အတ္တချင်း ထိပ်တိုက်တွေ့ဆုံမှု
Vol. 104 Ch. 1447
ဝမ်ဝေ့က အမဲလိုက်ကွင်းသို့ ရောက်ရှိလာသည်နှင့် မကောင်းဆိုးဝါးများကို စတင်သတ်ဖြတ်လိုက်သည်။ သူက ယခုအခါ စံပြအဆင့်ဖြစ်နေပြီဖြစ်သည့်အတွက် အဆင့် ၁၂ ရုပ်သေးရုပ်ကို အသုံးပြုလိုက်၏။
သို့သော်လည်း ဝမ်ဝေ့၏ အပြုအမူများက အာရုံလွဲမှုတစ်ခုမျှသာ ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်က အမဲလိုက်နေစဉ် သူ့စိတ်က လက်ရှိအနေအထားတွင် ပထမဦးဆုံးအနေဖြင့် ဝိညာဉ်စွမ်းရည်ကို အသုံးပြုလိုက်သည်။
ဝမ်ဝေ့က ကွာဟချက်ကို ချက်ချင်း သတိထားမိ၏။ ပထမဦးစွာ သူသည် မြေပုံပေါ်၌ အစုအဝေးအသေးလေးကို မြင်လိုက်ရသည်။ ထိုအရာက ဤစစ်ဆေးမှုထဲမှ ဝိညာဉ်များကို ကိုယ်စားပြုလေ၏။ ထိုမြေပုံ၏အနောက်တွင် ရင်းနှီးပြီးသား အငွေ့အသက်ရှိသည့် အစုအဝေးအကြီးကြီး ရှိနေသည်။
ဒါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ ဖြစ်လောက်တယ် ...
သူက ဒုတိယကြီးမားသည့် အစုအဝေးဆီ သွားလိုက်သည့်အခါ ထိုမြေပုံတစ်ခုလုံးက မည်းနက်နေပြီး ဝင်ရောက်၍ မရပေ။
ဒါက သမိုင်းမတိုင်မီကမ္ဘာလား။ အဲ့ဆိုရင်တောင် ဝိညာဉ်ကွန်ယက်က ဟွင်သွမ်းစကြဝဠာနဲ့ယှဉ်လောက်အောင် အရွယ်အစား ကျယ်ပြန့်လာတာပဲ။ ဒါပေမဲ့ ငါနဲ့ဆက်နွယ်နေတဲ့ ကံကြမ္မာပေါ်မှာ မူတည်နေတာလား။
ဝမ်ဝေ့က ထိုအကြောင်းအရာကြောင့် စိတ်လှုပ်ရှားလာပြီး မြေပုံကို ချက်ချင်းပြောင်းလဲလိုက်သည်။ ထို့နောက် သူက အစုအဝေးမြောက်များစွာ ပေါင်းစည်းထားသည့် ဧရာမမြေပုံတစ်ခုကို မြင်လိုက်ရ၏။
ဒါက ကမ္ဘာအမြောက်အများ ပေါင်းစည်းထားတဲ့ ဟွင်သွမ်းကမ္ဘာတစ်ခုလား။ ဒါပေမဲ့ ငါနဲ့ဒီနေရာက ဘာများသက်ဆိုင်တာလဲ။
ဝမ်ဝေ့၏စိတ်ထဲ၌ အတွေးတစ်ခု ရုတ်ခြည်း ပေါ်ထွက်လာသည်။
ဝမ်ကျူက ဒီနေရာမှာ ပြန်လည်ဝင်စားသွားတာလား …
ဝမ်ဝေ့က မျက်လုံးကို မှိတ်ကာ ထိုကမ္ဘာထဲမှ ဝိညာဉ်များကို ရယူဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူက တစ်စက္ကန့်မျှကြာပြီးသည့်နောက်တွင် လက်လျော့လိုက်၏။ သူက ထိုကမ္ဘာများဆီ ဝင်ရောက်နိုင်သော်လည်း သူတို့နှင့်ဆက်နွယ်ဖို့ ကြိုးစားခြင်းက အချိန်ကြာမြင့်လိမ့်မည်။
ငါ့အဖေကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ကြည့်ရအောင် ..
