← Chapters

အခန်း (၁၅၈)

Vol. 11 Ch. 158

အခန်း (၁၅၈)

Vol. 11 Ch. 158

“ဖျက်၊ ဖျက်၊ ဖျက််…”

ဟန်ကျောက်ဟာ မြန်ဆန်သည့် ခြေသံများကို ကြားလိုက်ရပြီး စားပွဲပေါ်ရှိ ဆေးပေါင်းအိုးနှင့် ဆေးပင်များကို ဆန်မာရုအိတ်အတွင်းသို့ အမြန်ထည့်လိုက်သည်။ ထို့နောက် ပျက်စီးနေသည့် ဆေးလုံးများကို ဖြည်းညှင်းစွာ သန့်ရှင်းရေးလုပ်နေ၏။

“ခရက်”

ယန်ပိုင်ချွမ်ဟာ အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“ညီလေးဟန်.. စီနီယာအစ်မလု ပြန်လာပြီ။ ငါပန်းမိုးမျှော်စင်ရဲ့ ဒုတိယထပ်မှာ သီချင်းနားထောင်နေတုန်းက လမ်းပေါ်မှာ သူမ မြင်းစီးပြီး ဖြတ်သွားတာကို တွေ့ခဲ့တာ။ သိုင်းအကယ်ဒမီကို ပြန်လာခဲ့တာ ဖြစ်မယ်”

“စီနီယာအစ်မလု နောက်ဆုံးတော့ ပြန်လာပြီပေါ့”

ဟန်ကျောက်က လုပ်လက်စများကို ရပ်ကာ ပျော်သွားသည်။

“ဂျူနီယာညီလေးဟန်.. မင်းဆေးသန့်စင်တုန်းလား”

ယန်ပိုင်ချွမ်က စားပွဲပေါ်ရှိ ဆေးများနှင့် အောက်ရှိ သစ်သားခွက်ကို အံ့ဩစွာ ကြည့်သည်။

ဆေးအပျက်အစီး ပမာဏကို ကြည့်ရုံနှင့် ဂျူနီယာ ညီလေးဟန်၏ ဆေးသန့်စင်ခြင်း ဖြစ်စဉ်ဟာ ချောမွေ့ခဲ့ပုံ မပေါ်ကြောင်းကို သိမြင်နိုင်သည်။

“ကျွန်တော့မှာ အခြား လုပ်စရာလည်း မရှိလို့လေ”

ဟန်ကျောက်က ပြုံးကာ ဆေးအပျက်အစီး အားလုံးတို့ကို သစ်သားခွက်ထဲသို့ သွန်ထည့်လိုက်သည်။ အားလုံးပေါင်းလိုက်ပါက ဆေးအိုး၃၀စာလောက် ရှိနေပြီ ဖြစ်၏။

တကယ်တော့ ဆန်မာရုအတွင်းတွင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည့် ဆေးအိုး၂၀မှ ဆေးလုံးအားလုံးကိုလည်း သိမ်းဆည်းထားပါသည်။

အခြားလူများသာ သူ၏ ဆေးပညာအကြောင်း မည်သည်ကိုမှ မသိရာမှ ရက်၂၀တည်းတွင် အခြေခံဆေးလုံးနှစ်မျိုးအား သန့်စင်နိုင်ပြီး ဖြစ်ကြောင်းကို သိပါက… အောင်မြင်နိုင်ချေ ၄၀% ရှိလာကြောင်းကို သိပါက.. အလယ်အလတ် ဆေးလုံးများကိုပင် သန့်စင်နိုင်နေပြီ ဖြစ်ကြောင်းကိုပင် သိပါက.. အရှင်ဖမ်းကာ အပိုင်းပိုင်းဖြတ်ပြီ သုတေသန လုပ်ကြမှာပါ။

“စကေး- အခြေခံဆေးပညာ(အသေးစားကျွမ်းကျင်မှု ၄၂%)”

စနစ်မျက်နှာပြင်ပေါ်ရှိ တိုးတက်မှုနှုန်းကို ကြည့်ကာ အလွန်ဆုံး သုံးလအတွင်းတွင် အခြေခံ ဆေးလုံးငါးမျိုးအား သန့်စင်နိုင်လာမည် ဖြစ်ကြောင်းကို ခန့်မှန်းရပါသည်။

