အခန်း (၁၅၃)
Vol. 11 Ch. 153
“တကယ်ပဲ အလုပ်ဖြစ်တာပဲ”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။
ဤနည်းအားဖြင့် သူဟာ နောက်ထပ် အစမ်းရှင်သန်မှုအပြီးတွင် ချန်ထားခိုင်းသည့် မှတ်ဉာဏ်များကို ရွေးချယ်စရာလိုမည် မဟုတ်တော့ပေ။
အခန်းဆီသို့ မည်သူမှ ချည်းကပ်လာခြင်း မရှိကြောင်းအား အတည်ပြုပြီးနောက် အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သွေးစိတ်ဝိညာဉ် မူဝါဒကို အသုံးပြုလိုက်သည်။
သူ၏ အရေအပြားဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းဖြင့် နီရဲလာခဲ့၏။
“သွေးစိတ်ဝိညာဉ်ကိုယ်ပွား”
ဟန်ကျောက်ဟာ လက်ဝါးနှစ်ဖက်ကို အတူတူစုကာ သူ၏ အရေအပြားမှ သွေးဆက်များ ဆက်တိုက် စီးကျလာခဲ့သည်။ လက်ဝါးထဲတွင် စုစည်းလာခဲ့သည်။
ခဏအကြာ၌ လက်ဝါးထဲတွင် သွေးများ စုစည်းထားသည့် အလုံးတစ်ခု ပေါ်လာခဲ့သည်။ ၎င်းဟာ လူသားဦးခေါင်းတစ်ခုအရွယ် ရှိ၏။ သွေးဟာ မမြင်နိုင်သည့် အားတစ်ခု၏ စုစည်းထားခြင်းကို ခံရသည့်အလား ဆက်တိုက် လူးလွန့်နေပါသည်။ သို့ပေမယ့် အလွန်တစ်ခုသဖွယ် သဏ္ဍာန်ကို ထိန်းသိမ်းထား၏။
“ဟူး”
ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာရှူ၏။ ခန္ဓာကိုယ်အတွင်းရှိ သွေးချီဆယ်ပုံတစ်ပုံကို တစ်ခါတည်း ထုတ်လိုက်ခြင်း ဖြစ်ရာ အနည်းငယ် အားနည်းစွာ ခံစားလိုက်ရသည်။
“ဒီခံစားချက်က မှော်ဆန်လွန်းတယ်..”
သူဟာ လက်ဝါးအတွင်းရှိ သွေးလုံးကို ကြည့်ကာ အာရုံခံကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူကို တွေ့လိုက်ရ၏။ မှန်တစ်ချက်ကဲ့သို့ ရှိနေပါသည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် သွေးလုံးဟာ ရာဘာလုံးကဲ့သို့ လျှင်မြန်စွာ ရှည်လျားလာခဲ့သည်။ နောက်ဆုံးတွင် လူသားသဏ္ဍာန် ကိုယ်ပွားတစ်ခု သူ၏ရှေ့တွင် ပေါ်လာ၏။
မကြာခင် ၎င်းဟာ သူ၏ စိတ်ကူးအတိုင်း ဆက်တိုက် ပြောင်းလဲလာခဲ့သည်။ ခဏတာ ကစားကြည့်ပြီးနောက် သူဟာ လက်ဝါးကို ဆန့်ကာ သူ၏ ကိုယ်ပွားကို သွေးလုံးအဖြစ် ပြန်လည်စုစည်းလိုက်၏။
နောက်ဆုံးတွင် လက်ဝါးမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စီးဝင်သွားသည်။ ထိုအချိန်၌ ဟန်ကျောက်၏ စိတ်ထဲတွင် မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ပေါ်လာခဲ့သည်။ ဤသည်မှာ ကိုယ်ပွား၏ မှတ်ဉာဏ်များ ဖြစ်၏။