ဝမ်ဝေ့က မြေပုံကို သုံးသပ်ရင်းဖြင့် တွေးလိုက်သည်။ သူ့အတွက် ကံဆိုးသွားသည်က သူနှင့် ဆက်နွယ်မှုရှိသည့် ကမ္ဘာများစွာရှိနေသည့်အတွက် သူ့မိဘများသည် တခြားဟွင်သွမ်းကမ္ဘာဆီ ပြောင်းရွေ့ခံရလား ဆုံးဖြတ်နိုင်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်နေ၏။
ဒီကမ္ဘာတွေက ဝမ်ကျူ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေကို ချဲ့ထွင်လိုက်တဲ့ ရလဒ်ပဲ။ ပြီးတော့ ငါ့ရဲ့ဝိညာဉ်က ကမ္ဘာဦးဟွင်သွမ်းထဲမှာ လုပ်ခဲ့တဲ့အကြောင်းအရာကြောင့်ပဲ …
ဝမ်ဝေ့က ငြီးတွားလိုက်သည်။ စံပြတစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် သူက သူ့ဘိုးဘေးသည် ကမ္ဘာဦးဟွင်သွမ်းထဲတွင် ဝိညာဉ်တစ်ခုဖြစ်စဉ်က ဖြစ်ရပ်ကို ဖုံးကွယ်ဖို့ရန်အတွက် သူ့ဝိညာဉ်ပေါ် စည်းတံဆိပ်တစ်ခု ထားရှိခဲ့ကြောင်း သတိထားမိခဲ့၏။
ငါ့ဆီမှာ အဖြေခိုင်ခိုင်မာမာ မရှိသေးပေမဲ့ ဒါက အစကောင်းပဲ …
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုစွမ်းရည်က သူ့မိဘများကို ရှာဖို့ပိုမိုလွယ်ကူစေမည် ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က ဝိညာဉ်အစုငယ်လေးကို အာရုံစိုက်လိုက်သည်။
ဟမ်
သူက သူ မလွှမ်းမိုးနိုင်သည့် သက်ရှိဝိညာဉ်တချို့ကို သတိထားလိုက်သည်။ ဤသည်က ထူးကဲသာလွန်မှုမျိုးဆက်များစွာသည် ဤနေရာ၌ ရှိနေသည့်အချက်ကို အံ့အားသင့်ခြင်း မရှိပေ။ သို့သော်လည်း ထိုဝိညာဉ်များက အားနည်းပြီး သူနှင့်ဆက်နွယ်မှုတစ်ခု ရှိနေလေ၏။ ထို့အပြင် ထိုဝိညာဉ်များက နယ်ခြားအစွမ်းဖြင့် ကပ်ညှိခံထားရသည်။
ဒီဝိညာဉ်တွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက လူတွေပဲ။ ကြည့်ရတာ သူတို့က ဖမ်းဆီးခံထားရတယ် တူတယ် …
ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက ထိုအချက်အလက်ကို ဖတ်လိုက်သည်နှင့် အဖြစ်အပျက်ကို ချက်ချင်းနားလည်လိုက်သည်။ ထိုနယ်ခြားကမ္ဘာများက လူများသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက သတင်းအချက်အလက်များကို မရနိုင်ကြောင်း သဘောပေါက်သွားသည့်အခါ လူများကို ဖမ်းဆီးပြီး သူတို့၏ အင်အားစုများဆီ ခေါ်ဆောင်သွားကာ သော့ခလောက်ကို ဖျက်ဆီးနိုင်မည်လားဟု သိချင်နေကြသည်။
ဒီဝိညာဉ်တွေက သေရတော့မယ် …