ထို့အပြင် အောင်မြင်နိုင်ချေ ၅၀%ကျော်အား ထိန်းသိမ်းထားနိုင်မည် ဖြစ်ကာ တရားဝင် အဆင့်နိမ့် ဆေးပညာရှင်တစ်ဦး ဖြစ်လာမှာပါ။

ထိုအကြောင်းကို ဖော်ထုတ်ပြရန်တော့ နှစ်ဝက်လောက် အချိန်ယူရပေမည်။ ထို့အပြင် အခြေခံ ဆေးလုံးအကြောင်းကိုသာ ဖြစ်၏။ ထိုလောက်ဆိုပါက မဆိုးဘူးဟု ယူဆနိုင်ကာ အထူး အာရုံစိုက်မှုများကို ခံရမည်မဟုတ်ပေ။

ကြည့်ရတာ သူဟာ ဟန်ကျောက်အနေနှင့် ဆေးလုံးများကို ရောင်းချရန် အဆင်မပြေသည့် ပုံပါ။

“ဒါဆိုရင် မြန်မြန် သွားကြတာပေါ့”

ယန်ပိုင်ချွမ်က မည်သည်ကိုမှ မပြောတော့ပဲ ဆို၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ဟန်ကျောက် လုပ်ချင်သည့် အရာဖြစ်သည်။ သူက အများကြီး ပြောနေလျှင် နားညည်းတာပဲ အဖက်တင်မှာပါ။ ရံဖန်ရံခါ မိတ်ဆွေများ အကြားတွင် မကူညီလျှင် ရ၏။ သူတို့ကိစ္စများ၌ မကောင်းဝင်ပြောလို့ မကောင်းပေ။

“အိုကေ”

ဟန်ကျောက်ဟာ ရေလောင်းကာ လက်ကိုဆေးသည်။ ထို့နောက် ပြတင်းပေါက်ကို ဖွင့်ပြီး အခန်းထဲရှိ ဆေးနံ့များကို ပပျောက်အောင် လုပ်၏။

သန့်စင်သည့် အဝတ်တစ်စုံကို လဲလှယ်ကာ ယန်ပိုင်ချွမ်နှင့်အတူ အောက်ထပ်သို့ ဆင်းသည်။ နှစ်ယောက်သားဟာ ကွမ်းလင်ဒေသသို့ တောက်လျှောက် ထွက်ခဲ့၏။

သိုင်းပညာ အကယ်ဒမီမှ နာမည်ကြီးတစ်ယောက် ဖြစ်သည့် ယန်ပိုင်ချွမ်၏ ဦးဆောင်မှုဖြင့် ဟန်ကျောက်ဟာ နောက်ဆုံးအကြိမ်တုန်းက ကဲ့သို့ပင် အတွင်းပိုင်းသို့ အတားအဆီးမရှိစွာ ဝင်ရောက်ခဲ့သည်။

ကျောင်းနှင့် စင်တူသည့် သိုင်းပညာ အဖွဲ့အစည်းများသာလျှင် ယခုကဲ့သို့ အပြင်လူများ၏ လည်ပတ်ခြင်းကို လက်ခံပေလိမ့်မည်။

“ဒါနဲ့.. ဂျူနီယာဟန်… နောက်ဆုံးအကြိမ်တုန်းက မင်းကို စီနီယာအစ်မလုရဲ့ ဓါးမိုးခြံဝန်း အကြောင်းကိုပဲ ပြောခဲ့ရတယ်။ အခြား ခြံဝန်းတွေအကြောင်းကို ပြောဖို့ မေ့သွားခဲ့တယ်”

“ငါတို့သိုင်းကျောင်းမှာ ကျင့်စဉ်နဲ့ လက်နက်အမျိုးအစားအလိုက် အတွင်းပိုင်းခြံဝန်းတွေ ခွဲခြားထားတယ်.. မင်းက ဆေဘာနဲ့ လက်သီးအတတ်ကို အဓိကကျင့်ကြံတော့.. အကောင်းဆုံးက အုပ်စိုးသူ ဆေဘာခြံဝန်း(သို့) ရွှေမျောက်ဝံခြံဝန်းကို သွားသင့်တယ်”

“ဒါပေမယ့် ဓါးမိုးခြံဝန်းကို သွားရင်လည်း စီနီယာအစ်မလုရဲ့ ဂရုစိုက်မှုနဲ့ သေချာပေါက် အဆင်ပြေမှာပါ”

