← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

“ဒါက..”

ဟန်ကျောက်ဟာ တစ်ဖက်လူ၏ အလွန်အကျူး စိတ်အားထက်သန်နေမှုကို ခံစားရသည်။

ထိုပုံကို တွေ့ရပြီးနောက် ယန်ပိုင်ချွမ်က လက်ကို ဝှေ့ယမ်း၏။

“ညီလေးဟန်… အဆင်ပြေတယ်။ သခင်လေးဖန်ရဲ့ မိသားစုက အရမ်းချမ်းသာတာ”

“ကျေးဇူးပါ”

ဟန်ကျောက်က ပြော၏။

“ညီလေးဟန်က အရမ်းကြီး အားနာနေပြန်ပါပြီ”

ဖန်ဟုန်က ထူးမခြားနားစွာ ပြုံးကာ ကောင်တာကို ပြောသည်။

“ဒါနဲ့.. လူအိုကြီးရှန်.. လာမယ့် လေးလအတွင်းမှာ အခြေခံဆေးဖော်စပ်မှုအတွက် ညီလေးဟန် ဆေးပင်တွေ လာဝယ်တဲ့အခါ သူ့ကို ၂၀%လျှော့ဈေးပေးလိုက်။ သူဆေးလုံးရောင်းတဲ့အခါ ကျရင်လည်း အရည်အသွေးအလိုက် ပုံမှန် ဈေးကွက်တန်ဖိုးအတိုင်းပဲဝယ်”

သာမန်လူတစ်ယောက်သာ နှစ်ဝက်အတွင်းတွင် အခြေခံဆေးလုံးကို သန့်စင်နိုင်အောင် သင်ယူနိုင်ပါက သူ့ကို ပါရမီရှိသည်ဟု ယူဆနိုင်ပါသည်။

ဟန်ကျောက်သာ လေးလအတွင်း တတ်မြောက်နိုင်ပါက သူ၏ ဆေးပညာပါရမီဟာ တော်တော်လေး ကောင်းမွန်ပြီး နက်ရှိုင်းသည့် ဆက်ဆံရေး တည်ဆောက်ရန် ထိုက်တန်ပါပြီ။

သူဟာ လက်ရှိ ငွေ၁၀၀၀လျန်ပင် မရှိသည့် ပမာဏလေးကို ဂရုစိုက်ခြင်း မရှိပါ။ ဟန်ကျောက်သာ ထိုပါရမီ ရှိပါက ဒီကူညီမှုများဟာ အလွန် အဖိုးတန်လာမှာပါ။

“ဟုတ်ကဲ့ပါ သခင်လေး”

အကြီးအကဲက ပြန်ကြားသည်။

“သခင်လေးဖန်.. ကြည့်ရတာ ငါမင်းကို အရင်တုန်းက အထင်သေးခဲ့မိပုံပဲ.. မင်းမှာ ငါ့လိုမျိုး အမြင် ရှိမယ်လို့ ထင်မထားခဲ့ဘူး။ တစ်ချက်ကြည့်တာနဲ့ ညီလေးဟန်က သာမန်မဟုတ်တာ ပြောနိုင်တယ်”

ယန်ပိုင်ချွမ်ဟာ ဖန်ဟုန်က သူ့အပေါ် မျက်နှာသာပေးခဲ့သည်ဟု ခံစားရပြီး ချက်ချင်းပင် ဂုဏ်ယူသွားသည်။

“ကျေးဇူးတင်ပါတယ် သခင်လေးဖန်”

ဟန်ကျော်လည်း ဖန်ဟုန်၏ ဆိုလိုရင်းကို နားလည်ါသည်။

သူဟာ နှစ်လအတွင်းတွင် အခြေခံ ဆေးလုံးများကို သန့်စင်နိုင်ရန် ယုံကြည်ချက်ရှိ၏။ သို့ပေမယ့် လေးလကြာပြီးသည်အထိ ဆေးလုံးများကို လာရောင်းမည် မဟုတ်ပေ။

