ယင်ကျန်း၏ ခြိမ်းခြောက်မှု
Vol. 104 Ch. 1446
ဝမ်ဝေ့က သူမကို ထူးထူးဆန်းဆန်း ကြည့်လိုက်၏။
“သူတို့က မင်းကို လူမဆန်လောက်အောင်တော့ မနှိပ်စက်ဘူးမလား။”
သူက သူမသည် ချင်တိုင်းပြည်မှလူများအပေါ်ပြသသည့် အမုန်းတရားကြောင့် မေးလိုက်ခြင်း ဖြစ်၏။
“လူမဆန်လောက်တဲ့ နှိပ်စက်မှုလား။ အဲ့လိုတော့မဖြစ်ပါဘူး။ သူတို့က ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီးတော့ သူတို့ရဲ့တုံးအအ ရုပ်ဆိုးဆိုးမင်းသားနဲ့ လက်ထပ်ပေးဖို့ ကြိုးစားနေရုံပါပဲ။” ဟုန်ဝါက ပြန်ဖြေလိုက်သည်။
“တော်သေးတာပေါ့။ ဒါပေမဲ့ မင်း သတိထားသင့်တယ်။” ဝမ်ဝေ့က စာလိပ်တစ်လိပ်ကို ဆင့်ခေါ်ကာ တာအိုစာသားကို စတင်အသုံးပြုကာ ရေးသားလိုက်သည်။ သူ့အနေဖြင့် သူမကို ပေးဖို့ မိနစ်ပိုင်းခန့် ကြာမြင့်ခဲ့သည်။
“ဒီနည်းစနစ်က နောက်ဆုံးသော့ချက်ပဲ။”
ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သူက သူမအား သူမ၏ တည်ရှိမှုကို ထိန်းချုပ်ဖို့ တိုက်ရိုက်အကူအညီ မပေးနိုင်သော်လည်း သူမ၏ ဆုံမှတ်၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လှုံ့ဆော်သည့် နည်းလမ်းဖြင့် ထိုသို့လုပ်နိုင်ဖို့ နည်းလမ်း ပေးလိုက်ခြင်း ဖြစ်သည်။
“ကျေးဇူးပါ”
“မင်းဆီမှာ ဒီအစီအစဉ်အတွက် အားကောင်းတဲ့ လေဟာနယ်ဖြိုခွင်းရေးအဆောင်ရှိလား။”
“ မရှိသေးဘူး။” ဟုန်ဝါက မျက်နှာပူစွာ ဝန်ခံလိုက်လေသည်။
ဝမ်ဝေ့က ဘာမှမပြောဘဲ သူမအား တစ်ခု ပေးလိုက်၏။
သူမက သက်ပြင်းချလိုက်သည်။
“နောက်တစ်ကြိမ် ကျွန်မ ရှင့်အပေါ် ဘယ်လိုကျေးဇူးကြွေးတင်နေမှန်းတောင် မပြောတတ်တော့ဘူး။”
“ကိစ္စမရှိပါဘူး။ မင်းရဲ့ ဇနီးက ငါနဲ့အတူ ဘေးကင်းတယ်။ မင်း လွတ်လပ်ခွင့်ရမှပဲ သူမကို လာခေါ်လှည့်ပေါ့။ အဲ့ဒီမတိုင်ခင်တော့ မင်း ကံကောင်းဖို့ ဆုတောင်းပေးတယ်။” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ဟုန်ဝါက ဦးညွှတ်ပြီးသည့်နောက်တွင် သူမ၏ ပုံရိပ်က ပျောက်ကွယ်သွား၍ ဝမ်ဝေ့က အတွေးနက်ကာ ကျန်နေခဲ့သည်။
ယင်ကျန်းက ထူးကဲသာလွန်မှုစွမ်းအားကို ဘယ်လိုရလာတာလဲ။ ဒါက အသုံးအဆောင်ပစ္စည်းလား ဒါမှမဟုတ်ဘူးဆိုရင် စွမ်းအားအရင်းအမြစ်လား။
ပိုပြီးအရေးကြီးတာက သူက အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင်က ရခဲ့တာလား … ပြီးမှ ရလာတာလား။
