အခန်း (၁၆၁)
Vol. 11 Ch. 161
သွေးချီတုံ့ပြန်မှု အားနည်းသည့် တပည့်အချို့ဟာ မီးခိုးရောင် လေ့ကျင့်ရေး ဝတ်စုံကို အားလုံး ဝတ်ဆင်ထားကြသည်။ သူတို့ဟာ အပြင်ဘက်ခြံဝန်းမှ တပည့်များ ဖြစ်ပေလိမ့်မည်။
“စီနီယာအစ်မလု”
“စီနီယာအစ်မလု.. မတွေ့တာကြာပြီ”
“ဂျူနီယာညီမလု..”
လုယင်ရွှမ်းကို တွေ့ရပြီးနောက် ခန်းမအတွင်းရှိ လူတိုင်းက နှုတ်ဆက်ကြသည်။ လုယင်ရွှမ်းက အပြုံးတစ်ခုနှင့် တုံ့ပြန်၏။
ခဏအကြာ၌ ကလေးလက်အရွယ်ရှိ အနက်ရောင် တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် လူလတ်ပိုင်း လူကြီးတစ်ယောက် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဟန်ကျောက်ဟာ ၎င်းအပေါ်တွင် ကြေးခွံအချို့ကို ရေးတေးတေး မြင်ရ၏။
“စီနီယာအစ်ကိုလန်”
လုယင်ရွှမ်းက လူလတ်ပိုင်းလူကြီးကို နှုတ်ဆက်သည်။
“ဂျူနီယာညီမလု”
စီနီယာအစ်ကိုလန်က တုံ့ပြန်ပြီးနောက် ဟန်ကျောက်ကို ကြည့်သည်။
“ညီငယ်လေး.. ကျေးဇူးပြုပြီး ဒီနေရမှာ သွေးတစ်စက်ချပေးပါ။ မင်းရဲ့ ပါရမီကို ငါစစ်ဆေးပေးမယ်”
စီနီယာအစ်ကိုလန်က ရှည်လျားသည့် တုတ်၏ အပေါ်ပိုင်းရှိ သရဖူအား ညွှန်ပြသည်။
“ဟုတ်ကဲ့”
ဟန်ကျောက်က ခေါင်းညွှတ်ကာ ကြည့်သည်။
လုံခြုံမှုရှိစေရန် သူဟာ ဆေဘာနှင့်ဓါးတို့ကို ဆန်မာရုအိတ်အတွင်းသို့ ထည့်ထားခဲ့၏။ ဘာပဲဖြစ်ဖြစ် ယန်ကန်းကောင်တီတွင် သူ၏ သက်ခြွေဓါးနှင့် ကံကြမ္မာဖြတ်တောက်ခြင်းဓါးတို့ကို ဖော်ထုတ်ပြခြင်း မရှိခဲ့ပါ။ လက်ကို ကိုက်ရန်မှာလည်း အလွန် နာကျင်လှ၏။
ဟန်ကျောက်က မှင်သက်နေစဉ် လုယင်ရွှမ်းက လက်ကိုဆန့်ကာ အပ်တစ်ခုကို ပေးသည်။
“ဒါကိုသုံးလိုက်”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မလု”
ဟန်ကျောက်က ငွေအပ်ကို ယူပြီး သူ၏ လက်ညှိုးကို ဖောက်သည်။ သွေးတစ်စက်ကို ညှစ်ကာ တုတ်အပေါ်သို့ အစက်ချလိုက်၏။
သွေးစက်ကို တုတ်က စုပ်ယူသွားသည်။ ထို့နောက် တုတ်၏ မျက်နှာပြင်ပေါ်တွင် သွေးမျဉ်းကြောင်းတစ်ခု ပေါ်လာ၏။ သွေးမျဉ်းဟာ ဖြည်းညှင်းစွာ မြင့်တက်သွားပြီး အမှတ်ကိုးခုမှ လေးခုမြောက်တွင် ရပ်တန့်သွားသည်။
“သူ့ရဲ့ ပါရမီက အလယ်အလတ် အနိမ့်ပိုင်းမှာပဲ။ မဆိုးဘူး”
စီနီယာအစ်ကိုလန်က ခေါင်းညှိတ်ကာ ပြောသည်။
“ပြီးရင် နားလည်သဘောပေါက်မှုနဲ့ သိုင်းအဆင့်ကို စမ်းသပ်မယ်”
“ဟုတ်”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ သို့ပေမယ့် သူ၏ စိတ်ထဲတွင် အနည်းငယ် မှင်သက်နေ၏။
အိုဇာတာကောင်းသူက သူ၏ ပါရမီကို နှစ်ဆဖြစ်စေပြီးနောက် ပါရမီဟာ အလယ်အလတ် အနိမ့်ပိုင်းလောက်သာ မဟုတ်တော့တာ သေချာပါသည်။