“ထိပ်တန်းသိုင်းပညာတွေကို ကျင့်ကြံတာက အချိန်အရမ်းကုန်မှာ။ စွမ်းရည်မှတ်နဲ့ ဆိုရင်တောင် ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုပဲ။ ဒါပေမယ့် ကိုယ်ပွားအပို တစ်ခုနဲ့ဆို.. အနည်းဆုံးတော့ ငါ့မှာ ကျင့်ကြံဖို့ အချိန်မရှိခဲ့တဲ့ ကောင်းကင်မြစ်မိုး တန်ပြန်ခြင်း ဓါးသိုင်း၊ နဂါးနီလျှို့ဝှက်အတတ်နဲ့ လက်ချောင်း၊ လက်သည်း သိုင်းပညာတွေကို ကျင့်စရာ မလိုတော့ဘူး”
ထို့နောက် သူဟာ ကိုယ်ပွားကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်မှ ထုတ်လိုက်ပြန်သည်။
“ခန္ဓာကိုယ်ထဲကို ပြန်ထည့်လိုက်တာနဲ့ မှတ်ဉာဏ်တွေအားလုံးကို ရလာနိုင်တယ်။ ဘယ်လောက်အဆင်ပြေလိုက်လဲ”
ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သို့ရာတွင် သူနှင့် ကိုယ်ပွားတို့ကို လုံးဝ ပြန်လည်ပေါင်းစပ်လိုပါက သူဟာ ၎င်းကို ပြန်လည်သန့်စင်ကာ သွေးချီနှင့် ပေါင်းစပ်ရန် လိုအပ်ပါသည်။
ထိုဖြစ်စဉ်ဟာ နှေးကွေးခြင်းတော့ မရှိပါ။ ဆယ်စက္ကန့်လောက်သာ ကြာ၏။
“သွေးစိတ်ဝိညာဉ် ကိုယ်ပွားတွက် ခန္ဓာကိုယ်တစ်ခုကို ရှာဖို့ လိုသေးတယ်..။ ခန္ဓာကိုယ်ရဲ့ အထောက်အပံ့ မရှိပဲ ဒီသွေးစိတ်ဝိညာဉ်ကိုယ်ပွားက အများကြီး အသုံးဝင်မှာ မဟုတ်ဘူး။ အဲ့ဒီအပြင် ရွေးချယ်လိုက်တဲ့ ခန္ဓာကိုယ်ရဲ့ ပါရမီက အရမ်းနိမ့်နေရင် သွေးကိုယ်ပွားရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို သေချာပေါက် သက်ရောက်စေလောက်မှာ…."
“နေပါဦး.. ငါသိပြီ”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ထိုလူကိုသာ အသုံးပြုနိုင်ပါက ပါရမီဟာ အနည်းငယ် နိမ့်ပါးနေမည် ဆိုလျှင်တောင် သူဟာ ထိုခန္ဓာကိုယ်အား အသုံးပြုလိုပါသည်။ ထို့အပြင် တစ်ဖက်လူ၏ ပါရမီ မြင့်မားနိုင်ချေဟာ အလွန်ကြီးမား၏။
ဟန်ကျောက်ဟာ လက်ကိုဆန့်ကာ လည်ပင်းရှိ ဆန်မာရုအိတ်အား ယူလိုက်သည်။ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစအား ထုတ်ကာ တီးတိုးလိုက်၏။
“နံပါတ်၉.. ထွက်လာခဲ့”
အနီရောင် အလင်းတစ်ချက် လက်သွားပြီး သွေးဝတ်စုံနှင့် နံပါတ်ကိုးကာ အခန်းထဲတွင် ပေါ်လာခဲ့သည်။ သူက ပေါ်လာသည်နှင့် ဒူးတစ်ဖက်ထောက်ကာ လေးစားစွာ ပြော၏။
