← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

“…. သင်သည် ကျီမိသားစုရှိ အထက်ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ရရှိကာ ဆေးဖော်စပ်ရန်အတွက် များပြားလှသည့် အရင်းအမြစ်များကို ရရှိခဲ့သည်"

“သင်သည် ဗာဂျရာအတတ်နှင့် ဆေးပညာကို တစ်ပြိုင်နက် ကျင့်ကြံခဲ့၏။ သို့ပေမယ့် အလယ်အလတ် ဆေးပညာရှင်အဖြစ်သို့ မတက်ရောက်နိုင်ပဲ ရှိနေလေသည်”

“အသက်၂၄နှစ်တွင် သင်သည် ဗာဂျရာအတတ်ကို တတိယအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် စိတ်ဝိညာဉ် လုယူခြင်းအတတ်အား စတင်ကျင့်ကြံ၏”

“နှစ်ဝက်ကြာပြီးနောက် သင်သည် စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ ပထမအဆင့်ကို တတ်မြောက်ကာ လုယင်ရွှမ်း၏ ယင်နှင့်ယန် မညီမျှမှုကို ဖြေရှင်းပေးရန်အတွက် ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့သို့ ပြန်လာခဲ့သည်။ ထို့အပြင် ကျီပိုင်ဝေဟာ သင်တို့အကြောင်းကို သိရှိသွားခြင်း မရှိခဲ့ပေ”

“အသက်၂၅နှစ်တွင် သင်သည် လုယင်ရွှမ်းနှင့်အတူ စမ်းသပ်ပွဲတွင် အလယ်ပိုင်းစီရင်စု၏ ပွဲတွင် အတူတူ ပါဝင်ဆင်နွှဲခဲ့သည်”

“စမ်းသပ်ပွဲအတွင်းတွင် သင်သည် နတ်ဆိုးဖင်းအားကို အထွတ်အထိပ်သို့ မြှင့်တင်ခဲ့သည်”

စမ်းသပ်ပွဲ ပြီးဆုံးပြီးနောက် သင်ဟာ အဆင့်၃၁ချိတ်ပြီး၊ လုယင်ရွှမ်းဟာ အဆင့်၉ချိတ်ခဲ့သည်။ သူမသည် ဖန်တီးခြင်းဆေးလုံး တစ်လုံးကို ရရှိကာ သင့်ကို ပေးခဲ့သည်”

“အသက်၂၆နှစ်တွင် သင်ဘယ်တုန်းကမှ တန််ဖိုးမထားခဲ့သည့် သွေးစိတ်ဝိညာဉ်မူဝါဒကို ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ကျင့်ကြံခဲ့သည်‌။ နောက်ဆုံးတွင် သင်သည် သွေးစိတ်ဝိညာဉ်ကိုယ်ပွား စွမ်းရည်ကို ရရှိလာခဲ့သည်။ သွေးချီကို အသုံးပြကာ ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်၏”

“သင်သည် ကိုယ်ပွားကို အသုံးပြုကာ လုယင်ရွှမ်းနှင့် ကျီပိုင်ဝေတို့အကြား လှည့်လည်ခဲ့ပြီး သူမတို့ဟာ သတိမထားမိခဲ့ကြပေ”

“အသက်၂၇နှစ်တွင် သင်သည် ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီး သုံးပါးသော အနှစ်သာရအားဟာ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခဲ့သည်။ လုယင်ရွှမ်းဟာ သိုင်းသူတော်စင် အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့၏”

“အသက်၂၈နှစ်တွင် သင်သည် ငရဲကိုးခုစံအိမ်၏ ချီငါးဆင့် စစ်ဘုရင်အဆင့်နှင့် ကြုံတွေ့ခဲ့သည်။ သင်၏ နည်းလမ်းအားလုံးနှင့် သုံးပါးသော အနှစ်သာရအား အကြီးစားကျွမ်းကျင်မှုကို အသုံးပြုကာ စိတ်ဝိညာဉ်သုံးပါးမြားအတတ်နှင့် အဝေးပစ်တိုက်ခိုက်ပြီး တစ်ဖက်လူကို အားအင်ကုန်ခမ်းကာ သေဆုံးစေခဲ့သည်”

