဆရာက အမြဲပြောခဲ့သည်။

မှော်စာရေးနည်းကို သင်ယူခဲ့ပေမဲ့ Elvish ဒါမှမဟုတ် နဂါးဘာသာစကားကို လေ့လာဖို့ မလိုဘူးလား။

(T/L: Elvishဆိုတာက လက်တင်ဘာသာစကားတစ်မျိုးပါ)

ခဏလေး ဒီဘာသာစကားတွေရော ဒီကမ္ဘာမှာ ရှိနေသေးလား။

သူ အတွေးများကို စုစည်းကာ မှော်ဆရာနောက်သို့ လေးစားစွာ လိုက်ပါသွားခဲ့သည်။ ဂယ်မန်က ခြေလှမ်းအနည်းငယ်လှမ်းပြီး ရုတ်တရက် ရပ်တန့်ကာ သူ့တပည့်ကို ပြောလိုက်သည်။

"သူ့ကို စောင့်ကြည့်ထား"

သူ့လေသံတွင် အနည်းငယ် ပြတ်သားမှု ပါနေသည်။ အယ်လယောတ်က အလျင်အမြန် သဘောတူလိုက်သည်။ ဂယ်မန်က ခေါင်းခါပြီး စကားတစ်ခွန်းမှ မပြောဘဲ ဓာတ်လှေကားဖြင့် ထွက်ခွာသွားသည်။ အယ်လယောတ်သည် သူ့ဆရာ၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ လေးစားစွာ ရပ်နေခဲ့ပြီးမှ ဂါရက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

ဂါရက်က အလျင်အမြန် တောင်းပန်လိုက်သည်။

ကလေးလေး အစောပိုင်းက အော်ဟစ်နေစဉ် အယ်လယောတ်က မသိသလို ဟန်ဆောင်ပြီး သူ့ဘာသာ ထွက်သွားခဲ့သော်လည်း ဂါရက်က စာကြည့်တိုက်ထဲတွင် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် အယ်လယောတ်၏ ရည်ရွယ်ချက်ရှိရှိ ပေါ့လျော့မှုကို မှော်ဆရာ ဂယ်မန်က ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သည်။ ဂါရက် သူ့ကို နည်းနည်း သနားမိသွားသည်။

ဂါရက်၏ တောင်းပန်မှုကြောင့် အယ်လယောတ်၏ ပုံစံက နည်းနည်း ပျော့ပြောင်းသွားသည်။ သူ စာရွက်များကို ကောက်ယူပြီး လှန်လှောကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် လက်မြှောက်ကာ ဂါရက်၏ ကျောကို ပုတ်လိုက်သည်။

"မင်းတော့ ကံကောင်းတာပဲ"

"ဟုတ်တယ်"

ဂါရက်က စိတ်အေးလက်အေး ပြုံးလိုက်သည်။ အနည်းငယ် တုန်လှုပ်နေတုန်းပင်။ အယ်လယောတ်က သူ့ဘေးက ကောင်လေးကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။

"မင်း အချိန်ကိုက်ရောက်လာတာ သိလား။ မှော်ပညာကောင်စီက မှော်ပညာမျှော်စင်အားလုံးကို နှစ်စဉ် စစ်ဆေးတယ်။ မှော်ဆရာသင်တန်းသား ဘယ်လောက်များများ သင်ကြားပေးနိုင်လဲ၊ မှော်ပညာအသစ်တွေမှာ တိုးတက်မှု ရှိလားဆိုတာ ရေတွက်တယ်။ ရမှတ်နည်းရင် ရန်ပုံငွေ လျော့ပြီး နောက်နှစ်ဆို ခက်ခဲသွားမှာ။

ဇွန်လမှာ စစ်ဆေးမှု လာတော့မယ်၊ သုတေသနကလည်း မကောင်းဘူး... မင်းရဲ့ ဒီကိစ္စလေးက တကယ်တော့ တော်တော် စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်နိုင်ဖွယ် ရှိတယ်..."

ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ။ အဘိဓာန်ကူးတာ တကယ်ပဲ အသုံးဝင်တာပဲ။

ဂါရက်က သက်ပြင်းချလိုက်ပြီး သူ့ပခုံးများ ချက်ချင်း ကျုံ့ဝင်သွားတော့သည်။ မှော်ဆရာ အယ်လယောတ်က စာရွက်နှစ်မျက်နှာခန့် ထပ်လှန်ကြည့်ပြီး ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဆရာက မင်းကို စောင့်ကြည့်ဖို့ ငါ့ကို ပြောခဲ့တာ...

ဟူးး….အက္ခရာတောင် မသိတဲ့သူကို သင်ပေးရတာ တကယ့်ကို ပင်ပန်းတဲ့အလုပ်ပဲ။ ငါ စမ်းသပ်မှုတစ်ခု လုပ်ဖို့ အလျင်စလိုသွားရတော့မယ်။ ဒါဆို ဒီလိုလုပ်ကြမယ်..."

သူ စကားအနည်းငယ် တီးတိုးပြောပြီး ရုတ်တရက် လက်မြှောက်ကာ ဂါရက်၏ နဖူးကို လက်ညှိုးထိုးလိုက်သည်။ အေးစက်စက် အလင်းရောင်တစ်ခု လျှပ်ခနဲ လင်းလာပြီး ဂါရက်သည် သူ့ခေါင်းထဲတွင် မရေမတွက်နိုင်သော အရာများ ပြွတ်သိပ်ထည့်လိုက်သလို ခံစားလိုက်ရသည်။ အယ်လယောတ်က လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်း ဘာသာ မင်း လေ့လာတော့။ ငါ သွားပြီ"

ဂါရက် ရုတ်တရက် လှည့်လိုက်သည်။ စားပွဲပေါ် ပြန့်ကျဲနေသော စာမျက်နှာများ၊ သူ မမှတ်မိသေးဘဲ လုံးဝ မသင်ယူရသေးသော မှော်စာရေးနည်း စာလုံးတိုင်း၏ အဓိပ္ပာယ်က ထိုအချိန်တွင် ရှင်းလင်းပြတ်သားနေတော့သည်။

All Chapters