← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

“နင့်ရဲ့ ဂျူနီယာကိုလည်း ဓါးသိုင်းကို ထပ်ပြောင်းခိုင်းဦးမလို့လား.. ငါ့ရဲ့ အုပ်စိုးသူ ဆေဘာက စီနီယာအစ်ကိုလုရဲ့ ဆေဘာအတတ်ထက် အများကြီး ပိုသန်မာတယ်နော်”

“မင်းငါ့ရဲ့ အုပ်စိုးသူဆေဘာကို မသင်ချင်ဘူးလား”

လုယွမ်ရှုံက ဟန်ကျောက်ကို ကြည့်ကာ ပြုံးသည်။

“စီနီယာအစ်ကိုလုရဲ့ အကျင့်နဲ့ဆို ငါ့ဆီကို အကူအညီတောင်းတဲ့ စာစောင် ရေးပေးလိုက်တယ်မလား။ စာကိုထုတ်ပေးလေ.. ငါမင်းကို လက်ခံပေးပြီး အုပ်စိုးသူဆေဘာကို ကိုယ်တိုင်သေးပင်မှာ‌ေပါ့။ ဘယ်လိုလဲ”

လုဟွမ်ရှုံ၏ မျက်လုံးများ၌ ကောက်ကျစ်မှုတို့ ဖြတ်သန်းသွားသည်။

လုယင်ရွှမ်းဟာ လုယီအတွက်နှင့် သူမ၏ သိုင်းပညာကို ဓါးသိုင်းအဖြစ် အထူးပြောင်းလဲခဲ့သည်။ သို့ပေမယ့် လုယီနှင့် မည်သည့်သွေးသားမှ မတော်စပ်သည့် တပည့်တစ်ယောက်ကတော့ အုပ်စိုးသူဆေဘာ၏ ဆွဲဆောင်မှုကို လက်လျော့နိုင်မည်ဟု သူမယုံပေ။

အထူးသဖြင့် သူ၏ ဆေဘာအတတ်ဟာ တောင်ခွဲဆေဘာအတတ်မှ ခွဲထွက်လာသည့် အထွတ်အထိပ် ဆေဘာအတတ်တစ်ခု ဖြစ်နေခြင်း ဖြစ်၏။

ထိုစကားကို ကြားရပြီးနောက် လုယင်ရွှမ်းက ဟန်ကျောက်ကို ကြည့်သည်။

“ခြံဝန်းသခင်လု.. ဆရာကျွန်တော့ကို လွှတ်လိုက်တုန်းက စီနီယာအစ်မလုရဲ့ စကားကို နားထောင်ဖို့ပဲ ပြောလိုက်တယ်။ ဘာစာစောင်မှ မပေးလိုက်ဘူး”

ဟန်ကျောက်က အပြုံးတုတစ်ခုကို ဖော်ထုတ်ကာ သူ၏လက်သီးများကို နောက်ပစ်ကာ ဆုပ်ထားသည်။ သူ့ကို စကားအနည်းငယ် ပြောခြင်းက အဆင်ပြေ၏။ သို့ပေမယ့် လုယီကို စော်ကားခြင်းက သည်းခံနိုင်ခြင်း မရှိပေ။

“တကယ်လား”

လုဟွမ်ရှုံ၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားပြီးနောက် နှာခေါင်းရှုံ့သည်။ ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။

လုဟွမ်ရှုံဟာ ဓါးအိမ်မှ ထွက်လာသည့် ဆေဘာတစ်ချောင်းဟု သူခံစားလိုက်ရသည်။ ထက်မြကာ ကြီးစိုးသည့် ဆေဘာဆန္ဒဟာ လူကို အချိန်မရွေး နှစ်ပိုင်းပိုင်းနိုင်သည့်အလား မြင့်တက်လာခဲ့၏။ စွမ်းအားကြီးမားသည့် ဖိအားက သူ့ကို ပစ်မှတ်ချိန်ထားသည်။

“ဦးလေးလု”

လုယင်ရွှမ်းက ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ဟန်ကျောက်၏ရှေ့တွင် ရပ်သည်။ လုဟွမ်ရှုံ၏ ဆေဘာဆန္ဒကို ရင်ဆိုင်၏။

“တပည့်သစ်တစ်ယောက် အပေါ်မှာ ဆေဘာဆန္ဒကို သုံးတာက ခြံဝန်းသခင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မကိုက်ညီဘူးမလား”

“ငါက စီနီယာအစ်ကိုလု ဂရုတစိုက် သင်ကြားထားတဲ့ တပည့်ရဲ့ စံချိန်ကို ကြည့်ချင်ရုံပါပဲ။ တူမလု.. နင်အ‌ေတွေးလွန်နေပြီ”

