အခန်း (၁၅၅)
Vol. 11 Ch. 155
နောက်ထပ် အစမ်းရှင်သန်မှုဟာ နှစ်ဝက်ကျော်လောက် ကြာမှာပါ။ စီရင်စုမြို့တော်ဟာ ကျောက်နက်မြို့ကဲ့သို့ မဟုတ်ပေ။ ဒီနေရာတွင် ကျွမ်းကျင်သူများစွာတို့ ရှိ၏။
အကောင်းဆုံးမှာ အဓိကခန္ဓာကိုယ်နှင့် တစ်ချိန်တည်းတွင် သွေးစိတ်ဝိညာဉ် ကိုယ်ပွားကို ခြားနားသည့် နေရာများသို့ လှည့်လည်နိုင်အောင် ဖန်တီးနိုင်မှသာ အမှန်တကယ် အဆင်ပြေမှာပါ။
သူဟာ ဒီစွမ်းရည်မှတ်များကို သွေးစိတ်ဝိညာဉ်ကိုယ်ပွားအတွက် ချန်ထားရပေမည်။ အရင်ဆုံး ကောင်းကင်မြစ်မြိုး၏ တန်ပြန်ဓါးသိုင်းကို အဆင့်မြှင့်တင်ရပေမည်။
နံပါတ်ကိုး၏ စကားအရ သူ၏ခန္ဓာကိုယ်အတွင် အစွန်းရောက်ယင်နှင့် မကောင်းမှု၏ စွမ်းအားတို့ ပါဝင်နေပါသည်။ စွမ်းရည်မှတ် ၂၀ကို သွေးစိတ်ဝိညာဉ်ကိုယ်ပွားပေါ်တွင် အသုံးပြုခြင်းက သူ့ကိုယ်သူပေါ်တွင် သုံးခြင်းထက် ပိုမိုအသုံးဝင်မှာပါ။
“ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းကို ကျင့်ကြံပြီးရင် ငါ့ကိုယ်ငါ ဘယ်လိုခေါ်ရမလဲ”
“ငါသိပြီ.. မိုးတန်ပြန်ဓါးသိုင်း… လန်ဖန်းယွင်”
“တိုက်ဆိုင်စွာပဲ ဒေါသရေနဂါးဂိုဏ်းလည်း အဆင့်သင့် ရှိနေတယ်”
တစ်ခုခုကို တွေးမိပြီးနောက် ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက မြင့်တက်သွားသည်။ နောက်ဆုံးတွင် မနေနိုင်ပဲ ရယ်၏။
နောက်တစ်နေ့နံနက်တွင် ဟန်ကျောက်ဟာ အိပ်မက်မက်နေဆဲ ရှိ၏။ ယန်ပိုင်ချွမ်ဟာ သူနေသည့် တည်းခိုဆောင်သို့ ရောက်ရှိလာခဲ့သည်။
ချည်းကပ်လာသည့် ခြေသံများကို ကြားရပြီးနောက် ဟန်ကျောက်ဟာ အိပ်ယာမှ ထ၏။
“လူတစ်ယောက် ပြောင်းလဲခြင်းတစ်ထောင်”
“နံပါတ်၁- ယန်ပိုင်ချွမ်(သွေးချီချိုးဖျက်မှု တတိယအဆင့် ပြီးပြည့်စုံခြင်း၊ ဓါးသိုင်းပညာတွင် ထူးချွန်သည်။ ဝါသနာများ- စားခြင်း၊ သောက်ခြင်းနှင် အလောင်းကစား(ကျောက်ကပ်အားနည်းသည့် လက္ခဏာရှိသည်)”
“နံပါတ်၂- ဆံပင်ပေါက်စွပ်ပြုတ်(ညအချိန် နောက်ကျစွာ နေပါက ဆံပင်ကျွတ်ရန် လွယ်ကူသည်။ ပရိုဂရမ်မာနှင့် စာရေးဆရာများအတွက် အထူးသင့်တော်၏)”
စနစ်မျက်နှာပြင်ပေါ်ရှိ စကားလုံးများကို ကြည့်ဟာ ဟန်ကျောက်ဟာ ခဏတာ တိတ်ဆိတ်သွားသည်။ သူ၏ ခေါင်းကို ကိုင်ကြည့်၏။
