← Chapters

ဖိတ်ကြားချက်

Vol. 104 Ch. 1455

ဖိတ်ကြားချက်

Vol. 104 Ch. 1455

“အဲ့ဆိုတော့ ဒါက အဓိပ္ပါယ်မရှိတော့ဘူးလား” ရှုရှစ်က မေးလိုက်သည်။

“အဲ့လိုတော့လည်း မဟုတ်ဘူး။ ငါ့ရဲ့အမြင်မှာဆိုရင်တော့ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို အနည်းဆုံးတစ်ကြိမ်တော့ ဝင်ရောက်သင့်တယ်။ အဲ့ဒီအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ကာမိစေတဲ့ နည်းလမ်း ရှိလောက်တယ်”

“ကျွန်မ သိပြီ”

“အဲ့ဆိုတော့ ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ” လင်းဖန်က မေးလိုက်သည်။

“မင်းတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်ကြပေါ့” ခုံကပြောလိုက်၏။

“လင်းဖန်က သူ့ရဲ့စံပြအဆင့်ကို တက်လှမ်းဖို့ ဆက်လုပ်ပြီးတော့ ရှုရှစ်ကတော့ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ ပြင်ဆင်ပေါ့”

“ဒါပေမဲ့ ဆရာ ကျွန်တော်တို့တွေက ဘယ်လိုလုပ်ရမလဲဆိုတာကို မသိသေးဘူး”

ခုံက ယာယီ တိတ်ဆိတ်သွားလေသည်။

“ငါ့ရဲ့လက်ရှိအဆင့်မှာ အမှန်တရားကို ကောက်ချက်ချနိုင်လောက်တယ်။ ဒါပေမဲ့ ခဏတော့ ကြာနိုင်တယ်။ တခြားတစ်ယောက်ကို မေးတာက အကောင်းဆုံးပဲ”

နှစ်ဦးသားက သက်ပြင်းချပြီးသည့်နောက်တွင် ရှုရှစ်က ရေရွတ်လိုက်သည်။

“ကျွန်မ ဝမ်ဝေ့ကို ဆက်သွယ်လိုက်ပါမယ်”

“ဆရာ ဆရာ့ရဲ့အစီအစဉ်က ဘယ်လိုလဲ” လင်းဖန်က မေးလိုက်သည်။ သူက သူ့ဆရာ၏ သဘောထားကို သိထားသည့်အတွက် စံပြအဆင့်သို့ အလျင်စလို ဝင်ရောက်သွားသည်က ထူးဆန်းနေပေသည်။

“အချိန်ကျလာရင် မင်း သိလိမ့်မယ်။ ဒါနဲ့ ငါ့ရဲ့သား ဘယ်မှာလဲ” ခုံက မေးလိုက်သည်။

“အစ်ကိုပိုင်က အမဲလိုက်နေတုန်းပါ”

“သူ့ကို စောင့်ကြည့်ထား။ တခြားတုံးအအ အရာတွေ မလုပ်မိစေနဲ့” ခုံက သတိပေးလိုက်၏။ သူက သူ့သားအား အတိုင်းတာမဲ့စမ်းသပ်ချက် တွေ့ကြုံခြင်းကို တားဆီးခဲ့သည်။ ပိုင်ဟန်က ထူးကဲသည့် ကံကြမ္မာနှင့်ပါရမီဖြင့် ချီးမြှင့်ခံထားရသည့် သူ့တပည့်နှစ်ဦးလို မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်ဘုံအဆင့်အတွင်း အချိန်တိုမျှ ဝင်ရောက်ပြီးသည့်နောက်တွင် စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မည့်အခွင့်အရေးက နည်းပါးနေသေး၏။ ထို့ကြောင့် သူသည် ထိပ်တန်းကောင်းကင်ဘုံအဆင့်သို့ ရောက်အောင် လေ့ကျင့်ပေးပြီး သူ့အဆင်သင့်ဖြစ်သည်နှင့် စစ်ဆေးမှုသို့ ပြန်လာနိုင်ရန် ဝင်ခွင့်အမှတ်သားပြားကို ယူပေးဖို့ ပြင်ဆင်နေသည်။

“တခြားဘာတွေရှိသေးလဲ”

“မရှိတော့ပါဘူး”

“အဲ့ဆိုရင် သတိထားကြဦး” ဧကရာဇ်ခုံက သူတို့အား သတိပေးပြီးသည့်နောက်တွင် စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး သူတို့နှစ်ယောက်ကိုသာ ချန်ထားခဲ့လိုက်သည်။

“ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရတာ သေချာရဲ့လား” ရှုရှစ်က မေးလိုက်သည်။

“နောင်အနာဂတ်မှာတောင် နောင်တရရင် ရနိုင်ပေမဲ့ အခုအတွက်တော့ အကျိုးဆက်ကို လက်ခံနိုင်တယ်”

“ကောင်းပြီလေ” ရှုရှစ်က သူ့ပါးပြင်ကို နမ်းရှိုက်ပြီးသည့်နောက်တွင်‌ ပြောလိုက်တော့သည်။ သူမက နောက်အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားကာ ဝမ်ဝေ့နှင့် ဆက်သွယ်လိုက်၏။ သူမက သူ့ဆုံးဖြတ်ချက်သည် အာဏာအတွက် လိုအင်ဆန္ဒကြောင့်မျှသာ မရိုးရှင်းကြောင်း သိထားလေ၏။ နောက်ထပ် ကိစ္စများစွာရှိနေသေးသော်လည်း သူက ထုတ်မပြောသည့်အတွက် သူအဆင့်သင့်ဖြစ်ပြီး ထုတ်ပြောသည်အထိ စောင့်ဆိုင်းရမည်။

........

ဝမ်ဝေ့က ရှုရှစ်နှင့် စကားဝိုင်းကို အဆုံးသတ်လိုက်၏။

“နောက်ထပ် တစ်ယောက်ကတော့ နိုးထလာပြီ”

သူက ရေရွတ်လိုက်သည်။ ပထမဦးဆုံးက ရှောင်ထျန်းတိနှင့် ရှုကျင်းယောင်တို့ ဖြစ်၏။ ယခုအခါ ရှုရှစ်လည်း လိုက်ပါလာသည်။ သူက သူ့ရွယ်တူများသည် တူညီစွာ သဘောပေါက်နိုင်စေဖို့ရာ မျှော်လင့်ထားပေ၏။ သို့သော် သူတို့ကို ကိုယ်တိုင်သတိပေးနေမည် မဟုတ်ပေ။

ကောင်းပြီလေ အခု သီးသန့်ကျင့်ကြံရတော့မယ့်အချိန်ပဲ …

ဝမ်ဝေ့က တွေးလိုက်၏။ သူက မျက်လုံးကို မှိတ်လိုက်ကာ နှစ်ငါးရာ ကုန်လွန်သွားလေသည်။ သူ့ကျင့်ကြံဆင့်က စတုတ္ထကောင်းကင်အဆင့် သို့မဟုတ် ၉၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဖြစ်၏။

ဒီစစ်ဆေးမှုရဲ့ စိတ်ဝိညာဉ်က ငါ ထင်ထားတာထက်ပိုပြီးတော့ သွေးစုပ်နေတာပဲ။

သူက ငြီးတွားလိုက်သည်။ သူက အမှတ်များစွာကို ရယူထားသော်လည်း ကျင့်ကြံဆင့်အား ၁ ရာခိုင်နှုန်း မြင့်လာအောင်သာ ခွင့်ပြုထားလေသည်။

“မျှော်စင်စိတ်ဝိညာဉ် ရှိလား”

“ဟမ် ငါ့ကိုခေါ်တာလား”

သေးငယ်သည့် လူသားအသွင် စိတ်ဝိညာဉ်က ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အရွယ်အစားနှစ်ဆရှိသည့် စာအုပ်ကို ဖွင့်ကာ ပေါ်ထွက်လာသည်။

“ဟုတ်တယ်”

“ပုံမှန်ဆိုရင် ငါတို့က အလျင်စလို မဟုတ်သရွေ့ ဒါမှမဟုတ်ဘူးဆိုရင်လည်း ထူးထူးဆန်းဆန်းဖြစ်ရပ် မဟုတ်သရွေ့ ပြိုင်ပွဲဝင်တွေကို တုန့်ပြန်လေ့မရှိဘူး။ ဒါပေမဲ့ မင်းကတော့ ငါတို့ရဲ့ တန်ဖိုးကြီး ဖောက်သည် ဖြစ်တဲ့ပုံပဲ။ မင်းအတွက် ဘာလုပ်ပေးရမလဲ”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူက အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။

“မွမ်းမံရေးမျှော်နန်းဆောင် လုပ်နိုင်လား။ ကျုပ်က တတ်နိုင်သမျှအမြန်ဆုံးနဲ့  ပစ္စည်းတစ်ခုကို သန့်စင်ပေးဖို့လိုအပ်တယ်”

