← Chapters

 အရှက်ကွဲခြင်း

Vol. 104 Ch. 1444

 အရှက်ကွဲခြင်း

Vol. 104 Ch. 1444

ဝမ်ဝေ့ ထင်ထားသည့်အတိုင်း သူထွက်လာသည့်အခါ လူများစွာက မျှော်စင်အပြင်ဖက်၌ စောင့်ဆိုင်းနေကြလေသည်။ ဝမ်ဝေ့က ထိုသူများကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး ထိုသူများ၏ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်ကာ သူတို့၏ အတွေးများကို ‌ချောင်းကြည့်လိုက်သည်။

သူတို့အများစုက ဒီကြောက်မက်ဖို့ကောင်းတဲ့ စမ်းသပ်ချက်က အချိန်တိုးမြှင့်လိုက်တာကြောင့်လို့ ထင်နေတာပဲ။ ဒါပေမဲ့ အလုံးစုံပကတိသိမြင်ဘုံကျောင်းက အမျိုးသမီးကတော့ သံသယတချို့ရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီနေရာကနေအသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်လောက်ဘူး …

သူက လူများစွာသည် သူမအား ရန်လိုမှုဖြင့် ကြည့်နေသည်ကို ခံစားမိ၏။ ထို့ကြောင့် သူမကို ရှင်းထုတ်ခြင်းက သူ့ပစ်မှတ်တစ်ခု မဟုတ်ပေ။ ဝမ်ဝေ့က သူ့အကြည့်ကိုလွဲကာ ထျန်းရွှမ်ကို ကြည့်လိုက်၏။

ဟမ် သူ့ရန်လိုမှုက သိသိသာသာလျော့ကျသွားတာလား။ စိတ်ဝင်စားစရာပဲ …

ဝမ်ဝေ့က သိပ်ကြာကြာမနေဘဲ တိုက်ပွဲမျှော်စင်ဆီ ရောက်ရှိလာ‌လေ၏။ သူက တခြားသူများကို စိန်ခေါ်ဖို့ စိတ်ဝင်စားမှု မရှိသော်လည်း  မျှော်စင်ထဲ ပြိုင်ဖက်ကို လှုံ့ဆော်ကာ သူ့စွမ်းအားကို စမ်းသပ်ဖို့အတွက် မျှော်စင်ကို အသုံးပြုဖို့ လိုအပ်နေလေသည်။

ဖြည်းဖြည်းချင်း နေသားကျအောင် လုပ်ရမှာပေါ့ …

ဝမ်ဝေ့က တစ်ဖက်လူ၏ စွမ်းအားကို ကိုးဆယ်ရာခိုင်နှုန်းဖြင့် တွေးလိုက်သည်။ သူက သူ့စွမ်းအားနှင့် အတွေ့အကြုံကို ထိုအဆင့်ထိ ရောက်အောင် စည်းပိတ်လိုက်၏။

အဆုံးစွန်မဲ့စံပြတချို့နှင့် မငြိမ်းသက်နိုင်ဖွယ် စံပြတချို့နှင့် ရင်ဆိုင်ပြီးသည့်နောက်တွင် တစ်ဖက်သူ၏ စွမ်းအားကို တစ်ရာခိုင်နှုန်း တိုးမြှင့်လိုက်သည်။ သူက ထိုဖြစ်စဉ်ကို ထပ်ကာထပ်ကာ လုပ်နေပြီး သူ့ကျင့်ကြံဆင့်အသစ်ဖြင့် နေသားကျအောင် လုပ်ယူခဲ့သည်။

ထို့နောက် ဝမ်ဝေ့က စတုတ္ထကောင်းကင်ဘုံအဆင့်ကို ရွေးချယ်ပြီးသူ့တိုက်ခိုက်‌ရေးစွမ်းအားကို စမ်းသပ်ကြည့်လိုက်၏။

ဝမ်ဝေ့က မျှော်စင်အတွင်း ငါးနှစ်တာအချိန်ယူပြီး သူ့စွမ်းအား၏ ကန့်သတ်ချက်ကို စမ်းသပ်ကာ သူ့နည်းစနစ်များကို တိုးတက်အောင် ပြုပြင်ခဲ့သည်။