နက်မှောင်ကာ ထူထဲသည့် ဆံပင်များကို တွေ့ရသည်။ အသုံးမဝင်ပုံပေါ်သည့် ရွေးချယ်မှုနှစ်ခုကို လစ်လျူရှုကာ အိပ်ယာမှထပြီး တံခါးဆီသို့သွား၏။
“အစ်ကိုယန်.. ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”
“ခရက်”
ယန်ပိုင်ချွမ်က တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။ သူဟာ အလွန်တောက်ပသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သခင်လေးတစ်ယောက်ကဲ့သို့ ဝတ်စားထား၏။
“ညီလေးဟန်… ဒီနေ့ရဲ့ ပထမဆုံး အစီအစဉ်က မနက်စောစောမှာ အိပ်ယာထခြင်းပဲ။ အခု နေက မင်းဖင်ကိုတောင် ထိုးနေပြီ.. ဘာလို့ မထသေးတာလဲ”
ယန်ပိုင်ချွမ်က အမြန်ပြောသည်။
“ဘာဖြစ်လို့လဲ… အစ်ကိုယန်.. ဖြစ်နိုင်တာက စီနီယာအစ်မလုများ စောပြီး ပြန်လာလို့လား”
ဟန်ကျောက်က သိလိုစွာ မေးသည်။
“ဘယ်ဟုတ်မလဲ.. ဒါပေမယ့် မင်းကိုငါ ပြောလိုက်မယ်.. ပန်းမိုးစားသောက်ဆိုင်ကို အမြန်သွားရအောင်။ ငါကြားတာတော့ ဒီနေ့မှာ အပျော်မိန်းမလှလေးတစ်စု ရောက်နေတယ်တဲ့။ သူမတို့ရဲ့အလှက သေချာပေါက် ပြောရက်စရာ မရှိဘူး”
ယန်ပိုင်ချွမ်က ဟန်ကျောက်အိပ်ယာ၏ ဘေးရှိ ဗီရိုဆီသို့ သွားကာ သူ့အတွက် အပြာရောင် ဝတ်စုံတစ်ခုကို ယူပေးသည်။
“အစ်ကိုယန်.. ဒီမနက်အတွက် အစီအစဉ်က ဒါပဲလား”
ဟန်ကျောက်ဟာ နောက်ဆုံးတွင် အဘယ်ကြောင့် စနစ်၏ ကျောက်ကပ်အားနည်းသည့် သတိပေးချက် ပါလာခြင်းအကြောင်းကို နားလည်လာခဲ့သည်။ ဒီကောင်ဟာ မိသားစုကြီးတစ်ခုမှ လာခြင်းသာ မဟုတ်ပါက သူ၏ သွေးချီဟာ ကုန်ချမ်းသွားတာ ကြာပြီဖြစ်လိမ့်မည်။
“ယောကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်.. အလှအပကို သဘောမကျတဲ့လူ မရှိဘူး”
ယန်ပိုင်ချွမ်က ခိုင်မာစွာ ပြောသည်။
“ကျွန်တော့အနေနဲ့ ငြင်းဆန်ဖို့ တကယ်ပဲ ခက်ခဲပါတယ်” ဟန်ကျောက်က ခေါင်းညှိတ်သည်။ ထို့နောက် စကားပြောင်းကာ ပြော၏။
“ဒါပေမယ့် ငြင်းရဦးမယ်”
“ကျွန်တော် သိုင်းအကယ်ဒမီကို လာတာက စီနီယာအစ်မလုအောက်မှာ ခိုလှုံဖို့ပဲ။ သူမသာ ကျွန်တော် ရောက်လာလာချင်း ဆောင်ကြာမြိုင်ကို သွားတယ်လို့ သိသွားရင် ကျွန်တော့အပေါ် အမြင်က သေချာပေါက် ဆိုးရွားသွားမှာ”
