← Chapters

အခန်း (၁၆၃)

Vol. 11 Ch. 163

အခန်း (၁၆၃)

Vol. 11 Ch. 163

“လုဟွမ်ရှုံရဲ့ ခြေထောက်တွေ ကျိုးပြီး သတိလစ်နေတယ်… ဒါက အခွင့်အလမ်းကောင်းပဲ”

ဟန်ကျောက်က စဉ်းစားရင်းက အပေါ်ထပ်သို့ တက်၏။

“လုံခြုံမှုရှိအောင်.. အရင်ဆုံး အစမ်းရှင်သန်မှု ပြုကြည့်ရမယ်”

ခဏအကြာ၌ သူဟာ ဆုံးဖြတ်ချက်ချပြီးနောက် တတိယထပ်သို့ တက်သွားခဲ့သည်။ လှေကားဝရှိ ခုံတန်းတွင် ဆံဖြူနှင့် အဖိုးအိုတစ်ဦးဟာ လက်ထဲရှိ ချက်စ်ကျမ်းကို အာရုံစိုက်နေ၏။

တစ်ဖက်လူ၏ သွေးချီစီးဆင်းမှုအရ တတိယအဆင့် သွေးချီချိုးဖျက်မှု၌ ရှိလောက်ပါသည်။ သို့ရာတွင် နှလုံးခုန်သံဟာ စွမ်းအားကြီးကာ သန်မာ၏။

သူဟာ ငယ်ရွယ်စဉ်က ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦး ဖြစ်ခဲ့ရန် များသည်။ ယခုအချိန်၌ အိုမင်းလာပြီး သွေးချီတို့ ဆုတ်ယုတ်ကာ သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ကျဆင်းသွားခြင်း ဖြစ်ပေလိမ့်မည်။

မဟုတ်ပါက သာမန် သွေးချီချိုးဖျက်မှု တတိယအဆင့် သိုင်းသမားများဟာ ဒီအသက်အရွယ်၌ ယခုကဲ့သို့ ကောင်းမွန်သည့် အခြေအနေတွင် ရှိမနေနိုင်ကြပါ။

ကျိုကျိုးဟာ စားပွဲရှေ့တွင် ရပ်တန့်သွား၏။ သူက စကားပြောနိုင်ခြင်း မရှိသေးခင် အဖိုးအိုက အတွင်းထဲရှိ စင်တစ်ခုဘက်သို့ လက်ဝှေ့ပြသည်။

“တတိယထပ်က ကျင့်စဉ်အားလုံးက အလကားကျင့်လို့ရတယ်။ အခြေခံအစင့် ကျင့်စဉ်တွေအားလုံးရဲ့ ပထမဆုံး အဆင့်နှစ်ခုတွေ ရှိကြတယ်”

“မင်းကြိုက်တာရှိရင် ဘေးကိုယူသွားပြီး ကူးယူလိုက်။ မဖြန့်ကျက်မိဖို့တော့ မှတ်ထား”

“သက်ဆိုင်ရာ နောက်ဆက်တွဲ ကျင့်စဉ်တွေ အားလုံးကတော့ စတုတ္ထအထပ်မှာ ရှိတယ်။ အဲ့ဒါတွေကို လဲလှယ်ဖို့ ပိုက်ဆံ(သို့) အကျိုးပြုမှတ်တွေကို လိုအပ်တယ်။ တူညီစွာပဲ…. အပြင်လူတွေကို သင်ပေးပိုင်ခွင့် မရှိဘူး”

“အဲ့ဒီအပြင် အတွင်းအားကို ဖမ်းဆုပ်ပြီးတဲ့နောက်မှာ ခြံဝန်းတွေရဲ့ ခြံဝန်းသခင်တွေ ကိုယ်တိုင်က သိုင်းပညာကို သင်ကြားပေးလိမ့်မယ်”

အဖိုးအိုက ခေါင်းကိုပင် လှည့်မကြည့်ပေ။ သူ၏ စကားလုံးများဟာ ရှင်းလင်းကာ အလျှင်လိုခြင်း မရှိပေ။ သိသာစွာပင် မရေမတွက်နိုင်သည့် အကြိမ်ပြောင်းများစွာ ထိုစကားမျိုးကို ပြောခဲ့၏။

“ကျေးဇူးပါ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြောပြီးနောက် အနောက်ဘက်ရှိ စင်ဆီသို့ လျှောက်သွားသည်။

ဤသည်မှာ ပြီးခဲ့သည့်ဘဝတုန်းက စာကြည့်တိုက်တစ်ခုနှင့် ဆင်တူ၏။ စင်၏ အတန်းများတွင် ခေါင်းစဉ်များကိုပင် ရေးထားသည်။