“ငါက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို ရထားပေမယ့် ထိပ်သီးစံပြကဏ္ဍရဲ့ အောက်ဆုံးမှာပဲ ရှိနေသေးတဲ့ပုံပဲ။”

ထိပ်သီးစံပြများကြားတွင် ကွာဟချက်ကြီးကြီးမားမား ရှိလေ၏။ အထူးသဖြင့် အဆုံးစွန်မဲ့စံပြနှင့် အဆုံးစွန်မဲ့စံပြ မဟုတ်သည့်သူကြားတွင် ဖြစ်သည်။ ဤမျှော်စင်က ဝမ်ဝေ့အား သူ ဝူဟုန်နှင့် ယခင်က ပြုလုပ်ခဲ့ဖူးသည့် လေ့ကျင့်မှုသည် သူ့ကိုဤနေရာအထိ ဆွဲခေါ်လာကြောင်း သဘော‌ပေါက်သွားခဲ့၏။ သူက သင်ယူပြီး တိုးတက်ဖို့များစွာ ကျန်ရှိနေသေးသည်။

“တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက်ကတော့ ကောင်းပြီလေ ...”

ဝမ်ဝေ့က မလုံမလဲပြုံးလိုက်၏။ တတိယအကြိမ် တားမြစ်တိုက်ခိုက်‌ရေးအဆင့်သို့ ဝင်ရောက်ခြင်းက စိန်ခေါ်မှုအများဆုံး ဖြစ်ပေသည်။ ပထမဦးစွာ ဝမ်ဝေ့က ရှေးဦးစံပြ ဖြစ်လာဖို့ လိုအပ်ပေ၏။ ထို့နောက် သူသည် သူ့အရည်အချင်းကို တိုးတက်အောင်လုပ်ရပြီး သူ့စွမ်းအာကို ကိုးဆယ်ရာခိုင်နှုန်း ပိတ်ဆို့ထားကာ ရှေးဦးစံပြတစ်ယောက်ကို အနိုင်ယူရမည် ဖြစ်၏။

ဒါက ခဏတော့ကြာဦးမယ် ....

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့တည်ရှိမှုကို လေ့လာပြီးသည့်နောက်တွင် တားမြစ်တိုက်ခိုက်ရေးအဆင့်ကလည်း ကိုယ်ပိုင်ကဏ္ဍနှင့်ကိုယ် ရှိကြောင်း သဘောပေါက်သွားလေသည်။ ထူးကဲသာလွန်မှုအဆင့်အတွက် အခြေခံကျသည့် အသွင်ပြောင်းမှုမျိုးကို တွေ့ကြုံခံစားရမည် ဖြစ်၏။ ရောက်ရှိလာမည့် ကမ္ဘာ့ကပ်ဘေးက မည်မျှပင်ဆိုးရွာစေကာမူ ဝမ်ဝေ့က ထူးကဲသာလွန်မှုတစ်ပိုင်းဖြစ်ဖို့ရာ အလျင်မလိုဘဲ သူ့တွင် အကောင်းဆုံး အုတ်မြစ်ရှိဖို့ သေချာအောင် လုပ်ဆောင်လိုက်သည်။

နောက်ထပ် ငါ ဘာကို လေ့ကျင့်ပေးရမှာလဲ။ ငါ့ဆီမှာ တိုးတက်ဖို့ အခွင့်အရေးတွေအများကြီး ကျန်နေသေးတယ်။ အဲ့ဆိုတော့ ငါ့ရဲ့အာရုံစိုက်မှုက အသက်ရှင်နိုင်ချေ ဖြစ်သင့်တယ်။ ကောင်းပြီလေ အဲ့ဆိုဆုံးဖြတ်ပြီးသွားပြီ။

ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူက မျှော်စင်အား အချိန်စိတ်ဝိညာဉ်တိုက်ပွဲနှင့် ပတ်သက်ပြီး ‌အကောင်းဆုံးပြိုင်ဖက်ကို တောင်းဆိုခဲ့သည်။

ထို့နောက် လူသားအသွင်သက်ရှိက ဝမ်ဝေ့ရှေ့မှာ ပေါ်ထွက်လာလေ၏။ သူက မျှော်စင်၏ ကာကွယ်ရေးနည်းလမ်းများကြောင့် ထိုသူ၏မျက်နှာကို မမြင်ရသော်လည်း တစ်ဖက်သူတွင် ဦးချိုနှစ်ခုရှိကြောင်း သတိထားမိခဲ့၏။