သူဟာ မနေ့က အစမ်းရှင်သန်မှု အတွင်းရှိ ဆိုးရွားလှသည့် အဆုံးသတ်ကို မေ့လျော့ခြင်း မရှိပါ။ တကယ့်ပြင်ပတွင် သူဟာ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်အောင်ထားသည့် လူကောင်းတစ်ယောက် လုပ်ရပေမည်။ ယခုအချိန်အထိ မိန်းမဟူ၍ ရှလင်တစ်ယောက်သာ ရှိခဲ့၏။
အခြား သူနှင့်အသက်တူသည့် သိုင်းသမားများ ဆိုပါက ဒီအသက်တွင် မိန်းမနှင့် မောင်းမများစွာတို့ ရှိပြီး ဖြစ်လိမ့်မည်။ သူတို့၏ ကလေးများပင်လျှင် လမ်းလျှောက်နိုင်လောက်မှာ ဖြစ်၏။
“ညီလေးဟန်.. ငါ့ကို အမှန်အတိုင်းပြော”
ယန်ပိုင်ချွမ်၏ ပုံစံက ရုတ်တရက် လေးနက်သွားသည်။
“ဘာဖြစ်လို့လဲ”
ဟန်ကျောက်ဟာ မှင်သက်သွား၏။
“မင်းမှာ စေ့စပ်ကြောင်းလမ်းမှု ရှိနေတယ်မလား။ မဟုတ်ရင် စီနီယုအစ်မလုရဲ့ မင်းအပေါ် အမြင်ကို ဘာလို့ဂရုစိုက်နေမှာလဲ”
ယန်ပိုင်ချွမ်၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ့ကို စူးစိုက်စွာ ကြည့်သည်။
“မဟုတ်ပါဘူး”
ဟန်ကျောက်က လျှင်မြန်စွာ ငြင်း၏။ မနေ့က ယန်ပိုင်ချွမ်၏ စကားကို ကြားအပြီးတွင် လုယင်ရွှမ်းဟာ သိုင်းပညာအကယ်ဒမီ၌ နာမည်ကြီးသူတစ်ယောက် ဖြစ်ကြောင်းကို သူသိလိုက်သည်။
သူဟာ နှိမ့်ချစွာနေကာ ဖွံ့ဖြိုးလိုသူ ဖြစ်၏။ ထိုကိစ္စကြောင့် ထင်ပေါ်သွားမည်ကို လိုချင်ခြင်းမရှိပါ။ ထိုအကြောင်းကြောင့် ဦးနှောက်မဲ့သည့် အုပ်စိုးသူမိသားစုမှ မျိုးဆက်အချို့က သူ့ကို ပြဿနာလာရှာလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ ဤသည်က အလွန် ပြဿနာရှုပ်သည့် ဇာတ်လမ်းများ ဖြစ်လာမှာပါ။
သူဟာ နေ့အချိန်တွင် သည်းခံနေတတ်ပေမယ့် ညရောက်လျှင်တော့ အခွင့်အရေးရှာကာ လက်စားလိုက်ချေချင်သည့် စိတ်ရှိ၏။ ပြဿနာများကို ရှောင်ရှားခြင်းက ကောင်းပါသည်။
“ကောင်းပြီ.. ငါမင်းကို ယုံတယ်”
ယန်ပိုင်ချွမ်ဟာ စိတ်သက်သာရာ ရသွား၏။
“မင်းဘာလို့ ပန်းမိုးစားသောက်ဆိုင်ကို မသွားတာလဲ။ ဒီမနက် ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“အိပ်ရင်အိပ်မယ်.. မအိပ်ပဲ နိုးလာရင် ကျင့်ကြံမယ်” ဟန်ကျောက်က အကူအညီမဲ့စွာ ပြောသည်။ ထို့နောက် စကားပြောင်းလိုက်၏။
“ဒါနဲ့.. အစ်ကိုယန်.. ဒီမြို့မှာ ဆေးအိုးတွေနဲ့ ဆေးဖော်မြူလာတွေ ရောင်းတဲ့ နေရာလေးဘာလေး သိလား မသိဘူး”
“အာ..”