ဝမ်ဝေ့က အတွေးများသည့်အနေအထားသို့ ရောက်ရှိနေကာ အချက်အလက်များကို သုံးသပ်ဖို့ ကြိုးစားနေလေသည်။
ဟုန်ဝါပြောတာ သူတို့က လတ်တလောလေးမှာမှ အမှတ်အသားထားလိုက်တာဆိုတော့ ယင်ကျန်းက မဟာချူးခုံရုံးမှာ ငါတို့နဲ့ ရင်ဆိုင်တွေ့ဆုံမှုအပြီးမှာ စွမ်းအားကို မျှဝေခဲ့တာ ဖြစ်နိုင်ခြေရှိတယ်။ သူက အရင်မလုပ်ခဲ့တာက မပြီးသေးတဲ့အခြေအနေမှာ ပုန်းအောင်းနေတာရော … အန္တိမသဟဇာတက သူ့ကို စောင့်ကြည့်နေတာရောကြောင့်ပဲ။
ဒါပေမဲ့ မေတ္တယျက အဲ့ဒီလူတွေကို ကောင်းချီးပေးပြီးတဲ့နောက်မှာ သူတို့က အန္တိမသဟဇာတရဲ့ အောက်ကနေ ဖုံးကွယ်နိုင်သွားပြီ။ ဒါပေမဲ့ ထူးကဲသာလွန်မှုစွမ်းအားက အလွယ်တကူ ထိန်းချုပ်လို့ရလို့လား။
မဟာချူးတိုင်းပြည်ရဲ့ ဖြစ်ရပ်နဲ့ ဒီစစ်ဆေးမှုကြားကာလက အရမ်းကို တိုတောင်းတယ်။ အဲ့ဒီလူတွေအတွက် ထူးကဲသာလွန်မှုနည်းလမ်း သုံးသပ်ပြီး ဖန်တီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ဆီမှာ ငါ့လိုမျိုး ပါရမီရှင်တစ်ယောက် မရှိသရွေ့ပေါ့ …
ဒါမှမဟုတ်ဘူးဆိုလည်း စိတ်လှုံ့ဆော်ရေးဆေးလုံးကို သုံးတာလိုမျိုး အစွန်းရောက်နည်းလမ်းတွေကို ရွေးချယ်ခဲ့တာမျိုးပေါ့။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ဖြစ်နိုင်ချေက အရမ်းကို နည်းပါးလွန်းလှ၏။ ထို့ကြောင့် သူက နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကို ထည့်သွင်းစဉ်းစားရမည်။ ယင်ကျန်းက ထိုအရာကို အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင်ကတည်းက ရှိထားခဲ့ခြင်း ဖြစ်၏။
ဒါပေမဲ့ ဒါက အမှန်ဆိုရင် ဘယ်သူက ဘာလို့မသိကြရတာလဲ။ ယင်ကျန်းက ရွှေရောင်ခေတ်ကာလမှာ ရွယ်တူတွေဆီကနေ ဖုံးကွယ်ထားနိုင်ဖို့ လုပ်ရည်ကိုင်ရည်ရှိနေတာလား။ ဒါပေမဲ့ အန္တိမသဟဇာတနဲ့ မေတ္တယျတို့က သဲလွန်စတော့ ရှိမှာ။
မေတ္တယျက ချင်သူတော်စင်ခုံရုံးကို ကာကွယ်ပေးဖို့အတွက် တတ်စွမ်းတယ်ဆိုပေမယ့် သော့ခလောက်ခေတ်ကာလမှာတော့ သူမရဲ့လုပ်ဆောင်ပုံတွေက သိပ်မဟန်ဘူး။ အန္တိမသဟဇာတက အဲ့ပစ္စည်းကို ရပြီးတာ ကြာလောက်ပြီ။
ဒါမှမဟုတ် ဒါက သူတို့နှစ်ယောက် မထိန်းချုပ်နိုင်တဲ့ စွမ်းအားအရင်းအမြစ်ဖြစ်တာမျိုးပေါ့။ အဲ့ဒီပစ္စည်းက တည်ရှိတယ်ဆိုရင် ယင်ကျန်းက ဘယ်နေရာကနေ တွေ့ခဲ့တာလဲ။
ဝမ်ဝေ့က ထိုမေးခွန်းကို မေးပြီးသည့်နောက်တွင် အဖြေရရှိသွားလေသည်။
သမိုင်းမတိုင်မီကမ္ဘာ …