ဝမ်ဝေ့က ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ထိုသူများက ထပ်မံဖမ်းဆီးနိုင်သည့်အတွက် သူ့အနေဖြင့် မတတ်နိုင်ပေ။ ထို့ကြောင့် သူက ဤစစ်ဆေးမှုအဆုံးသတ်သည့်အချိန်ထိ စောင့်ဆိုင်းပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ပြိုင်ပွဲဝင်များက ထိုဖမ်းဆီးခံများကို သတ်ရမည် ဖြစ်၏။
ကံကောင်းတာက ဒီဝိညာဉ်တွေကို ကာကွယ်ပေးနေတဲ့ ထူးကဲသာလွန်မှုစွမ်းအား မရှိဘူး။
ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထိုအင်အားစုများက ဖမ်းဆီးခံလူများနှင့် ပတ်သက်ပြီး များစွာဂရုမစိုက်သည့်အတွက် သူတို့အပေါ်ကာကွယ်မှုက သူတို့ပေးနိုင်သည့် အကောင်းဆုံးအရာ မဟုတ်ပေ။ ထိုသို့သော ဟာကွက်မျိုးက ဝမ်ဝေ့ ဖော်ထုတ်နိုင်သည့်အရာမျိုး ဖြစ်၏။
သူက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ပြိုင်ပွဲဝင်များ၏ ဝိညာဉ်ကို ဆွဲယူပြီး လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခုအတွင်း အသေးစားတွေ့ဆုံမှုတစ်ခု ကျင်းပခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ” တစ်စုံတစ်ယောက်က ရုတ်တရက်ဖြစ်လာသည့် ကိစ္စရပ်ကြောင့် ကြောက်ကြောက်လန့်လန့် အော်ကာမေးလိုက်သည်။
“ငါပါ” ဝမ်ဝေ့က ပြန်ဖြေလိုက်၍ အားလုံးက စိတ်သက်သာရာရသွားကြ၏။ အနည်းဆုံးတော့ ဤသည်က အမည်မသိရန်သူတစ်ယောက် မဟုတ်ပေ။
“တစ်ခုခုများ ဖြစ်လို့လား” ခုံက မေးလိုက်သည်။
“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“တချို့အမည်မသိဖြစ်ရပ်တွေက ဒီစစ်ဆေးမှုမှာ ဖြစ်လာတော့မယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့တွေကို အသိပေးဖို့ ဆုံးဖြတ်လိုက်တာ။ ထိပ်သီးကောင်းကင်ဘုံအဆင့် မရောက်သေးသူတွေအနေနဲ့ စံပြအဆင့် ရောက်အောင် ကျင့်ကြံပြီး မြန်မြန်ထွက်သွာဖို့ အကြံပြုချင်တယ်။ ထိပ်သီးကောင်းကင်ဘုံအဆင့်ကတော့ သေချာလေးနက်နက်နဲနဲ စဉ်းစားကြည့်ပြီးတော့ အဲ့ဒီထိပ်တန်းနေရာကို ရနိုင်တဲ့ အခွင့်အလမ်းရှိမလားဆိုတာကို စမ်းကြည့်ပေါ့။ တကယ်လို့ မရနိုင်ဘူးဆိုရင်တော့ စံပြတစ်ယောက်ဖြစ်လာတာနဲ့ ထွက်သွားတာ အကောင်းဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့တွေအားလုံး သတိထားသင့်တယ်”
အားလုံးက မျက်မှောင်ကြုတ်ကာ နားထောင်နေ၏။ ထိုစကားများက သတိပေးသံနှင့် တူသော်လည်း တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး ထပြောနေသလို ခံစားသည်။ သို့သော်လည်း အရင်းမြစ်အရ သူတို့သည် သူတို့၏ တုန့်ပြန်မှုကို ထိန်းချုပ်ကာ အလေးအနက် မှတ်ယူလိုက်သည်။