“လက်နက်နဲ့တခြားပစ္စည်းတွေကို မွမ်းမံပေးနိုင်တဲ့ မျှော်စင်တစ်ခုလား” စိတ်ဝိညာဉ်၏ မျက်ဝန်းအထက် အလင်းတချို့ဖြတ်ပြေးသွားလေသည်။

“တကယ့်ကိုအတွေးကောင်းပဲ။ ဒီစစ်ဆေးမှုမှာ စံပြတွေအများကြီးက ပါဝင်ဆင်နွဲနေတာဆိုတော့ ပြုပြင်မွမ်းမံရေး မျှော်စင်က တကယ့်ကို အတွေးကောင်းပဲ”

မျှော်စင်စိတ်ဝိညာဉ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

“ခဏလေးနေဦး”

“တခြားဘာတွေရှိသေးလို့လဲ” သူက စိတ်တိုစွာမေးလိုက်သည်။

“ဒါက ကျုပ်ရဲ့ အကြံဉာဏ်ဆိုတော့ ကျုပ်ကို အကျိုးခံစားခွင့် ပေးသင့်တယ်မလား။ ဆုလာဘ် ဒါမှမဟုတ်ဘူးဆိုရင်လည်း လျှော့ဈေးတော့ ပေးသင့်တယ်”

“မင်း ပြောတာဟုတ်တယ်။ မင်းရဲ့ နောက်မျှော်စင်အတွက် ၅ ရာခိုင်နှုန်း လျော့ဈေးဆိုရင် ဘယ်လိုလဲ။ ဟာ မဟုတ်သေးဘူး။ ၅ ရာခိုင်နှုန်းက နည်းနည်းများတယ်။ ၁ ရာခိုင်နှုန်းဆိုရင်ကော ဟာ အဲဒါက နည်းလွန်းသွားပြီ။ အင်း ၂ ရာခိုင်နှုန်းဆိုရင် ဘယ်လိုလဲ” မျှော်စင်စိတ်ဝိညာဉ်က ခေါင်းကို ကုတ်ကာ မေးလိုက်သည်။

“၂ ရာခိုင်နှုန်းက နည်းလွန်းတယ်။ အနည်းဆုံးတော့ ၂၀ ရာခိုင်နှုန်း ပေးသင့်တယ်”

“၂ ရာခိုင်နှုန်းပဲ ယူချင်ယူ၊ မယူချင်နေ” မျှော်စင်စိတ်ဝိညာဉ်က ပြောလိုက်သည်။

ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။

ဒီလူတွေက တကယ့်ကို ကပ်စေးအိုးတွေပဲ …

“ကောင်းပြီလေ” သူက စိတ်ထဲမှာ ငြီးတွားပြီး ပြောလိုက်သည်။

“ကောင်းပြီ” စိတ်ဝိညာဉ်က သူ့အမှတ်အသားပြားထဲ ဝင်ရောက်သွားသည့် အလင်းတစ်ချက်ကို ထုတ်လွင့်လာလေ၏။

ဝမ်ဝေ့က ခေါင်းအသာရမ်းပြီးသည့်နောက်တွင် အိမ်သို့ပြန်လာခဲ့သည်။ သူက တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ပြီးသည့်နောက်တွင် အသက်သွင်းလိုက်၏။ ထို့နောက် သူ့ကိုယ်ပိုင်အရိပ်မှ မှုန်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“မင်းက ကောင်းသွားပြီပဲ”

“ဟုတ်ပါတယ် အရှင်” အနီရောင်မျက်နှာဖုံးက ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်သည်။

“မင်းရဲ့ စွမ်းအားကရော”

“ကျွန်မက အခု တရားဝင်စံပြတစ်ယောက် ဖြစ်လာပြီးတော့ အရှင့်ရဲ့ စွမ်းအားကို အချိန်အတော်ကြာ ငှားယူနိုင်ပါတယ်”

“အဲ့ဆိုရင် ပုံမှန်အတိုင်းပဲပေါ့”