ယင်ကျန်းက သူ ပြန်လည်ဝင်စားခဲ့တဲ့ ပထမဟွင်သွမ်းကမ္ဘာကနေ ရလာတာဖြစ်နိုင်တယ်။ ပြီးတော့ ဟုန်ကျွင်းက သူ့ကို ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာကြောင့်လဲ။
ဝမ်ဝေ့က သတင်းအချက်အလက်များကို စုစည်းကာ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။
ဟုန်ကျွင်းက သမိုင်းမတည်မီကမ္ဘာရဲ့ အနာဂတ်အတွက် လူတွေကို ပြန်လည်ဝင်စားခိုင်းတယ်လို့ သုံးသပ်ခဲ့မိတာ။ ဒါပေမဲ့ အခုပြန်လည်စဉ်းစားကြည့်တော့မှ သူက အလုံးစုံကောင်းကင်ဘုံ ကံကြမ္မာကပ်ဘေးအကြောင်းကို ကြိုသိထားတာဖြစ်လောက်တယ်။ အဲ့ဒါကြောင့် ကြိုပြင်ဆင်ထားတာပဲ။
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ ထိုအရာသာအမှန်ဖြစ်ပါက ထိုကပ်ဘေးသည် သူ့ဖန်ဆင်းမှုဖြစ်ကြောင်း ကောက်ချက်ချထားသည်သာ မှန်ကန်ပါက ဟုန်ကျွင်းသည်လည်း သူ ဖန်တီးထားသည့်ကပ်ဘေးအတွက် ပြင်ဆင်ထားလိမ့်မည်။
ဝမ်ဝေ့က ခေါင်းအသာရမ်းကာ အာရုံစိုက်လိုက်၏။ ထိုသို့သော အမှန်တရားမျိုးက သူသည် ရှေးဖြစ်ဟောနိမိတ်ထဲကလူ ဖြစ်ကောင်းဖြစ်နိုင်သည့်အချက်ကို ထုတ်ဖော်ထားဖို့ ပိုမိုလိုအပ်လာ၏။
အချိန်သဘောတရားအရ ပြောရမယ်ဆိုရင် ယင်ကျန်းက ငါ့ရှေ့က နှစ် ၂၀၀၀မှာ ကြိုပြီးရောက်နေတာ။ သူက ဟုန်ကျွင်းရဲ့ အစောပိုင်း စမ်းသပ်ချက်တစ်ခုပဲ။ အဲဒါကြောင့် ဟုန်ကျွင်းက ကမ္ဘာမြေကလူတွေ ပြန်လည်ဝင်စားဖို့ အဲ့လိုမျိုးအားကောင်းတဲ့ ပစ္စည်းတစ်ခု လိုအပ်နေတာဖြစ်လောက်တယ်။
ဒါမှမဟုတ်ဘူးဆိုလည်း သူက ပထမဦးဆုံးအကြိမ်မှာ ပိုပြီးတော့ ရက်ရောခဲ့တာမျိုးပေါ့။
“ကောင်းပြီလေ။ ဒါက ဘာမှတော့ ပြဿနာမရှိဘူး။ အဓိကသော့ချက်က ပစ္စည်းပဲ။ သမိုင်းကြောင်းတွေ ဝတ္ထုတွေအကြောင်းမှာ ဟုန်ကျွင်းရဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ ပစ္စည်းက ကျောက်စိမ်းလိပ်ပြာဆွဲပြားဖြစ်ခဲ့တာ။ အဲ့ဒီပစ္စည်းထဲမှာ တာအို၃၈၀၀ရဲ့ အနှစ်သာရတွေ ပါဝင်နေတယ်လို့ ပြောလေ့ရှိတယ်။ သူက အဲဒါကို ယင်ကျန်းဆီ ပေးခဲ့တာလား။ ဆွဲပြားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရင် ဖြစ်မယ်။ အဲ့လိုဆိုရင်တောင် သူက ယင်ကျန်းအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာပဲ။”
ဝမ်ဝေ့က လှောင်ပြောင်လိုက်၏။