“စိတ်ဝင်စားစရာပဲ”

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ ဤတိုက်ပွဲက မိနစ်၃၀ခန့်ကြာမြင့်ပြီးသည့်နောက်တွင် တစ်ဖက်သူက သူ့အချိန်အမှတ်အသားကို တွေ့ကာ သူ့ကို သတ်ပစ်လိုက်လေသည်။

ဝမ်ဝေ့က ရလဒ်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

“မဖြစ်နိုင်တာ”

သူက ဤရလဒ်ကို လက်ခံဖို့ ငြင်းဆန်ပြီး ဒုတိယအကြိမ်မြောက် တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ၂၇ မိနစ်ခန့်ကြာမြင့်ခဲ့၏။

“ကောင်းပြီလေ။ ဒါက တကယ့်ကို အတွေ့အကြုံအသစ်ပဲ”

သူက တတိယအကြိမ်ပြိုင်ပွဲကို စတင်လိုက်၏။ သို့သော်လည်း ဤတစ်ကြိမ်၌ အတ္တကို ထိန်းချုပ်ကာ တစ်ဖက်သူဆီမှ သင်ယူခဲ့သည်။ ဝမ်ဝေ့က သူတို့နှစ်ဦးကြားရှိ အရည်အချင်းသည် မည်မျှကွာဟနေကြောင်း သဘောပေါက်သွားလေ၏။

“ဒီလိုမျိုး သက်ရှိမျိုးက အမှန်တကယ် တည်ရှိလို့လား။” ဝမ်ဝေ့က သေဆုံးပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။ ဝူဟုန်က သူ့ကိုလေ့ကျင့်ပေးစဉ်အခါက သူတို့အရည်အချင်းကြားတွင် ကွာဟချက် ကြီးကြီးမားမားရှိနေကြောင်း သိထားသော်လည်း သူ့အနေနှင့် ထိုသို့အရည်အချင်းရှိသည့် အနေအထားသို့ ရောက်ရှိနိုင်ကြောင်း ခံစားမိလေသည်။ သို့သော် တစ်ဖက်သူကမူ မကျော်လွှားနိုင်သည့် တံတိုင်းသဖွယ် ဖြစ်နေလေ၏။

“မျှော်စင်စိတ်ဝိညာဉ် ထွက်လာခဲ့” ဝမ်ဝေ့က ရုတ်တရက်အော်ပြောလိုက်လေသည်။ သူက ထိုစိတ်ဝိညာဉ်များသည် ယခင်စမ်းသပ်ချက်ကြောင့် သူ့ကို လာရောက်နှောင့်ယှက်နေကြောင်း ခံစားမိလေ၏။ ထို့နောက်  ခေါင်းမှခြေဆုံး ဆူးချွန်များရှိသည့် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် စိတ်ဝိညာဉ်လေးက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။

“ပြိုင်ပွဲဝင်အတွက် ဘာများလုပ်ပေးရမလဲ”

“သူက ဘာလဲ” ဝမ်ဝေ့က တဲ့တိုးသာမေးလိုက်သည်။

“ပြဿနာရှိလို့လား” တိုက်ပွဲစိတ်ဝိညာဉ်က မေးလာ၏။

“သူက ဘာလို့အဲ့လောက်တောင် ထူးချွန်နေရတာလဲ။”

“မင်းက အကောင်းဆုံးကို တောင်းဆိုထားတာ မဟုတ်ဘူးလား။”

“ဟုတ်တယ်လေ အဲ့ဆိုတော့ … ” ဝမ်ဝေ့က မေးလိုက်သည်။

“အဲ့ဆိုတော့ အကောင်းဆုံးကို ပေးထားတာလေ”

“ဒီလိုအရည်အချင်းရှိတဲ့သူ ရှိတယ်လို့ပြောနေတာလား”

“အကြွင်းမဲ့သတ်ဖြတ်သူအကြောင်းကို မကြားဖူးဘူးလား”