“ဘာပဲဖြစ်ဖြစ် သိုင်းပညာအကယ်ဒမီရဲ့ တပည့်ဖြစ်တာနဲ့ ကျမ်းစာခန်းမမှာ အဆင့်နိမ့်အဆင့် သိုင်းပညာ စာအုပ်တွေကို ဖတ်လို့ရတယ်။ မင်းမှာ မြင့်မားတဲ့ နားလည်သဘောပေါက်မှု ရှိရင် ကိုယ့်ဘာသာ ကျင့်ကြံလို့ရတယ်”

“အဲ့ဒီအပြင် စီနီယာအစ်မလုရဲ့ အဆက်အသွယ်နဲ့ ဓါးမိုးခြံဝန်းကို ဝင်ရောက်ရင် ခြံဝန်းသခင်ရဲ့ ညွှန်ကြားပြသမှုကိုလည်း ခံရနိုင်ချေ ရှိတယ်”

“ငါတို့ သိုင်းပညာအကယ်ဒမီရဲ့ အတွင်းဘက် ခြံဝန်းသခင် ခြောက်ယောက်လုံးက စစ်ဘုရင်အဆင့်က ထိပ်တန်းကျွမ်းကျင်သူတွေ ချည်းပဲ”

“သူတို့ရဲ့ သင်ကြားမှုကို ရနိုင်ရင် အချိန်ဖြုန်းရတာတွေ သက်သာစေမှာ”

ယန်ပိုင်ချွမ်က လမ်းလျှောက်ရင်းက ရှင်းပြသည်။

“ကျွန်တော့ရဲ့ သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။ သူဟာ လုယင်ရွှမ်းနှင့် နေလျှင် အဆင်ပြေမည်ဟု တွေးထား၏။

စစ်ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ သင်ကြားမှုကို ခံရမည်ကတော့.. ဂရုစိုက်ခြင်း မရှိပါ။ ချီနှစ်ဆင့် စစ်ဘုရင်အဆင့် မဟုတ်ပါက ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက်ကို သူ့အနေနှင့် တစ်ယောက်ယောက် တစ်ခိုက်လျှင်တောင် တစ်ဖက်လူဟာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် စဉ်းစားရမှာ ဖြစ်သည်။

ဆေဘာအတတ်ဟာတော့ သူဟာ ပြီးခဲ့သည့် အစမ်းရှင်သန်မှု အတွင်းတွင် တောင်ခွဲဆေဘာအတတ်၏ ခြောက်ဆင့်မြောက်ကို တီထွင်ခဲ့ပြီး ဖြစ်၏။ အနိမ့်ဆုံး ချီတစ်ဆင့် စစ်ဘုရင်အဆင့်အထိ ကျင့်ကြံနိုင်ပါသည်။

အခြား ဆေဘာအတတ်ကို ပြောင်းလဲကျင့်ကြံရန်မှာ စစ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးမှ စဉ်းစားမည်ဖြစ်၏။

လက်သီးအတတ်တွင် သူဟာ တောင်ဖြိုလက်သီးသိုင်း၏ စတုတ္ထအဆင့်ပင် မပြီးပြည့်စုံသေးပေ။ ထို့ကြောင့် ပိုမိုအဆင့်မြင့်မားသည့် ကျင့်စဉ်များကို အလျှင်စလို ပြောင်းလဲမည်မဟုတ်ပါ။

ယခုအချိန်၌ အရေးအကြီးဆုံးမှာ ကျမ်းစာခန်းမသို့ သွားရောက်ကာ ဘဝကူးမန္တန်ကို ရှာဖွေရန်နှင့် လက်ဗလာသိုင်းသူတော်စင်၏ အဆင့်ကို မြှင့်တင်ရန် လွယ်ကူသည့် လက်ချောင်းနှင့် လက်သည်းသိုင်းတို့ကို ရှာဖွေရန်ဖြစ်သည်။

“ရပါတယ်။ ငါတို့က မိတ်ဆွေတွေပဲ”

ယန်ပိုင်ချွမ်က လက်ကိုယမ်းသည်။

“ကျန်တာတွေကတော့ လှံအတတ်ကို သင်ကြားပေးတဲ့ နေပြင်းခြံဝန်း၊ ပုဆိန်အတတ်ကို သင်ကြားပေးတဲ့ ဒီဗိုင်းအကာအကွယ်ခြံဝန်းနဲ့ အတွင်းအားနဲ့ အစစ်အမှန်ချီရဲ့ ပေါင်းစပ်မှုကို လေ့လာတဲ့ အစစ်အမှန်အားခြံဝန်းတို့ပဲ”