“သခင်”
ဟန်ကျောက်၏ ရှင်းမပြနိုင်သည့် ပုံစံနှင့် သူ့ကို စေ့စပ်စွာ ကြည့်ရှုနေပုံအား တွေ့ရပြီးနောက် နံပါတ်ကိုး၏ နှလုံးသားဟာ အခုန်မြန်သွား၏။ ဂရုတစိုက်ဖြင့် မေး၏။ “သခင်.. ကျွန်တော့ကို သတ်တော့မလို့လား”
“ဟုတ်တယ်.. မဟုတ်ဘူး”
ဟန်ကျောက်က ခေါင်းညှိတ်ကာ ပြောသည်။
“ဒီအတောအတွင်း မင်းငါ့ကို လုပ်ပေးခဲ့တဲ့ ကိစ္စတွေအများကြီးကို ထောက်ငှပြီး မင်းကိုငါ တည့်တိုးပဲ ပြောမယ်”
“ငါ အထူးကိုယ်ပွားအတတ် တစ်ခုကို လေ့ကျင့်ထားတယ်။ အဲ့ကိုယ်ပွားရဲ့ စစ်မှန်တဲ့ စွမ်းအားကို ဖော်ထုတ်နိုင်ဖို့ ခန္ဓာကိုယ်တစ်ခုကို လိုအပ်နေတယ်”
“မင်းပြောဖူးတာကို ငါမှတ်မိသေးတယ်။ မင်းတို့ ထူးခြားမှုသတ္တဝါတွေက လူသားတစ်ဝက် ထူးခြားမှုတစ်ဝက် တည်ရှိမှုတွေမလား.. မင်းတို့မှာ အထူးခန္ဓာကိုယ်ရှိပြီး အစစ်အမှန်နဲ့ ပုံရိပ်ယောင်အကြား ပြောင်းလဲနိုင်ကြတယ်”
“လင်းမိသားစုရဲ့ စာအုပ်တွေထဲက ငါရခဲ့တဲ အချက်အလက်တွေ အရဆို မင်းတို့ ထူးခြားမှုအစေခံတွေက ခန္ဓာကိုယ်ကနေ ဝိညာဉ်ကို ခွဲထုတ်နိုင်တယ်တဲ့”
“ရှင်းရှင်းပြောရရင် မင်းရဲ့ ခန္ဓာကိုယ်ကို ငါလိုအပ်တယ်။ မင်းရဲ့ ဝိညာဉ်ကိုတော့ မဟုတ်ဘူး”
သူသာ နံပါတ်၉ကို ပထမဆုံးအကြိမ် ဖမ်းမိစဉ်က သွေးစိတ်ဝိညာဉ်ကိုယ်ပွား လျှို့ဝှက်အတတ်ကို တတ်မြောက်ထားလျှင် တစ်ခါတည်း သတ်ဖြတ်ကာ ခန္ဓာကိုယ်ကို အသုံးပြုမှာ ဖြစ်သည်။
သို့ရာတွင် နံပါတ်၉ဟာ ဒီအတောအတွင်းတွင် သူ့ကို အများကြီး ကူညီလုပ်ပေးခဲ့၏။ အသုံးဝင်သည့် သတင်းအချက်အလက် များစွာတို့ကိုလည်း ရရှိခဲ့သည်။ သူဟာ ကျောက်နက်မြို့ရှိ လင်းမိသားစု မျိုးဆက်များကို တိုက်ခိုက်ရာ၌ ကြီးစွာ အကျိုးပြုခဲ့သည်ဟုလည်း ယူဆနိုင်၏။
တစ်ဖက်လူဟာ နဂါးနီလှံ အပိုင်းအစနှင့် သူ၏ သိုင်းပညာကြောင့် ကူညီလိုခဲ့ခြင်း ဖြစ်ပေမယ့် ဟန်ကျောက်ဟာ အမြဲတမ်း ရိုးသားကာ ရှင်းလင်းသည့် အသိတရား ရှိသည်။ သေခြင်းရှင်ခြင်း အန္တရာယ်သာ မကြုံရပါက
သူဟာ မည်သည့်လှုပ်ရှားမှုကိုမဆို ငဲ့ကွက်တတ်ပါသည်။
“ကျွန်တော်နားလည်ပြီ.. ကျေးဇူးတင်ပါတယ် သခင်” နံပါတ်ကိုးက မတ်တပ်ရပ်ကာ လေးစားစွာ ဦးညွှတ်သည်။
“သခင်ရဲ့ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစအပေါ် ထိန်းချုပ်မှုနဲ့ အလိုရှိရင် ကျွန်တော့ရဲ့ဝိညာဉ်ကို ဒီဗိုင်းလက်နက်စွမ်းအားနဲ့ တစ်ခါတည်း သုတ်သင်လိုက်လို့ ရတယ်”