လိုအပ်သည့် ဆေးပစ္စည်းများကို ဝယ်ယူပြီးနောက် သူဟာ ယန်ပိုင်ချွမ်နှင့် လမ်းခွဲကာ တည်းခိုဆောင်ဆီသို့ ပြန်ခဲ့သည်။ ထို့နောက် အဆောင်ပိုင်ရှင်အား ပိုမိုကြီးမားသည့် အခန်းတစ်ခန်း လဲပေးရန် ပြောသည်။ တံခါးများကို ပိတ်ကာ ဆေးသန့်စင်ရန် ပြင်ဆင်၏။

“ဆေးပညာ အခြေခံတွေ.. ဒါက တကယ့်ကို အခြေခံကျတယ်”

ဟန်ကျောက်ဟာ လက်ထဲရှိ ဆေးပညာအခြေခံများကို ဖွင့်ဖတ်ကာ အသေးစိတ်အချက်အလက်များနှင့် မှတ်သားရမည့် အချက်များကို လျှင်မြန်စွာ မှတ်မိလာခဲ့သည်။

ထိုအထဲတွင် ဆေးဖော်မြူလာ နှစ်ခု ပါရှိ၏။ တစ်ခုဟာ အာဟာရဆေးလုံး ဖြစ်၏။ ဤသည်မှာ ခရီးသွား သိုင်းသမားအတွက် ပြင်ဆင်ထားသည့် ဆေးလုံးဖြစ်သည်။

၎င်းဟာ သိုင်းသမားများကို အခြေအနေ ဆိုးရွားနေချိန်၌ အာဟာရကို ပြန်လည်ဖြည့်တင်းပေး၏။ ဆေးလုံးတစ်လုံးဟာ တစ်နေ့တာအတွက် လုံလောက်သည်။

အဓိကအချက်မှာ ထိုဆေးလုံးဟာ ရုပ်ပိုင်းဆိုင်ရာ အားပြန်ပြည့်မှုကို လျှင်မြန်စေ၏။ ထို့ကြောင့် ဈေးကွက်တန်ဖိုးအရ တစ်လုံးလျှင် ငွေ၁လျန်ရှိသည်။

အာဟာရဆေးလုံး တစ်အိုးကို သန့်စင်ခြင်းအတွက် ကုန်ကျစရိတ်ဟာ ငွေ၅လျန် မရှိပေ။ အားလုံးဟာ အရိုးရှင်းဆုံး ဆေးပင်များ ဖြစ်ပြီး ပရိုတင်းနှင့် အဆီဓါတ် ကြွယ်ဝသည့် အစားအစာအချို့နှင့် ရောနှောကာ ဆေးအဖြစ် သန့်စင်ခြင်း ဖြစ်သည်။

ဒုတိယအမျိုးအစားဟာတော့ ပိုမိုခက်ခဲသည်။ ၎င်းကို သွေးရပ်ဆေးလုံးဟု ခေါ်၏။ အပြင်ပိုင်း ဒဏ်ရာများအား အရေးပေါ် ကုသရာ၌ သက်ရောက်မှုတစ်ခု ရှိပြီး သွေးထွက်ခြင်းကို ရပ်တန့်စေ၏။

ဈေးကွက်တန်ဖိုးမှာ တစ်လုံးလျှင် ငွေ၅လျန်ဖြစ်သည်။ သွေးရပ်ဆေးလုံး တစ်အိုးကို သန့်စင်ရန် ကုန်ကျစရိတ်ဟာ ငွေ၂လျန်ဖြစ်သည်။

သူ၏ ၁၀% အောင်မြင်နိုင်ချေဟာ ကုန်ကျစရိတ်ကို ပြန်လည်ကာမိနိုင်ရုံ လုံလောက်၏။ ဆေးလုံးများကို စတင်သန့်စင်သည့် သာမန်လူသစ်များ ဆိုလျှင်တော့ အောင်မြင်နိုင်ချေဟာ ၁%ပင် မရှိပေ။

“အစမ်းရှင်သန်ခြင်းထဲမှာ… ငါ့မှာ ဘာပါရမီမှ မရှိခဲ့ဘူး။ အခြေခံ ဆေးလုံးငါးမျိုးကို သန့်စင်နိုင်ပြီး အဆင့်နိမ့်အဆင့် ဆေးပညာရှင်ဖြစ်လာဖို့ အချိန်တစ်နှစ် ကြာခဲ့တယ်။ အခု ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်ရဲ့ အကူအညီနဲ့ ၂လအတွင်းမှာ အောင်မြင်အောင် လုပ်ရမယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

