← Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

ဟန်ကျောက်က ယူကာ ကြည့်လိုက်သည်။ ပုံရိပ်ယောင် ပြောင်းလဲခြင်း စွမ်းရည်အပြင် ထိုစွမ်းရည်ကို ထိန်းသိမ်းရန်အတွက် မှတ်သားဖွယ်ရာ များလည်း ပါရှိသည်။

သူဟာ ဒီဗိုင်းလက်နက်အတွင်းရှိ ယင်စွမ်းအင်ကို ပုံမှန် စုပ်ယူရန် လိုအပ်၏။ တစ်ချိန်တည်းတွင် သွေးအဆီအနှစ် စွမ်းအားကိုလည်း အများအပြား စုပ်ယူရန် လိုအပ်သည်။

ထိုအခါမှသာ ခန္ဓာကိုယ်ဟာ လူသားတစ်ပိုင်း၊ ထူးခြားမှုတစ်ပိုင်း စွမ်းရည်များကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် သာမန် သိုင်းသမားများကဲ့သို့ သိုင်းပညာမျိုးစုံကို ကျင့်ကြံနိုင်မည် ဖြစ်၏။

ပြောရလျှင် နံပါတ်၉၏ ဒီရှင်းလင်းချက်များသာ မရှိပါက ဟန်ကျောက်၏ ကိုယ်ပွားဟာ အနှေးနှင့်အမြန် ပြဿနာများ ရှိလာမှာပါ။

“ကျေးဇူးတင်ပါတယ်… အစ်ကိုကိုး”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။

“ညီအစ်ကိုဟန်.. မင်းက အရမ်းကြီး လေးနက်နေပြန်ပါပြီ။ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ မင်းလိုလူတစ်ယောက်ကို ဆုံရတဲ့အတွက် ဘာနောင်တမှ မရှိတော့ပါဘူး။ စတင်ကြရအောင်”

“ကောင်းပြီ”

ဟန်ကျောက်က ဘေးရှိ အိပ်ယာကို ညွှန်ပြပြီး နံပါတ်ကိုးကို ထိုင်စေ၏။ နံပါတ်ကိုးက တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူ၏ မူလက ရန်ငြှိုးများနှင့် ကြမ်းကြုတ်သည့် မျက်နှာဟာ ယခုအချိန်၌ များစွာ ပိုမိုငြိမ်းချမ်းလာသည့် ပုံပါ။

ဟန်ကျောက်ဟာ သူ၏ သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီကို လှည့်လည်ပြီး လက်ဝါးနှစ်ဖက်ကို အတူတူ စုလိုက်သည်။ ညင်သာစွာ ရေရွတ်၏။

“နမော… အာမိတ..”

ထိုအချိန်၌ နံပါတ်ကိုး၏ မြင်ကွင်းထဲတွင် ကျိုကျိုးဟာ ဂရုဏာကြီးမားကာ လေးနက်သည့်အသွင် ရှိ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဗုဒ္ဓ၏ အရောင်ခုနစ်မျိုး အလင်းအား ထုတ်လွှတ်နေပါသည်။

သူဟာ လူသားတစ်ပိုင်း၊ ထူးခြားမှုတစ်ပိုင်း ဖြစ်လာစဉ်ကတည်းက မီးတောက်၊ ယန်အတွင်းအားနှင့် အစစ်အမှန်ချီကို ရင်ဆိုင်ရသည်မှ လွဲ၍ သူ၏ခန္ဓာကိုယ်ဟာ အခြား မည်သည်ကို ကြုံတွေ့ရပါစေ ခံစားချက်တို့ ပေါ်လာခြင်း မရှိတော့ပါ။

ယခုကဲ့သို့ နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားဖူးခဲ့သည်မှာ ကြာညောင်းလှပြီ ဖြစ်၏။

ဟန်ကျောက်၏ ဘဝကူးမန္တန်အား ကိုးကြိမ်မြောက် ရွတ်ဆိုမှုအပြီးတွင် သူဟာ နံပါတ်ကိုးဆီမှ အငြှိုးစွမ်းအားတို့ကို ခံစားရခြင်း မရှိတော့ပါ။