“အဲ့ဆိုရင်တော့ ထူးဆန်းနေတာ ရှင်းပြပြီးသားဖြစ်သွားပြီ။”

ဝမ်ဝေ့က စိတ်ဝိညာဉ်သည် ဆက်လက် မရှင်းပြကြောင်း မြင်သည့်အခါ ရှုံ့မဲ့သွားလေ၏။

“အကြွင်းမဲ့သတ်ဖြတ်သူက ဘယ်သူလဲ”

“သူက ဝိညာဉ်ခေတ်ကာလမှာ တည်ရှိခဲ့တဲ့ အား‌ကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ပြောရမယ်ဆိုရင် အကြည့်တစ်ချက်နဲ့တင် လူတစ်ယောက်ရဲ့ အချိန်အမှတ်အသားကို ရှာနိုင်တယ်လို့ ပြောကြတယ်။ ဒီအဆင့်ကို ရောက်ကာစနဲ့ မိနစ်၃၀ကြာကြာ တောင့်ခံနိုင်တယ်ဆိုတော့ မင်းက အတော်လေး လုပ်ရည်ကိုင်ရည်ရှိတာပဲ” စိတ်ဝိညာဉ်က ရှင်းပြလိုက်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“သူက စံပြအဆင့်ပဲ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်”

“သူက အသက်ရှင်တုန်းလား” ဝမ်ဝေ့က မေးလိုက်သည်။

“မင်းက ဘာမှကို မသိဘူးပဲ။ အားလုံးက အကြွင်းမဲ့သတ်ဖြတ်သူက အဆုံးစွန်မဲ့စံပြတွေနဲ့ ရှေးဦးစံပြတွေကို စင်းနှီတုံးပေါ်က အသားတုံးလိုမျိုး သတ်ဖြတ်ပြီးတော့ အကြောက်တရားနဲ့ လွှမ်းမိုးတဲ့ အချိန်ကာလတစ်ခုကို ဖန်တီးခဲ့တယ်လေ။ သူက ကျိမျိုးနွယ်ရဲ့ ဘိုးဘေးကိုတောင် သတ်လုနီးပါးဖြစ်သွားခဲ့သေးတယ်။”

“ကျိမျိုးနွယ်ရဲ့ ဘိုးဘေးဆိုတော့ စိတ်ဆန္ဒနှလုံးသားနန်းဆောင်ရဲ့ တည်ထောင်သူကို ပြောတာလား။”

“ဟုတ်ပါတယ်။” တိုက်ပွဲစိတ်ဝိညာဉ်က ခေါင်းညိတ်လိုက်သည်။

“ဘာဖြစ်သွားတာလဲ။”

“အကြွင်းမဲ့သတ်ဖြတ်သူက ဟွင်သွမ်းစကြဝဠာကြီးရဲ့ အားအကောင်းဆုံး စံပြအဖြစ် သတ်မှတ်ခံထားရတာလေ။” စိတ်ဝိညာဉ်က ခေါင်းအသာယမ်းရင်း ပြန်ပြောလိုက်သည်။

“ကြည့်ရတာ သူ့ကံကြမ္မာက အဲ့လိုဖြစ်လာဖို့ ကံဖန်လာတဲ့ပုံပဲ။ မောက်မာမှုဆိုတာက လူသားတွေရဲ့ အကြီးမားဆုံး ပြစ်ချက်တစ်ခုပဲလေ။ သူတို့တွေက ဘယ်လောက်ပဲ အားကောင်းကောင်းပေါ့။ အဲ့ဒီလူက အားအကောင်းဆုံးစံပြဆိုတာနဲ့ ပတ်သက်ပြီး မကျေနပ်ဘဲနဲ့ သူ့ကိုယ်သူ အားအကောင်းဆုံးလို့ တွေးခဲ့ပြီးတော့ ရှေးဦးခန္ဓာစံအိမ်ကို စိန်ခေါ်ခဲ့တာ။”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ဒိုင်မေးရှင်းအနိမ့်တွင် ဝမ်ဝေ့က နှလုံးသားဆန္ဒနန်းဆောင်နှင့် နောက်အင်အားစုတစ်ခုအကြောင်းကို သတိပေးခဲ့ဖူးသည်။ သူမက များစွာမပြောခဲ့သော်လည်း သူ့အနေဖြင့် အထွတ်အထိပ်သို့ မရောက်သေးခင် သူတို့နှင့်ရင်ဆိုင်သည့်အခါ သတိကြီးကြီးထားဖို့ ပြောခဲ့လေသည်။