လုဟွမ်ရှုံက အသာပြုံးသည်။

“တူမလုလည်း ဒီခရီးစဉ်က အကျိုးအများကြီး ရခဲ့တယ်မလား။ ကြည့်ရတာ ရက်အနည်းငယ် အတွင်းမှာ ခွန်အားသန့်စင်ခြင်းရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ရောက်မယ်ထင်တယ်။ ဟုတ်တယ်မလား”

“လုဟွမ်ရှုံ.. ဂျူနီယာတစ်‌ယောက်ကို ခက်ခဲအောင်လုပ်တာ ဘာအဓိပ္ပာယ်ရှိလို့လဲ”

ထိုအချိန်၌ ခန်းမအပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ လူတိုင်းက အသံလာရာကို လှည့်ကြည့်လိုက်ပြီးနောက် အသက်သုံးဆယ်အရွယ်ရှိ လှပသည့် အမျိုးသမီးတစ်ယောက် ဒေါသတကြီး လျှောက်ဝင်လာတာကို တွေ့လိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်ဟာ သွယ်လျပြီး မေးစေ့ချွန်၏။ ချယ်ရီနှုတ်ခမ်းများက နူးညံ့ကာ မျက်လုံးများဟာ ခံစားချက်တို့ဖြင့် ပြည့်နှက်နေပါသည်။ ဒီအချိန်၌ သူမဟာ လွန် ဒေါသထွက်နေ၏။

“ခြံဝန်းသခင်ကျန်း ရောက်လာပြီ”

လူတိုင်းဟာ ပွဲကောင်းတစ်ခုကို တွေ့ရသည့်အလား ကြည့်နေကြ၏။

“ခြံဝန်းသခင်ကျန်း.. ကျေးဇူးပြုပြီး နင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ”

လုဟွမ်ရှုံ၏ ပုံစံက အေးစက်သွားသည်။ လူတိုင်း၏ တစ်ယောက်နှင့်တစ်ယောက် တီးတိုးနေပုံကို တွေ့ရပြီးနောက် သူက အေးစက်စွာ နှာခေါင်းရှုံ့ကာ အင်္ကျီလက်ကို ခါပြီးနောက် ထွက်ခွာသွား၏။

“ယင်ရွှမ်း.. နင်အဆင်ပြေရဲ့လား”

ကျန်းမုသယ်က စိုးရိမ်စွာ‌ မေးသည်။

“ပြေပါတယ်ဆရာ”

လုယင်ရွှမ်းက ပြုံးသည်။

“အဲ့လိုဆို ကောင်းတယ်။ လုဟွမ်ရှုံကို ဒီလောက် စိတ်ဓါတ်မကောင်းမယ်လို့ ထင်မထားခဲ့ဘူး။ သူက အရင်တုန်းက ကိစ္စကို အငြှိုးထားနေတုန်းပဲ”

ကျန်းမုသယ်က မျက်မှောင်ကြုတ်သွားသည်။ ပြီးနောက် ဟန်ကျောက်ကို အပြုံးတစ်ခုနှင့် ကြည့်၏။

“နင်က စီနီယာအစ်ကိုလုရဲ့ တပည့် ဟန်ကျောက်မလား။ တကယ့်ကို ပါရမရှိတဲ့လူပဲ။ စိတ်မပူနဲ့.. ငါက ဓါးသိုင်းကို အဓိကထားလေ့ကျင့်ပေမယ့် ဆေဘာအတတ်ကိုလည်း နည်းနည်းပါးပါး လိုက်စားတယ်။ ဓါးမိုးခြံဝန်းမှာနေတာက အုပ်စိုးသူဆေဘာ ခြံဝန်းကို သွားတာထက် နိမ့်ကျမှာ မဟုတ်ဘူး”

“ခြံဝန်းသခင်ကျန်းကို တွေ့ဆုံပါတယ်”

ဟန်ကျောက်က လေးစားစွာ ပြောသည်။

“ဟုတ်ပြီ။ ဟုတ်ပြီ”

ကျန်းမုသယ် ခေါင်းညှိတ်ကာ လေးနက်စွာ ပြောသည်။

“ယင်ရွှမ်း… ဟန်ကျောက်ကို အရင်ဆုံး ပတ်ဝန်းကျင်ကို လိုက်ပြပေးလိုက်ဦး.. ငါအကယ်ဒမီ ခေါင်းဆောင်ဆီကို သွားပြီးတော့ တိုင်လိုက်ဦးမယ်။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်လို့မရဘူး”

သူမက ပြောပြီးနောက် အမြန် ထွက်ခွာသွား၏။ ဟန်ကျောက်က မှင်သက်သွားသည်။

ထိုပုံကို တွေ့ရပြီးနောက် လုယင်ရွှမ်းက ပြုံး၏။

“ဆရာ့ရဲ့ အကျင့်စရိုက်က အဲ့လိုပဲ..”