တစ်ခုတည်းသော ရှင်းပြချက်မှာ စနစ်မှ ရလာသည့် ပါရမီများကို တိုက်ရိုက် စမ်းသပ်မှု မပြုနိုင်ဟု ဖြစ်သည်။ ဤသည်မှာ ကိစ္စကောင်းဖြစ်၏။
လုယင်ရွှမ်း၏ လမ်းညွှန်မှုနှင့် စမ်းသပ်မှုဖြစ်စဉ်ဟာ အလွန် မြန်ဆန်၏။ နောက်ဆုံးတွင် ဟန်ကျောက်၏ စမ်းသပ်မှု ရလဒ်များဟာ အလယ်အလတ် အနိမ့်ပိုင်း ပါရမီ၊ အလယ်အလတ် အမြင့်ပိုင်း နားလည်သဘောပေါက်မှု၊ နောက်ခံနိမ့်ပါးခြင်းနှင့် အလယ်အလတ် အမြင့်ပိုင်း စရိုက်လက္ခဏာတို့ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ဟာ သွေးချီချိုးဖျက်မှု တတိယအဆင့်တွင် ရှိပြီး ကျင့်စဉ်နှစ်ခုကို ကျင့်ကြံသည်။ အတွင်းအားကို ဖမ်းဆုပ်နိုင်ပြီး ဖြစ်ကာ ခွန်အားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည့်ပုံပါ။
ခြုံငုံသုံးသပ်ချက်ဟာ အလယ်အလတ် အမြင့်ပိုင်းအဆင့် ဖြစ်၏။ လူလတ်ပိုင်းလူကြီး၏ သက်ဆိုင်ရာ သုံးသပ်ချက်အရ ဟန်ကျောက်ကို ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်ပါသည်။
စီရင်စုမြို့တော်ကဲ့သို့ အလွန်ကြီးမားသည့် မြို့ကြီးတွင်ပင် ခွန်အားသန့်စင်ခြင်း အဆင့်များဟာ အမှိုက်သရိုက်များ မဟုတ်ကြပေ။ သူတို့ဟာ အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲများ ဖြစ်ကြ၏။
ယခုကဲ့သို့ အသက်၂၀ကျော်ရုံလေးနှင့် သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိသည့် တပည့်မျိုး သိုင်းပညာအကယ်ဒမီသို့ ဝင်ရောက်လာမှုဟာ အတွင်းပိုင်းခြံဝန်းများအတွက် ဦးစားပေး ခေါ်ယူစရာ ဖစ်သည်။
ထို့အပြင် ဟန်ကျောက် ကျင့်ကြံသည့် တောင်ခွဲဆေဘာအတတ်နှင့် တောင်ဖြိုလက်သီးဟာ အစကတည်းက သိုင်းအကယ်ဒမီမှ လာခြင်းဖြစ်၏။
ထို့အပြင် ၎င်းတို့ကို အစောပိုင်းနှစ်များတွင် ပါရမီရှင် စီနီယာများက မွမ်းမံပြီး ဖြစ်သည်။ ကျင့်စဉ်နှစ်ခု၏ အတွင်းအားဟာ တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်ကာ သိုင်းအကယ်ဒမီမှ ပိုမိုအဆင့်မြင့်မားသည့် ဆေဘာအတတ်ကို ပြောင်းလဲကျင့်ကြံပါက ပြဿနာမရှိပါ။
လုယင်ရွှမ်းကိုယ်တိုင်က ခေါ်ယူလာခြင်း ဖြစ်သဖြင့် တစ်ဖက်လူဟာ ဓါးမိုးခြံဝန်းသို့ ဝင်ရောက်နိုင်ချေ မြင့်များစွာ ရှိသောကြောင့်သာ မဟုတ်ပါက သူပင်လျှင် ဟန်ကျောက်ကို ရွှေလူဝံခြံဝန်းသို့ ခြံဝန်းသခင်အစား ဖိတ်ခေါ်ချင်မိသည်။
“ကျောက်နက်မြို့က ဘယ်နားမှာလဲ။ စွမ်းအားကြီးလှချည်လား”
“အရင်ဦးဆုံး စီနီယာအစ်မလုလာတယ်။ ပြီးတော့ ဂျူနီယာဟန် ထပ်ရောက်လာပြန်ပြီ။ တကယ့်ကို ပါရမီရှင်တွေ များတာပဲ”
“မင်းနားမလည်ဘူးမလား။ စီနီယာအစ်မလုရဲ့ ဖခင်က အစာပိုင်းနှစ်တွေမှာ ငါတို့ သိုင်းအကယ်ဒမီရဲ့ နာမည်ရှိသူ တစ်ယောက်ပဲ။ နောက်ပိုင်းမှာ သူ..”