နံပါတ်ကိုး၏ အသွင်ဟာ အေးချမ်းနေပြီး သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်နေကာ သဘာဝဆန်ကာ သက်တောင့်သက်သာ ရှိနေပါသည်။

“အစ်ကိုကိုး.. ကျွန်တော်တို့တွေ.. နောင်မှာ ပြန်တွေ့ကြတာပေါ့”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။

သူဟာ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သွေးစိတ်ဝိညာဉ်မူဝါဒကို အသက်သွင်းလိုက်သည်။ သူ၏ အရေအပြားဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် နီရဲလာခဲ့၏။

သွေးဆက်များဟာ ခန္ဓာကိုယ်မှ ဆက်တိုက် စီးထွက်လာခဲ့သည်။ ထို့နောက် သွေးများဟာ လက်ဝါးတွင် စုစည်းလာ၏။

နောက်ဆုံးတွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် နံပါတ်ကိုး၏ မျက်ခုံးနှစ်ခုအကြားသို့ ဝင်ရောက်သွားသည်။

ထိုအချိန်၌ နံပါတ်ကိုး၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။ မှန်ကြည့်ရခြင်းနှင့် တူသည့် မှော်ဆန်သည့် ခံစားချက်တစ်ခု ပေါ်လာ၏။

ဟန်ကျောက်ဟာ နံပါတ်ကိုးမှတစ်ဆင့် သူ၏ရှုထောင့်ကို ပြောင်းလဲနိုင်ရုံမက သွေးချီမှတစ်ဆင့် နံပါတ်ကိုး၏ လှုပ်ရှားမှုများကိုလည်း တစ်ခါတည်း ထိန်းချုပ်နိုင်ပါသည်။

ထိုအချိန်၌ သွေးစိတ်ဝိညာဉ်ကိုယ်ပွား၏ အချက်အလက်များဟာ ကိုယ်ရေးအချက်အလက် ဇယားတွင် ပေါ်လာခဲ့သည်။

“အမည်- မရှိသေး(သွေးစိတ်ဝိညာဉ်ကိုယ်ပွား)”

“ကျင့်စဉ်- ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း(ပထမအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်”

“ထင်ထားတဲ့အတိုင်းပဲ.. ကိုယ်ပွားကိုလည်း စွမ်းရည်မှတ်တွေ တစ်ခါတည်း ထည့်ပေါင်းလို့ရတယ်”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ သူဟာ ထင်ထားပြီး ဖြစ်ပေမယ့် အတည်ပြုပြီးနောက် နောက်ဆုံး စိုးရိမ်မှုတို့ဟာ လုံးဝ ပျောက်ကွယ်သွားသည်။

သွေးစိတ်ဝိညာဉ်ကိုယ်ပွားကို အသုံးပြုခြင်းဟာ သူ၏သွေးချီ ဆယ်ပုံတစ်ပုံကို ခွဲထုတ်လိုက်ရ၏။ တစ်ချိန်တည်းတွင် သွေးကိုယ်ပွားကို သယ်ဆောင်သည့် ခန္ဓာကိုယ်အတွက် အနည်းဆုံး သူ၏ အတွင်းအားတစ်ဝက်ကိုလည်း ခွဲဝေပေးရသည်။

ထိုအခါမှသာ ကိုယ်ပွာားဟာ အဓိကခန္ဓာကိုယ်၏ ခွန်အား ၈၀%နီးပါးကို ထုတ်လွှတ်လာနိုင်၏။ ဟန်ကျောက်မှာတော့ ကိုယ်ပွား ရှိနေစဉ်တွင် သူ၏ ခွန်အား တစ်ဝက်ကိုသာ အသုံးပြုနိုင်ပါသည်။

သို့ပေမယ့် အကျိုးအမြတ်များမှာလည်း သိသာလှသည်။ ခြားနားသည့် ကျင့်စဉ်များကို တစ်ပြိုင်နက် ကျင့်ကြံရန်အတွက် လူတစ်ယောက် ထပ်တိုးလာခြင်း ဖြစ်သည်။

အရင်းအမြစ်များသာ လုံလောက်ပါက သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ နှစ်ဆကိုပင် ကျော်လွန်သွားမှာပါ။