“အမည်မသိဖြစ်ရပ်ဆိုတာက ဘာကိုပြောတာလဲ” ခုံက မေးလိုက်သည်။
“ခင်ဗျားကို ပြောပြမယ်” ဝမ်ဝေ့က သမိုင်းကြောင်းသော့ခလောက်ကို ဆင့်ခေါ်ဖို့ လက်ကို မြှောက်လိုက်သည်။ ထိုကာကွယ်မှုဖြင့် သတင်းပေါက်ကြားနိုင်ချေက အနည်းဆုံး ဖြစ်၏။
“ထူးကဲသာလွန်မှုအင်အားစုတချို့က ဒီနေရာကို ကျူးကျော်ဖို့ သူတို့လူတွေကို စေလွှတ်ထားတယ်လို့ အာရုံခံမိတယ်။ တကယ်လို့ ကျုပ်ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူတို့ရဲ့ပစ်မှတ်က ဒီစစ်ဆေးမှုအပေါ် ထိန်းချုပ်ရယူဖို့ပဲ။ နောင်အနာဂတ်ကျရင် ဖရိုဖရဲဖြစ်လာလိမ့်မယ်”
“ထူးကဲသာလွန်မှုလား”
“အဲတာ့ နေမင်းနှစ်စင်းရဲ့ အဆင့်မလား”
“ကျုပ်တို့တွေက အဲ့ဒီလူနှစ်ယောက်ရှေ့မှာ အဆုံးစွန်မဲ့ စံပြဖြစ်လာတယ်ဆိုရင်တောင် ပုရွက်ဆိတ်ပဲ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့”
ဤစကားဝိုင်းအတွင်း အားလုံးက အခြေအနေပြင်းထန်မှုကို နားလည်သွားကြသည်။ မုန့်ခယ်ကိုပါ ထည့်တွက်ပါက လူသုံးဦးကသာ စံပြအဆင့်ကို ဝင်ရောက်သေးသည့်အတွက် လူများစွာက ပိုမိုထိတ်လန့်သွားကြလေသည်။
“အဲဒီအကြောင်း သေချာလို့လား” ခုံက မေးလိုက်သည်။ သူက ဝမ်ဝေ့ကို မေးခွန်းမထုတ်လိုသော်လည်း သူက များစွာသတိမထားမိသည့်အတွက် အာမခံမှုတချို့ လိုချင်နေသည်။
“ခင်ဗျားကလည်း ကျုပ်အဆင့်မှာပဲ။ ခင်ဗျားဆီမှာ ကောင်းမွန်တဲ့ အာရုံခံနည်းစနစ်တချို့ ရှိတယ်ဆိုရင်တောင် တချို့သူတွေကိုတော့ မြင်နိုင်မှာမဟုတ်ပေမဲ့ ခင်ဗျားက မသိလိုက်ဘဲ လျစ်လျူရှုထားတဲ့သူတွေကို အာရုံခံမိလိမ့်မယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားကိုယ်ခင်ဗျား မပေါက်ကြားစေနဲ့။ မဟုတ်ရင် ခင်ဗျား သေလိမ့်မယ်”
“ကျုပ် နားလည်ပါပြီ”
“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ကို အသိပေးပြီးဆိုတော့ နားထောင်တာ မနားထောင်တာက ခင်ဗျားတို့အပိုင်းပဲ။ ဒါပေမဲ့ မစိုးရိမ်နဲ့။ ခင်ဗျားတို့ရဲ့ အမှတ်တွေကိုတော့ ပြန်ပြီး ပေးမယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
ဝမ်ဝေ့က တခြားသူများ ပြောဖို့ရာ မစောင့်တော့ဘဲ အားလုံးကို ပြန်လွှတ်လိုက်၏။ သူက ထိုသူများနှင့် ကံကြွေးကြောင့် သတိပေးရုံမျှသာ ဖြစ်၏။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ရောက်ရှိလာမည့် ကပ်ဘေးအတွက် ထိုပါရမီရှင်များကို လိုအပ်နေသည်။