ယန်ပိုင်ချွမ်၏ မျက်လုံးများက ပြူးကျယ်သွားသည်။
“ညီလေးဟန်.. မင်း ဆေးဖော်တတ်တာလား..”
ဒီအချိန်၌ ဟန်ကျောက်ဟာ သူနှင့် လုယင်ရွှမ်းတို့ အကြား၌ စေ့စပ်ကြောင်းလှမ်းမှု ရှိသည်ဟု ပြောလျှင်တောင် ယခုမျှအထိ အလွန်အကျူး အံ့ဩမည်မဟုတ်ပါ။
“ကျွန်တော်က စမ်းကြည့်မလို့ စီစဉ်ထားရုံပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အေးအေးဆေးဆေးနေတာကိုပဲ သဘောကျပြီး တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေကို ကြောက်လို့။ ဒါ့ကြောင့် ဆေးပညာရှင် ဖြစ်ချင်တာ”
ဟန်ကျောက်က ရှင်းပြသည်။
“ဒါက..”
ယန်ပိုင်ချွမ်က ဟန်ကျောက်၏ ပုခုံးကို ပုတ်ကာ ပြောသည်။
“ညီလေးဟန်.. မင်းသိလား.. ပုံမှန်ဆို လူတစ်ရာမှာ တစ်ယောက်ပဲ အနိမ့်ဆုံး ကျင့်ကြံမှု ပါရမီ ပါလာကြတယ်”
“အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်အဆင့် ပါရမီတွေက လူတစ်သန်းမှာမှ တစ်ယောက်လောက် ပါတတ်တာ။ အဲ့လိုလူမျိုးတွေပဲ အတွင်းအားကို ဖမ်းဆုပ်ဖို့ အခွင့်အရေး ရှိတယ်”
“စူပါအဆင့် ပါရမီဆိုရင် ပေါ်လာနိုင်ချေက သန်းပေါင်းများစွာထဲမှာမှ တစ်ယောက်လောက် ရှိတာ”
“သူတို့တွေက အနည်းဆုံး ဒုတိယအဆင့် သွေးချီချိုးဖျက်မှုကို ရောက်ပြီး အတွင်းအားရဲ့ အစောပိုင်းအဆင့်ကို ရလာနိုင်ကြတယ်။ အဲ့နောက်မှ ဆေးပညာပိုင်းမှာ ဖွံ့ဖြိုးနိုင်ကြတာ”
“အဲ့ထဲမှာမှ ကျင့်ကြံခြင်းပါရမီရော၊ ဆေးပညာပါရမီပါ မြင့်မားတဲ့ လူကျတော့ ပိုဆိုးသွားရော”
“ဒါ့ကြောင့်.. ကျွန်တော်လည်း ကံစမ်းချင်လို့”
ဟန်ကျောက်က ပြုံးသည်။ ယန်ပိုင်ချွမ်က ပြုံး၏။
“ငါမင်းအတွက် တွက်ကြည့်ပေးမယ်။ သာမန် ဆေးပေါင်းအိုးက တစ်ခုကို ငွေ၁၀၀၀လျန်လောက် ကျတယ်။ အဲ့ဒီအပြင် ဆေးဖော်စပ်ဖို့အတွက် လိုအပ်တဲ့ လောင်စာကလည်း အထူးပြုလုပ်ထားတာကိုပဲ သုံးရတာ”
“အနည်းဆုံး ဆေးသန့်စင်ရာမှာ မီးစွမ်းအားကြောင့် ထိခိုက်မှု မရှိစေချင်ရင် အနည်းဆုံး တစ်ကတ်တီကို ငွေ၁လျန်တန်တဲ့ လောင်စာကို ဝယ်ဖို့လိုတယ်”
“ဆေးလုံးရဲ့ အောင်မြင်နိုင်ချေကို တိုးလာစေချင်ရင် တစ်ကိတ်တီကို ငွေ၅လျန်တန်တဲ့ သားရဲရွှေလောင်စာကို ဝယ်ဖို့လိုတယ်”