ပြီးခဲ့သည့် ၂၀ရက်အတွင်းတွင် သူဟာ အချိန်အများစုကို ဆေးလုံးသန့်စင်ကာ ကုန်ဆုံးခဲ့၏။ ထို့ကြောင့် ကျင့်စဉ်များ၏ တိုးတက်မှုဟာ ရပ်တန့်လုနီးပါး ရှိနေပါသည်။

ဆေးပညာဟာ ရေရှည်တွင် အလွန် အကျိုးများ၏။ သူဟာ လေ့လာရန် လိုအပ်ပါသည်။

ဟန်ကျောက်ဟာ စွမ်းရည်မှတ် အားလုံးတို့ကို ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းတွင် ထည့်ပေါင်းရန် စဉ်းစားထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နံပါတ်ကိုး၏ ခန္ဓာကိုယ်ဟာ အစွန်းရောက်ယင်နှင့် မကောင်းမှု ခန္ဓာ ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ အလယ်အလတ် အနိမ့်ပိုင်း ပါရမီထက် များစွာ သာလွန်၏။

ထို့ကြောင့် စွမ်းရည်မှတ်တို့ ထည့်ပေါင်းရန် သေချာပေါက် ထိုက်တန်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီနေရာတွင် ကိစ္စများစွာတို့ကို ထွက်ခွာဆောင်ရွက်မည်မှာ ဒီကိုယ်ပွားသာ ဖြစ်သောကြောင့် ဖြစ်သည်။ အားနည်းနေလို့ မဖြစ်ပါ။

“စနစ်… ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းကို ဒုတိယအဆင့်အထိ မြှင့်တင်လိုက်”

“စွမ်းရည်မှတ်- ၅၂…. ၄၂”

“ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း (ဒုတိယအဆင့် စတင်ခြင်းအဆင့် ၂၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထက်မြမှု အဆင့်၃”

“ဝိုး”

ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွား၏။ ဒီအဆင့်ရှီ ဓါးသိုင်းတစ်ခုကို ဒုတိယအဆင့်အထိ မြှင့်တင်ရန် စွမ်းရည်မှတ် ၁၀မှတ်ကိုသာ အသုံးပြုခဲ့ရလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် နံပါတ်ကိုး၏ ခန္ဓာကိုယ်ဟာ ဒီဓါးသိုင်းနှင့် မည်မျှ သင့်တော်ကြောင်းကို တွေ့မြင်နိုင်ပါသည်။

ဆိုလိုသည်ကား သူ၏ အဓိကခန္ဓာ၏ မူလပါရမီဟာ စိတ်ပျက််စရာ ကောင်းလောက်အောင် အဆင့်နိမ့်လှပါသည်။

“ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းကို မြှင့်နိုင်သမျှ မြှင့်တင်လိုက်”

ဟန်ကျောက်က တိတ်ဆိတ်စွာ ရေရွတ်၏။

“စွမ်းရည်မှတ်များ- ၄၂… ၀”

“ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၆၆%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထက်မြခြင်း အဆင့်၁၁၊ ဓါးငိုကြွေးခြင်း အဆင့်၈၊ မိုးပြန်အား အဆင့်၅”

ဟန်ကျောက်ဟာ သွေးစိတ်ဝိညာဉ်ကိုယ်ပွားကို ထိန်းချုပ်ကာ မိုးပြန်အားကို အသက်သွင်းလိုက်သည်။ မိုးရေစက်များနှင့် သေးငယ်သည့် အပ်များကဲ့သို့ တတုတ်တုတ်ခုန်နေသည့် အတွင်းအားဟာ ကိုယ်ပွား၏ လက်ဝါးထဲတွင် ပေါ်လာခဲ့သည်။

ဤသည်မှာ အတွင်းအားကို ဖမ်းဆုပ်ခြင်းအဆင့် ဖြစ်လောက်ပါသည်။ သိ့ပေမယ့် အတွင်းအားဟာ အလွန်များပါးလှပြီး အရည်အသွေးက ထူးကဲလှသည်။

“ဒီကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းက အရမ်းစွမ်းအားကြီးတာပဲ”