ဝမ်ဝေ့က အမဲလိုက်ကွင်းဆီ ရောက်ရှိသွားကာ တစ်နှစ်တာကြာမြင့်ပြီးမှသာ ရပ်တန့်ခဲ့လေ၏။ ထို့နောက် အဝေးတစ်နေရာ၌ အမြင်ရုပ်လွှာတစ်ခု ပေါ်ပေါက်လာလေသည်။
ကျိချန်းမင်က အဆုံးစွန်မဲ့စံပြတစ်ယောက် ဖြစ်လာခဲ့၏။
အရှိန်အဝါတစ်ခုတည်းနဲ့ဆိုရင် သူ့အဆင့်ကို အရည်အချင်း သတ်မှတ်ပေးရမယ်ဆိုရင် ၉၀.၅ ရာခိုင်နှုန်း ဖြစ်လောက်တယ်။ ဒါပေမဲ့ ထျန်းရွှမ်ကတော့ ၉၀.၉၉ရာခိုင်နှုန်းပဲ …
ဝမ်ဝေ့က တွေးလိုက်သည်။
ထျန်းရွှမ်ဆိုမှတော့ သူက ဘာမှမလှုပ်ရှားဘဲနဲ့ ငါ့ကို ဆက်တိုက်စောင့်ကြည့်နေတာပဲ။ သူက ဘာတွေကြံစည်နေတာလဲ။
နည်းစနစ်တစ်ခုက သူ့ကို အဝေးတစ်နေရာမှ စောင့်ကြည့်နေလေသည်။ ဝမ်ဝေ့၏ စံနှုန်းအရ ကိစ္စများကို သတိထားမိဖို့ ပိုလွယ်ကူလာလေ၏။ ထျန်းရွှမ်က သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
“မက်မွန်သူတော်စင်နဲ့ ထျန်းရွှမ် … မင်းတို့မှာ အသက်ရှူဖို့ ၁၀နှစ်ပဲ ကျန်တော့တယ်” ကျိချန်းမင်၏ အသံက စစ်ဆေးမှုမှ ပေါ်ထွက်လာလေသည်။
“နောက် ၁၀နှစ်အထိ မင်းတို့ရဲ့လည်ပင်းတွေကို သန့်ရှင်းနေအောင် ထိန်းသိမ်းထားကြပေါ့”
ဒီလူက မောက်မာတာထက်တောင် ကျော်လွန်နေတာပဲ။
ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။ သူက ကျိချန်းမင် တိုက်ပွဲမျှော်စင်ထဲ ဝင်ရောက်သွားသည်ကို ကြည့်လိုက်မိ၏။
“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့” ဝမ်ဝေ့က ဆက်လက်အမဲလိုက်ရင်း ရေရွတ်လိုက်သည်။ ၁၀နှစ်တာက အလျင်အမြန် ကုန်ဆုံးသွား၏။ သူ့ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် ဝမ်ဝေ့က အကြွေးများကို ပြန်လည်ပေးဆပ်ပြီးဖြစ်ကာ အမှတ်များကို ပြန်လည်အသုံးပြုဖို့ လုံလောက်နေပြီ ဖြစ်သည်။
“ငကြောက်နှစ်ယောက်က ဘယ်မှာလဲ။ ငါ့ကို ဘယ်သူစိန်ခေါ်ရဲလဲ” ကျိချန်းမင်က မျှော်စင်မှထွက်လာပြီး အော်ဟစ်နေလေသည်။ ဝမ်ဝေ့က အဝေးတစ်နေရာမှ သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ ကျိချန်းမင်က သူ့ကို အာရုံခံမိကာ အကြည့်ချင်း ဆုံသွားကြသည်။
“ဘာလဲ မင်းက ကြောက်နေတာလား”
ဝမ်ဝေ့က နှာခေါင်းထဲ လက်နှိုက်ကာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး နှပ်ချေးဖတ်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ထိုသူ့အနီးနားရှိ ကျောက်တုံးပေါ် ပစ်လွှတ်လိုက်လေ၏။ သူ့အပြုအမူက ကျိချန်းမင်၏လည်ပင်းအထက် သွေးကြောများထောင်ထလာစေပြီး မျက်ဝန်းများ နီရဲသွားစေသည်။