အကယ်၍ ထိုအရာသာအမှန်ဖြစ်နေပါက သူသည် ဟုန်ကျွင်းအတွက် နှမြောတသဖြစ်သွားမိသည်။ ယင်ကျန်း၏ သံသယကြီးသည့် သဘာဝက ထိုဆွဲပြားအား အသုံးပြုခြင်းမှတားဆီးထားလိမ့်မည်။ အထူးသဖြင့် ထိုအရာ၏ စွမ်းအားကို သိပြီးသည့်နောက်တွင် ဖြစ်၏။ မဟုတ်ပါက ထိုသို့သောပစ္စည်းမျိုးနှင့် လွှမ်းမိုးနိုင်စွမ်းရှိသည့် အရေးသာချက်ဖြင့် သူသည် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သို့ ဝင်ရောက်ပြီးသည်မှာ ကြာမြင့်လှပြီဖြစ်၏။
ကောင်းပြီလေ။ ငါကလည်း အဲ့လိုမျိုးပဲဆိုတော့ သူ့ကို အပြစ်တင်နေလို့တော့ မရဘူး။
သူ လုပ်လိုသည့် နောက်ဆုံးသောအရာက သူ့ထူးကဲသာလွန်မှုလမ်းစဉ်အား ဟုန်ကျွင်း ဒါမဟုတ် တခြားသူဆီ ယုံကြည်အပ်နှံထားခြင်း ဖြစ်၏။ သူသည် ဆွဲပြားကို အသုံးပြုကာ ရှေးဦးစံပြအမြန်အဆန် ဖြစ်လာနိုင်သော်လည်း ထူးကဲသာလွန်မှုလမ်းစဉ်အတွက် ထိုအရာကို ဘယ်တော့မှ အသုံးပြုမည် မဟုတ်ပေ။
ဒါပေမဲ့ ကြည့်ရတာ ယင်ကျန်းက တုန့်ဆိုင်းမနေတဲ့ပုံပဲ …
ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ သူက ချင်တိုင်းပြည်မှ လူများနှင့်စကားပြောနေစဉ် သူတို့က ပိုမိုရဲတင်းလာကြောင်း သတိထားမိ၏။ ယခုတွင်မူ ထိုအကြောင်းရင်းကို နားလည်သွားလေသည်။
အရင်တုန်းက ငါ့အနာဂတ်ဇနီးလောင်းလေးက ငါတို့ကမ္ဘာရဲ့ ပထမဦးဆုံးထူးကဲသာလွန်မှုအဆင့် ဖြစ်လာမယ်လို့ ထင်နေတာ။ ငါ့ရဲ့ အတွေးတွေက အခုထိ မပြောင်းလဲသေးဘူး။ ဒါပေမဲ့ ယင်ကျန်းက အပြောင်းအလဲဖြစ်လာနိုင်ချေရှိတယ်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
ဟုန်ဝါက ချင်သူတော်စင်ခုံရုံးကို ပြန်လို့မဖြစ်ဘူး …
သူက ယင်ကျန်း၏ လမ်းစဉ်ကို နှောင့်နှေးဖို့ ဘာမဆိုလုပ်ရမည် ဖြစ်၏။ မဟုတ်ပါက ထိုသူသာ ပထမဦးဆုံး ထိုအဆင့်သို့ ဝင်ရောက်သွားပါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို အခုချက်ချင်း အုပ်စိုးလိမ့်မည်။
နှမြောဖို့ကောင်းလှစွာဖြင့် မေတ္တယျ၏ အားနည်းကာ မတည်ငြိမ်သေးသည့် ထူးကဲသာလွန်မှုအဆင့်က ထိုသူကို တားဆီးနိုင်မည် မဟုတ်ပေ။
အခု အကောင်းဆုံးလှုပ်ရှားမှုက ဟုန်ဝါကို လွှတ်ပေးပြီးတော့ သူမကို တခြားဟွင်သွမ်းကမ္ဘာကို ပို့ဆောင်ဖို့ပဲ။ အဲဒါမှ ချင်သူတော်စင်ခုံရုံးကို နှောင့်နှေးစေလိမ့်မယ်။
ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်ပြီး အမဲလိုက်ကွင်းဆီ ပျံသန်းသွားလိုက်၏။
ဟင် အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ ..