ဟန်ကျောက်ဟာ ဒီအတွင်းအားကို လက်နှင့်လက်ချောင်းများသဖွယ် ခံစားရသည်။ ထိန်းချုပ်နိုင်မှုဟာ အံ့ဩစရာကောင်းလောက်အောင် မြင့်မား၏။

တစ်နည်းအားဖြင့် အရည်အသွေးချင်း နှိုင်းယှဉ်ပါက ကျင့်စဉ်သုံးခုက ပေါင်းစပ်ဖြစ်တည်လာသည့် သုံးပါးသော အနှစ်သာရအားသာလျှင် မိုးပြန်အားထက် သာလွန်နိုင်လိမ့်မည်။

“ငါ့ရဲ့ ဒြပ်စင်သုံးပါးအား တစ်ဝက်ကျော်နဲ့ ဒီသွေးစိတ်ဝိညာဉ်ကိုယ်ပွားက ချီတစ်ဆင့် စစ်ဘုရင်နဲ့တော့ နှိုင်းယှဉ်နိုင်မှာ မဟုတ်လောက်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ကိုတော့ အလွယ်တကူ အနိုင်ယူနိုင်တယ်”

သူသာ စွမ်းရည်မှတ် ၅၂မှတ်ကို သူ့ကိုယ်သူတွင် ထည့်ပေါင်းလိုက်ပါက စတုတ္ထအဆင့်၏ စတင်ခြင်း ၁%သို့ပင် ရောက်ရှိရန် ခက်ခဲနေမှာပါ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အခြေခံပါရမီ၏ အရေးကြီးပုံကို တွေ့မြင်နိုင်၏။

သူဟာ ဆန်မာရုအိတ်အတွင်းမှ သက်ခြွေဓါးကို ထုတ်ကာ နံပါတ်ကိုး၏ ခါးတွင် ချိတ်ဆွဲလိုက်သည်။ ဝတ်ဆင်ထားသည့် သွေးနီရောင် ဝတ်စုံကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

နံပါတ်ကိုးကို ထိန်းချုပ်ဟာ အဖြူရောင်ဝတ်စုံသို့ ပြောင်းလဲလိုက်သည်။

“နံပါတ်ကိုးရဲ့ ခန္ဓာကိုယ်က ပုံရိပ်ယောင် အသွင်ပြောင်းခြင်းကို လုပ်ဆောင်နိုင်တယ်။ ကြည့်ရတာ ရုပ်အသွင်ကိုလည်း တစ်ခါတည်း ပြောင်းလဲနိုင်လောက်တယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားရင်းမှ နံပါတ်ကိုး၏ မျက်နှာကြွက်သားများကို ထိန်းချုပ်လိုက်သည်။

မျက်နှာအရိုးများဟာ ဆက်တိုက် ပြောင်းလဲနေပြီး ကြွက်သားများကို နေရာပြန်ချသည်။ နောက်ဆုံးတွင် သန်မာသည့် လူငယ်တစ်ယောက်၏ ရုပ်ရည်ဟာ ပေါ်လာခဲ့၏။

သူ၏ ရုပ်ရည်ဟာ ချောမောခြင်းနှင့် ဘာမှ သက်ဆိုင်ခြင်း မရှိပေ။ အနည်းငယ် ရုပ်ဆိုးသည်ဟုပင် ဆိုနိုင်၏။ သို့ရာတွင် သူ့တွင် ကြည့်ကောင်းသည့် လက်တစ်စုံရှိပါသည်။ ၎င်းတို့ဟာ သာမန်လူများထက်ပင် များစွာ ပိုမိုသွယ်လျ၏။

တစ်ချိန်တည်းတွင် သာမန်လူများထက် နှစ်လက်မကျော်လည်း ပိုမိုရှည်သည်။

“ဝုရှ်”

လူငယ်၏ခါးရှိ ဓါးဟာ ဓါးအိမ်မှ ထွက်လာခဲ့သည်။ ငွေရေခဲကဲ့သို့ ဓါးဟာ ကြမ်းတမ်းသည့် တုန်ခါမှုတစ်ခုကို ထုတ်လွှတ်လာပြီး လေဟာနယ်ဟာ ပြိုကွဲသွားတော့မည့် ပုံပါ။

All Chapters