“အသက်၃၀နှစ်တွင် သင်သည် စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို ဒုတိယအဆင့်အထိ ကျင့်ကြံခဲ့ပြီး လုယင်ရွှမ်း၏ နဂါးဟိန်းခန္ဓာ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။ သင်၏ ကျင့်ကြံမှု အမြန်နှုန်းဟာ ကြီးစွာ တိုးတက်လာခဲ့၏”

“အသက်၃၆နှစ်တွင် သင်သည် ချီငါးဆင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့၏။ သုံးပါးသော အနှစ်သာရအားဟာ ပြီးပြည့်စုံသွားခဲ့သည်။ မိုးတန်ပြန်အားဟာ ပြီးပြည့်စုံသွားခဲ့သည်။ နဂါးနီအားဟာ ပြီးပြည့်စုံသွားခဲ့သည်။ စိတ်ဝိညာဉ်သုံးပါးအားဟာ ပြီးပြည့်စုံသွားခဲ့သည်”

“သိုင်းသူတော်စင် အဆင့်သို့ ဝင်ရာက်ပြီးနောက် အဆင့်နိမ့် ဒီဗိုင်းစွမ်းအား တစ်ခုကို စုစည်းနိုင်ရန် သင်သည် ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားအားလုံးတို့ကို ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်”

“အသက်၃၇နှစ်တွင် အဆင့်ချိုးဖျက်ရန် သင်စီစဉ်ခဲ့သည်။ သို့ပေမယ့် အချိန်အား စီမံရာတွင် အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့၏။ လုယင်ရွှမ်းနှင့် ကျီပိုင်ဝေတို့ဟာ သင့်ကို တစ်ပြိုင်နက် လာရောက်စောင့်ကြပ်ခဲ့ကြသည်။ သူမတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့၏”

“အမျိုးသမီးနှစ်ယောက်လုံး အတူတူ သေဆုံးတော့မည် အပြုတွင် သင်သည် တိုက်ပွဲအား သွားရောက်တားဆီးကာ လုယီရွှမ်း၏ ဒီဗိုင်းစွမ်းအားငယ်နှင့် ကျီပိုင်ဝေ၏ ဒီဗိုင်းလက်နက်တို့ကြောင့် မတော်တဆ ဒဏ်ရာရသွားခဲ့သည်။ သင်သည် နေရာမှာတင် သေဆုံးခဲ့ရ၏”

“မိန်းမတွေများ… သတ်မယ်ဖြတ်မယ် ဆိုတာချည်းပဲ” ဟန်ကျောက်ဟာ အစမ်းရှင်သန်ခြင်း အတွင်းရှိ အချက်အလက်များကို ကြည့်ကာ မှင်သက်သွားသည်။

“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၅၀၀လျန်”

မှတ်ဉာဏ်ပိုင်းဟာ မဆိုးလှပေ။ သို့ပေမယ့် ဆေးပညာဟာ အဆင့်နိမ့်အဆင့်သို့သာ ရောက်ရှိခဲ့၏။

ထို့အပြင် တကယ့်ပြင်ပတွင် သူ့ဆီ၌ ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင် ပါရမီ ရှိနေပါသည်။ ထိုအဆင့်အား လျှင်မြန်စွာ ရောက်ရှိနိုင်၏။

သိုပေမယ့် သွေးစိတ်ဝိညာဉ်ကိုယ်ပွား လျှို့ဝှက်အတတ်ဟာ သူ့အတွက် အလွန်အရေးကြီးပါသည်။ မူလ သွေးစိတ်ဝိညာဉ်မူဝါဒတွင် ထိုစွမ်းရည် လုံးဝမရှိပေ။

“အခု ငါကျင့်ကြံနေတဲ့ သွေးစိတ်ဝိညာဉ်မူဝါဒက မွမ်းမံပြီးသားပဲ။ စွမ်းရည်မှတ်တွေ တစ်ခါတည်း ထည့်ပေါင်းလိုက်ရင် သွေးစိတ်ဝိညာဉ်ကိုယ်ပွားကို ရလာနိုင်လောက်တယ်။ ဒါပေမယ့်…”

ဟန်ကျောက်ဟာ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူဟာ လောင်းကြေးထပ်ရဲခြင်း မရှိပါ။ စွမ်းရည်မှတ်များကို ထပ်ပေါင်းပြီးမှ ထိုစွမ်းရည် ရှိမနေပါက အကြီးကြီး အရှုံးပေါ်မှာပါ။

သို့ပေမယ့် အခြား မှတ်ဉာဏ်များတွင်လည်း အရမ်း အရေးကြီးသည်များ မပါဝင်ပေ။

“လိုချင်တဲ့နံပါတ်ကို နောက်တစ်ကြိမ်အတွက် ချန်ခိုင်းထားပြီး စွမ်းရည်မှတ်ကိုပဲ အရင်ရွေးတာပေါ့”

“စွမ်းရည်မှတ်တွေ ထည့်ပေါင်းပြီးမှ သွေးစိတ်ဝိညာဉ်ကိုယ်ပွား စွမ်းရည်မရှိရင် နောက်တစ်ကြိမ် အစမ်းရှင်သန်တဲ့ အခါကျ မှတ်ဉာဏ်ကို ပြန်ရွေးတာပေါ့”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားပြီး ချက်ချင်းပင် ရေရွတ်လိုက်သည်။

“နံပါတ်သုံးကို ချန်ထားမယ်.. နံပါတ်နှစ်ကို ရွေးမယ်”

“အပိုထပ်ဆုံး ရွှေကုန်ကျမှု- ၁လျန်”

“လက်ရှိကျန်ငွေ- ရွှေ၄၉၉လျန်”

“စွမ်းရည်မှတ် +၃၂”

“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူဝါဒ(ဒုတိယအဆင့် စတင်ခြင်းအဆင့် ၈၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၄၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၃၊ သွေးပေါက်ကွဲခြင်း အဆင့်၂၊ သွေးပေါင်းစပ်ခြင်း အဆင့်၁)”

“သွေးစိတ်ဝိညာဉ် မူဝါဒကို ဒုတိယအဆင့် ပြီးပြည့်စုံတဲ့အထိ မြှင့်တင်လိုက်”

“စွမ်းရည်မှတ်- ၃၂.. ၂၀”

“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူဝါဒ(ဒုတိယအဆင့် ပြီးပြည့်စုံခြင်း ၄%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၆၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၅၊ သွေးပေါက်ကွဲခြင်း အဆင့်၄၊ သွေးပေါင်းစပ်ခြင်း အဆင့်၂၊ သွေးစိတ်ဝိညာဉ်ကိုယ်ပွား)”

“သွေးစိတ်ဝိညာဉ်ကိုယ်ပွား (၀/၁)- သွေးချီ ၁၀%ကို အသုံးပြုကာ အဓိကခန္ဓာ၏ ခွန်အား ၈၀%နှင့် ညီမျှသည့် ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်သည်။ (ခန္ဓာကိုယ်တစ်ခုအား လိုအပ်သည်)”

“သွေးကိုယ်ပွားက မြှင့်တင်လိုက်သည့် သွေးချီသည် အဓိကခန္ဓာအပေါ်တွင် အသုံးပြုနိုင်သည်။ ကိုယ်ပွားဟာ အဓိကခန္ဓာကိုယ်နှင့် တူညီသည့် သိုင်းပညာကို ကျင့်ကြံပါက အဓိကခန္ဓာကိုယ်၏ အဆင့်ချိုးဖျက်မှုကို မြှင့်တင်ရန် ၎င်းတို့ကို ပေါင်းစပ်နိုင်သည်”

“ကိုယ်ပွားအား အသုံးပြုထားချိန်တွင် အဓိကခန္ဓာဟာ ခွန်အားတစ်ဝက်ကိုသာ ထုတ်လွှတ်နိုင်မည် ဖြစ်၏။ ကိုယ်ပွားဟာ အဓိကခန္ဓာနှင့် အချိန်မရွေး ပြန်လည်ပေါင်းစပ်နိုင်သည်”

All Chapters