“အစစ်အမှန်အားခြံဝန်း”

ဟန်ကျောက်ဟာ မှင်သက်သွား၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က… သိုင်းပညာတွေ ထွန်းကားတဲ့ ခေတ်မှာ တွင်းအားကျင့်စဉ် အများစုမှာ ကျင့်ကြံရာမှာ အထောက်အကူဖြစ်တဲ့ လိုက်ဖက်တဲ့ အစစ်အမှန်ချီ ကျင့်စဉ်တ်စခု ရှိနေတတ်တယ်”

“ဒါပေမယ့် ကောင်းကင်သူတော်စင်ဂိုဏ်း အပြင်ဘက်ပင်လယ်ကို တိမ်းရှောင်သွားကတည်းက အစစ်အမှန်ချီကျင့်စဉ် ၉၀%လောက် ပျောက်ဆုံးသွားခဲ့တယ်”

“ကျန်တဲ့ ၁၀%ကလည်း အရမ်းအန္တရာယ်များတာ(သို့) ကျင့်ကြံဖို့ခက်ခဲတာတွေပဲ”

“အစစ်အမှန်အား ခြံဝန်းရဲ့ ခြံဝန်းသခင် လျှိုယန်းလျှိုက သိုင်းပညာအကယ်ဒမီရဲ့ အစစ်အမှန်ချီ ကျင့်စဉ်‌တွေကို တိုးမြှင့်ပေးနေတာ။ သူက သိုင်းပညာခေတ်ရဲ့ ထွန်းကားမှုမျိုးကို ပြန်ရချင်တာ”

ယန်ပိုင်ချွမ်က ရှင်းပြသည်။

“ငါသိပြီ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ ကြည့်ရတာ လှံအတတ်ကို သင်ကြားရန် နေရာတစ်ခု ရှိပုံပါ။

“အတွင်းဘက် ခြံဝန်းခြောက်ခုမှာ.. အသန်မာဆုံးက နေပြင်းခြံဝန်းနဲ့ အုပ်စိုးသူဆေဘာခြံဝန်းပဲ။ သူတို့နောက်မှာမှ ဓါးမိုးခြံဝန်းလိုက်တယ်။ အစစ်အမှန်အား ခြံဝန်းကတော့ အားအနည်းဆုံးပဲ”

ယန်ပိုင်ချွမ်က ဆက်လက်ပြောသည်။

ခဏအကြာ၌ နှစ်ယောက်သားဟာ တင့်တယ်သည့် ဥယျာဉ်အဆောက်အအုံ တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

အဖြူရောင် သိုင်းဝတ်စုံနှင့် မိန်းကလေးနှစ်ယောက်တို့ဟာ ဥယျာဉ်၏ အဝင်ဝတွင် ရပ်နေကြ၏။ ယန်ပိုင်ချွမ်က ဟန်ကျောက်ကို ခေါ်ကာ အပြုံးတစ်ခုနှင့် ရှေ့တက်သွားသည်။

“ဂျူနီယာညီမလေးတို့”

“စီနီယာအစ်ကိုယန်ကို. ကျွန်မတို့ ဓါးမိုးခြံဝန်းကို ဘာလာလုပ်တာလဲ မသိဘူး”

မိန်းကလေးနှစ်ယောက်တို့က ယန်ိုင်ချွမ်ကို နှုတ်ဆက်သည်။ သို့ပေမယ့် သူမတို့၏ အကြည့်များဟာ သူ၏နောက်ရှိ ဟန်ကျောက်အပေါ်တွင် ရစ်ဝဲနေ၏။ မျက်နှာကို ဦးတည်ထားသည်။

“အစ်ကို့အနောက်က ညီလေးဟန်က စီနီယာအစ်မလု ဖခင်ရဲ့ တပည့်ပါ။ သူက သိုင်းပညာအကယ်ဒမီကို အထူးလာရောက်ပြီး စီနီယာအစ်မလုဆီကို လာလည်တာ။ တစ်ချိန်တည်းမှာ ဓါးမိုးခြံဝန်းကို ဝင်ပြီး သိုင်းပညာသင်ကြားနိုင်ဖို့လည်း မျှော်လင့်တယ်”

ယန်ပိုင်ချွမ်က ပြောသည်။

“စီနီယာအစ်မတို့ကို တွေ့ဆုံပါတယ်”

ဟန်ကျောက်က ရှေ့သို့တက်ကာ ဦးညွှတ်သည်။

All Chapters