တကယ်တော့ သူက ချီယွမ်နှင့် စကားပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ရှေးဦးခန္ဓာစံအိမ်သည် ခန္ဓာကိုယ်လေ့ကျင့်ရေး အစစ်အမှန် ထူးကဲသာလွန်မှုအဆင့်က ချန်ထားခဲ့သည့် မျိုးဆက်တစ်ခုဖြစ်ကြောင်း ကောက်ချက်ချထားသည်။

“အဲ့ဆိုတော့ သူက သေပြီလား။”

“သူ့ကို မှတ်မိနေတုန်းဆိုတော့ အဲ့လိုပြောလို့မရသေးဘူး။ ဒါပေမဲ့ အဲ့လိုအဆင့်အနေထားအတွက်ကတော့ သိပ်ပြီးတော့ မရှိဘူးလေ။” စိတ်ဝိညာဉ်က ပခုံးတွန့်ကာ ပြောလာ၏။

“ဒါပေမဲ့ အဲ့ဒီ‌နေ့ကတည်းကတော့ သူ့ကို စကြဝဠာထဲမှာ ထပ်မမြင်ရတော့ဘူး။”

“ငါ သိပြီ။ သူက ဘာလို့အဲ့လောက်စွမ်းဆောင်ရည် ရှိနေတာလဲဆိုတာကို သိကြလား။” ဝမ်ဝေ့ကမေးလိုက်သည်။

“တချို့ကတော့ သူက ထူးကဲတဲ့ အချိန်မျိုးနွယ်လို့ ပြောကြတယ်။ တချို့ကတော့ သူက ထူးကဲရတနာ ရှိကြတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အများစုကတော့ သူက အဲ့လိုအရည်အချင်းရှိတယ်လို့ပဲ ယုံကြည်ထားကြတာ။”

အဲ့ဆို သူက အဲ့လိုအရည်အချင်းရှိတယ်ဆိုရင် သူက ထူးကဲသာလွန်မှုအဆင့်နည်းစနစ်တွေလိုမျိုး ဖန်တီးနိုင်တယ်တာပေါ့ ..

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

“ကောင်းပြီလေ။ မေးခွန်းတွေ ဖြေပေးတာ ကျေးဇူးပါပဲ။” ဝမ်ဝေ့က ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်၏။ ယခု သူက ဤအရာသည် ဟာသတစ်ခုမဟုတ်ကြောင်း သိသွားပြီဖြစ်သည့်အတွက် အကြွင်းမဲ့သတ်ဖြတ်သူသည် သူ ကျော်လွှားရမည့်အရာတစ်ခု ဖြစ်လာခဲ့သည်။

“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အခု ထွက်သွားရတော့မည့်အချိန်ပဲ။”

“ဘာကိုပြောတာလဲ။”

“မင်းဆီမှာ အမှတ်တွေ မကျန်တော့ဘူး။”

“ဘယ်လို ဒီတိုက်ပွဲမျှော်စင်က အလကားလို့ ထင်နေတာ။” ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူ့အမူအရာ ပျက်ယွင်းသွားသည်။

“သာမန်အခြေနေအောက်မှာတော့ ဟုတ်တယ်လေ။ ဒါပေမဲ့ မင်းက အကောင်းဆုံး လေ့ကျင့်ရေးတွဲဖက်ကို တောင်းဆိုထားတာဆိုတော့ တန်ကြေးငွေ ကောက်ခံရတာပေါ့။”

ဝမ်ဝေ့အနေနှင့် တိုက်ပွဲစိတ်ဝိညာဉ်သည် မျက်နှာကို ဖုံးကွယ်ထားသော်လည်း အတုအယောင် မျက်နှာထားမျိုး ပိုင်ဆိုင်ထားကြောင်း ပြောနိုင်လေသည်။

ဝမ်ဝေ့က သူ့ကို စိုက်ကြည့်ပြီး လှည့်ဖျားခံလိုက်ရကြောင်း သိလိုက်သည်။ သို့သော်လည်း သူက ဘာမှမပြောဘဲ ထွက်ခွာလိုက်၏။