အဲ့ဆိုတော့ သူက စိတ်ခံစားချက်တာအိုကို ကျင့်ကြံတာပေါ့ …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ကျိချန်းမင်က ဝမ်ဝေ့ဆီ ပြေးလာတော့မည့်ဆဲဆဲတွင် ထျန်းရွှမ်၏ အရှိန်အဝါက တာအိုမျှော်စင်မှ ထွက်ပေါ်လာသည်။
“ပါးမွှားလေး မင်းက ငါ့ကို စိန်ခေါ်ရဲတယ်လား။ ထျန်းရွှမ်က ပုံမှန်အတိုင်း မေးလိုက်သော်လည်း သူ့မောက်မာမှုနှင့် မကျေနပ်မှုတို့က သူ့ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထွက်ပေါ်နေလေသည်။ မိုးမြေ၏သဘာဝစည်းမျဉ်းများကပင် ထိုသူအတွက် မောက်မာနေဟန်ပေါ်၏။
“စိတ်ဝင်စားစရာပဲ” ကျိချန်းမင်က အံကြိတ်ကာ ပြောလိုက်သည်။ သူ့လည်ပင်းအထက် သွေးကြောများက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ့မျက်ဝန်းထဲမှ နီရဲမှုက ပိုမိုပြင်းထန်လာလေ၏။ သူ့ကို သိထားသည့်လူတိုင်းက သူ့အကြည့်သည် အမျက်ဒေါသအဖြစ် ပြောင်းလဲနိုင်သည့် အနေအထားတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်လေ၏။
“ငါ့ထက် မောက်မာတဲ့သူ ရှိသေးတာလား။ မင်းက မျှော်စင်ထဲမှာ သေရေးရှင်ရေးတိုက်ပွဲကို တိုက်ရဲလား” ကျိချန်းမင်က ပြောလိုက်သည်။
“မင်းဘာသာမင်း သေချင်နေလဲ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီလိုတုံးအအ မာနတွေကြောင့် ငါက မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။ အဲ့ဆိုတော့ မင်းရဲ့ အမှတ်တွေ အကုန်လုံးလောင်းလိုက်။ မင်းက ဆင်းရဲတယ်လို့တော့ မပြောနဲ့နော်” ထျန်းရွှမ်က တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။
ကျိချန်းမင်၏ ဝန်းကျင်တွင် လေဟာနယ်က တွန့်လိမ်သွားပြီး ပြန်လည်ပြောင်းလဲသွား၏။ သူက လက်ကိုမြှောက်ကာ အဆောင်တစ်ခု ပို့လွှတ်လိုက်သည်။ စက္ကန့်ပိုင်းမျှကုန်လွန်ပြီးသည့်နောက်တွင် သူက အမှတ်များစွာကို လက်ခံရရှိလိုက်၏။
“မင်းရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးရတာကိုတော့ သဘောကျတော့မှာပဲ”
“ကောင်းပြီလေ။ မင်းတို့လို ရုပ်ဆိုးဆိုးကောင်တွေရဲ့ မနာလိုမှုတွေနဲ့ အသားကျနေပြီ။ မင်းက ငါ့ကို မနာလိုဖြစ်တဲ့ ပထမဦးဆုံးရုပ်ဆိုးဆိုးလူတော့ မဟုတ်ဘူးလေ” ထျန်းရွှမ်က ပြန်လည်ချေပလိုက်သည်။
....
ဝမ်ဝေ့က တွေးလိုက်သည်။
သူ့ဆီမှာ အဆိပ်ပြင်းတဲ့ လျှာမျိုးရှိလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ....