← Chapters

အခန်း (၁၅၆)

Vol. 11 Ch. 156

အခန်း (၁၅၆)

Vol. 11 Ch. 156

“ဒါပေမယ့် အဲ့လို လောင်စာမျိုးက ကောင်းကင်စီရင်စုရဲ့ လျန်နိုင်ငံ အင်ပါယီယာမြို့တော်မှာပဲ ရေပန်းစားတာ။ အဲ့ဒီအပြင် သာမန်အကျဆုံး ဆေးဖော်စပ်နည်းတောင်မှ ငွေ၁၀၀လျန်ကျော် ကုန်တယ်”

“အစောပိုင်းအဆင့်တွေမှာ လေ့ကျင့်ဖို့ဆို ဆေးပင် အစုံပေါင်း ဆယ်နဲ့ချီ၊ ရာနဲ့ချီပြီး ပြင်ဆင်ထားရသေးတယ်။ အဲ့ထဲမှာ တစ်ကြိမ်လောက် အောင်မြင်နိုင်ရင် မင်းကို ဆေးပညာပါရမီရှင်လို့ ယူဆလို့ရပြီ”

“ဆိုလိုတာက မင်းအနေနဲ့ ငွေလျန်‌ပေါင်း ထောင်ချီပြီး ရင်းလိုက်ပေမယ့် တစ်ပြားမှ ပြန်မရနိုင်ဘူးလို့ပဲ။ မင်းဆက်ပြီး လုပ်ချင်သေးလား”

“ကျွန်တော့ရဲ့ ဆေးပညာ သင်ယူဖို့ အသုံးစရိတ်က ငွေ၄၀၀၀လျန်ပါ။ ကျွန်တော် စမ်းကြည့်ချင်ပါတယ်” ဟန်ကျောက်၏ အပြုံးက လျော့ပါးသွားခြင်း မရှိပေ။

“ညီလေးဟန်.. မင်းကိုယ်မင်း ဆေးပညာ ပါရမီရှင်တစ်ယောက်လို့တော့ ငါ့ကို မပြောနဲ့နော်။ ပြီးရင် အချိန်တိုအတွင်းမှာ အဆင့်နိမ့်အဆင့် ဆေးပညာရှင် ဖြစ်လာပြီး ငါ့ကိုအရှက်ခွဲမှာမလား။ ဒါမျိုးတွေက စာအုပ်ထဲမှာ ပြနေကြပဲ”

ဟန်ကျောက်၏ ဆက်လက်ကြိုးစားလိုမှုကို တွေ့ရပြီးနောက် ယန်ပိုင်ချွမ်က သူ့ကို သံသယဖြင့် ကြည့်သည်။

“မဟုတ်ပါဘူး။ သေချာပေါက် ဘယ်ဟုတ်မလဲ”

ဟန်ကျောက်က လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းသည်။

“ကောင်းပါပြီ။ ဆေးပညာက လုပ်ငန်းကောင်းတစ်ခုလို့ ပြောလို့ရတယ်။ ငါမင်းကို အဆုံးမဲ့ ရတနာစံအိမ်ဆီကို ခေါ်သွားမယ်။ အဲ့မှာ အကုန်ရောင်းတယ်။ မင်းအတွက် စတင်ဖို့ လုံလောက်တယ်”

ယန်ပိုင်ချွမ်က စဉ်းစားပြီးနောက် ပြောသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုယန်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးသည်။ သူဟာ စီရင်စုမြို့တော်တွင်လည်း အဆုံးမဲ့ ရတနာစံအိမ် ရှိနေမည်ဟု ထင်မထားခဲ့ပေ။

အဆုံးမဲ့ရတနာစံအိမ်၏ ဒုတိယထပ်ရှိ ကောင်တာတွင်.. ယန်ပိုင်ချွမ်းကဲ့သို့ ဒေသခံတစ်ယောက် ရှေ့မှ ဦးဆောင်ခေါ်သွားခြင်း ဖြစ်ရာ ပစ္စည်းများကို ဝယ်ယူရန် ပိုမိုအဆင်ပြေပါသည်။

“သခင်လေးယန်.. ကျွန်တော်တကယ်ပဲ ဒီဈေးထပ် ထပ်ပြီး လျှော့ပေးလို့ မရတော့ပါဘူး။ ခင်ဗျားအတွက်ဆိုလည်း ဈေးလျှော့ပေးဖို့ ကျွန်တော့မှာ အခွင့်အာဏာ မရှိဘူး”

“မဟုတ်တာ မပြောနဲ့။ လူသစ်တွေသုံးတဲ့ ဒီဆေးအိုးက ငွေတစ်ထောင်လျန်တောင် တန်လို့လား။ မင်းက ငါ့ကို မလျှော့ပေးနိုင်ဘူးလို့ ပြောချင်တာလား”

“မဟုတ်ပါဘူး။ အဓိကအချက်က ကျွန်တော့မှာ လျှော့ပေးပိုင်ခွင့် မရှိလို့ပါ.. သူ..”

“ကောင်းပြီ။ ကောင်းပြီ… မင်းတို့သခင်လေးကို ခေါ်လိုက်။ ငါသူနဲ့ စကားပြောမယ်”

ယန်ပိုင်ချွမ်က အင်္ကျီလက်ကို လိပ်တင်ကာ ကောင်တာကို မှီထားသည်။ ဒုတိယထပ်၏ အကြီးအကဲနှင့် ဈေးစစ်၏။ ဟန်ကျောက်ကတော့ ဘေးတွင် ရပ်နေကာ မည်သည့်စကားကိုမှ မဆိုပေ။

လူတစ်ယောက်ဟာ အိမ်တွင် မိဘများကို မှီခိုရပြီး အပြင်ဘက်တွင် မိတ်ဆွေများကို မှီခိုရန် လိုအပ်သည်ဟု ပြောကြတာ အံ့ဩစရာ မဟုတ်ပေ။ ဤသည်မှာ အမှန်ဖြစ်၏။

ငွေလျန်၁၂၀၀တန်သည့် ဆေးပေါင်းအိုးကို ယန်ပိုင်ချွမ်ဟာ ၁၀၀၀လျန်ရအောင် ဈေးစစ်ခဲ့၏။ ထိုသို့ဆိုပင်လျှင် သူဟာ အလိုမကျ ရှိနေဆဲပင်။

သူဟာ ဆေးဖော်စပ်ပုံအညွှန်း၊ ဆေးပင်များနှင့် လောင်စာများကို ပြီးလျှင် ဝယ်ရပေဦးမည်။ ဆက်လက််ဈေးစစ်ခြင်းက ငွေလျန် ရာဂဏန်းအနည်းငယ်လောက်ကို သက်သာစေ၏။ ဤသည်မှာ သေးငယ်သည့် ပမာဏမဟုတ်ပေ။

သူ့တွင်ရှိသည့် ငွေအားလုံးကို ပေါင်းလိုက်လျှင်တောင် ငွေ၃၀၀၀၀လျန်ကျော်သာ ရှိပါသည်။ ဤသည်မှာ လျန်ညီအစ်မသုံးဦး၏ ကျေးဇူးနှင့် ဖြစ်၏။ ကျန်သည်များကို မနေ့က အုပ်စိုးသူ မိသားစု မျိုးဆက်များနှင့် မနေ့က သတ်ဖြတ်ခဲ့သည့် ခန်းမသခင်လင်းဆီမှ ရခဲ့ခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းဟာလည်း ပိုက်ဆံလိုမှာပါ။ ထို့ကြောင့် ချွေတာနိုင်ပါက အကောင်းဆုံးဖြစ်၏။ ယန်ပိုင်ချွမ်၏ မျက်နှာဟာ ဒီနေရာတွင် အဖိုးတန်ပါသည်။ သို့ပေမယ့် ဟန်ကျောက်၏ မျက်နှာဟာတော့ တန်ဖိုးမရှိပေ။

“ကောင်းပါပြီ သခင်လေးယန်… ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ”

အကြီးအကဲဟာ လွတ်ငြိမ်းချမ်းသာခွင့် ရသည့်အလား သူတို့၏ သခင်လေးကို အမြန်သွားရှာသည်။

ခဏအကြာ၌ အသက်နှစ်ဆယ်ကျော် နှောင်းပိုင်းလောက် ရှိပုံပေါ်သည့် လူငယ်တစ်ဦး လျှောက်လာ၏။ သူဟာ အိုမင်းခြင်းမရှိပေ။ သို့ပေမယ့် သူ၏ပုံစံက တည်ငြိမ်ရင့်ကျက်၏။ အထက်ပုဂ္ဂိုလ်တစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။

ခုနက အကြီးအကဲက သူ၏နောက်မှ လိုက်လာ၏။ “စတုတ္ထသခင်လေးယန်ပါလား.. ဘယ်လောက် တွေ့ရခဲတဲ့ ဧည့်သည်လဲ”

လူငယ်က အပြုံးတစ်ခုနှင့်အတူ လျှောက်လာ၏။ သူဟာ လောကွတ်စကားပြောလိုက်ခြင်းသာ မှန်ပေမယ့် သူ၏အပြုံးဟာ အတုအယောင် မဆန်ပေ။

“သခင်လေးဖန်..”

ယန်ပိုင်ချွမ်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဘေးရှိ ဟန်ကျောက်နှင့် မိတ်ဆက်ပေးသည်။

“ညီလေးဟန်… ဒါက အဆုံးမဲ့ ရတနာစံအိမ်ရဲ့ သခင်လေး.. ဖန်ဟုန်တဲ့”

“ကျွန်တော်က ဟန်ကျောက်ပါ။ သခင်လေးဖန်ကို တွေ့ရတာ ဝမ်းသာပါတယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသ်။ ဒီဖန်ဟုန်၏ သွေးချီလှိုင်းများဟာ အားနည်းခြင်းမရှိပေ။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်ပေလိမ့်မည်။

“ကျွန်တော်က ဖန်ဟုန်ပါ”

ဖန်ဟုန်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။ သူက ဟန်ကျောက်ကို အထက်အောက်ကြည့်ပြီးနောက် မနေနိုင်ပဲ မေး၏။

“သခင်လေးဟန်က ကြည့်ရတာ ဒီကမဟုတ်သလိုပဲနော်”

ယန်ပိုင်ချွမ်က ဟန်ကျောက်၏ ပုခုံးကို ပုတ်သည်။

“ငါ့ရဲ့ ညီလေးဟန်က ဇာတိမြို့ကနေ အခုမှ ထွက်လာတာ။ သိုင်းပညာ အကယ်ဒမီကိုလာပြီး စီနီယာအစ်မလုနဲ့ ပညာလာသင်ကြားတာ”

“စီနီယာအစ်မလု.. ဖြစ်နိုင်တာက လုယင်ရွှမ်းလား” ဖန်ဟုန်၏ မျက်လုံးများက လင်းလက်သွားသည်။ လုယင်ရွှမ်းဟာ အလွန် လှပ၏။ သို့ပေမယ့် သူတို့ကဲ့သို့ မိသားစုကြီးများမှ မျိုးဆက်များအတွက် ရုပ်ရည်ဟာ အရေးမကြီးဆုံး အရာဖြစ်သည်။

အဓိကအချက်မှာ လုယင်ရွှမ်းဟာ အသက်၂၄နှစ်သာ ရှိသေးပြီး ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိတော့မည် ဖြစ်သည်။ သူမဟာ သိုင်းပညာအကယ်ဒမီ ခေါင်းဆောင်၏ ဂုဏ်ယူရသည့် တပည့်တစ်ယောက်လည်း ဖြစ်သည်။

ဟန်ကျောက်ဟာ မည်သည့်ချောင်မှလာလာ နောင်တွင် သူ၏နောက်ခံ၌ အနိမ့်ဆုံး စစ်ဘုရင်အဆင့်တစ်ယောက် ရှိနေမှာ ဖြစ်၏။ ဤသည်မှာ မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပါသည်။

“ဒါပေါ့.. ဘယ်စီနီယာအစ်မလု ရှိရဦးမှာလဲ”

ယန်ပိုင်ချွမ်က ခေါင်းကို အသာပင့်သည်။

“ညီလေးဟန်က စီနီယာအစ်မလု ဖခင်ရဲ့ ဂုဏ်ယူရတဲ့ တပည့်တစ်ယောက်ပဲ”

“ကျွန်တော်သိပါပြီ”

ဖန်ဟုန်၏ မျက်နှာပေါ်ရှိ အပြုံးဟာ ပိုမိုကာပင် နွေးထွေးလာခဲ့သည်။ သူက စကားပြောင်းကာ ပြော၏။ “ကျွန်တော်ကြားတာတော့ စတုတ္ထသခင်လေးယန်က ဆေးပေါင်းအိုးတစ်ခု ဝယ်ချင်လို့ဆို.. ဖြစ်နိုင်တာက ညီလေးဟန်က ဆေးလုံးသန့်စင်ချင်လို့လား”

“ကျွန်တော်က ဆေးပညာကို တော်တော်လေး စိတ်ဝင်စားပါတယ်။ ဒါ့ကြောင့် စမ်းကြည့်မလို့ပါ” ဟန်ကျောက် ရှက်ရွံ့စွာ ပြုံးသည်။