ဝှစ်

လူကြီးမင်းလုက မျှော်စင်အတွင်း ပေါ်ထွက်လာလေသည်။

“ဒါက တကယ်ဉာဏ်ရှိတာဟုတ်ရဲ့လား။”

“သူက ပုံမှန်ဆိုရင်တော့ ဒီစစ်ဆေးမှုရဲ့ အနိုင်ရရှိသူလေ။ သူ့ကို ဒီမှာကြာကြာနေနိုင်ပြီးတော့ အမှတ်တွေ များများသုံးဖို့ ဒီလိုလုပ်ထားရတာပဲ။”

“အခြေအနေတွေက ရှုပ်ထွေးတယ်။ ငါတို့တွေ ရန်သူတွေ ဖန်တီးဖို့လိုပါ့မလား။” လူကြီးမင်းလုက သက်ပြင်းချလိုက်၏။

“ဒါက ရန်သူတွေလုပ်တာတောင် မဟုတ်ပါဘူး။ လိုအပ်လာတဲ့အခါမှာ သူ့အတွက် ကာမိစေနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုငယ်လေး တစ်ခုပါပဲ။” တိုက်ပွဲစိတ်ဝိညာဉ်က ပြန်လည်တုန့်ပြန်လိုက်၏။

“ငါတို့တွေ ဒီဆုံးဖြတ်ချက်ကို နောင်တမရဖို့ဘဲ မျှော်လင့်တယ်။” လူကြီးမင်းလုက ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။

......

မတွန်းလှန်နိုင်တဲ့ ငါးစာလား ...

ဝမ်ဝေ့က တွေးလိုက်သည်။ သူက တိုက်ပွဲမျှော်စင် အသုံးပြုခြင်းအား မရပ်တန့်နိုင်ကြောင်း ဝန်ခံရပေမည်။ သူ့မာန သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ကို သတ်နိုင်သည့် အရည်အချင်းရှိနေသည်ဟူသောအတွေးက သူ့လိုလူတစ်ယောက်အနေဖြင့် လက်မခံနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုမျှော်စင်ကို အသုံးပြုကာ တိုးတက်အောင်လုပ်ရမည် ဖြစ်၏။

ဒါပေမဲ့ ငါကပဲ လူတွေကို နှပ်ချလို့ရတယ် ....

သူ့မျက်ဝန်းအထက် အလင်းတချို့ဖြတ်ပြေးသွားလေသည်။

သူ့နေရာဆီ ပြန်ရောက်လာသည့်အခါ ပထမဦးဆုံး သူ လုပ်လိုက်သည့်အရာက အလယ်ဗဟို၌ အနက်ရောင်ပိုးအိမ် ရှိနေသည့် ဒိုင်မေးရှင်းတစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်၏။ ထိုပိုးအိမ်မှ ပြင်းထန်သည့် အငွေ့အသက်တို့ ထုတ်လွှတ်နေလေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က အသွင်ကူးပြောင်းတော့မည့် အနေအထား ဖြစ်၏။

အနီရောင်မျက်နှာဖုံးက ပြီးဖို့ နည်းနည်းကြာဦးမယ် …

သူက တွေးလိုက်လေ၏။ ဤစမ်းသပ်ချက်အတွင်း သူက သူမ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို မျှော်စင်အတွင်း ပို့ဆောင်ခဲ့၏။ ယခု သူက စံပြဖြစ်လာပြီဖြစ်သည့်အတွက် သူမကလည်း သခင့်အရိပ်နည်းစနစ်ကြောင့် စံပြအဖြစ် ပြောင်းလဲသွားလိမ့်မည်။ သို့သော်လည်း သူမက ဒဏ်ရာအပြင်းအထန် ရရှိထားသည့်အတွက် ကုစားပြီး အသွင်ပြောင်းဖို့ အချိန်လိုအပ်နေသေး၏။

“ငါက အခုအကြွေးတွေအများကြီး ရှိနေတုန်းဆိုတော့ အမဲလိုက်အဖော်ဆုံးရှုံးသွားတာ နှမြောစရာပဲ။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

All Chapters