သူဟာ အိတ်ထဲမှ လောင်စာတစ်ကော်ကို ထုတ်ကာ ခြေလေးချောင်းသားရဲ ဆေးပေါင်းအိုး၏ အောက်ခြေတွင် ထားလိုက်သည်။ ထို့နောက် မီးညှိကာ အိုးကို စတင်အပူပေး၏။

ထို့နောက် အတွင်းအားနှင့် အစစ်အမှန်ချီကို အသုံးပြုကာ ဆေးအခြေခံထဲရှိ မှတ်သားထားသည့် နည်းလမ်းအတိုင်း မီးတောက်ကို ထိန်းချုပ်ရန် ကြိုးစားသည်။

“ဖွတ်”

၂မိနစ်ကြာပြီးနောက် ဟန်ကျောက်ဟာ ဆေးပေါင်းအိုးအတွင်းမှ အသံတစ်ခုကို ကြားလိက်ရပြီး တူးနံ့တစ်ခုကို ရလာခဲ့သည်။

သူဟာ အိုးကို ဖွင့်ကြည့်ကာ အတွင်းရှိ အကြွင်းအကျန်များကို သစ်သားပုံးတစ်ခုအတွင်းသို့ သွန်ကာ ဆေးပေါင်းအိုးကို သန့်ရှင်းသည်။ တစ်ချိန်တည်းတွင် ကျရှုံးခြင်းအတွက် အကြောင်းပြချက်ကို စဉ်းစား၏။

“သုံးပါးသော အနှစ်သာရအားဟာ သင်၏ စိတ်ကူးအတိုင်း လှည့်လည်ခဲ့သည်။ သို့ပေမယ့် ၎င်းဟာ အလွန်စွမ်းအားကြီးလွန်း၏။ အကောင်းဆုံးမှာ ပိုမိုညင်သာသည့် အတွင်းအားနှင့် သက်ရှည်အစစ်အမှန်ချီ အနည်းငယ်ကို သုံးကာ ဆေးသန့်စင်ရန် ဖြစ်သည်”

ချက်ချင်းပင် စနစ်၏ အချက်ပေးချက်က ပေါ်လာ၏။

ရက်ပေါင်းနှစ်ဆယ် ကြာပြီးနောက်…

ဟန်ကျောက်ဟာ ဆေးပေါင်းအိုးအတွင်းရှိ ဆယ်လုံးကျော်သည့် အဝါရောင် ဆေးလုံးများကို ကြည့်ကာ နှစ်လုံးကို ကောက်ယူလိုက်သည်။ မနေနိုင်ပဲ မှင်သက်သွား၏။

“အာဟာရဆေးလုံးနဲ့ သွေးရပ်ဆေးလုံးက အရမ်းကို ရိုးရှင်းတာပဲ။ ဒီနှစ်ခုက အလယ်အလတ်အဆင့်ကိုတောင် ရောက်တယ်မလား”

သူဟာ အာဟာရဆေးလုံးကို ခုနစ်ရက်အတွင်းတွင် သန့်စင်နိုင်ခဲ့ပြီး ဆယ့်သုံးရက်တွင် သွေးရပ်ဆေးလုံးကို သန့်စင်နိုင်မည်ဟု ထင်မထားခဲ့ပေ။

ထို့အပြင် ခုနက ဆေးပေါင်းအိုးအတွင်းရှိ သွေးရပ်ဆေးနှစ်လုံးတို့ဟာ အလယ်အလတ်သို့ပင် ရောက်ရှိနေပါသည်။

“ညီလေးဟန်.. ညီလေးဟန်… စီနီယာအစ်မလု ပြန်လာပြီ”

ဟန်ကျောက်ဟာ ခုနက ဆေးသန့်စင်ခဲ့သည့် လုပ်ဆောင်ချက် အဆင့်ဆင့်ကို ပြန်လုပ်တော့မည့် အချိန်၌ အောက်ထပ်မှ ယန်ပိုင်ချွမ်၏ အသံက ပေါ်လာ၏။

All Chapters