“လုပ်လက်စကို ဆက်ပြောရအောင်” သူက ထိုင်ခုံပေါ် ထိုင်ပြီးသည့်နောက်တွင် အနီရောင်မျက်နှာဖုံးက သူ့အား ယခင်နှစ်ငါးရာအတွင်း ဖြစ်ပျက်ခဲ့သည့် သတင်းအချက်အလက်များ ပါဝင်နေသည့် အဆောင်တစ်ခုကို ပေးလာလေသည်။ ကိစ္စတချို့က ဝမ်ဝေ့၏ အာရုံစိုက်မှု လိုအပ်နေလေ၏။ ထိုအရာထဲတွင် ထျန်းရွှမ်နှင့်ဧကရာဇ်ခုံတို့က မငြိမ်းသတ်နိုင်ဖွယ်စံပြများ ဖြစ်လာသည့်အချက် ပါဝင်နေသည်။

“ယန်းကျဲက ဒဏ်ရာရသွားတာလား”

“ဟုတ်ပါတယ် … သူက သတ္တုအထွတ်အထိပ်ကမ္ဘာလို့ခေါ်တဲ့ ဟွင်သွမ်းကမ္ဘာတစ်ခုကနေ တိုက်ခိုက်ခံရတာပါ”

“အဲ့ကမ္ဘာရဲ့ပင်မတာအိုက သတ္တုတာအိုလား” ဝမ်ဝေ့က မေးလိုက်သည်။

“မဟုတ်ပါဘူး။ အဲဒါက ဒုတိယအများဆုံးကျင့်ကြံတဲ့ တာအိုပါ။ ပထမတာအိုက လက်နက်တာအိုပါ”

“အိုး”

“ပိုပြီးအရေးကြီးတာက သူတို့က ဓားနဲ့ဓားမော့ကျင့်ကြံသူတွေကို စက်ဆုပ်ကြတဲ့ပုံပဲ။ ယန်းကျဲတစ်ယောက်တည်း တိုက်ခိုက်ခံရတာမဟုတ်ပါဘူး။ ကျန့်ဝူရွှမ်း၊ ကျိလန်ဖန်း၊ ရွှေရောင်ဓားဧကရာဇ်နဲ့ ဓားလမ်းစဉ်အဖွဲ့အစည်းက တခြားသူတွေလည်း အပါအဝင်ပဲ”

“လက်နက်တာအိုကြားက ကံကြမ္မာလုတဲ့ တိုက်ပွဲတဲ့လား။ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက သတင်းအချက်အလက်များကို ဆက်လက်ဖတ်ရှုနေစဉ် အရာအားလုံးကို အဆုံးသတ်လိုက်သည်။

“မင်းရဲ့နောက်ထပ်တာဝန်က အဲ့ဒီပြိုင်ပွဲဝင်တွေရဲ့ ကမ္ဘာဆီ ကံကြမ္မာရဲ့တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ဖို့ပဲ။ အဲ့ဒါက မင်း လုပ်ရမဲ့အရာတွေ”

သူက သူမအား ညွှန်ကြားချက်တချို့ ပေးပြီးသည့်နောက်တွင် ပြန်လွှတ်လိုက်သည်။ သူ့နောက်ထပ် ပစ်မှတ်က တဲ့တိုးဆန်လှ၏။ ဤသည်က ပဉ္စမကောင်းကင်အဆင့်သို့ ရောက်ဖို့ရန် လုံလောက်သည့်အမှတ်များကို စုဆောင်းဖို့ရာ ဖြစ်သည်။

 ထို့နောက် ထျန်းရွှမ်အတွက် အသုံးအဆောင်ပစ္စည်းကို မွမ်းမံသန့်စင်ပေးရမည်ဖြစ်၏။ သူ့တာအိုသက်သေပြ ပစ္စည်းအတွက်မူ ဝမ်ဝေ့က များစွာဂရုမစိုက်ကြောင်း ဝန်ခံရပေမည်။ သူ့သဘောထားက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ကျင့်ကြံသူများနှင့် တူညီသည့်အတွက် ပြင်ပပစ္စည်းများကို မှီခိုရခြင်းအား သဘောမကျပေ။

ထို့ကြောင့် သူသည် သူ့တာအိုသက်သေပြပစ္စည်းကို မဟာတာအို အားဖြည့်မှုအတွက် မဟုတ်သရွေ့ အသုံးပြုခဲ၏။ သူသည် ထိုပစ္စည်းကို စွန့်ပယ်ထားခြင်း မဟုတ်ပေ။ အကယ်၍ မှန်မှန်ကန်ကန်အသုံးပြုပါက အန္တရာယ်များသည့်အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်သည့် ဝှက်ဖဲတစ်ခု ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့သည် ဂိုဏ်းသို့ပြန်ရောက်စေပြီး နောက်ဆုံးသောအဆုံးသတ်ကို လက်စသတ်ဖို့ စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ထိုအသုံးဆောင်ပစ္စည်းက သူ တက်လှမ်းစဉ်ကတည်းက အားဖြည့်ထားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် သူ့အနေဖြင့် မြင့်မားသည့်အဆင့်တစ်ခု ရောက်ဖို့ရာ ရှားပါးသည့်ပစ္စည်းများဖြင့် ပေါင်းစည်းဖို့ရာသာ လိုအပ်တော့သည်။