သူက ဦးတည်ရာသို့ ရောက်ရှိလာပြီးသည့်နောက်တွင် အမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို သတိထားမိလိုက်သည်။ သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်တို့ရှိကာ အဖျားတွင် ပန်းရောင်သန်းနေလေ၏။
ငါ ဒီစစ်ဆေးမှုတွေက လူအားလုံးကို မှတ်မိတယ်။ ဒါပေမဲ့ သူမက သူတို့ထဲက တစ်ယောက် မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက သူမက ထျန်းရွှမ်နဲ့ ကျိချန်းမင်တို့လိုပဲ။ သူမရဲ့ အပေါ်ယံမျက်နှာပြင်ကလွဲပြီး ဘာသတင်းအချက်လက်မှ မမြင်ရဘူး။
ဝမ်ဝေ့က သူပျံသန်းနှုန်းကို လျော့ချကာ လေ့လာစောင့်ကြည့်လိုက်သည်။
သူမရဲ့သဘောထားက စုယာကိုတောင် ပြန်ပြီး အမှတ်ရသွားစေတယ်။ သူမက တူညီတဲ့ ရုပ်ခန္ဓာမျိုးရှိတာ ဖြစ်နေနိုင်တယ်။ သူမက နှလုံးသားဆန္ဒနန်းဆောင်ကလား။ ဒါပေမဲ့ သူမက ဘာလို့ဒီရောက်ပြီးတော့ ကျိချန်းမင်နဲ့ ကွဲနေတာလဲ။
ဝမ်ဝေ့က ဆက်လက် ပျံသန်းလာလိုက်၏။
ခဏလေး သူမ တစ်ယောက်တည်း မဟုတ်ဘူး …
သူက ချက်ချင်း သဘောပေါက်သွားလေ၏။ သူက ယခင်က တမင်လျစ်လျူရှုခဲ့သည့်လူများကို သတိထားမိသွားသည်။ ကံကောင်းစွာဖြင့် သူ့အာရုံသိစိတ်က အဆုံးမဲ့စံပြဖြစ်လာပြီးသည့်နောက်တွင် အတော်လေး တိုးတက်လာပေ၏။
“ကောင်းပြီ။ အဲဒီနယ်ခြားထူးကဲသာလွန်မှုအဆင့်တွေက သူတို့ရဲ့ မျိုးဆက်တွေကို ဒီစစ်ဆေးမှုဆီလွှတ်လိုက်တာပဲ။” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ သူတို့က ဘာလို့သံသယရှိရှိ ပြုမူနေကြတာလဲ။ ပိုပြီးကောင်းမွန်တဲ့ မေးခွန်းက သူတို့ဒီစစ်ဆေးမှုကို ဘာလို့ လိုအပ်နေရတာလဲ။
ဝမ်ဝေ့စိတ်ထဲ လျှပ်စီးမိုးကြိုးချက် ပစ်ချခံရသလို ခံစားလိုက်ရသည်။
သူတို့က ဒီစစ်ဆေးမှုကို သုံးဖို့ဂရုမစိုက်ဘူး။ ဒါကို အပြည့်အဝ ထိန်းချုပ်ချင်ကြတာပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက ဤစစ်ဆေးမှု၏ စွမ်းအားကို သုံးသပ်ကာ ကူးယူနေတာဖြစ်သော်လည်း ထိုအင်အားစုများကမူ ထိုအရာကို သိမ်းပိုက်ဖို့ စီစဉ်ထားပြီးသား ဖြစ်၏။
ဒီစစ်ဆေးမှုရဲ့ စွမ်းအားက တကယ့်ကို လျှို့ဝှက်ဆန်းကျယ်မှုပဲ။
ထူးကဲသာလွန်မှု တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေနိုင်တယ်။ ဒီတော့ တခြားလျှို့ဝှက်ချက်တွေလည်း ရှိနေနိုင်တယ်။
ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။
ဟမ် သူတို့က ငါ့ကို သတိထားမိလုနီးပါးဖြစ်သွားတာပဲ။
ဝမ်ဝေ့က တွေးလိုက်၏။ လူနှစ်ဦးက သူ စောင့်ကြည့်နေတာကို သတိထားမိလုနီးပါးဖြစ်သွားလေသည်။
အမျိုးသားပုံစံ ဝတ်ဆင်ထားသည့်အမျိုးသမီးနှင့် အရပ်ရှည်ရှည်၊ ကြွက်သားပြိုင်းပြိုင်းရှိထားပြီး ခန္ဓာကိုယ်လေ့ကျင့်ထားသည့် အမျိုးသားတစ်ဦး ဖြစ်ကြ၏။
သူက ရှေးဦးခန္ဓာစံအိမ်ကလား။ ဒါပေမဲ့ သူက အဲ့ဒီအမျိုးသမီးနဲ့ ကျိချန်းမင်တို့လိုမျိုး တူညီတဲ့ အငွေ့အသက်မျိုး ဘာလို့မရှိတာလဲ။
ဝမ်ဝေ့က ထိုသူများဆီမှ ကြီးမားသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။
ကြည့်ရသည်မှာ တချို့သသော ထူးကဲသာလွန်မှုအဆင့် အင်အားစုများက သူတို့အပေါ် ကာကွယ်သည့် နည်းလမ်းများ ချန်ထားပုံပေါ်သည်။ သို့သော်လည်း သူက ထိုကြွက်သားပြိုင်းပြိုင်းဖြင့် အမျိုးသားအပေါ် တူညီစွာ မခံစားမိပေ။
အဲ့ဒီစွမ်းအားက ငါ အာရုံခံမိဖို့အတွက် မြင့်မားနေတာလား …
ဒါမှမဟုတ်ဘူးဆိုရင် သူ့မှာ မရှိတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူက စံအိမ်က ဖြစ်ပြီးတော့ သူတို့က သူတို့ကောင်းကင်ရွေးချယ်ခံကို ဘယ်သူမှမထိရဲဘူးဆိုပြီးတော့ ကာကွယ်ရေးနည်းလမ်းတွေ ချန်မထားတာလား။
ဝမ်ဝေ့က တွေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ဆေးမှုက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ …
ဝမ်ဝေ့က အပြုံးဖြင့် တွေးလိုက်သည်။ သူက အန္တရာယ်နှင့် ဖရိုဖရဲဖြစ်မှုကို သဘောကျလေသည်။ အထူးသဖြင့် သူ ပါဝင်မပတ်သက်နေသည့်အချိန်အခါမျိုးတွင် သူက နောက်ကွယ်မှနေပြီး အကျိုးအမြတ် ရယူနိုင်လေ၏။ ထို့ကြောင့် သူသည် မှန်ကန်ဖို့ရာ မျှော်လင့်နေမိသည်။ ထိုအင်အားစုများက ကြီးကြီးမားမား တစ်စုံတခု စီစဉ်နေခြင်း ဖြစ်၏။
ငါ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုသေးတယ် …
ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ သူက ပဉ္စမကောင်းကင်ဘုံအဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်ရှိပြီး ဤနေရာကနေ ထွက်သွားကာ ဘာမှ မလွဲချော်ဖို့ရာ မျှော်လင့်နေမိသည်။