“ဆေဘာ၊ လှံ၊ ဓါး၊ ပုဆိန်၊ တုတ်၊ လက်သီး၊ လက်ဝါး၊ ခြေထောက်၊ လက်ချောင်းနှင့် လက်သည်း”

စုစုပေါင်း အပိုင်းဆယ်ခု ရှိ၏။ ထို့နောက် အခြား အထွေထွေ စာအုပ်အချို့လည်း ရှိ၏။

ဟန်ကျောက်ဟာ ထိုအထဲတွင် အစစ်အမှန်ချီ ကျင့်ကြံခြင်း နည်းလမ်းများ၏ အခြေခံအဆင့် အနည်းငယ်ကိုပင် တွေ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မည်သည့် အတွင်းအားကျင့်စဉ်ကိုမဆို ကျင့်ကြံပါစေ အတူတူ ကျင့်ကြံနိုင်သည်ဟု ပြသနေ၏။

သို့ရာတွင် ၎င်းတို့ကို ကျင့်ကြံခြင်း၏ သက်ရောက်မှုဟာ မူလသက်ရှည်ကျမ်းထက်ပင် များစွာ နိမ့်ကျပါသည်။ ထိုသို့ဆိုပါက အဘယ်ကြောင့် ကျင့်ကြံနေမည်လဲ။ အချိန်ရှိပါက အခြား အတွင်းအားကျင့်စဉ်တစ်ခုကို ကျင့်ကြံခြင်းက ပိုကောင်းပေလိမ့်မည်။

“ကြည့်ရတာ အစစ်အမှန်ချီကျင့်ကြံခြင်း နည်းလမ်းတွေက ပျောက်ဆုံးသွားတာ(သို့) အုပ်စိုးသူ မိသားစုတွေက ဖယ်ကျင်ထားတာတွေပဲ ရှိတယ်။ သိုင်းပညာစနစ်က ဆုတ်ယုတ်လာတာ အံ့ဩစရာ မရှိဘူး”

ဟန်ကျောက်ဟာ ထိုအစစ်အမှန်ချီ ကျင့်စဉ်များကို အကြမ်းဖျင်း ကြည့်ရှုကာ ပြန်ထားလိုက်သည်။

ထို့နောက် လက်သည်းသိုင်းပညာ အပိုင်းသို့ သွားရောက်ကာ ဆန်းကြယ်ရေခဲလက်သည်း လျှို့ဝှက်ကျမ်းကို တွေ့ရသည်။

ဆန်းကြယ်ရေခဲလက်သည်းဟာ ဒြပ်စင်ငါးမျိုးမှ ရေဒြပ်စင်ချီကို ငှားရမ်းကာ ၎င်း၏ စစ်မှန်သည့် စွမ်းအားကို ထုတ်ဖော်နိုင်သည်။ ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံလိုပါက များပြားလှသည့် ရေခဲဖင်းချီများကို စုပ်ယူရန် လိုအပ်သည်။

ဒြပ်စင်များကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်းဟာ ပုံမှန်အားဖြင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့် စစ်ဘုရင်များသာလျှင် လုပ်ဆောင်နိုင်ကြသည်။

ပုံမှန် သိုင်းသမားတစ်ဦးဟာ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်အထိ ရောက်ရှိပြီး သူတို့၏ ခံနိုင်ရည်တို့ ကြီးစွာ မြင့်တက်လာလျှင်တောင် အတွင်းပိုင်းကိုယ်အင်္ဂါများဟာ အလွန် အားနည်းနေဆဲ ရှိသည်။

အတွင်းအားကိုသာ မှီခိုပြီး ဒြပ်စင်များကို နည်းနည်းချင်းစီ စုပ်ယူကာ ကိုယ်တွင်းအင်္ဂါများကို အားဖြည့်နိုင်ကြသည်။

ဖင်းချီများကို စုပ်ယူရန်မှာတော့..

ထိပ်တန်းအဆင့် ဖင်းစုဆောင်းခြင်းအဆင့် သိုင်းသူတော်စင်များသာ လုပ်ဆောင်ရဲပေလိမ့်မည်။

ဤသည်မှာလည်း ခန္ဓာကိုယ်၏ ခွန်အား အကန့်အသတ်ကြောင့် ဖြစ်သည်။ သက်ဆိုင်ရာ အဆင့်သို့ မရောက်ရှိသေးသည့် ပုံမှန် သိုင်းသမားများအတွက် ဖင်းချီများကို အတင်း စုပ်ယူခြင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် တူပါသည်။

ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်တွင် ဖင်းချီများကို ကြိုတင်ကာ စုပ်ယူနိုင်မည် ဆိုလျှင်တော့ တိုက်ခိုက်မှုခွန်အားဟာ ကြီးစွာ မြင့်တက်လာမှာ ဖြစ်သည်။ သို့ပေမယ့် ခန္ဓာကိုယ်ဟာ ခံနိုင်မည်လားဟု စဉ်းစားရန် လိုအပ်ပါသည်။

ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်တွင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသည့် ဒြပ်စင်ငါးမျိုး ချီများကို စုပ်ယူနိုင်ကြသည်။

ဖင်းစုဆောင်းခြင်း အဆင့်သို့ ရောက်ရှိပြီးမှသာ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသည့် ဒြပ်စင်ငါးမျိုး ဖင်းချီများကို စုပ်ယူနိုင်ကြသည်။

သို့ရာတွင် ဒြပ်စင်ငါးမျိုး ဖင်းချီအပြင် အခြား ဖင်းချီငါးမျိုးလည်း ရှိနေပါသည်။ ၎င်းတို့မှာ ယင်၊ ယန်၊ လေ၊ ရေခဲနှင့် မိုးကြိုးတို့ ဖြစ်ကြသည်။

ဖင်းချီခုနစ်မျိုးတို့ကို ခန္ဓာကိုယ်အတွင်းတွင် တစ်ပြိုင်နက် စုစည်းရန် လိုအပ်၏။ ဖင်းချီခုနစ်ခု ပေါင်းစည်းမှသာလျှင် လူတစ်ယောက်ဟာ ဖင်းစုဆောင်းခြင်းအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိနိုင်သည်။

ဖင်းချီဆယ်မျိုးလုံးကို တစ်ပြိုင်နက် စုစည်းရန်မှာတော့ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်က သိုင်းပညာ၏ အထွတ်အထိပ်ကာလတွင်ပင် လုပ်ဆောင်ရဲသည့်လူ အများကြီး မရှိပေ။

ဟန်ကျောက်ဟာ ဆန်းကြယ်ရေခဲလက်သည်းကို ရိုးရှင်းစွာပင် ယူသွားလိုက်ပြီး ဘေးရှိ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ စာအုပ်လွတ်တစ်အုပ်ကို ယူကာ ပထမနှစ်ဆင့်၏ အချက်အလက်များကို ကူးယူ၏။

ဒီဆန်းကြယ်ရေခဲလက်သည်းကို ကျင့်ကြံရန် ခက်ခဲမှုဟာ မြင့်မားသည်ဟု ဆိုနိုင်ပါသည်။ သို့ပေမယ့် ရေဒြပ်စင်ချီနှင့် ရေခဲဖင်းချီတို့ မရှိပါက ၎င်း၏ စွမ်းအားဟာ ကြီးစွာ လျှော့ကျနေမှာ ဖြစ်၏။

ပြောရလျှင် ၎င်းဟာ အဆင့်မြင့်အဆင့် သိုင်းပညာတစ်ခု၏ ခက်ခဲမှုတို့ ရှိပေမယ့် အဆင့်နိမ့်အဆင့် သိုင်းပညာတစ်ခု၏ စွမ်းအားကိုသာ ထုတ်ဖော်နိုင်ပါသည်။

ပုံမှန်လူတစ်ယောက်ဟာ ရူးနေမှသာလျှင် ဒီကျင့်စဉ်ကို ကျင့်ကြံရန် ရွေးချယ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူသာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ပြီးပါက ပိုမိုကောင်းမွန်သည့် ကျင့်စဉ်များ ရှိနေမှာပါ။

သို့ရာတွင် ဟန်ကျောက်ဟာတော့ ခြွင်းချက်ဖြစ်သည်။ သူဟာ လက်ဗလာသိုင်းသူတော်စင်၏ အဆင့်ကို မြှင့်တင်လိုခြင်း ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံရန် လွယ်ကူခြင်းမရှိသည့် ကျင့်စဉ်တစ်ခုကို လိုချင်ပါသည်။

မဟုတ်ပါက အနည်းငယ် ကျင့်ကြံလိုက်ရုံနှင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားမှာ ဖြစ်သည်။ ထိုအချိန်၌ နောက်ထပ် ကျင့်စဉ်များကို ပြောင်းလဲကာ ဆက်လက်ကျင့်ကြံရပေဦးမည်။ မဟုတ်ပါက ပါရမီအဆင့်ဟာ မြင့်တက်လာမည် မဟုတ်ပေ။

အချိန်ရှည်ကြာစွာ ကျင့်ကြံနိုင်သည့် ကျင့်စဉ်ဟာ သူ၏ ပါရမီအဆင့်ကို မြှင့်တင်ရန် အလွန်ကောင်း၏။ ထိုအချိန်၌ သူရှာဖွေမည့် သိုင်းပညာဟာ ကျင့်ကြံရန် ခက်ခဲလေ ပိုမိုကောင်းလေ ဖြစ်မှာပါ။