ဝမ်ဝေ့က တောင်မှ ထွက်လာပြီး စတင်အမဲလိုက်လိုက်သည်။ သို့သော်လည်း ငါးနှစ်ခန့်အတွင်း သူသည် မုန့်ခယ်ဆီမှ ဖိတ်ကြားချက်တစ်ခုကို လက်ခံရရှိလိုက်၏။ ထိုသူက အရေးကြီးသည့် ဧည့်သည့်တစ်ဦးက သူနှင့် တွေ့ဆုံလိုကြောင်း ပြောပြထားသည်။

ဝမ်ဝေ့က စိတ်ရှုပ်ထွေးသွားသော်လည်း မုန့်ခယ်၏နေရာဆီ ဦးတည်လိုက်၏။

ဝမ်ဝေ့က သက်ရှိအရိပ်အယောင်များရှိနေသည့် အခန်းတစ်ခုအတွင်း ဝင်ရောက်လာစဉ် ယုံကြည်ချက်ပြည့်နှက်နေသည့် အသံတစ်သံကို ကြားလိုက်ရသည်။

“မူလိန်မလား။ မင်းက လူ့ဘီလူးလမ်းစဉ်ကနေ စတင်ပြီးတော့ ကမ္ဘာလမ်းစဉ်ကို ပြောင်းလဲခဲ့တာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကို အတော်လေး လေ့ကျင့်ထားတယ်။ မင်းရဲ့ အုတ်မြစ်ကလည်း ခိုင်မာတယ်။ မင်းရဲ့စိတ်ဝိညာဉ်နဲ့ စွမ်းအားကလည်း လိုအပ်ချက်နဲ့ ကိုက်ညီတယ်။ ဒါပေမဲ့ မင်းနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အရာတော့ မရှိဘူး။ မင်းက ငါ့ရဲ့ပြဇာတ်ကို လက်ခံမယ်ဆိုရင် သာမန်အဖွဲ့သား ဖြစ်လာနိုင်တယ်”

“တကယ်လို့ ငါမှတ်မိတာမှန်တယ်ဆိုရင် မုန်ခယ်က မင်းကို ယင်ကောလို့ မိတ်ဆက်ပေးထားတယ်မလား။ ကြည့်ရအောင် … ယင်ချီလမ်းစဉ် အင်း ပိုပြီးကောင်းတာက အစွန်းရောက်ယန်လမ်းစဉ်ကို ပြောင်းလဲနိုင်တဲ့ အစွန်းရောက်ယင်လမ်းစဉ်။ မင်းရဲ့ခန္ဓာကိုယ်ကလည်း အဆုံးစွန်အထိရောက်အောင် လေ့ကျင့်ထားတယ်။ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအားက ငါ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။

 ပြီးတော့ အရေးကြီးဆုံးအပိုင်းက မင်းက တကယ့်ကို သန့်စင်တဲ့ခန္ဓာကိုယ် လေ့ကျင့်သူတစ်ယောက်ပဲ။ မဆိုးဘူး မင်းရဲ့ တစ်ခုတည်းသောပြစ်ချက်က မင်း လေ့ကျင့်ထားတဲ့ အစွန်းရောက်နည်းလမ်းတွေကြောင့် ခန္ဓာကိုယ်မှာ လျှို့ဝှက်အန္တရာယ်အများကြီး ရှိနေတာပဲ။ ဒါပေမဲ့ မှန်ကန်တဲ့အရင်းမြစ်တွေနဲ့ မကုစားနိုင်တဲ့အရာဆိုတာ မရှိဘူး။ မင်းလိုမျိုး ပါရမီရှင်က ငါတို့စံအိမ် လိုချင်နေတဲ့အရာမျိုးပဲ။ အဲ့ဆိုတော့ မင်းက အတွင်းတပည့်ကနေ စလို့ရတယ်။ မဟုတ်သေးဘူး ငါ မင်းကို သဘောကျတယ်ဆိုတော့ မင်းကို လက်ရွေးစင်တပည့်ကနေ စခိုင်းမယ်”