“ကျွန်တော့အထင်တော့ အရမ်းကောင်းပါတယ်”

ဟန်ကျောက်က စိတ်ရင်းဖြင့် ပြော၏။

“ဒီနေ့ကစပြီး ကောင်းကောင်းလေ့ကျင့်.. ခုနက ကိစ္စကို စိတ်ထဲမထားနဲ့.. ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ နေလိုက်”

လုယင်ရွှမ်းက ဟန်ကျောက်၏ ပုခုံးကို ပုတ်သည်။ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

“ထားလိုက်ရမှာလား.. မဖြစ်နိုင်ဘူး”

လုယင်ရွှမ်း၏ နောက်ကျောကို ကြည့်ကာ ဟန်ကျောက်က ရေရွတ်သည်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။

ခုနက လုဟွမ်ရှုံဟာ ဆေဘာဆန္ဒကို တစ်ခါတည်း အသုံးပြုပြီး သူ့ကို ထိတ်လှန့်ခဲ့၏။ သူသာ အမှန်တကယ် သာမန် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဖြစ်ယောက်ဖြစ်ပြီး လုယင်ရွှမ်းက ရှေ့သို့တက်ကာ မကာကွယ်ခဲ့ပါက စိတ်ပိုင်းဆိုင်ရာတွင် ကြီးမားသည့် စိတ်ဒဏ်ရာတစ်ခု ရသွားပြီး နောင်တွင် အဆင့်ချိုးဖျက်ရန် ခက်ခဲမှာဟာ ကြီးစွာ မြင့်တက်လာမှာ ဖြစ်သည်။

သူဟာ ကူညီမှုကို ကျေးဇူးဆပ်ကာ ရန်လိုမှုကို ပြန်လည်တုံ့ပြန်ခြင်း မပြုရပါက ညဘက်တွင် ကောင်းကောင်းအိပ်ပျော်မည် မဟုတ်ပေ။

သို့ရာတွင် ယခုအချိန်၌ သူဟာ လုဟွမ်ရှုံကို အနိုင်ယူနိုင်ဦးမည် မဟုတ်ပါ။ ထို့အပြင် ဒီနေရာဟာ ကျောက်နက်မြို့နှင့် ခြားနား၏။ မြို့ထဲတွင် အလွယ်တကူ တိုက်ခိုက်

မှုပြုလို့ မရပေ။ သူကိုယ့်သူ ပေါ်သွားရန် လွယ်ကူ၏။

ထို့ကြောင့် ခဏတာတော့ လွှတ်ထားပေးရဦးပေမည်။

အချိန်ကျလာမှ ဒီခွေးအိုကြီးကို သတ်ဖြတ်ရန် နည်းလမ်းအား စဉ်းစားရပေမည်။

“ဂျူနီယာညီလေးဟန်.. ငါမင်းကို ဓါးမိုးခြံဝန်းရဲ့ ယူနီဖောင်းဝတ်စုံနဲ့ အတွင်းဘက်ခြံဝန်း တပည့်တွေရဲ့ တံဆိပ်ပြားကို ထုတ်ယူဖို့ ခေါ်သွားပေးမယ်”

လန်ယီက ရှေ့သို့ တက်လာ၏။

ခုနက ဟန်ကျောက်၏ အပြုအမူအား သူလေးစားပါသည်။ ထို့ကြောင့် မိတ်ဆွေ ဖွဲ့လို၏။ ဘာပဲဖြစ်ဖြစ် ခွန်အားသန်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် အနေနှင့် သူ့တွင် နောက်ခံရှိပါသည်။ လုဟွမ်ရှုံ၏ မုန်းတီးခံရမည်အား ကြောက်ရွံ့ခြင်းမရှိပါ။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလန်”

ဟန်ကျောက်က ပြုံးကာ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ကျေးဇူးတင်ပြီးနောက် လန်ယီ၏နောက်မှ လိုက်ကာ ခန်းမအတွင်းမှ ထွက်ခွာသွား၏။

ဟန်ကျောက်ဟာ ဓါးမိုးခြံဝန်း၏ တရားဝင် တပည့်တစ်ယောက် ဖြစ်လာပြီးနောက် ယန်ပိုင်ချွမ်အား အကြောင်းကြားသည်။ နှစ်ယောက်သားဟာ ဆိုင်တစ်ဆိုင်ရှာပြီး သောက်ကြရင်း အောင်ပွဲခံ၏။