အပြင်လူများက တိုးညှင်းစွာ ဆွေးနွေးကသည်။ လုယီအကြောင်းကို ပြောလာသည့် လူများပင် ရှိ၏။
“စကားတွေရပ်ကြ။ ခြံဝန်းသခင်လု ရောက်လာတယ်” လူလတ်ပိုင်းလူကြီဂက ဟနကျောက်အတွက် ကြိုဆိုခြင်း လက်ဆောင်အား ပြင်ဆင်နေသည့် အချိန်၌ ကွင်းပြင်ထဲမှ အံ့ဩသံတစ်ခု ရုတ်တရက် ပေါ်လာ၏။
“မိတ်ဆွေဟောင်းကြီး တစ်ယောက်ရဲ့ တပည့်တစ်ယောက် ဒီနေ့မှာ သိုင်းပညာအကယ်ဒမီကို ဝင်ရောက်ချင်တယ်လို့ ကြားတယ်။ ဟန်ကျောက်က ဘယ်တစ်ယောက်လဲ”
အသက်ငါးဆယ်အရွက် ဝတ်စုံနက်ဝတ် လူကြီးတစ်ယောက်ဟာ ပထမထပ်၏ ခန်းမအတွင်းသို့ လျှောက်ဝင်လာခဲ့သည်။ သူ့တွင် ပိန်ပါးသည့် မျက်နှာရှိကာ မျက်လုံးများက စူးရှပြီး ဆန်းကြယ်သည့် အငွေ့အသတ်အား ထုတ်လွှတ်နေ၏။
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားည်။ ဒီဝတ်စုံနက်နှင့် လူကြီးထံမှ ရင်းနှီးသည့် အငွေ့အသက်တစ်ခုကို ခံစားရ၏။
“သူက အုပ်စိုးသူလှံ ခြံဝန်းရဲ့ ခြံဝန်းသခင် လုဟွမ်ရှုံပဲ။ အမေ့ကြောင့် သူနဲ့ ငါ့အဖေကြားမှာ ရန်ငြှိုးဟောင်းတစ်ခု ရှိတယ်။ ပထမဆုံး ငါဒီကို လာစဉ်ကလည်း သူငါ့ကို ခက်ခဲအောင် လာလုပ်ခဲ့သေးတယ်”
လုယင်ရွှမ်းက ဟန်ကျောက်ကို တိုးညှင်းစွာ ရှင်းပြသည်။
ထို့နောက် ရှေ့သို့တက်ကာ ဦးညွှတ်၏။
“ခြံဝန်းသခင်လုကို တွေ့ဆုံပါတယ်”
“အိုး.. တူမလုပဲ.. နင်လုံလုံခြုံခြုံ ပြန်ရောက်လာတာကို တွေ့မှ ငါလည်း စိတ်အေးသွားတယ်”
လုဟွမ်ရှုံက အပြုံးတုတစ်ခုကို ဖော်ထုတ်ကာ လုယင်ရွမ်း၏ နောက်ရှိ ဟန်ကျောက်ကို ကြည့်သည်။
“လုဟွမ်ရှုံ- ချီနှစ်ဆင့် စစ်ဘုရင်အဆင့် ဖြစ်သည်။ အတွင်းအားဟာ မီးနှင့် သစ်သားချီတို့နှင့် နှလုံးသားနှင့် အသည်း၌ ပေါင်းစပ်ွားသည်။ သူဟာ ဆေဘာအတတ်တွင် ထူးချွန်ပြီး ဆေဘာဆန္ဒကို နားလည်သဘောပေါက်နိုင်သည့် အခွင့်အရေးတစ်ခု ရှိသည်။ သူ့တွင် သင့်အပေါ် မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိ၏”
“ဒါက စီနီယာအစ်ကိုလုရဲ့ တပည့်သစ်ဖြစ်မယ်။ တကယ့်ကို သူငယ်ငယ်ကလိုပဲ ထင်ပေါ်တာပဲ”