“အိုး”

ဖန်ဟုန်၏ မျက်လုံးများက လင်းလက်သွား၏။ သူက ဘေးရှိ အကြီးအကဲကို ပြောသည်။

“အဖိုးကြီးရှန်… သခင်လေးဟန်က ဘယ်ဆေးပေါင်းအိုးကို စိတ်ဝင်စားတာလဲ”

“သခင်လေး.. အဲ့ဒါက ခြေလေးချောင်းသားရဲ ဆေးပေါင်းအိုးပါ.. ငွေ၁၂၀၀လျန် တန်ပါတယ်။ ကျွန်တော် သခင်လေးယန် မျက်နှာကြောင့် ငွေ၂၀၀လျန် လျှော့ပေးပြီးပါပြီ”

အကြီးအကဲက လေးစာစွာ ပြောသည်။

ထိုစကားကို ကြားရပြီးနောက် ဖန်ဟုန်က ခေါင်းညှိတ်သည်။

“ဒီလိုလုပ်ရင်ရော.. ကျွန်တော် စတုတ္ထသခင်လေးယန်ကို မျက်နှာသာပေးတဲ့ အနေနဲ့ရော ညီလေးဟန်နဲ့ မိတ်ဖြစ်ဆွေဖြစ် သဘောနဲ့ရော ဒီဆေးအိုးကို ငွေ၆၀၀လျန်နဲ့ပဲ ရောာင်းပေးလိုက်မယ်လေ။ ဘယ်လိုလဲ”

ယန်ပိုင်ချွမ်ဟာ အနည်းငယ် အပျော်အပါးလိုက်စားပေမယ့် သူဟာ သစ္စာရှိသူတစ်ယောက် ဖြစ်သည်။ သိုင်းပညာ အကယ်ဒမီမှ လူများနှင့်လည်း ဆက်ဆံရေးကောင်း ရှိ၏။ ဖန်ဟုန်ဟာ သူ့အပေါ် မကောင်းသည့်အမြင် မရှိပါ။

ရှေ့ရှိ ဟန်ကျောက်၏ ဆေးပညာအပေါ် ပါရမီဟာတော့ မသိနိုင်သေးပေ။ သို့ပေမယ့် အသက်နှစ်ဆယ်ကျော်ရုံသာ ရှိသည့် ပုံကိုကြည့်ကာ သွေးချီစီးဆင်းမှုကို အာရုံခံကြည့်သည်။ တတိယအဆင့် သွေးချီချိုးဖျက်မှု အဆင့်သို့ ရောက်ပြီးခါစ ရှိပါသည်။ ထိုအဆင့်ဟာ စီရင်စုမြို့တော်တွင် ပါရမီရှင်ဟု ယူဆနိုင်၏။

“အဲ့လိုဆိုရင် ကျေးဇူးတင်ပါတယ် သခင်လေးဖန်” ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြောသည်။ တစ်ဖက်လူ၏ သူနှင့် မိတ်ဆွေဖွဲ့လိုသည့် ရည်ရွယ်ချက်ဟာ သိသာလှ၏။ သူက ငြင်းဆန်နေမည် မဟုတ်ပါ။

“အခု.. မင်းမှာ ဆေးပေါင်းအိုး ရှိလာပြီဆိုတော့.. အခြေခံဆေးပညာတွေကို လေ့လာဖို့ လိုပြီ။ ပြီးရင် ဆေးလုံးဖော်စပ်ပုံတွေကို ဆက်သင်ယူရမယ်”

ဖန်ဟုန်က စဉ်းစားပြီးနောက် ပြောသည်။

“ငါမှတ်မိသလောက်တော့ အခြေခံ ဆေးမှတ်တမ်း အများစုတွေထဲမှာ ဆေးဖော်စပ်ပုံနှစ်မျိုး ပါလေ့ရှိတယ်။ ညီလေးဟန်ကို ငွေ၃၀၀လျန်နဲ့ ကျွန်တော်ရောင်းပေးမယ်။ အပို လောာင်စာ ၄၀ကတ်တီလည်း ပေးလိုက်မယ်”

“ဟုတ်ကဲ့”

အကြီးအကဲက လေးစားစွာ ဦးညွှတ်ပြီးနောက် ကောင်တာသို့သွားကာ ပစ္စည်းများကို သွားယူသည်။

All Chapters