“ကျုပ် သေချာတွေးကြည့်လိုက်ပါဦးမယ်” ယင်ကန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲဒါက မင်းအပေါ် မူတည်တယ်” ထိုအသံပိုင်ရှင်က ထပ်ပြောလိုက်သည်။

“မင်းက စုကန်တန်မလား။ တကယ့်ကို လှတဲ့ မိန်းမလှလေးပဲ။ အား … တုံ့ပြန်ချက်မရှိဘူး။ ကောင်းပြီလေ တစ်ချက်လောက် ကြည့်ရအောင်။ သွေးချီလမ်းစဉ်လား။ ဪ လူတချို့က ဒီရှေးဟောင်းလမ်းစဉ်ကို လျှောက်လှမ်းလာအောင် စိတ်ရှည်မှု ရှိကြသားပဲ။ တကယ့်ကို စိတ်ဝင်စားစရာပဲ။ မင်းရဲ့အုတ်မြစ်က ခိုင်မာပြီးတော့ မင်းရဲ့စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအားကလည်း အဲ့လိုပဲ။

တခြားအရမ်းကြီးထူးနေတဲ့အရာဆိုတာ မရှိပေမဲ့ မင်းရဲ့စိတ်ရှည်မှုနဲ့ သွေးချီလမ်းကို လျှောက်လှမ်းတတ်တဲ့ သဘာဝက ငါတို့စံအိမ်က တန်ဖိုးထားရမဲ့ အရာမျိုးပဲ။ ဦးလေးယန်နှလုံးသားကတော့ မင်းကို သဘောကျမှာ သေချာတယ်။ မင်းရဲ့ဘဝက သူ့ဆီကသာ အသိမှတ်ပြုမှုကိုသာ ရသွားရင် သူ့တပည့်ဖြစ်လာနိုင်တယ်။ တကယ်တော့ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ မင်းက အတွင်းတပည့်ကနေ စလို့ရတယ်”

“ကျွန်မ နားလည်ပါပြီ” စုတန်တန်က တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။

“ဒါနဲ့မင်းက ငါ့ရဲ့ ၁၂၃၄၈၇၆‌ ယောက်မြောက် ကိုယ်လုပ်တော် ဖြစ်ချင်လား။ မဟုတ်သေးပါဘူး ၁၂၅၇ အဆင့်မြင့်ကိုယ်လုပ်တော်ဆိုရင်ရော … အဲ့ဒါလည်း အရမ်းနိမ့်လွန်းသေးလား။ အင်း မင်းက ငါ့ရဲ့ ၂၄၆မြောက် တော်ဝင်ကိုယ်လုပ်တော်ဖြစ်ဖို့တော့ လိုအပ်ချက်တွေက ကိုက်ညီလောက်ပဲရှိတယ်။ အဲဒါတောင် မင်းကို မကျေနပ်စေဘူးလား။ ကံဆိုးတာက ငါ့မှာဇနီး ၁၃ယောက်ပဲ ယူခွင့်ရှိတာ။ ငါ့ဆီမှာ ၉ယောက်ရှိပြီးသား။ မင်းက ငါ့ဇနီးဖြစ်ဖို့ လိုအပ်ချက်နဲ့တော့ မကိုက်ညီဘူး”

စုတန်တန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“ကံဆိုးတာက ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် ကံမပါတဲ့ပုံပဲ။ နှမြောစရာပဲ။ ကောင်းပြီလေ အဲဒါက ချောင်းကြည့်သူကလွဲရင် အားလုံး စုံနေပြီဆိုတော့ ဘာလို့ထွက်မလာသေးတာလဲ” ထိုအသံက ဆက်ပြောလိုက်သည်။

ဝမ်ဝေ့က အခန်းအတွင်း ဝင်လာလိုက်စဉ် ဂျိုင်းပြတ်ကိုယ်ကျပ်သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကြွက်သားများ ပြသထားသည့် သုံးမီတာအရွယ်အစားရှိသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူက အပြာရောင်ဆံပင်နှင့် ချောမောသည့် ရုပ်ရည်ရှိထားပြီး ဘယ်ဖက်မျက်လုံးအထက် အမာရွတ်တစ်ခုရှိကာ ညင်သာသော်လည်း ယုံကြည်ချက်ရှိသည့်အပြုံးမျိုး ရှိနေသည်။

“မင်းက ...”

All Chapters