ကောင်းကင်ဟာ တဖြည်းဖြည်း မဲမှောင်လာပြီးနောက် သူဟာ ယန်ပိုင်ချွမ်၏ ဆောင်ကြာမြိုင်သို့ ဖိတ်ခေါ်မှုကို ငြင်းဆန်ကာ ဓါးမိုးခြံဝန်း၏ အနောက်ဘက်တောင်ပံသို့ ပြန်ကာ ဆေးဖော်စပ်သည်။

နောက်တစ်နေ့နံနက်တွင် ဟန်ကျောက်ဟာ လေ့ကျင့်ခန်းလုပ်ရန် အစောကြီး နိုးလာ၏။ ၂နာရီကြာ လေ့ကျင့်အပြီးတွင် ဓါးမိုးခြံဝန်း၏ ဥယျာဉ်မှ ထွက်ကာ ကျမ်းစာခန်းမတွင် ဘဝကူးမန္တန်အား ရှာဖွေရန် သွားရောက်သည်။

သူဟာ သွေးစိတ်ဝိညာဉ်ကိုယ်ပွားကို အမြန်ဆုံး အသုံးပြုမည် ဖြစ်၏။ ဤနည်းအားဖြင့် သိုင်းပညာ အကယ်ဒမီတွင် သူက ကျင့်ကြံနေကာ ကိုယ်ပွားက သူ့ကို ကူညီပြီး အချို့လုပ်ဆောင်ရန် မသင့်တော်သည့် ကိစ္စများကို ဖြေရှင်းပေးမည် ဖြစ်သည်။

သူဟာ မနေ့က အဆောက်အအုံ၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။ အဆောက်အအုံ၏ ပထမထပ်ဟာ တပည့်များ၏ ဝင်ရောက်ခွင့်ကို စမ်းသပ်သည့် နေရာဖြစ်သည်။

ဒုတိယထပ်မှာ တာဝန်များကို လက်ခံ၊ အပ်နှံသည့် နေရာဖြစ်၏။ တတိယအဆင့် နောက်ပိုင်းဟာ ထူးခြားမှုနှင့် သိုင်းပညာမျိုးစုံတို့ ပါဝင်သည့် ကျမ်းဆောင်ခန်းမ ဖြစ်သည်။

ဟန်ကျောက်ဟာ ပထမထပ်သို့ လျှောက်သွားရုံရှိသေး အခန်းထဲမှ လှုပ်လှုပ်ရွရွ အသံများကို ကြားရသည်။ လူတိုင်းဟာ တီးတိုးနေကြ၏။

“မင်းကြားပြီးပြီလား”

“ဘာကိုလဲ.. မင်းဘာလို့ ဒီလောက်တောင် အလန့်တကြား ဖြစ်နေတာလဲ”

“မင်းမသိဘူးလား။ မနေ့ညက အုပ်စိုးသူဆေဘာ ခြံဝန်းရဲ့ ခြံဝန်းသခင်လု မြို့ပြင်ကို သွားတုန်းမှာ ဆံဖြူနဲ့ နတ်ဆိုးမတစ်ကောင်က ချောင်းမြောင်းတိုက်ခိုက်လို့တဲ့။ ဘာဖြစ်ခဲ့လဲ ခန့်မှန်းကြည့်”

“မင်းအဲ့လို တစ်ဝက်တစ်ပြတ် မလုပ်လို့ မရဘူးလား”

“မင်းတို့ မခန့်မှန်းနိုင်ဘူးမလား… ခြံဝန်းသခင်လုရဲ့ ခြေထောက်က နေရာမှာတင် ကျိုးသွားတာတဲ့။ အခုထိ သတိလစ်နေတုန်းပဲ”

“မင်းသေချာရဲ့လား”

“ငါ့ကိုမယုံရင် လောင်းကြမလား။ ဒီကိစ္စက တစ်မြို့လုံးကို ချက်ချင်းပျံ့နှံ့သွားမှာ။ အဲ့ဒီအခါ ငါတို့ သိုင်းအကယ်ဒမီလည်း ဂုဏ်သတင်းကို ထိခိုက်မှာ”

“ရတယ်။ မလောင်းဘူး”

ဟန်ကျောက်ဟာ သူတို့၏ ဆွေးနွေးမှုများကို နားထောင်ကာ သူ၏ပုံစံက ထူးဆန်းသွားသည်။

ဆံဖြူနတ်ဆိုးမ….

‘ဖြစ်နိုင်တာက စီနီယာအစ်မလုများလား’

All Chapters