လုဟွမ်ရှုံက တည်ငြိမ်စွာ ပြောကာ စီနီယာအစ်ကိုလန်ဘက်သို့ လက်ကို ဝှေ့ယမ်းသည်။
“လန်ယီ… သူ့ရဲ့ စမ်းသပ်မှုရလဒ်ကို ငါ့ကို ပြပါဦး”
“ဟုတ်ကဲ့”
လန်ယီက ရှေ့သို့တက်ကာ ဟန်ကျောက်၏ ရလဒ်ကို လုဟွမ်ရှုံအား ပေးသည်။
“ခြုံငုံသုံးသပ်ချက်က အလယ်အလတ် အမြင့်ပိုင်းလား။
"အိုး.. စီနီယာအစ်ကိုလုလိုပဲ.. သူလည်း တောင်ခွဲဆေဘာအတတ်နဲ့ တောင်ဖြိုလက်သီးသိုင်းကို လေ့ကျင့်တာပဲ” လုဟွမ်ရှုံက အပြုံးတစ်ခုနှင့် ပြောသည်။
“ဒါက ငါ့ကို အတိတ်အချိန်တွေကို ပြန်အမှတ်ရစေတယ်။ စီနီယာအစ်ကိုလုက ငါ့ကို အတွင်းအားနှစ်ခုကို ဘယ်လိုပေါင်းစပ်ရမယ် ဆိုတာကိုတောင် သင်ပေးခဲ့တယ်။ သူ့ကြောင့်သာမဟုတ်ရင် အဲ့ဒါကိုအခြေခံပြီး စစ်ဘုရင်အဆင့် သိုင်းပညာ- အုပ်စိုးသူဆေဘာအတတ်ကို ငါဖန်တီးနိုင်ခဲ့မှာ မဟုတ်ဘူး”
ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွား၏။ လုဟွမ်ရှုံ၏ ထေ့ငေါ့ပြောဆိုမှုများဟာ သူ့ကို မသက်မသာ ခံစားရစေသည်။
ထင်ထားသည့်အတိုင်းပင်။ လူများရှိပါက ပြဿနာရှိသည်။ နေရာတိုင်းတွင် ထိုကဲ့သို့သော ကိစ္စများဟာ ရှားပါးခြင်းမရှိပေ။
“မင်းက စီနီယာအစ်ကိုလုရဲ့ ထူးချွန်တဲ့ တပည့်ဆိုတော့.. ဘာလို့ ငါ့ရဲ့ အုပ်စိုးသူဆေဘာခြံဝန်းကို မဝင်တာလဲ”
လုဟွမ်ရှုံ၏ မျက်ခုံးများက မြင့်တက်သွားသ်ည။
ဟန်ကျောက်က ငြင်းဆန်တော့မည့် အချိန်၌ လုယင်ရွှမ်းက မျက်မှောင်ကြုတ်ကာ ပြောသည်။
“ဂျူနီယာမောင်လေးဟန်က ကျွန်မလိုပဲ ဓါးသိုင်းကို ပြောင်းလဲလေ့ကျင့်ဖို့ ပြင်နေတာ။ ဆရာကလည်း သူ့ကို ဓါးမိုးခြံဝန်းကို ဝင်ရောက်ဖို့အတွက် ခွင့်ပြုထားပြီးပြီ”
“ဆိုးတာပဲ… အရင်တုန်းက နင့်ကို ငါ့ရဲ့ အုပ်စိုးသူဆေဘာခြံဝန်းကို ဝင်ခွင့်ပြုအောင်.. စီနီယာအစ်ကိုလု သိုင်းပညာအကယ်ဒမီကို အပြေးလာပြီး ငါ့ကိုတောင်းဆိုခဲ့သေးတယ်။ ကံဆိုးစွာပဲ နောက်ဆုံးမှာ ဓါးမိုးခြံဝန်းကို ဝင်ရောက်သွားခဲ့တယ်”
လုဟွမ်ရှုံက အသာပြုံး၏။