မကြာခင် ဟန်ကျောက်ဟာ ဆန်းကြယ်ရေခဲလက်သည်း၏ ပထမနှစ်ဆင့်ကို ကူးယူမှု ပြီးဆုံးသွားသည်။ ထို့နောက် လက်ချောင်းအတတ် အပိုင်းသို့ သွားရောက်ကာ ကျင့်စဉ်ကို ရှာဖွေ၏။

“ဒီဗိုင်းကောင်းကင်ချိတ်တံဆိပ်လား”

ဟန်ကျောက်ဟာ ရွှေရောင်ဖျော့ဖျော့ အဖုံးနှင့် လျှို့ဝှက်ကျမ်းတစ်ခုကို လှန်ကြည့်လိုက်သည်။

ဖတ်ကြည့်ပြီးနောက် ၎င်းဟာ ချိတ်ပိတ်ခြင်း လျှို့ဝှက်အတတ်တစ်ခု ဖြစ်ကြောင်းကို တွေ့လိုက်ရ၏။ လက်ချောင်းအတတ် တစ်ခုဟုလည်း ခေါ်နိုင်ပါသည်။

“အိုး.. စိတ်ဝင်စားစရာပဲ.. တစ်ခု(သို့) တစ်ခုထက်ပိုတဲ့ ဒြပ်စင်ချီနဲ့ ဖင်းချီတွေကို စုပ်ယူနိုင်တယ်”

“မိုးကြိုး ဖင်းချီကို စုပ်ယူရန် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီးရင် ကောင်းကင်မိုးကြိုးနဲ့ ယှဉ်ပြိုင်လို့ရတယ်တဲ့.. ဘယ်လောက် မောက်မာလိုက်လဲ”

ဟန်ကျောက်ဟာ လျှို့ဝှက်ကျမ်း၏ မိတ်ဆက်မှုကြောင့် မှင်သက်သွား၏။ သို့ရာတွင် နောက်ဆုံးစာမျက်နှာကို လှန်ကြည့်ပြီးနောက် လျှို့ဝှက်ကျမ်း၏ ပိုင်ရှင်ဟာ အဘယ်ကြောင့် ယခုမျှအထိ ကြွားလုံးထုတ်ရဲသနည်းကို သူနားလည်လိုက်သည်။

“ဒီဗိုင်းကောင်းကင်ချိတ်တံဆိပ်က ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ အစွန်းရောက်အတတ် ၃၆ခုထဲက တစ်ခုပဲ။ ခရမ်းရောင်ကောင်းကင်မိုးကြိုး ချိတ်တံဆိပ်ကိုးမျိုးရဲ့ စတင်ခြင်း ကျင့်စဉ်တစ်ခုပဲ”

"လက်ရှိအချိန်၌ သိုင်းအကယ်ဒမီတွင် အဆင့်ခြောက်အထိသာ မှတ်တမ်းရှိသည်။ ဆက်စပ်အပိုင်းများဟာ ပျောက်ဆုံးနေ၏။ ကျေးဇူးပြုပြီး ဂရုတစိုက်ရွေးချယ်ပါ”

ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ သိုင်းကျမ်းဆိုပြီး လာပြန်ပြီ။ ဟန်ကျောက်ဟာ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။

သူသာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကို ကူးပြောင်းခဲ့ပါက ကောင်းပေလိမ့်မည်။ ဤသည်မှာ သိုင်းပညာ အထွန်းကားဆုံးခေတ် ဖြစ်၏။

ယခုအချိန်၌ သိုင်းပညာစနစ်ဟာ ပျက်စီးသွားခဲ့ပြီး တစ်နေ့ပြီးတစ်နေ့ ဆုတ်ယုတ်လာခဲ့သည်။ ဒီဗိုင်းလက်နက် မိသာားစုများဟာ မြင့်မားထည်ဝါကြပြီး စိတ်ဝိညာဉ်သားရဲ မိသားစုများဟာ သက်ရှိအားလုံးတို့ကို ခေါင်းငုံ့ကြည့်နိုင်ကြသည်။

နိုင်ငံမျိုးစုံတို့ဟာ စစ်ဖြစ်နေကြပြီး နတ်ဆိုးများက ကြီးစိုး၏။ သိုင်းပညာရှင်များအတွက် ထိုးဖောက်နိုင်ရန် အလွန် ခက်ခဲလှသည်။

“ဖြည်းဖြည်းချင်းပဲ ကြည့်လုပ်ရမှာပဲ”

ဟန်ကျောက်ဟာ ဒီဗိုင်းကောင်းကင်ချိတ်တံဆိပ်ကို ယူကာ ဘေးသို့သွားပြီး ကူးယူ၏။

All Chapters