“ဒါပေမယ့် ရှင်းလင်းအောင် ပြောပြခဲ့တဲ့အတွက် ကျွန်တော် သခင်ကို ကျေးဇူးတင်ပါတယ်”
“တကယ်တော့ သခင်မှာ ရွေးချယ်စရာနှစ်ခု ရှိပါသည်။ တစ်ခုက ဒီဗိုင်းလက်နက်ကို အသုံးပြုပြီး ကျွန်တော့ရဲ့ ဝိညာဉ်ကို ခွဲခြားပြီး ဝါးမြုလိုက်ဖို့ပါ”
“နောက်တစ်ခုကတော့ ဗုဒ္ဓဂိုဏ်းရဲ့ အတတ်ကို အသုံးပြုပြီး ကျွန်တော့ကို ပြန်လည်မွေးဖွားစေဖို့ပါ”
“အိုး”
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။
“ဒီလောကမှာ တကယ်ပဲ ပြန်လည်မွေးဖွားခြင်းက ရှိနေတာလား”
နံပါတ်ကိုးက ခေါင်းညှိတ်ကာ ပြောသည်။
“ရှိပါတယ်။ နဂါးနီလှံ ဒီဗိုင်းလက်နက် မကွဲသွားခင်မှာ လင်းမိသားစုရဲ့ လက်နက်သခင်ပြောတာကို ပြောတာကို ကျွန်တော် ကြားခဲ့ဖူးပါတယ်”
“ဒီဗိုင်းလက်နက်က ကျွန်တော်တို့ကို လူသားတစ်ပိုင်း၊ ထူးခြားမှုတစ်ပိုင်း မကောင်းဆိုးရွားတွေအဖြစ် ပြောင်းလဲခဲ့လို့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အစွန်းရောက်ယင်နဲ့ မကောင်းမှု ရန်ငြှိုးတွေ အများအပြား စုစည်းနေပါတယ်”
“အဲ့ဒါကို ရှင်းလင်းဖို့ ယန်(သို့) မီးတောက်အတွင်းအားနဲ့ အစစ်အမှန်ချီကို အသုံးပြုဖို့ လိုအပ်ပါတယ်”
“ဒါပေမယ့် အဲ့ဒါက ကျွန်တော်တို့ကို ပြန်လည်မွေးဖွားမှု ပြုနိုင်စေမှာ မဟုတ်တော့ပါဘူး”
“အခြားနည်းလမ်းကတော့ ဗုဒ္ဓဆိုင်ရာ လျှို့ဝှက်အတတ်- ဘဝကူးမန္တန်ကို သုံးဖို့ပါ။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်တွေက မကျေနပ်မှုတွေကို ဖယ်ရှားသန့်စင်ပေးပြီး ပြန်လည်မွေးဖွားဖို့ အခွင့်အရေး ရလာစေပါတယ်”
“ဗုဒ္ဓဘာသာရဲ့ ဘဝကူးမန္တန်လား”
ဟန်ကျောက်က စဉ်းစားသည်။ ထူးခြားမှုအစေခံ တစ်ယောက်အတွက် ဗုဒ္ဓလျှို့ဝှက်အတတ်တစ်ခုကို ကျင့်ကြံရမည်မှာ အချိန်ဖြုန်းတီးရာ ကျပုံပါ။
သို့ပေမယ့် သူဟာ ဘယ်လိုလုပ်ပြီး ကိုယ့်စကားကိုယ် မတည်ရမည်နည်း။ ဟန်ကျောက်ဟာ အတည်ပြုရန် စဉ်းစားသည်။
“ဒီဘဝကူးမန္တန်က ကျင့်ကြံဖို့ မလွယ်ကူလောက်ဘူးမလား”
“အဲ့ဒါက ဗုဒ္ဓဘာသာရဲ့ အခြေခံအတတ်ပညာတစ်ခုပဲ ဖြစ်ရင်တောင် သာမန်လူတွေ ကျင့်ကြံဖို့ဆို အရမ်းခက်ခဲနေလောက်ဦးမှာ”
ထူးခြားမှုအစေခံက ပြောသည်။